Subscribe to our RSS Feed

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နော်ဝေနိုင်ငံဘုရင် His Majesty King Harald အား တွေ့ဆုံ နှုတ်ဆက်ပြီး နော်ဝေနိုင်ငံတွင် အခြေချ နေထိုင်ကြသည့် မြန်မာတိုင်းရင်းသား မိသားစုများနှင့် တွေ့ဆုံ အမှာစကား ပြောကြား

From : သမ္မတရုံး


နေပြည်တော် ဖေဖော်ဝါရီ၂၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဖေဖော်ဝါရီ (၂၇) ရက် နံနက် (၉) နာရီတွင် နော်ဝေနိုင်ငံ အော်စလိုမြို့ရှိ ခေတ္တတည်းခိုသည့် Hotel Continental ၌ နော်ဝေနိုင်ငံမှ သံအမတ်ကြီးများနှင့် အတူတကွ နံနက်စာ သုံးဆောင်ရင်း ငြိမ်းချမ်းရေး လမ်းစဉ်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့်  ဦးဝဏ္ဏမောင်လွင်နှင့် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး ဦးသန့်ကျော်နှင့် သံအမတ်ကြီး ဦးကျော်မျိုးထွဋ်တို့ တက်ရောက်ကြပြီး နော်ဝေနိုင်ငံဘက်မှ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေ သံအမတ်ကြီး Ms. KatjaNordgaard၊ သံအမတ်ကြီး Ms. Mona Juul၊ သံအမတ်ကြီး Mr. Kai Eide နှင့် ဗိုလ်ချုပ်ကြီး Wlhelmsen တို့ တက်ရောက်ခဲ့ကြသည်။    

တွေ့ဆုံရာ၌ မြန်မာနိုင်ငံတွင် ထာဝရတည်တံ့မည့် ငြိမ်းချမ်းရေး ရရှိရန်အတွက် ဖော်ဆောင်ရမည့် လုပ်ငန်းစဉ်များ၊ တွေ့ကြုံနေရသည့် စိန်ခေါ်မှုများနှင့် နော်ဝေ နိုင်ငံဘက်မှ ပါဝင်ကူညီပေးနိုင်မှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတသည် Norway Public Broadcasting Co.မှ နိုင်ငံခြားရေးရာ သတင်းထောက် Mr. Philip Lote အား လက်ခံတွေ့ဆုံပြီး မေးခွန်းများကို ပြန်လည် ဖြေကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မွန်းလွဲ (၁၂) နာရီ (၂၅) မိနစ်တွင် နော်ဝေပါလီမန်သို့ ရောက်ရှိပြီး ပါလီမန်ဒုတိယဥက္ကဋ္ဌ Mr. Per Kristian Foss နှင့် တွေ့ဆုံ ဆွေးနွေးသည်။

ထိုသို့ တွေ့ဆုံရာတွင် နော်ဝေပါလီမန် ဒုတိယဥက္ကဋ္ဌက မြန်မာနိုင်ငံ၏ တိုးတက် ပြောင်းလဲလာမှုများအပေါ် နော်ဝေနိုင်ငံရှိ အာဏာရ ပါတီများနှင့် အတိုက်အခံ ပါတီများ အားလုံးတို့က တညီတညွတ်တည်း ထောက်ခံ အားပေးနေပါကြောင်းဖြင့် ပြောကြားခဲ့ပြီး ပါလီမန်၏ ရပ်တည်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့အတူ နိုင်ငံတော်သမ္မတကလည်း ဒီမိုကရေစီစနစ်သို့ ပြောင်းလဲဖော်ဆောင်နေသည့် မြန်မာနိုင်ငံအပေါ် ဒီမိုကရေစီစနစ် ရင့်ကျက်ရှင်သန်နေသည့် နော်ဝေနိုင်ငံ၏ အားပေး ထောက်ခံ ကူညီနေမှုအပေါ် များစွာ ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားခဲ့ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ဖော်ဆောင်ရာ၌ ဥပဒေပြုရေးမဏ္ဍိုင် အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားစီရင်ရေး မဏ္ဍိုင် ဟူသည့် မဏ္ဍိုင်ကြီးသုံးရပ်ဖြင့် ဆောင်ရွက် နေမှုနှင့် နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတသည် နော်ဝေပါလီမန်မှ နိုင်ငံတကာရေးရာနှင့် ကာကွယ်ရေးရာ အမြဲတမ်း ကော်မတီဥက္ကဋ္ဌ Ms.Ine Marie Eriksen Soereidc နှင့် ကော်မတီဝင် များနှင့် တွေ့ဆုံဆွေးနွေးသည်။

ဆွေးနွေးရာ၌ ကော်မတီဥက္ကဋ္ဌက နော်ဝေပါလီမန် အဖွဲ့ဝင်များအနေဖြင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို စိတ်ဝင်တစားဖြင့် စောင့်ကြည့်ခဲ့ကြပါကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပြောင်းလဲတိုးတက်မှုများကိုလည်း ကြိုဆိုပါကြောင်း၊ မိမိတို့ အနေဖြင့် နိုင်ငံတော်သမ္မတ၏ ဆက်လက်ဆောင်ရွက်မည့် အနာဂတ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့် တွေ့ကြုံနိုင်ဖွယ်ရှိသည့် စိန်ခေါ်မှုများကို ကျော်လွှား နိုင်ရန် ဆောင်ရွက်မည့် အခြေအနေများကို သိရှိလိုပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံတွင် ပြည်သူများ၏ ဆန္ဒနှင့်အညီ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးမှုကို အကောင်အထည်ဖော် နိုင်ရေးအတွက် အားလုံးပါဝင်နိုင်မည့် နိုင်ငံရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးနှင့် အပစ်အခတ် ရပ်စဲရေး တည်ဆောက်ပြီးနောက် ထာဝစဉ် တည်တံ့မည့် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန် အတွက် နိုင်ငံရေးအရ ဆက်လက်ဆွေးနွေးမည့် လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားသည်။

ယင်းနောက် ကော်မတီဝင်များက မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသား လူနည်းစုများနှင့် သယံဇာတများ ခွဲဝေအသုံးပြုရေးဆိုင်ရာ ကိစ္စရပ်များ၊ ကျန်းမာရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည့် အခြေအနေများကို မေးမြန်းကြရာ နိုင်ငံတော်သမ္မတက ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် ဘုရင့်နန်းတော်သို့ သွားရောက်ပြီး နော်ဝေနိုင်ငံ ဘုရင် His Majesty King Harald အား တွေ့ဆုံနှုတ်ဆက်သည်။

ယင်းနောက် နော်ဝေနိုင်ငံဘုရင်က နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား ဘုရင့် နန်းတော်၌ ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။

နိုင်ငံတော်သမ္မတသည် ညနေပိုင်းတွင် အော်စလိုမြို့ရှိ House of Literature သို့ သွားရောက်ပြီး နော်ဝေနိုင်ငံတွင် အခြေချနေထိုင်ကြသည့် မြန်မာတိုင်းရင်းသား မိသားစုများ နှင့် တွေ့ဆုံသည်။

တွေ့ဆုံရာ၌ နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး အမှာစကား ပြောကြားရာတွင် မြန်မာတိုင်းရင်းသားများ အနေဖြင့် မည်သည့်နိုင်ငံတွင် နေထိုင်သည် ဖြစ်စေ မိမိတို့ နိုင်ငံသားများအဖြစ် သတ်မှတ်ထားပါကြောင်း၊ မြန်မာတိုင်းရင်းသား များသည် အကြောင်း အမျိုးမျိုးကြောင့် အခြားနိုင်ငံများတွင် အခြေချ နေထိုင်ရသော်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို လိုလားသည့်စိတ်၊ နိုင်ငံကိုချစ်သည့် စိတ်များမှာ မိမိတို့နှင့် အတူတူပင် ဖြစ်ပါကြောင်း၊ မိမိတို့အကြားတွင် အမြင်သဘောထား မတူညီမှုများ ရှိနေမည်ဖြစ်သော်လည်း နိုင်ငံကိုချစ်သည့်စိတ် တူညီသည့်အပေါ် အခြေခံပြီး လက်တွဲ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ဒီမိုကရေစီ သဘောအရ သဘောထား အမျိုးမျိုး ကွဲပြားကြမည်မှာ ဖြစ်ရိုးဖြစ်စဉ်ကိစ္စသာ ဖြစ်သဖြင့် အချင်းချင်း ငြိမ်းချမ်းစွာ ညှိနှိုင်း ဖြေရှင်းသွားရန်လည်း လိုအပ်ပါကြောင်း၊ ထို့ကြောင့် မြန်မာတိုင်းရင်းသားများ အနေဖြင့် နိုင်ငံတည်ဆောက်ရေးတွင် တတ်နိုင်သမျှ ပါဝင်ကူညီပါရန် ဖိတ်ခေါ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူများက မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် ဒုတိယဝန်ကြီး ဒေါက်တာ ဒေါ်သက်သက်ဇင်တို့က ပြန်လည်ဖြေကြား ခဲ့ကြသည်။

နိုင်ငံတော်သမ္မတသည် ညနေ (၅) နာရီခွဲတွင် Hotel Continental ၌ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) မှ လက်ထောက်ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းအား လက်ခံတွေ့ဆုံပြီး မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့သည်။  


 www.MyanmarExpress.net
 

2 comments:

ဖေဖေါ်ဝါ၇ီ ၂၇ ၇က်က နော်ဝေးနိုင်ငံ အော်စလိုမြို့လယ် နေရှင်နယ်သီယေတာေ၇ှ့မှာ အဆိုတော် မွန်းအောင် အပါအဝင် ဒုက္ခသည်အမည်ခံ မြန်မာ ၃၀-၄၀ လောက်က သမ္မတကြီးအား ရွှေပန်းဖြင့်ကြိုဆိုပါသည် ဆိုတဲ့ဆိုင်းဘုတ်ထောင်ပီး နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်
ကို ရိုင်းစိုင်းစွာဆန္ဒပြခဲ့ပါတယ် လူစည်ကား၇ာ အော်စလိုမြို့လယ်ခေါင်မှာ မြန်မာနိုင်ငံကိုသိက္ခာချခဲ့ပါတယ်

အဲ့ဒီ မြန်မာဒုက္ခသည်ဆိုသူတွေဟာ နိုင်ငံရေးအကြောင်းပြပီးလုပ်စားသွားတဲ့ ဒုက္ခသည်အယောင်ဆောင် လူလိမ်တွေပါ တခိျု့က မြန်မာနိုင်ငံသားတွေမဟုတ်တော့ပါဘူး ဒုက္ခသည်အယောင်ဆောင် ဒုက္ခသည်အဖြစ်ခံယူပီး နော်ဝေးနိုင်ငံသားခံယူထားသူတွေပါ မျိုးချစ်စိတ်တကယ်၇ှိတာမဟုတ်ပဲ မြန်မာနိုင်င်ငံကောင်းစားေ၇းကိုတကယ်လိုလားတာမဟုတ်ပဲ နိုင်ငံပေါင်းစုံက အလှူ၇ှင်အဖွဲ့အစည်းတွေဆီကနေ ဒီမိုကေ၇စီေ၇းဘန်းပြပီးတောင်းစားလို့ကောင်းအောင်လူမြင်ကွင်းမှာလမ်းပေါ်ထွက် ဆိုင်းဘုတ်ထောင်ပြပီး ဆန္ဒပြနေတဲ့ လူလိမ်တွေပါ မြန်မာပြည်တိုးတက်သွား၇င် သူတို့တစ်သက်လုံး လုပ်စားတောင်းစားလာသလို လွယ်လွယ်နဲ့လုပ်စားတောင်းစားလို့မရတော့မှာကို စိုး၇ိမ်နေတဲ့အကောင်တွေပါ ဒီမိုလုပ်စားတွေပါ အဲ့ဒီ နော်ဝေးကမြန်မာဒုက္ခသည်တခိျု့က ထိုင်းမြန်မာနယ်စပ်ကဒုက္ခသည်စခန်းဝင်ပီး ဒုက္ခသည်လျှောက်ပီး နော်ဝေးကိုေ၇ာက်လာတဲ့ကောင်တွေပါ တခိျု့က ABSDFကနေဒုက္ခသည်လျှောက်ပီး နော်ဝေးကိုေ၇ာက်လာတာပါ

နော်ဝေးနိုင်ငံကဒုက္ခသည်အမည်ခံဒီမိုလုပ်စားတွေထက် ပိုဆိုးတဲ့ ပြည်ဖျက်ကောင်တွေက ထိုင်းနိုင်ငံ မဲဆောက်မြို့က အဖွဲ့ပေါင်းစုံကဒီမိုလုပ်စားတွေဘဲ့ အဲ့ဒီ ဒီမိုသူတောင်းစားတွေက မြန်မာပြည်မကောင်းကြောင်း မြန်မာအစိုး၇မကောင်းကြောင်း ပြောပီး နိုင်ငံပေါင်းစုံက အလှူ၇ှင်အဖွဲ့အစည်းပေါင်းစုံဆီကနေ တောင်းစား၇င်းချမ်းသာနေကြတာ ဒီမိုကေ၇စီေ၇းကိုဘန်းပြပီး တိုင်းပြည်ကိုေ၇ာင်းစားနေတဲ့ ပြည်ဖျက်ဒီမိုလုပ်စားတွေပေါ့

မြောက်ပိုင်းABSDF ကချင် ပါဂျောင်မှာ ကျောင်းသား(၁ဝဝ)ကျော်ကို တိ၇ာဆန်အ၇ိုင်းတွေလိုနှိပ်စက် ကျောင်းသား(၄ဝ)ကိုသတ်ဖြတ်ပီး လူ့အခွင့်အေ၇းကို ကမ်းကုန်အောင်ချိုးဖေါက်ခဲ့တဲ့ ABSDFလူသတ်သမား ဒေါက်တာနိုင်အောင် ဆို၇င် မြန်မာအစိုး၇က လူ့အခွင့်အေ၇းချိုးဖေါက်နေပါတယ်လို့ပြောပီး လုပ်စားတောင်းစားလာတာဘဲ့ သူခိုးကလူပြန်ဟစ်လာတာဘဲ့

ဒီမိုလုပ်စား လူသတ်သမား ဒေါက်တာနိုင်အောင် ၇ဲ့မိန်းမကလဲ ဒီမိုလုပ်စားဘဲ့ အ၇င်အပတ်က တောင်ကြီးNLDညီလာခံမှာ စာပေခွင့်ပြုချက်မ၇ှိတဲ့ ဆင်ဆာမဲ့စာအုပ်တွေေ၇ာင်းသွားတဲ့ဖြစ်စဉ်၇ဲ့ နောက်ကွယ်ကတ၇ားခံ ခင်ဥမ္မာ ဆိုတဲ့ ပြည်ဖျက် NDDအဖွဲ့ကကောင်မပေါ့

ABSDFလူသတ်သမား နိုင်အောင် နဲ့ NDDအဖွဲ့က ပြည်ဖျက်မ ခင်ဥမ္မာ လင်မယားက တောင်းစားထားတဲ့ထောက်ပံ့ငွေတွေနဲ့ မဲဆောက်နဲ့ဘန်ကောက်မှာ အိမ်တွေကားတွေဝယ်ပီးချမ်းသာနေတာ ဒါမျိုးကို (၈၈)မင်းကိုနိုင် (၈၈)ကိုကိုကြီး တို့ကအားကျနေတာ

ABSDFလူသတ်သမားနိုင်အောင် ခင်ဥမ္မာ လင်မယားနဲ့ တခြားထိုင်းနယ်စပ်ကဒီမိုလုပ်စားအဖွဲ့ပေါင်းစုံ၇ဲ့ တိုင်းပြည်ကိုေ၇ာင်းစားနေတဲ့ဒီမိုလုပ်စားလမ်းစဉ်အတိုင်း (၈၈)မင်းကိုနိုင် (၈၈)ကိုကိုကြီး တို့လဲလိုက်နေကြလို့ ပြည်သူတွေကစိတ်ပျက်နေကြပါပီ

မှန် လိုက် တာ ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်