Subscribe to our RSS Feed

NLD ဗဟိုအား မြင်းခြံ NLD ဆန္ဒပြမည်




NLD ဗဟိုကနေပြီး မြင်းခြံလူထု မနှစ်သက်သော ဒီကြံဦးပေါခင်အားရွေးခြယ်မည်ကို ကန့်ကွက်ရှုတ်ချသည့်အနေဖြင့် ဆန္ဒပြမည်။ပြည်သူဆန္ဒကိုလျစ်လျူရှူပြီး ဆရာမွေးတပည့်မွေး ဗဟိုဦးစီးစနစ်ဖြင့် လုပ်ချင်ရာလုပ် ပြည်သူကိုအလေးမထားဆောင်ရွက်မည်ကို မလိုလားသော မြင်းခြံပြည်သူလူထုမှ ဆန္ဒပြမည်ဖြစ်သည်။မြင်းခြံ မြို့နယ်NLDရုံးတွင် 1:8:2015ရက်နေ့တွင် ဆန္ဒပြမည်။ဒီမိုကရေစီကိုလိုလားသောသူများနှင့်၊NLDကို ချစ်မြတ်နိုးသောသူများက ဦးဆောင်ပြီးဆန္ဒပြမည်။မြင်းခြံမြို့တက်ကြွလှုပ်ရှားသူများကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်။ပြည်သူလူထုကို အလေးမထားသော အတုအယောင်ဒီမိုကရေစီအလိုမရှိပါ။ ဒီမိုကရေစီလိုချင်လျှင် NLDပါတီကိုယ်တိုင် ဒီမိုကရေစီကျဖို့ အထူးလိုအပ်နေသည်။ ပါတီဗဟိုတွင်လည်း အနယ်နယ်အရပ်ရပ်က ကိုယ်စားလှယ်ပြဿနာတိုင်စာများရောက်ရှိနေသည်။ ရပ်ကျေးညီလာခံတွင် မဲညစ်ခဲ့သည့်အကျိုးရလာဒ်ဖြစ်သည်။ပြည်သူလူထု အသံကိုအလေးထားပါ။ ဒီမိုကရေစီကို တန်ဘိုးထားပါ။ပါတီအတွင်း ဒီမိုကရေစီကျင့်သုံးပါ။ပြည်သူကိုလေးစားပါ။မြင်းခြံပြည်သူအသံ မကြာမီလာမည်။

မြင်းခြံပြည်သူလူထုမှ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် အထူးနိုးဆော်တိုက်တွန်းအပ်ပါသည်။

ဒီမိုကရေစီမြတ်နိုးသူများ


.. https://www.facebook.com/MyanmarExpress
 

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆ (စ) နှင့် NLD ပါတီ ငြိစွန်းနေပြီလား

From : .. ဒေါက်တာမျိုးချစ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အနေဖြင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအချို့နှင့် ငြိစွန်းနေခြင်းအပေါ် မေးခွန်းထုတ်မှုများ ရှိလာသည်။ လက်ရှိ NLD ပါတီ၏ လှုပ်ရှားမှုများမှာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုပ်မ။ ၆ (စ) အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၇။ (ဂ) တို့နဲ့ ငြိစွန်းနေကြောင်း နိုင်ငံရေးပညာရှင်များက ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့ နေ့လည် ၁ နာရီခွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအား ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ဗဟိုကော်မတီ အစည်းအဝေးမလုပ်ခင် အမေရိကန်သံအမတ်ကြီး Derek Mitchell ၊ သြစတေးလျ သံအမတ်ကြီး Nicholas Coppel ၊ ဗြိတိန်နိုင်ငံသားအကြံပေး Joseph Guy Fisher နှင့် International Foundation for Electoral Systems အဖွဲ့မှ အဖွဲ့ဝင် နိုင်ငံခြားသားများကို ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာလွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်နေမှုအခြေအနေများ၊ မြန်မာသမ္မတလောင်း လျာထားမှုအခြေအနေများနှင့် ပါတီ၏ မူဝါဒများကို ရှင်းလင်းပြောကြားကာ နိုင်ငံခြားသားများထံမှ အကြံဥာဏ် နှင့် အကူအညီ အထောက်အပံ့များ တောင်းယူခဲ့သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆ (စ) တွင် နိုင်ငံရေးပါတီတစ်ခုအနေဖြင့် နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်းသို့မဟုတ် အခြားအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲခြင်း သို့မဟုတ် ယင်းတို့၏ သြဇာခံယူ့ခြင်းမပြုရ ဟု ပြဋ္ဌာန်းထားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၇။ (ဂ) တွင်လည်း အလားတူ ပြဋ္ဌာန်းထားပြီး နိုင်ငံရေးပါတီ အရပ်ရပ်သည် ပုဒ်မ ၄၀၇ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းကြောင်း မှတ်ပုံတင်ခွင့်ပေးနိုင်သော အဖွဲ့အစည်းက တွေ့ရှိလျှင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ရမည်ဟု အခြေခံဥပဒေ ပုဒ်မ ၄၀၈ တွင်ပြဋ္ဌာန်းထားသည်။ ဤသို့ဆိုလျှင် အထောက်အထားများအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအား နိုင်ငံရေးပါတီတစ်ခုအဖြစ် တရားဝင် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ရတော့မည်ဖြစ်သည်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ကာလအတွင်းတွင်လည်း ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံခြားတိုင်းပြည်အချို့၊ အစိုးရအချို့ နှင့် အဖွဲ့အစည်းအချို့ တို့ထံမှ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့များကို တိုက်ရိုက်သာမက သွယ်ဝိုက်သောနည်းများဖြင့်ပါ ရယူထားသဖြင့် ကိုယ်စားလှယ်လောင်းအဖြစ်မှ ရပ်တန့်ပေးရေး ရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားခံရဖူးသည်။

.. https://www.facebook.com/MyanmarExpress
 

လိမ္မော်ရောင်အဆင့်ရှိမုန်တိုင်းငယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့အနီးဖြတ်ကျော်ဝင်ရောက်နိုင် မုန်တိုင်းဒဏ်ကြောင့် တိုင်းဒေသကြီး/ပြည်နယ်အချို့ မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း ဖြစ်ပေါ်နိုင်

From : .. MOI


ယနေ့မြန်မာစံတော်ချိန် ၁၁နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသောမုန်တိုင်းငယ်သည် အားကောင်းသောမုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့၏ အနောက်-အနောက်တောင်ဘက်မိုင် ၄ဝခန့်၊ စစ်တကောင်းမြို့၏ တောင်-အနောက်တောင်ဘက်မိုင် ၇ဝခန့်၊ မြန်မာနိုင်ငံ မောင်တောမြို့၏ အနောက်မြောက်ဘက် ၆၅မိုင်ခန့်နှင့် စစ်တွေမြို့၏ အနောက်မြောက်ဘက်မိုင် ၁၁ဝ ခန့်အကွာ
ပင်လယ်ပြင်ကိုဗဟိုပြုနေသည်။

မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ လိမ္မော်ရောင်အဆင့်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်းခြေ ဒေသသို့ဦးတည်၍ မြန်မာနိုင်ငံရခိုင်ကမ်းရိုး
တန်းမြောက်ပိုင်းစွန်းဒေသ အနီးမှ ရွေ့လျားနေသည့်အခြေအနေဖြစ်သည်။

မုန်တိုင်းငယ်၏အမြင့်ဆုံးလေတိုက်နှုန်းမှာတစ်နာရီလျှင် ၄၅မိုင်နှုန်း ဖြစ်သည်။

မုန်တိုင်းငယ်သည် ယနေ့မွန်းတည့်မှ နောက် ၃၆နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းကမ်းခြေကို စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရသည်။

ကမ်းခြေသို့ဖြတ်ကျော်စဉ် မောင်တောခရိုင်ဒေသတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၅ဝမှ မိုင် ၆ဝ အထိနှင့် စစ်တွေခရိုင်ဒေသတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာတစ်နာရီလျှင် ၄၅မိုင်မှ မိုင် ၅ဝ အထိ တိုက်ခတ်နိုင်ကြောင်း ခန့်မှန်းရသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၄၅မိုင်မှ မိုင် ၅ဝ အထိ တိုက်ခတ်နိုင်သည်။

မုန်တိုင်းငယ်ကမ်းခြေသို့ ဖြတ်ကျော်စဉ် မုန်တိုင်းဒီရေအမြင့်ဆုံးမှာ မောင်တောခရိုင်ကမ်းခြေဒေသတွင် ရှစ်ပေ မှ ၁ဝ ပေအထိနှင့် စစ်တွေ ခရိုင် ကမ်းခြေဒေသတွင် ခြောက်ပေမှ ရှစ်ပေအထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းရသည်။

မုန်တိုင်းငယ်၏အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မကွေးတိုင်းဒေကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသ
ကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း
ရွာပြီး ဒေသအလိုက်မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သည်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် အထူးသတိပြုရန် နှိုးဆော်ထားကြောင်း သိရသည်။

.. https://www.facebook.com/MyanmarExpress
 

အကျဉ်းသား ၆၉၆၆ ဦးတို့အား ပြစ်ဒဏ်လွတ်ငြိမ်း ချမ်းသာခွင့်များပေး

From : .. MOI


နေပြည်တော်၊ ဇူလိုင် ၃၀ ရက်
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၄ ပုဒ်မခွဲ (က) နှင့်အညီ အကျဉ်းထောင်အသီးသီးတွင် ထိုက်သင့်သော ပြစ်ဒဏ်များကျခံပြီးဖြစ်သည့်အပြင် အကျဉ်းထောင်ကျ ခံစဉ်ကာလအတွင်း စည်းကမ်းကောင်းမွန်သည့် အကျဉ်းသား/အကျဉ်းသူ ၆၉၆၆ ဦးတို့အား နိုင်ငံတော်တည်ငြိမ် ရေးနှင့် ထာဝရငြိမ်းချမ်း မှုဖော်ဆောင်ရေး အတွက်လည်းကောင်း၊ အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေး အတွက်လည်းကောင်း နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့် ရရှိစေရေး အတွက်လည်းကောင်း၊ လူသားချင်းစာနာ ထောက်ထားမှုကို အလေးပေးသော အားဖြင့်လည်းကောင်း ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက် (မြန်မာသက္ကရ် ၁၃၇၇ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၁၄ ရက်) နေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များပေးခဲ့ပါသည်။


အဆိုပါပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများအဖြစ်သို့ ပြုပြင် ပြောင်းလဲ စေရေးအတွက် မြန်မာနိုင်ငံသားအကျဉ်းသား ၆၇၅၆ ဦးအား ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်များနှင့် နှစ်နိုင်ငံချစ်ကြည်ရေး၊ နိုင်ငံအချင်းချင်း မိတ်ဝတ် မပျက် ဆက်ဆံရေးတို့ကို ရှေးရှုသောအားဖြင့် နိုင်ငံခြားသား အကျဉ်းသား ၂၁၀ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်များပေး၍ ပြည်နှင်ဒဏ်ပေးခြင်း တို့ပါဝင်ပြီး စုစုပေါင်း အကျဉ်းသား/အကျဉ်းသူ ၆၉၆၆ ဦးတို့အား ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်များ ခွင့်ပြုပေးခဲ့ကြောင်း သတင်းရရှိသည်။


.. https://www.facebook.com/MyanmarExpress
 

ရွေးကောက်ပွဲကော်မရှင်၏ သက်မှတ်စည်းကမ်း ဖောက်ဖျက်မှုဖြင့် NLD ပါတီ အရေးယူခံရဖွယ်ရှိ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အနေဖြင့် ရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ်ထားသော နိုင်ငံရေးပါတီအားလုံး လိုက်နာရမည့်စည်းကမ်းချက်များအား ချိုးဖောက်မှုဖြင့် အရေးယူခံရဖွယ်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက သတိပေးပြောကြားလိုက်ပါတယ်။
လက်ရှိ NLD ပါတီအနေဖြင့် အခြားပါတီပေါင်း ၈၆ ပါတီထက် အခွင့်အရေးများပိုမိုရယူနေပြီး ပါတီအားလုံးလိုက်နာရမည့်စည်းကမ်းကို ဖောက်ဖျက်နေသဖြင့် အရေးယူပေးရန် အခြားနိုင်ငံရေးပါတီများက တိုင်ကြားမှုများ ရှိကြောင်း မြို့နယ်ရွေးကော်ဥက္ကဋ္ဌ တစ်ဦးကဆိုသည်။

“လက်ရှိတော့ တိုင်စာတချို့ရထားတာရှိတယ်။ အဓိကကတော့ ကော်မရှင်က သတ်မှတ်တဲ့ စည်းရုံးရေးကာလမရောက်ခင်မှာ နယ်လှည့်ပြီး ပါတီကို မဲထည့်ဖို့ပြောတဲ့ ကိစ္စပါ” ဟု ဆိုသည်။

အဆိုပါတိုင်ကြားမှုများအတိုင်း တိတိကျကျ အရေးယူပါက ဖွဲ့စည်းပုံအခြေခံဥပဒေအရ NLD ပါတီကို ဖျက်သိမ်းခံရနိုင်ကြောင်း ၎င်းမှ ဆိုသည်။

တိုင်းရင်းသားပါတီ ဥက္ကဋ္ဌတစ်ဦးမှလည်း နိုင်ငံရေးပါတီပေါင်း ၈၈ ပါတီရှိသည့်အနက် ကျန်သည့် ၈၆ ပါတီက စည်းရုံးရေးကာလမှ စည်းရုံးခွင့်ပေးပြီး USDP နှင့် NLD ဥက္ကဋ္ဌများက အခွင့်ထူးခံကာ ကြိုတင် စည်းရုံးနေခြင်းမှာ တရားမျှတမှုမရှိကြောင်း၊ အဆိုပါ ပါတီများအနေဖြင့် မတရားမှုဖြင့် အနိုင်မယူသင့်ဘဲ သိက္ခာရှိရှိ ယှဉ်ပြိုင်အနိုင်ယူသင့်ကြောင်း ပြောဆိုထားသည်။

“ပါတီကြီးတွေပါပဲ။ USDP တို့ NLD တို့ပေါ့။ ကျန်တဲ့ ၈၆ ပါတီကျတော့ စည်းရုံးခွင့်မရှိဘူး။ သူတို့နှစ်ပါတီတည်း ဥက္ကဋ္ဌတွေက စည်းရုံးရေးဆင်းနေကြတယ်လေ။ အခွင့်ထူးခံတယ်ပြောရမှာပေါ့။ ပြိုင်ပွဲဝင်တာပဲ အညီအမျှ ပြိုင်သင့်တာပေါ့။ ဒါကို ဦးတို့က မကျေနပ်ဘူး။ ကော်မရှင်ကို တိုင်ထားတယ်။ တခြားပါတီတွေလည်း လက်မှတ်ထိုးပြီး တိုင်ထားတယ်ပြောတယ်။” ဟု တိုင်းရင်းသားပါတီခေါင်းဆောင် တစ်ဦးမှ ဆိုသည်။

၂၀၁၄ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ အကြား ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုအစည်းအဝေးတွင် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးမှ ၂၀၁၅ ရွေးကောက်ပွဲကျင်းပမည့်ရက်အား ၃ လ ကြိုတင်အသိပေးမည်ဖြစ်ပြီး စည်းရုံးရေးကာလအား ရက်ပေါင်း ၆၀ သတ်မှတ်ပေးမည်ဖြစ်ကြောင်း NLD နှင့် USDP အပါအဝင် နိုင်ငံရေးပါတီပေါင်း ၆၀ ကျော်အား ပြောဆိုခဲ့သည်။

ဘခက်


.. https://www.facebook.com/MyanmarExpress
 

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်ကို အကြောင်းပြုပြီး ငွေကြေးကောက်ခံမှုများရှိ

From : .. ပြည်သူ့အာဏာ
 


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် အသုံးပြုရန် ဟုဆိုကာ ဧရာဝတီတိုင်းအတွင်း မြို့နယ်အချို့တွင် ငွေကြေးကောက်ခံမှုများရှိကြောင်း သတင်းရရှိသည်။
ကျိုတ်လတ်မြို့မှ ဦးထွန်းထွန်းဝင်းက “ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်အတွက် ရန်ပုံငွေထည့်ပါဆိုပြီး NLD က လူတွေ လာကောက်တာပဲ။ ကျွန်တော်သိသလောက်တော့ ဒေါ်အောင်ဆန်းစုကြည်လာတာ ဘာကုန် စရာရှိလို့တုန်း၊ လူထုတွေ့ဆုံပွဲအတွက် စင်ထိုးတာနဲ့ အသံချဲ့စက်ငှားတာလောက်က သောင်းဂဏန်းပဲပေါ့။ အခုဟာက တစ်မြို့လုံးပတ်ကောက်နေတာ သိန်းချီရတယ်။ ပြီးရင် ထုံးစံအတိုင်း စာရင်းလဲ ရှင်းတာ မဟုတ်ဘူး။ သူတို့လုပ်ပေါက်က NLD ကို ဘယ်သူထောက်ခံလဲ မထောက်ခံလဲ စာရင်းကောက်သလိုပဲ။ ရန်ပုံငွေမထည့်ရင် သူတို့ရန်သူလိုသဘောထားရော၊ NLD မှာ လူမိုက်တွေကလဲ များတော့ စေတနာ မပါရင်တောင် ဟန်ဆောင်ပန်ဆောင်ထည့်ရတော့တာပေါ့၊ စိတ်ပျက်စရာကြီး” ဟုဆိုသည်။
NLD ဗဟိုကော်မတီဝင်တစ်ဦးကမူ ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်နှင့်ပတ်သက်၍ ငွေကြေးကောက်ခံခြင်း ပြုရန်/မပြုရန် ညွှန်ကြားထားခြင်းမရှိကြောင်း၊ အတူလိုက်ပါလာသူများအား ဧည့်ခံကျွေးမွေးရေးကုန်ကျ စားရိတ်နှင့် လူထုတွေ့ဆုံပွဲများအတွက် အခမ်းအနားပြင်ဆင်ရေးကုန်ကျစားရိတ်များကို ဗဟိုက ထုတ်ပေး ခြင်းမရှိကြောင်း သက်ဆိုင်ရာနယ်ခံပါတီဝင်များ၏ အစီအစဉ်သာဖြစ်ကြောင်းပြောကြားသည်။


.. https://www.facebook.com/MyanmarExpress
 

ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်ကို ဘုန်းကြီးဘာကြောင့် မထောက်ခံတော့တာလဲဆိုတာ.. ~ ဦး ဝိစာရ (မြတောင်ကျောင်းတိုက် ၊ မဟာ ဗန္ဓုလကျောင်း)




 ယနေ့ နိုင်ငံ ရဲ့ တည် ရှိ မှု က အာရှ မှာ အရေးပါ တဲ့ နေ ရာ ကို ရောက် လာ တယ် ။ တရုတ် သန်း ၁၃၀၀ ကျော် နဲ့ အိန္ဒိယ သန်း ၁၂၀၀ ကျော် မှာ နေ ရ တယ် ။
အန္တရာယ် က အရှေ့ ပါကစ္စတန် ခေါ် ဘင်္ဂလားဒေ့ရှ် က ကုလား သန်း ၁၈၀ လောက် နဲ့ နယ် မြေချင်း ဆက် စပ် နေ တယ် ။

ဒါ တွေ မေ မြို့ စိုးစံ မှာ နေ စဉ် ကတည်း က မိမိတို့ ဆရာသမား DSA အပတ် စဉ် (၁) က ဗိုလ် မှုး မောင် လတ် က ၁၀ တန်း ကျောင်းသား ဘဝကတည်း က သေ ချာ ရှင်း ပြ ခဲ့ ပြီး သား ။

နောက် တော့ ကမ္ဘာပတ် သွားလာ ခဲ့ ဖူး တယ် ။ ဒေါ် စုကြည် ကို ထောက် ခံ ခဲ့ ဖူး တယ် ။ ဦး သန်းရွှေ ဦးဆောင် တဲ့ စစ် အစိုးရ ပြုတ် ကျ ရေးတွေ ကို နည်း မျိုး စုံ နဲ့ ထောက် ခံ သူ တစ် ဦး ဖြစ် ခဲ့ တယ် ။

သူ တို့ စစ် အာဏာရှင် ကြောင့် တိုင်းပြည် မွဲ နေ ရတယ် ပဲ ယူ ဆခဲ့ တယ် ။

သခင်သန်း ထွန်း နောက် ဆုံး နေ့ များ ကို ၄ တန်း မအောင် ခင် ကတည်း က ဖတ် ဖူး ခဲ့ တယ် ။ ၁၀ တန်း အောင် ပြီး ချိန် မှာ ၃ ခေါက် လောက် ပြန် ဖတ် ဖူး တယ် ။
ယခု ထိ လည်း ရွာ ကို ပြန် ရောက် တိုင်း မမှတ် မိ တဲ့ နေ ရာ တွေ ဖတ် တုန်း ပါ ပဲ ။
၂၀၀၉ ခု နောက် ပိုင်း ဒေါက်တာ နေဇင်လတ် စာအုပ် တွေ ဖတ် ဖူး လာတယ် ။

၂၀၀၇ ရွှေ ဝါ ရောင် နောက် မှာ ရှောင် ရှား ရင်း တပ် မတော် သမိုင်း တွေ နဲ့ ၈၈ အရေးတော် ပုံ ကာ လ က သတင်းဂျာနယ် တွေ (၃) လ ခန့် ရွာတစ်ရွာ (xxx) မှာ အချိန် ယူ ဖတ် ခဲ့ ရတယ် ။

၁၉၉၀ ရွေး ကောက်ပွဲ အဖေ နဲ့ အမေ သက် စွန့် ဆံ ဖျား အရဲစွန့် ပြီး မဲ ထည့် ခဲ့တာ မှတ် မိ တယ် ။
မဆလ ခေတ် က လည်း အဖေ က ရွေးကောက် ပွဲ ကော် မရှင် ထဲ ပါ လေ့ ရှိ ခဲ့ တယ် ။

မဆလ စီးပွားရေး ခေတ် က သေဒဏ် အထိ ထိုက် တဲ့ ကုန် ပစ္စည်းတွေ တိတ်တိတ် သယ် ဆောင် ရောင်းဝယ် ရတာ တွေ လှည်း တွေ နဲ့ ဘူတာ သေး လေး တွေ ကနေ အမရပူရ ဘူတာ ကို ပို့ ရတာ တွေ ။ အဲဒီ ကနေ မန္တလေး အရောက် တိတ်တဆိတ် သယ် ယူပို့ ဆောင် ရောင်း ဝယ် တာ တွေ ကိုယ်တွေ့ သိ ခဲ့တယ် ။
ရွာကထွက်တဲ့ ပဲ၊ နှမ်းစသည်တို့ ကို အရောင်းအဝယ် လုပ်ခဲ့ရ ပုံ တွေ ပါ ။
အဲဒီခေတ် စီးပွားရေးကို မဆလ ချုပ်ကိုင် ခဲ့တယ် ။
မဆလ ခေတ် စပါးတွေ သိမ်း လို့ အော် ငိုရတာ တွေ အချုပ် ထောင် ထဲ ကို ရွာသားတွေ ခေါ် သွား တာ တွေ ကို ကိုယ် တိုင် မြင် ခဲ့ တယ် ။

စစ်တပ် အာဏာသိမ်း ပြီး လမ်း ဖောက် ရတာ ၊ ကျောက် ထုရတာ လမ်း ခင်း ရတာ တွေ ကိုယ် တိုင် လုပ်ခဲ့ဖူး တယ် ။

ရဟန်း ဘဝ ရောက် တော့ စစ်တပ် မှ အဖွဲ့တို့ ၏ အဆိုး တွေ များ စွာ ကိုယ် တွေ့ ရှိ ခဲ့ သူတွေ နဲ့ ထိတွေ့ နေ ထိုင် ခဲ့ ရတယ် ။ ၂၀၁၂ အထိ NLD ပါတီ ထောက် ခံ ခဲ့တယ် ။ အားပေး ခဲ့တယ် ။

အဲ ဒီ မတိုင်ခင် မှာကတည်းက ကုလား ပြဿ နာတွေ တဖြည်း ဖြည်း ပေါ် လာနေခဲ့ တယ် ။
အစိုးရ က ဝါဒ ဖြန့် နေ တယ် ပဲ ယူ ဆခဲ့ တယ် ။ နောက် အမှု တွေ က ကိုယ့်ပတ်ဝန်း ကျင် ရောက် လာ တယ် ။
Online ပေါ် မှာ နေရာတွေ လိပ်စာ တွေ နဲ့ ကိုယ် တိုင် လိုက် ကြည့် ဖြစ် တယ် ။
အမှန် ကယ် ဖြစ်ပျက်နေ တာ တွေ တိုင်းရင်းသူတွေ့ အလွန် ဆင်းရဲဒုက္ခ ရောက် နေ ကြ တာ တွေ အများကြီး တွေ့ ရ တယ် ။

သမ္မတ ကြီး ကို ထောက် ခံ ပွဲ လုပ် တယ် ။မိမိက ဓာတ် ပုံ လိုက်ရိုက် တာ၊ မိမိ စာမျက် နှာမှာ သတင်းရေးတင် ထက် မပို ဘူး ။ ဒီမို ကရေစီ အလေ့ အကျင့် စ လေ့ ကျင့် ပေးနေ တယ် လို့ ယူ ဆ ခဲ့ တယ် ။

၈၈ မင်း ကို နိုင် တို့ မစိုးရိမ် တိုက်ကြီးမှာ လာ ဟော ပြော တယ် ။ သွား နား ထောင် တော့ ဘုန်းကြီးတွေ ကို အသုံးချ ချင် လို့ မြှောက် ပေး တဲ့ ပုံစံ စကား အသုံး အနှုန်းတွေ ကို သုံးသပ် မိ တယ် ။
ဖွင့် မပြောခဲ့ သေး ဘူး ။

Online မှာ ဒီမို လူ့အခွင့် အရေး က လူတွေ နဲ့ ချိတ် မိ တယ် ။ နောက် တော့ သမ္မတ မကောင်း ကြောင်း ထက် အစိုးရ မကောင်း ကြောင်းတွေ နဲ့ တိုက် ခိုက် ရေး သား ကြတာ တွေ များတာ တွေ့ထိရ တယ် ။
ဒေါ် စု ကြည် လွှတ် တော် အမတ် ဖြစ် ပြီး ကျမ်း မကျိန် ဘူး ဆို တာဟာ မိမိ၏ ထောက် ခံမှု နောက် ဆုံး ပဲ ။
နောက်ဆုံး တော့ ပလီပလာပြောနိုင်မက ပြောပြီး
ကျမ်း ကျိန် လိုက် ရတယ် ။
အဲဒီက စတာ ပဲ ။

ရခိုင် သီတာထွေး ကို ကုလား မုဒိန်း ကျင့် သတ် တာ
ဟုတ် သည် ဖြစ် စေ၊ မဟုတ် သည် ဖြစ် စေ ရခိုင် တိုင်းရင်း သူ ဖက် က ပဲ ရပ် တည် နေရမည့် အ ချိန်
ကုလားမော် လဝီ (၁၀) ယောက် တောင်ကုတ် မှာ ထင်တယ် သတ် ခံ ရတယ် ။
လူ များ စု တိုင်းရင်းသား က လူနည်းစု ဘာ သာ ခြား ကို အနိုင်ကျင့် တယ် ဆို တာ မကောင်း ဘူး

ဆို တာ ဒေါ် စု ကြည် ပြော တာ လို့ သိ ခဲ့ တယ် ။

အဲဒီ ကနေ ကု လား ကို ကုလား ခေါ် တာ ဘာညာ ဘာညာ တွေ ကနေ ပြီး ဒေါ် စု ကြည် နဲ့ ကုလား ရာ ဇ ဝင် ဖော် ထုတ် သူ ဖြစ် လာ တယ် ။
မိမိ က အင်္ဂလိပ် ကို ရေ လည် အောင် ရေးတတ် ဖတ် တတ် ပြောတတ် သူ ဖြစ် တယ် ။
နိုင်ငံတကာ က အနေ အထား တွေ သတင်းတွေ လည်း ဖတ် ဖြစ် တယ် ။
သမ္မတ ကြီး ဦးသိန်း စိန် ရဲ့ အခက် အခဲ တွေ ကို တွေ့ လာ ရတယ် ။
အဆိုး ဆုံး က စီးပွားရေး ပိတ် ဆို့တာ ကို လက် နက် ကြီး အဖြစ် ကိုင် ထား တဲ့ ဒေါ် စုကြည် တို့ ကို ပြန် လည် တိုက် ခိုက် မှ ဖြစ် တော့ မယ် ဆို တာ လည်း သိ လာ တယ် ။

ငယ် ငယ် က ရေကြောင်းသိပ္ပံ က ဆရာသမား ရေတပ် ဗိုလ်မှုးကြီး ဟောင်း တစ် ဦး ပြော တာ တွေ အမှတ်ရ လာ တယ် ။ The Leader is right or wrong, this is our country .တဲ့ ။
တိုင်း ပြည် ရဲ့ ခေါင်းဆောင်ဆိုတာနဲ့ခင်များတို့ နှင့် သဘောထားတိုက်ဆိုင်သည်ဖြစ်စေ မတိုက်ဆိုင်သည် ဖြစ်စေ ခင်များတို့ သဘောထား ရပ်တည်ချက်က ဒါ ဟာ ငါတို့ မိသားစု ပဲ ဆိုတဲ့ မိသားစုစိတ်ဓာတ် ရှိနေဖို့ ပါ ပဲ တဲ့ ။

မိမိ ရဲ့ ဖခင် ကြီး ရဲ့ မြန်မာပြည် အပြောင်း အလဲ ဒီ ထက် ပို ပြီး မျှော် မှန်း လုပ် ကိုင် ရင် မှား လိမ့် မယ် ဆို တာ တွေ အမှတ် ရ လာတယ် ။ အဖေ က ကွန်မြူ နစ် စာပေများစွာ လေ့ လာခဲ့ဖူး ပြီး ကျောင်းအုပ် ဆရာကြီးလုပ်ခဲ့သူ ။တစ် ဆွေလုံး တစ် မျိုးလုံး NLD ပါတီဝင် တာ ကို အား ပေး ထောက် ခံ ခဲ့ သူ ။

နောက် ဆုံး တိုတို ပြော ရ လျှင် ဒီ နေ့ အထိ ဒေါ် စု ကြည် တို့ NLD ဟာ အစိုးရ ဥပဒေ ဆိုင် ရာ ကိစ္စတွေ မှာ ကောင်း စွာ မကြေညက် တာ သိလာ ရတယ် ။ ကိုယ်ပိုင် စီးပွားရေးနှင့် ပါတ်သက်သော မှုဝါဒ တွေ မရှိတာ သိလာ တယ် ။Management ပိုင်း Leadership ပိုင်း State Building ပိုင်း Capacity Building ဘာတစ်ခု မှ မရှိတာ သေချာ သိခဲ့တယ် ။စနစ်တကျ မွေးမြူ လေ့ ကျက် ထား တဲ့ ခေါင်း ဆောင် အရည် အချင်း ရှိသူတွေ မွေးမြူ လေ့ကျက် ထားမှု မရှိတာ တွေ့ လာ ရတယ် ။ အကြံ ပြု ခဲ့ စဉ် က တာဝန်မဲ့ စကား နဲ့ တော်လှန်ရေး စကား ပဲပြော တတ်တာ သိလာရတယ် ။ တော် လှန်ရေး အတွက် စည်းရုံး လှုံ့ဆော် မှု တွေတော့ အားကာင်းခဲ့ တယ် ။
သတင်း မီဒီယာ ဂျာနယ် လောက တော်တော်များ ကို ကိုင် ထား နိုင် တာ၊ စစ်တပ်ကို အမုန်းတရား နဲ့ ဖွဲ့တည်ထားတဲ့ မီဒီယာ တွေ ထောက်ပံ့ မီးထိုးနေမှုတွေ ၊ လက်ဝဲ လက်ကျန် တွေ တော်လှန်အတွေး အခေါ် ရှိ နေ သူတွေ ရှိ နေသေးတာ NLD အတွက် အား သာ ချက်လိုလို ဖြစ် ခဲ့ တယ် ။

ယနေ့ အင်တာနက် သုံးသူတွေသာ မြန်မာပြည် မှာ မကျယ် ပြန့်ခဲ့ရင် NLD ဟာ တော် တော် ကို လွှမ်း မိုး နေခဲ့ ဦး မှာ ဖြစ် တယ် ။
လက် ပန်း တောင်း တောင် မှာ NLD ပါ တီ ရပ်တည်ရေး နဲ့ လက်ပန်းတောင်း တောင် ကို လဲ ခဲ့တယ် ။
မထင် မှတ် တာကို အစိုးရ အဖွဲ့ စ ကြုံ ရတယ် ။ နောက် တော့ NLD ဒေါ် စု ကြည် တို့ လက် ပန်းတောင်း တောင်ရဲ့ တရားခံ ဖြစ် သွား ခဲ့ တယ် ။

အာဏာ မရှိ လို့ တွင် တွင် ပြော ပြီး လက်ပန်းတောင်း တော် စီမံကိန်း ဆက်လက် လုပ်ကိုင်စေသင့် သည် လို့ ရေး သား ခဲ့ တယ် ။ ကလေး ချော့ အဖြစ် လျော်ကြေး ပေးရ မယ် လောက် ထည့် နိုင် ခဲ့တယ် ။
ဟန်းဝင်အောင် တို့ ဆို တဲ့ သူ တွေ ကို NLD တွေ က တရားခံ သတ် မှတ် ခဲ့ ကြ တယ် ။
ပြဿ နာ ရဲ့ အဖြေ ကို မရှာ ခဲ့ ကြ ဘူး ။

တွေ့ ဆုံ ဆွေး နွေးရေး
ဘာကြီး ပဲ ပြော မှာ လို တွေ့ လိုက်ရင် တပ်ချုပ်ကိုပဲ ပါး ဆွဲ ရိုက်လိုက် မှာ လို လို မိုး တစ်လုံး လေ တစ် လုံးပြော ခဲ့ တယ် ။ တစ် ကယ် တွေ့ ချိန် မှာ ပါ တီ ဗဟိုကော်မတီ အစည်း ဝေး မလုပ် ခဲ့ ရ လို့ လို လို ဘာလိုလို အမျိုးသမီးပီပီ စကားပြော ခဲ့ တယ် ။ ဒါသည် အရည် အချင်း ပါ ။ တကယ် ဘင်္ဂလားဒေ့ရှ် နဲ့ ဖြစ် လာ ရင် ၊မိနစ် ပိုင်း အတွင်း ဒုံကျည် လွှတ် သင့် လွှတ် ဖို့ သမ္မတ နဲ့ ကာ ချုပ် တို့ အဆင်သင့် ဆုံးဖြတ် နိုင် တယ် ။ နောက် မှ ပြည် ထောင်စု လွှတ် တော် အကြောင်းကြားသင့် ကြားပေးရုံ ပဲ ။

သမ္မတ တွေ လည်း အစည်း အဝေး မလုပ်ထား ဘူး ။
တပ် ချုပ် တို့ လည်း အစည်း အဝေးမလုပ်ထား ဘူး ။
ပြော စရာရှိ တာ ပြော ရုံ ပဲ။ ထား လိုက် ပါတော့ ။

စိတ် အနာ ဆုံး ကတော့ အမျိုးစောင့် ဥပဒေ ကိစ္စ ပဲ ။
လူ တိုင်း သိ လို့ မပြော တော့ ဘူး ။ ရုပ်တုလုပ်ပြီး ကိုးကွယ် ပါမယ် ကမ်း လှမ်း ခဲ့ တာ တောင် အာဏာ ဘဝင် လေ ဟပ် ခဲ့ တယ် ။ အခု တော့ သိတဲ့ အတိုင်းပဲ ဘာသာရေး ကို သမ္မတ က အသုံးချ တယ် စပ်စွဲ လာ တယ် ။ ဒါ ဦးသိန်းစိန် ရဲ့ လှည့်ကွက် စွပ်စွဲ ခဲ့ ကြတယ် ။ ကိုယ်လည်း ကမ္ဘာ့လူလည် နိုင်ငံရေး နိုဗယ် ဆု တောင်ရထား သူပဲ ၊ ပြန်ပြီး နိုင်ငံရေး လှည့်ကွက်တွေ လုပ် ပစ် ပါ လား ။

အဲဒီ အချိန် မှာ ပဲ တိုင်းရင်းသား တွေ နဲ့ ရန် တိုက် ဖို့ ပြင် ဆင် လာတယ် ။
တပ်မတော် အဆင့် မြှင့်တင် နေ တာ ကချင် သောင်းကျန်းသူ ကို သတ် ဖို့ မဟုတ် ဘူး ။ KNU ကို နှိမ် နင်း ဖို့ မဟုတ် ဘူး ဆို တာ သိသိ ချည်း နဲ့ အစိုးရ နဲ့ စစ် တပ် ကို တိုက် ခိုက် လာတယ် ။
နှစ် ပေါင်း ၆၀ လောက် စစ် အတွေ့ အကြုံ ရှိ ထား သူ ကို နှစ် ၂၀ လောက် သက်တမ်း ရှိ တဲ့ ပါတီ က ဘာ လုပ် နိုင် မှာ တဲ့ လဲ။

မြန်မာပြည် အနာဂါတ် သားစဉ် မြေးဆက် အေးချမ်း သာယာ ဖို့ အရေး ထက် သူ့ တို့ အာဏာရရေး လုပ် ရတာ က ဒီ ဒေါ် စုကြည် က လွှဲ ရင် NLD ပါ တီ မှာ ဒေါ် စုကြည် ထက် သာ သူ မမွေးထုတ် နိုင် တာ ကို အဖြေ အဖြစ် တွေ့ ရတယ် ။

စစ်တပ် မှာ ယနေ့ တပ် ချုပ် ထက် သာလွန် ထက်မြက် သူ တွေ အဆက် မပြတ် မွေးထုတ် ထား တယ် ။ လက်တွေ့လည်း သမ္မတ ၊ ကာချုပ် တို့ ခရီးစဉ် တိုင်း မှာ လူငယ်တိုင်းမှုးတွေ၊ ပညာရှင် အရာရှိကြီးတွေ အကုန် လိုက်ပါ ချိတ်ဆက် ပေးထားတယ် ။

ကုလား တွေရဲ့ ရန် ကို တကယ် ကာကွယ် နိုင် တာ ဒီမိုကရေစီ နဲ့ လူ အခွင့်အရေး လို့ မိမိ တို့ မယုံကြည်ဘူး ။
ဒီ နေ့ ကမ္ဘာ မှာ တစ် ရက် ကို ၅ ယောက် နှုန်း လောက် လည် လှီး အသတ် ခံ နေ ရ ပြီ ဖြစ် တယ် ။

ခရစ် နဲ့ အစ် ဘာသာရေး ယဉ်ကျေးမှု စစ် ပွဲ ကြား မှာ ဗုဒ္ဓဘာ သာ တွေ အချိ န် တို အတွင်း ပျောက် ကွယ် သွား နိုင် တာ ကို အထူး သတိ ထား ဖို့ လိုတယ် ။
ဒါ ကြောင့် တရုတ် ရဲ့ လူ မျိုးရေးရန် ထက် ဘာသာ ယဉ်ကျေးမှု ရန် အတွက် ကုလားရန် ကို သာ ဦးစား ပေး ကာကွယ် နေရခြင်း ဖြစ်တယ် ။
မိမိ ငယ် စဉ် ကတည်း က တရုတ် နှင့် ကုလား သာ အပေါင်း အသင်း များ ခဲ့ ပါတယ် ။
တောသား ဖြစ် ခြင်းကြောင့် မြို့ မှ မြန်မာ ကျောင်း သား များ နှင့် ရှေးဦးစွာ ခင်ခွင့် မရ ခဲ့ ခြင်း ကလည်း အကြောင်း တစ် ချက် ဖြစ် ပေ မည် ။
ရွာမှ ၄ တန် အောင် ပြီး ကျောင်း စ တက် စဉ်
မိမိ ကုလား နှင့် တရုတ် ၃ ယောက် တစ် တန်း ထဲ အတူ ထိုင် ခဲ့ရပါသည် ။
တရုတ် ဘုံကျောင်း ရောက် ဖူး သလို
ကုလား ဗလီ လည်း ရောက်ဖူး စား သောက် ဖူး သည် ။
၁၀ တန်း အောင် ပြီး ရန်ကုန် လှိုင် တက္ကသိုလ် စတက် စဉ် က လည်း တရုတ်မ များ ကုလား မ များ နှင့် သာ ပို မို ရင်း နှီး ခဲ့ဖူး သည် ။
ရေကူးသင်ပေးခဲ့သည် မှာ တရုတ်မလေး ဖြစ် ပြီး ကန်ပြူတာ သင်ပေးခဲ့ သည် မှာ ကုလားမလေး ဖြစ် ပါသည် ။
ရှိပါ စေ တော့ ။

စစ်တပ် အနေ အထား ကို ကြည့် မိ သည် ။
၁၉၄၈ မှ သခင် ကိုယ် တော် မှိုင်း အုပ် စု မှ ခေါင်း ဆောင် မှု များ ခဲ့ပြီး နောက် သခင် ဗစိန် တို့ အုပ် စု မှ ဦး နေဝင်း တို့ ဦး ဆောင် သကဲ့ သို့ ဖြစ် ခဲ့ သည် ။
မည် သို့ ဆိုစေ စော စမစ် ဒွန်း သား ကာ ချုပ် မဖြစ် သလို
ဗိုလ် နေ ဝင်း မြေး လည်း တပ် ချုပ် ဆက် မလုပ် ရ တော့ ပါ ။
စစ်တပ် အနေဖြင့် လည်း လူ ထု အပေါ် ဆက် ဆံ ပုံ မှာ ယခု အထိ အချိုး မပြေ စစ် အာဏာ ငန်းဖန်း ရော ဂါထဆဲ တပ်မှုးများ ပင် ရှိနေသေးတာကို ပြုပြင်ဖို့ လိုသေးတယ် ဆိုတာ ဝန်ခံ ရပါမယ် ။

၂၀၁၂ မဲ ရှုံး ရတာ ကို သေ ချာ မှတ် သားပြီး ဒဂုံစီတီးစီမံကိန်းလို၊ အခွန်ရှောင် စစ်ဗိုလ်ချုပ်ဟောင်း တရုတ် ကုလား လုပ်ငန်းရှင် များ ကိစ္စ ကို ပြတ်ပြတ်သားသား ဖြေ ရှင်း ပေး ဖို့ လို ပါ တယ် ။

ယနေ့ ဦး သိန်း စိန် တို့ လည်း တောင်သူ သား သမီး မှ သမ္မတ ဖြစ် လာ ခဲ့ ပါ သည် ။
မြန်မာ ပြည် သူ များ ပို ၍ ကြိုး စား ကြ စေချင် တယ် ။
ကိုယ့် နိုင်ငံ ကိုယ့် သမ္မတ ကို နှိမ့် ချ သော စကား ပြောထားသူများ သည် တရားသဘောအရ မနက် ဖြန် သေ ကြ ရတော့ မည် ဆို လျှင် ဒီ သမ္မတ မကောင်းကြောင်း၊ ယုတ်ညံ့ကြောင်း၊ စာမတတ်ကြောင်း ၊ အဆင့်မရှိ ကြောင်း၊ လူရာမဝင် ကြောင်း ဆက် ပြော နေ ကြဦး မည် လား ။

ဒေါ် စုကြည် ကို ကုလား မယား မခေါ် ကြသင့် သလို
ဦး သိန်းစိန် ကို စစ်ခွေး ဟု မခေါ် ကြသင့် ဟု ထင် သည် ။ ဦးသိန်းစိန် ကြောင့် ဒီနေ့ ဒေါ်စု ဆိုတာ လွှတ်တော်ထဲ မောင်းသွင်းမှန်းမသိ မောင်းသွင်း ခံရတာ နားလည်ကြ ပါ ။

အမေရိကန် အင်္ဂလန် ဂျပန် တရုတ် ၊ အိန္ဒိယ အာဆီယံ တစ်လွှား အာဖရိက နိုင်ငံတွေ ပါ သွားရောက် လည်ပတ် ချစ်ကြည်ရေးတွေ တည်ဆောက်နိုင်တာ ဦးသိန်းစိန် "အ" လို့ မဟုတ်ပါ ။ နိုင်ငံတကာ ကြွေးမြီများ လျှော်ပစ်နိုင်ခဲ့ မှု ၊ယနေ့ လမ်းမပေါ် မှ မော်တော် ကားများ ၊ လူတိုင်း ကိုယ် စီ ကိုင်ထားကြသော ဟန်းဖုန်းများ သည် ဦးသိန်းစိန် လူရာမဝင် စာမတတ်ခဲ့သော် မည်သို့ လုပ်ပေး ခဲ့ နိုင်မည် နည်း ။
သူ့နောက် မှ အကြံပေး အဖွဲ့ပင် လေ့လာကြည့်ပါဦး ။ သူ့နောက် မှာ ဝန်ကြီး ဝန်ငယ် များစွာ လှုပ်ရှားနေကြပါသည် ။ သူ့နောက် ရဟန်းသံဃာထု မရှိဘူး ထင် လျှင် မဟန၊ မ ဘ သ ၊ဗဟ်ုရ် ဝန်ဆောင်၊ မြို့နယ် တိုင်းသံဃာ့မဟာနာယကတွေ ၊တိုက်တာ ဝန်ဆောင် ၊ စာချ ၊ စာသင် အရှင်များ ၊ ကျေးလက် ဒေသ က ဘုန်းကြီးတွေ ပြည်တွင်း ပြည်ပ တက္ကသိုလ် အသီးသီး ကျောင်းတိုက် အသီးသီး ဝင် မေးကြည့် ကြပါတော့ ။

သင်ရော သင်မိသားစု ဘိုးဘွား အစဉ်အဆက်က အကြွေးတွေ ရှိခဲ့လျှင် လျှော် ပစ် ရအောင် အောက်ကြို့ခံ ပြောရဲသော သတ္တိရှိပါ ၏ လား ။

၂၀၂၀၊ ၂၀၃၀၊ ၂၀၄၀၊ ၂၀၅၀ လောက် အထိ အသက် ရှည် ကြ ဦး မည့် သူ များ သေချာ စဉ်းစား ကြ စေ ချင် သည် ။ မိမိ တို့ သား သမီး မြေး များ သည် အသက် ၂၀ အရွယ် ၁၀ နှစ် အရွယ် ၅ နှစ် အရွယ် များ ပါ ဝင် ပါ သည် ။

သူ တို့ သည် နောင် အနှစ် ၂၀ ၊ ၃၀၊ ၅၀ လောက် မှာ ဒီ တိုင်းပြည် တာဝန် ထမ်း နိုင် ဖို့ ယခု ကတည်း က သေချာ လေ့ ကျက် ပေး ထားခဲ့ ကြ ဖို့ လို ပါ မည် ။

ဦး ဝိစာရ
မြတောင်ကျောင်းတိုက်
မဟာ ဗန္ဓုလကျောင်း
09 20 55 445
09 79 20 55 445


.. https://www.facebook.com/MyanmarExpress
 

ပါတီနှင့်အတူတူ ရှိခဲ့သူ

From : ..Union Daily


အသင်းတုန်းက ဗဟိုအတွင်း ရေးမှူး၊ ပါတီစထောင် တော့လည်း ဗဟိုအတွင်းရေးမှူး၊ ပါတီ ညီလာခံအပြီးမှာတော့ ဗဟိုအတိုင်ပင်ခံ။
အသင်းဘဝမှာ အသင်းကြီးအကျိုး သည်ပိုးခဲ့သလို ပါတီဗဟိုအတွင်းရေးမှူး တာဝန်ယူရတော့ ပထမအကြိမ်ပါတီညီလာခံ ၂ဝ၁၂ကို အောင်အောင်မြင်မြင်ကျင်းပနိုင် အောင် စွမ်းဆောင်ခဲ့ပါတယ်။ အမြုတေ ပါတီက ပြည်သူ့ပါတီကို အကူးအပြောင်း သမိုင်းစဉ်မှာ အဓိကကျတဲ့အခန်းကဏ္ဍက ပါခဲ့တယ်ဆိုတော့ မေ့ပျောက်လို့မရနိုင်တဲ့ မှတ်တမ်းပါ။
ပြည်သူ့ပါတီဖြစ်လာပြီဆိုတော့ ပြည် သူကိုအခြေပြုရပါတယ်။ ဒီနေရာမှာ ပါတီ အပေါ်ယုံကြည်မှုရှိရပါမယ်။ ယုံကြည်မှုရှိ မှလည်း ခံယူချက်ရှိလာမှာပါ။ ခံယူချက်ရှိ မှလည်းပါတီရဲ့မူဝါဒကိုဖော်ဆောင်နိုင်မယ်။ ပါတီရဲ့ဦးဆောင်မှုကို ဦးလည်မသုန်ခံယူ နိုင်ပေမပေါ့။
ဒါကြောင့်လည်း ယုံကြည်ချက်၊ ခံယူ ချက်နဲ့ပတ်သက်လို့ အကြောင်းသင့်တိုင်း မှာကြားတယ်။ပါတီဗဟိုကော်မတီတတိယ အကြိမ်အစည်းအဝေးမှာစာတမ်းဖတ်တယ်။ စတုတ္ထအကြိမ်အစည်းအဝေးကျတော့ စာ တမ်းနှစ်စောင်တောင်တင်လိုက်သေးတယ်။ စာတမ်းအမည်တွေကိုကြည့်လိုက်ရုံနဲ့ ဘယ် လောက်လေးနက်တယ်ဆိုတာသိနိုင်တယ်။ 'ယုံကြည်ချက်၊ခံယူချက်ခိုင်မာရေး၊ပါတီ၏ မူဝါဒအပေါ်အခြေခံရေး၊ပါတီ၏ဦးဆောင်မှု အခန်းကဏ္ဍမြင့်မားရေး'စာတမ်းနဲ့ 'ပါတီ တွင်းဒီမိုကရေစီစနစ် ကျယ်ပြန့်စွာကျင့်သုံး ရေး၊ ပါတီတွင်းစည်းလုံးညီညွတ်မှု ပိုမိုခိုင် မာရေး' စာတမ်းတွေပဲပေါ့။ ဒီစာတမ်းနှစ် စောင်ကို အစည်းအဝေးမှာ မိနစ်သုံးဆယ် လောက်ကြာအောင် မမောနိုင်မပန်းနိုင် လေသံမလျော့ဘဲ အားကောင်းမောင်းသန် ဖတ်သွားခဲ့တယ်။
ယုံကြည်ချက်၊ ခံယူချက်ခိုင်မာရေးနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့တာက-
နိုင်ငံရေးပါတီတစ်ရပ်တွင် ယုံကြည် ချက်၊ ခံယူချက်၊ ရည်မှန်းချက်၊ မူဝါဒများ တိတိကျကျရှိရသည်။ ယုံကြည်ချက်၊ ခံယူ ချက်၊ ရည်မှန်းချက်၊ မူဝါဒများသည်လည်း ပြည်သူ့ဆန္ဒနှင့် ကိုက်ညီရမည်။ သို့မှသာ ပြည်သူက ပါတီအပေါ် ယုံကြည်ကိုးစား ထောက်ခံမှာဖြစ်သည်။ ပြည်သူအများစုက ထောက်ခံပြီး လုပ်ပိုင်ခွင့်အာဏာ လွှဲအပ်ခံ ရသည့်ပါတီမှသာ နိုင်ငံတော်နှင့်နိုင်ငံသား တို့အကျိုးကိုဆောင်ရွက်ခွင့်ရမည်ဖြစ်သည်။
- မိမိတို့ပါတီသည် ပါတီ၏မူဝါဒအပေါ် စွဲမြဲစွာယုံကြည်ခံယူလျက် နိုင်ငံရေး အရ ပါတီစုံဒီမိုကရေစီစနစ် ဖော် ဆောင်ရေး၊ စီးပွားရေးအရ ဈေးကွက် စီးပွားရေးစနစ်ကို ကျင့်သုံးရေးများကို ဖော်ဆောင်ပေးလျက်ရှိသည်။
- ပါတီဝင်တိုင်း ပါတီ၏ရည်မှန်းချက် မူဝါဒအပေါ်တွင် လေးနက်ခိုင်မာသော ယုံကြည်ချက်၊ ခံယူချက်ဖြင့် ကြိုးပမ်း ဆောင်ရွက်ကြရပါမည်။
ပါတီ၏မူဝါဒအပေါ် အခြေခံရန်နှင့်ပတ် သက်၍-
- ပါတီမူဝါဒအပေါ် စွဲမြဲခိုင်မာစွာ ယုံ ကြည်ရမည်။
- ပါတီ၏မူဝါဒနှင့်သွေဖည်ပြီး စီမံလုပ် ကိုင်ဆောင်ရွက်ခြင်းမပြုလုပ်ရန်။
- မူဝါဒကိုပဲ အခြေခံပါ။ မူဝါဒနောက် ကိုပဲ လိုက်ပါ။ လူပုဂ္ဂိုလ်နောက်ကို မလိုက်ပါနှင့်။
- မြန်မာ့သမိုင်းစဉ်တွင် နိုင်ငံရေးပါတီ အများဟာ ကွဲကြ၊ ပြဲကြရာမှာ အစိတ် စိတ်အမြွှာမြွှာဖြစ်ပြီး နောက်ဆုံးလုံးဝ ပျောက်ကွယ်သည်အထိဖြစ်ခဲ့ကြသည်။ ဒါဟာ ပါတီရဲ့မူဝါဒကို ပစ်ပယ်ခြင်း သည် အဓိကဖြစ်ပါတယ်။
- ပြည်ခိုင်ဖြိုးပါတီရေရှည်တည်တံ့ခိုင်မြဲ သည့်ပါတီအဖြစ် သမိုင်းတွင်ကျန်ရစ် အောင် ပါတီရဲ့မူဝါဒအပေါ်မှာ အမြဲ မပြတ် အခြေခံဆောင်ရွက်ကြရမှာဖြစ် သည်။
ပါတီ၏ဦးဆောင်မှုအခန်းကဏ္ဍမြင့်မားရေး အတွက် ဆွေးနွေးခဲ့တာကတော့-
- တစ်ဦးကောင်း၊ တစ်ယောက်ကောင်း ဦးဆောင်မှုမျိုး ပေးနေခြင်းမဟုတ်ပါ။ ပါတီဝင်တိုင်း ပါတီရဲ့ဦးဆောင်မှုကို အလေးအနက်ခံယူခြင်းဖြင့် ပါတီ၏ ဦးဆောင်မှုအခန်းကဏ္ဍကိုမြှင့်တင်ကြ ရမည်။
- ပါတီရှင်သန်ရေးမှာ ပါတီ၏ဦးဆောင် မှုကို ခံယူဆောင်ရွက်ရေးသည် အလွန် အဓိကကျသည်။
- ပါတီ၏ဦးဆောင်မှုဆိုသည်မှာ စုပေါင်း ဦးဆောင်မှုနှင့် တစ်ဦးချင်းတာဝန်ယူမှု ကို ဆက်စပ်ထားခြင်းဖြစ်သည်။
ပါတီတွင်း ဒီမိုကရေစီကျယ်ပြန့်စွာကျင့်သုံး ရေးအတွက် ဆွေးနွေးခဲ့တာကတော့-
- ဒီမိုကရေစီသည် လူတစ်ဦးတစ် ယောက်တည်း၏ သဘောအတိုင်း ထင်သလိုအုပ်ချုပ်ခြင်းမဟုတ်၊ လူ အများကို လူအများ၏အကျိုးငှာ လူ အများ၏ဆန္ဒအတိုင်း အုပ်ချုပ်ခြင်းပင် ဖြစ်သည်။ အမှန်စင်စစ် ဥပဒေအတိုင်း အုပ်ချုပ်ခြင်းကိုဆိုလိုခြင်းဖြစ်သည်။
- ပါတီတွင်း ဒီမိုကရေစီဆိုသည်မှာ ပါတီအဖွဲ့အစည်းအဆင့်ဆင့်ကိုပါတီဝင် များက ရွေးချယ်ခြင်း၊ ပါတီ၏မူဝါဒ လမ်းစဉ်များကိုပါတီဝင်များ၏တူညီ သောသဘောဆန္ဒဖြင့် ချမှတ်ခြင်း၊ အများစု၏ ဆန္ဒသဘောထားကို အနည်းစုကလိုက်နာခြင်း၊ အနည်းစု ၏သဘောထားကိုလည်း အများစုက အလေးထားခြင်း၊ စည်းကမ်းတကျ စုပေါင်းညှိနှိုင်း၊ စုပေါင်းဆုံးဖြတ်၊ စုပေါင်းတာဝန်ယူဆောင်ရွက်ခြင်းများ ဖြစ်သည်။
- ပါတီတွင်းဒီမိုကရေစီသည် ဒီမိုကရေစီ လွတ်လပ်မှုသဘော၊ အများဆန္ဒ သဘောထားနှင့်ဗဟိုဦးစီးစနစ်၏ထိန်း ကိုင်မှု သဘော၊တစ်ဦးချင်းတာဝန်ခံမှု သဘောတို့ကို မျှတစွာပေါင်းစပ်ထား ခြင်းဖြစ်သည်။
ပါတီတွင်းစည်းလုံးမှုခိုင်မာရေးအတွက်လည်း ဆွေးနွေးခဲ့တာကတော့-
-ပါတီဝင်တစ်ဦးချင်း မိမိကိုယ်ကို ခိုင်မာသောပါတီဝင်အဖြစ်တည်ဆောက် ရမည်။ တစ်ဆက်တည်းမှာ ပါတီဝင် အချင်းချင်းစည်းလုံးညီညွတ်ရေး၊တစ်နည်း အားဖြင့် ပါတီတစ်ခုလုံး၏စည်းလုံးညီ ညွတ်ရေးကိုတည်ဆောက်ရမည်။
- ပါတီတွင်းစည်းလုံးညီညွတ်မှုရှိမှသာ ပြည်သူလူထုအတွင်းထိုးဖောက်စည်းရုံး မှုများ ပိုမိုအောင်မြင်မည်ဖြစ်သည်။
- ပါတီဝင်တိုင်းသည် ပါတီ၏ မူဝါဒ၊ ရည်မှန်းချက်များအပေါ် ယုံကြည်ချက်၊ ခံယူချက်ခိုင်မာစွာဖြင့် ပါတီ၏ ဦး ဆောင်မှုကို အလေးအနက်ခံယူပြီး ပါတီတွင်းစည်းလုံးညီညွတ်မှုကိုတည် ဆောက်ကြရန် အထူးလိုအပ်ပါသည်။
- ပါတီတွင်းစည်းလုံးညီညွတ်မှုဖြင့် ပြည်သူလူထုအတွင်း စည်းရုံးရေး လုပ်ငန်းများအောင်မြင်ပြီး ပါတီအပေါ် ပြည်သူ့ထောက်ခံချက်အပြည့်အဝရရှိ ကာ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများတွင် အောင်နိုင်မှုရ ရှိအောင် အစွမ်းကုန်ကြိုးပမ်းဆောင် ရွက်ကြရမည်ဖြစ်သည်။
စာတမ်းနှစ်စောင်ကို မမောမပန်းမနားတမ်း ဖတ်ကြားပြီးတဲ့နောက်မှာတော့ ပါတီဗဟို အတိုင်ပင်ခံ ဦးအောင်သောင်းက ခုလို တိုက်တွန်းခဲ့ပါတယ်။
- ပါတီဝင်တိုင်း ပါတီ၏မူဝါဒများအပေါ် ယုံကြည်ချက်၊ ခံယူချက်ခိုင်မာစွာဖြင့် ပါတီရှင်သန်ထက်မြက်ရေး၊ ပါတီ အောင်နိုင်ရေးလုပ်ငန်းစဉ်များကိုအစွမ်း ကုန်ဆောင်ရွက်ကြပါစို့။
- ပါတီဝင်တိုင်း ပါတီ၏မူဝါဒအပေါ် တွင်အခြေခံ၍ ပါတီ၏ဦးဆောင်မှုကို အလေးအနက်ခံယူလိုက်နာဆောင်ရွက် ခြင်းဖြင့် ပါတီ၏ဦးဆောင်မှုအခန်း ကဏ္ဍမြင့်မားရေးကို ကြိုးပမ်းဆောင် ရွက်ကြပါစို့။
- ပါတီဝင်တိုင်း ပါတီတွင်းဒီမိုကရေစီ ကျင့်စဉ်ကို ကျယ်ပြန့်စွာကျင့်သုံးကြ ပြီး ပါတီတွင်းစည်းလုံးညီညွတ်မှုပိုမို ခိုင်မာအောင် အလေးဂရုပြုဆောင်ရွက် ကြပါစို့။
- ပါတီတွင်းညီညွတ်မှုဖြင့် ပြည်သူလူထု အတွင်း စည်းရုံးရေးလုပ်ငန်းများအောင် မြင်ပြီး ပါတီကိုပြည်သူ့ထောက်ခံမှု အပြည့်အဝရရှိကာ နိုင်ငံနှင့် နိုင်ငံသား များအကျိုး ရာသက်ပန်ဆက်လက် ဆောင်ရွက်နိုင်သော ပြည်သူ့ပါတီကြီး ဖြစ်အောင် အင်တိုက်အားတိုက်ကြိုးစား ဆောင်ရွက်ကြပါစို့-လို့ တိုက်တွန်းရုံ တင်မက (အဘ)ဦးအောင်သောင်းက
'ဗဟိုကော်မတီဝင်များ၊အရန်ဗဟိုကော် မတီဝင်များအားလုံး သက်ရှည်ကျန်းမာစွာ နဲ့ နိုးနိုးကြားကြားတက်တက်ကြွကြွဖြင့် ပါတီအောင်နိုင်ရေးလုပ်ငန်းများတွင် ပူး ပေါင်းဆောင်ရွက်နိုင်ကြပါစေ'လို့ ဆုများ တောင် တောင်းပေးသွားခဲ့ပါတယ်။

.. https://www.facebook.com/MyanmarExpress
 

သမ္မတဖြစ်လိုသူ ခေါင်းဆောင်သုံးဦးအတွက် မေးခွန်းသုံးခု

From : ..မောင်နေဝင်း (4G)

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ပြီးခဲ့သည့် ရွေးကောက်ပွဲနှင့်မတူ ထူးခြားသည့် ကိစ္စတစ်ခု ပါလာသည်။ သမ္မတ မည်သူဖြစ်မည်နည်း ဆိုသည့် ကိစ္စ။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက လူထုက ထိုကိစ္စကို စိတ်မဝင်စားခဲ့။

သမ္မတဖြစ်လိုကြောင်း ပွင့်လင်းစွာ ဝန်ခံထားသူ နှစ်ဦးရှိပါသည်။ အများသိကြပြီး ဖြစ်သည့်တိုင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း။ လက်ရှိ သမ္မတဦးသိန်းစိန်ကလည်း ပြည်သူလူထု၏ ဆန္ဒအတိုင်းဟု ဆိုထားလေရာ သမ္မတ မည်သူဖြစ်မည်နည်း ဆိုသည့် ကိစ္စမှာ အရှိန်မြင့်လာပါသည်။ သုံးဦးလုံးမှာလည်း နိုင်ငံကို ခေါင်းဆောင်နိုင်သူများ ဆိုသည်မှာ သံသယရှိစရာ မလိုသည့် အချက်ဖြစ်ပါသည်။ သူ့ပရိသတ်နှင့် သူလည်း ရှိကြပါပေသည်။

သို့နှင့်တိုင် ယခုဖြစ်ပျက်နေသော နိုင်ငံရေးတွန်းအားများ၊ အရွေ့များ၊ ဖြစ်စဉ်များက မေးခွန်းနှစ်ခုကို ထွက်ပေါ်စေသည်။ ထိုမေးခွန်းနှစ်ခုမှာ စာရေးသူ အသိချင်ဆုံး၊ ဆန္ဒအပြင်းပြဆုံး မေးခွန်းတစ်ခု ဖြစ်ပါသည်။ ပြည်သူလူထုများလည်း ထိုကိစ္စကို သိချင်ကြပါလိမ့်မည်။ ပြည်သူတွေအနေနှင့် ၎င်းတို့၏ သမ္မတလုပ်မည့်သူကို ဘာကြောင်၊့ ဘယ်လိုအချက်တွေကြောင့် ရွေးရမှာလဲဆိုသည့် မေးခွန်း။ ထိုမေးခွန်းအတွက် အဖြေလည်း ဖြစ်နိုင်မည့် ဒုတိယမေးခွန်း ရှိပါသေးသည်။ ထိုဒုတိယမေးခွန်းမှာ သမ္မတလောင်း တစ်ဦးချင်းစီအတွက် မတူညီနိုင်သည့် မေးခွန်းသုံးခု ဖြစ်သည်။

အများသိကြပြီး ဖြစ်သည့် အတိုင်းပင် ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာ့လူ့အဖွဲ့အစည်းအပေါ်တွင် သြဇာတိက္ကမ ကြီးမားသည့် Moral Authority တစ်ဦး ဖြစ်ပါသည်။ ယခုရက်ပိုင်းအတွင်း လွှတ်တော်တွင် ဖြစ်ပျက်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စရပ်များတွင် လူထုခေါင်းဆောင်၏ ငြင်သာစွာ ကိုင်တွယ်တတ်မှု၊ ပြည်သူများ စိတ်ပျက်ရန်မလိုဘဲ ရွေးကောက်ပွဲဝင်ကြရန် စိတ်ဓာတ်ခွန်အားပေးနိုင်မှု (Moral Courage) တို့က သက်သေပင် ဖြစ်ပါသည်။ သို့ဖြစ်ရာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနှင့် သမ္မတဖြစ်လာမည် ဆိုပါက သို့မဟုတ် သမ္မတဖြစ်ရန် ရည်မှန်းထားသည် ဆိုပါက ယခုထက် ပိုမိုကျယ်ပြန့်သည့် နိုင်ငံရေးလမ်းကြောင်းကို ပြည်သူလူထုထံချပြရန် လိုအပ်ပါလိမ့်မည်။ ယခုလက်ရှိ ဖြစ်ပျက်နေသည့် နိုင်ငံရေးဖြစ်စဉ်များမှာ အကဲဆတ်လွန်းလှပါသည်။ အကွဲအပြဲများနှင့် နိုင်ငံရေး အယူအဆများကလည်း Divided Society ဟု ခေါ်လို့ရသည့် မြန်မာ့လူ့အဖွဲ့အစည်းတွင် ပြင်းထန်လှပါသည်။

လူထုခေါင်းဆောင်၏ နိုင်ငံရေးရည်မှန်းချက်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် လက်စားမချေရေးလမ်းကြောင်း ဆိုသည်ကို အားလုံးက သိကြပါသည်။ သို့နှင့်တိုင် ထိုကိစ္စကို ယခုထက် ပိုမိုလေးနက်စွာ ပြောကြားရန် လိုအပ်ပါလိမ့်မည်။ အကောင်းဆုံးသင်ခန်းစာမှာ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ပင် ဖြစ်သည်။ ထိုစဉ်က ထိန်းထိန်းသိမ်းသိမ်း မကိုင်တွယ်နိုင်ခဲ့သဖြင့် လူထုမျှော်လင့်ချက်တွေသာမက တိုင်းပြည်ပါ ရေစုန်မျောခဲ့ရပြီး ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံ၏ ယနေ့အခြေအနေသည် ၁၉၉၀ ပြည့်နှစ်ထက်စာလျှင် နိုင်ငံရေးအင်အားစုများ ပိုမိုများပြားလာသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် လက်ရှိအချိန်တွင် ဤကဲ့သို့ သပ္ပာရနံ့ ပေါင်းစုံလှသော နိုင်ငံရေးအင်အားစုများနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို မည်သို့လုပ်ဆောင်မည် ဆိုသည်ကို လူထုခေါင်းဆောင် အနေနှင့် ကျယ်ကျယ်ပြန့်ပြန့် ပြောရန် လိုအပ်ပါသည်။ မြန်မာ့ရွေးကောက်ပွဲ သမိုင်းတွင် ၁၉၉၀ ထက် ကောင်းမွန်သောရလဒ် မရှိပါ။ သို့နှင့်တိုင် ပြည်သူထောက်ခံတိုင်း အဖြေမထွက်နိုင်ဆိုသည့် ခါးသီးသည့် သင်ခန်းစာကိုလည်း ပေးခဲ့သည့် ရွေးကောက်ပွဲ ဖြစ်ပါသည်။

လူထုခေါင်းဆောင် အနေနှင့် လက်ရှိ နိုင်ငံရေးအင်အားစုများ၊ နိုင်ငံရေး အခင်းအကျင်းများ၊ အတွန်းအတိုက်များကို မည်သို့ အကောင်းဆုံး ကိုင်တွယ်ပြီး မြန်မာ့လူ့အဖွဲ့အစည်းကို ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဆီသို့ မည်သို့ မည်ပုံ ခေါ်ဆောင်သွားမည်နည်း ဆိုသည့် မေးခွန်းပင် ဖြစ်ပါသည်။ ဤမေးခွန်းမှာ နိုင်ငံရေးအင်အားစုတိုင်းတွင် ရှိနိုင်ပါသည်။ အထူးသဖြင့် လူထုခေါင်းဆောင်သည် လက်ရှိတပ်မတော်ကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပတ်သက်ပြီး ယခုထက်ပို၍ ရှင်းလင်းကျယ်ပြန့်သော သတင်းစကားပေးရန် လိုအပ်ပြီဟု ထင်မြင်မိသည့်အတွက် စာရေးသူအနေနှင့် ဤမေးခွန်းကို မေးရခြင်း ဖြစ်ပါသည်။

လက်ရှိသမ္မတ ဦးသိန်းစိန်မှာလည်း သမ္မတအဖြစ် တာဝန်ခံယူသည့်နေ့မှာပင် လွှတ်တော်တွင် ပြောကြားခဲ့သော မိန့်ခွန်းဖြင့် ပြည်သူလူထု၏ မျှော်လင့်ချက်များ၊ အိပ်မက်များ ရှင်သန်လာစေခဲ့သူ ဖြစ်ပါသည်။ အခက်အခဲ၊ အကျပ်အတည်းများ၊ ပေးထားချက်များ အတွင်းမှပင်လျှင် မိန့်ခွန်းတွင် ပြောကြားခဲ့သည့် အချက်များကို တတ်နိုင်သမျှ အလုပ်နှင့် သက်သေပြထားသည့် နိုင်ငံရေးဂုဏ်သရေလည်း ရှိထားပါသည်။ အထူးသဖြင့် ပြည်သူလူထု၏ အသံကို တတ်နိုင်သမျှ အကောင်အထည်ဖော် လုပ်ဆောင်ပေးနေသည်ဆိုသည့် မြစ်ဆုံကိစ္စ၊ ဒဂုံစီးတီး ကိစ္စများကဲ့သို့ သက်သေပြထားချက်များ ရှိပါသည်။ ဆိုရလျှင် သမ္မတဦးသိန်းစိန်မှာ ပြုပြင်ပြောင်းလဲရေးများ၏ ပြယုဂ်ဖြစ်ပါသည်။ နိုင်ငံရေးဖြေလျှော့မှုများ ပြုလုပ်ခဲ့မှုမှာလည်း အလုပ်နှင့် သက်သေပြခဲ့သည့် သမိုင်းဝင်ဖြစ်ရပ်များ ဖြစ်ပါသည်။

သို့နှင့်တိုင် သူ၏သက်တမ်းတွင် လျစ်လျူရှုခဲ့ရသည့် ကိစ္စများ ရှိပါသည်။

သမ္မတသက်တမ်း အစပိုင်းတွင် အစိုးရအဖွဲ့ထဲတွင် ပြုပြင်ပြောင်းလဲရေး မလိုလားသူများအား ချန်ရစ်ခဲ့မည်ဟု ကြွေးကြော်ခဲ့သည့်တိုင် လက်ရှိအချိန်ထိ ပြည်သူလူထုကို စိတ်ပျက်စေသော ပုဂ္ဂိုလ်များ အစိုးရယန္တရားထဲတွင် ကျန်ရှိနေပါသေးသည်။ ပို၍ဆိုးဝါးသည်မှာ ထိုသူများသာမက၊ အစိုးရယန္တရား တစ်ခုလုံးထဲတွင် ပါရှိနေသော အကျင့်ပျက်ခြစားမှုများနှင့် လွဲမှားသော စီမံခန့်ခွဲမှုများကို သမ္မတဦးသိန်းစိန် အနေနှင့် ယခုထိ အရေးယူဆောင်ရွက်နိုင်ခြင်း မရှိမှုပင် ဖြစ်ပါသည်။ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အလွှာအသီးသီးတွင် ထိပ်တန်းက ဦးဆောင်နေကြသော အီလစ်များ အကြားတွင်လည်း ထိုပြဿနာကို အစိုးရအနေနှင့် မည်သို့ကိုင်တွယ်မည်နည်း ဟူသော အတွေးများ ရှိနေကြပါသည်။ ထို့အပြင် နိုင်ငံတော်သမ္မတတစ်ဦး၏ နှုတ်ဖျားမှ ပြည်ပခရီးစဉ် အချို့တွင် နိုင်ငံရေးအကျဉ်းသားများနှင့် ပတ်သက်သော ပြောစကား၊ ဆန္ဒပြသူများနှင့် ပတ်သက်သည့် မှတ်ချက်စကား၊ လက်ပံတန်းသပိတ် ဖြိုခွင်းမှုသည် ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း မှတ်ချက်စကားတို့မှာ ပြည်သူလူထုအများစုကို များစွာ စိတ်ပျက်လက်ပျက် ဖြစ်စေခဲ့သည်။

သို့ဖြစ်ရာ လက်ရှိသမ္မတ ဦးသိန်းစိန်ကို မေးရမည့် မေးခွန်းမှာ လာမည့်သက်တမ်းတွင် အသွင်ကူးပြောင်းရေးအတွက် အဓိကစိန်ခေါ်မှု ဖြစ်နေသည့် လွဲမှားသော စီမံခန့်ခွဲမှုများနှင့် အကျင့်ပျက်ခြစားမှုများကို သမ္မတသက်တမ်း တာဝန် ဆက်လက်ထမ်းဆောင်သည့်အခါ မည်သို့ ကိုင်တွယ်မည်နည်း ဆိုသည့် မေးခွန်းပင် ဖြစ်ပါသည်။

လွန်ခဲ့သည့် ငါးနှစ်အတွင်းတွင် ထိုသူများကို အရေးယူရန်ထက် ပြုပြင်ပြောင်းလဲရေးက အရေးကြီးနေသဖြင့် လျစ်လျူရှုခဲ့ရပါသည်ဟုဆိုဆို၊ ပြုပြင်ပြောင်းလဲမှုများ အောင်မြင်ရေးအတွက် အကဲဆတ်သည့် ကိစ္စအချို့ကို မကိုင်တွယ်နိုင်ခဲ့ပါဟုပြောပြော လာမည့်သက်တမ်းတွင် ထိုကိစ္စရပ်များကို လူထုက မတွေ့ချင် မမြင်ချင်တော့သည်မှာ အထင်အရှားဖြစ်ရာ ထိုကိစ္စကို လက်ရှိသမ္မတ ဦးသိန်းစိန်က အဖြေပေးရလိမ့်မည် ဖြစ်ပါသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းမှာ သမ္မတဖြစ်ရေးအတွက် အတက်ကြွဆုံးနှင့် အပွင့်လင်းဆုံး ထုတ်ဖော်ပြောကြားထားသူ ဖြစ်ပါသည်။ ၂၀၁၀ ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာသည့် လွှတ်တော်များကို လက်ညှိုးထောင် ခေါင်းညိတ် တံဆိပ်ခေါင်းထု (Rubber Stamp) လွှတ်တော်သာ ဖြစ်လာလိမ့်မည်ဟု လူထုက မျှော်လင့်ထားခဲ့ရာမှ သူရဦးရွှေမန်း၏ ဦးဆောင်မှုဖြင့် ဥပဒေပြုရေး ဖြစ်စဉ်များဖြင့် သက်ဝင်ရှင်သန်နေသော၊ နိုင်ငံရေးအရ တရားဝင်မှု ရှိလာသော လွှတ်တော်များ ဖြစ်လာခဲ့ပါသည်။ လွှတ်တော်တွင်း ကြိုးစားမှုများနှင့် ဦးဆောင်မှုများကလည်း နိုင်ငံ့ခေါင်းဆောင်နေရာကို ထမ်းဆောင်နိုင်သူ ဖြစ်ကြောင်း သက်သေပြပြီး ဖြစ်ပါသည်။

သို့နှင့်တိုင် ပြည်သူများအကြား စိုးရိမ်မှုများ ရှိနေသည်မှာ သူရဦးရွှေမန်း၏ အမာခံများ။ အထူးသဖြင့် လွှတ်တော်ကော်မတီများ ဖွဲ့စည်းရာတွင် ယခင်အစိုးရ လက်ထက်တွင် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သူများ ပါဝင်နေခြင်းကို မည်သို့ ကိုင်တွယ်မည်နည်း ဆိုသည်ကို သူရဦးရွှေမန်း အနေနှင့် အဖြေပေးရန် လိုပါသည်။ အကယ်၍များ သူရဦးရွှေမန်း သမ္မတ ဖြစ်လာသည့်အခါ ထိုသူများ အစိုးရအဖွဲ့တွင် ပြန်လည်ပါဝင်လာမည်လော ဆိုသည့် စိုးရိမ်မှုမှာလည်း အတော်များများထံတွင် ရှိကြပါသည်။ အထူးသဖြင့် စီးပွားရေး အီလစ်များအကြား ထိုစိုးရိမ်မှု ရှိပါသည်။ ထိုအချက်များအပြင် သူရဦးရွှေမန်း မိသားစုပိုင် စီးပွားရေးအင်ပါယာမှာ မေးခွန်းအထုတ်ခံရဆုံး ဖြစ်သည်။ နိုင်ငံတကာတွင်လည်း ထိပ်တန်းစီးပွားရေး လုပ်ငန်းကြီးများ လုပ်ကိုင်ရာတွင် နိုင်ငံရေးအင်အားစုများ အကြား အကျိုးစီးပွားလွန်ဆွဲမှု (Conflict of Interest) ရှိကြသည် ဖြစ်ပါသည်။ သို့နှင့်တိုင် အခွင့်ထူးခံခြင်း ဆိုသည့် အခြေအနေမှ ရုပ်ပျက်ဆင်းပျက် လက်ဝါးကြီးအုပ်သည့် အခြေအနေမျိုးမှာ စီးပွားရေးလောကတွင်သာမက နိုင်ငံရေးကိုပါ အကြီးအကျယ် ဂယက်ရိုက်စေမည် ဖြစ်ပါသည်။

သို့ဖြစ်ရာ အကယ်၍ သူရဦးရွှေမန်း အနေနှင့် သမ္မတ တာဝန်ယူမည်ဆိုပါက ယခင်အစိုးရလက်ထက်က နာမည်ပျက်ရှိခဲ့သူများနှင့် စပ်လျဉ်း၍ မည်သို့ကိုင်တွယ်မည်၊ နိုင်ငံ၏ စီးပွားရေးနှင့် မိသားစု စီးပွားရေးတွင် ပြတ်ပြတ်သားသား မည်သို့ လိုင်းတားပြမည်ဆိုသည့် မေးခွန်းအတွက် အဖြေရှိရန် လိုအပ်ပါသည်။ အထိနာခဲ့သော လူ့အဖွဲ့အစည်းအတွက် ဤမေးခွန်းမှာ အလွန်အရေးကြီးပါသည်။

စာရေးသူမှာ ခေါင်းဆောင်တစ်ဦးချင်းအတွက် မေးခွန်းထုတ်နေရခြင်းမှာ ကြီးကျယ်လိုက်ရန်ကောဟု မယူဆစေလိုပါ။ စာရေးသူမှာ စာရေးခြင်းအရာတွင် သောတုဇန တစ်ဦးမျှသာ ဖြစ်ပြီး ပြည်သူထဲက ပြည်သူတစ်ဦးသာဖြစ်ရာ သာမန်ပြည်သူတစ်ဦး အနေနှင့် သိချင်လိမ့်မည်ဟု ယူဆသည့် မေးခွန်းအချို့ကို အတွေးပွားမိခြင်းသာ ဖြစ်ပါသည်။ ဤကဲ့သို့ မေးရသည်မှာလည်း စာရေးသူတို့ လူ့အဖွဲ့အစည်းမှာ အထက်ကဆိုသလိုပင် သံသယ၊ မယုံကြည်မှုနှင့် ရန်လိုမှုများသော Divided Society ဖြစ်နေသောကြောင့် သာဖြစ်ပါသည်။ လက်ရှိ နိုင်ငံရေးတင်းမာမှုများနှင့် တွန်းအားများ၊ ဖြစ်ရပ်များကလည်း ပြည်သူများ၏ သံသယကို ပိုမိုကြီးစေပြီး မိမိတို့ ခေါင်းဆောင်ကို ရွေးချယ်ရာတွင် များစွာရှုပ်ထွေးမှုများ ဖြစ်ပေါ်စေပါသည်။

ပြည်သူများအနေနှင့် မိမိတို့ခေါင်းဆောင်က အနာဂတ်အတွက် ဘာပြောသည်၊ ဘယ်အရာတွေက မိမိတို့ လိုလားချက်နှင့် ကိုက်ညီသည်၊ ဘယ်သူက သမ္မတဖြစ်သင့်သည် ဆိုသည်ကို ဆုံးဖြတ်ရန်အတွက် သတင်းအချက်အလက်များစွာ လိုအပ်ပါလိမ့်မည်။ ပြည်သူလူထု၏ ဆုံးဖြတ်ချက်သည်သာ တရားဝင်ဖြစ်ပါလိမ့်မည်။ ပြည်သူလူထု၏ ဆုံးဖြတ်ချက်မှာ သတင်းအချက်အလက်နှင့် ဆင်ခြင်တုံတရားပေါ်ကို အခြေခံသော ဆုံးဖြတ်ချက် ဖြစ်မှသာ နိုင်ငံရေးအရ တရားဝင်မှု ရှိပါလိမ့်မည်။ သို့မှသာ ရွေးကောက်ပွဲအလွန် အခင်းအကျင်းနှင့် အသွင်ကူးပြောင်းရေးကို အာမခံချက်ပေးနိုင်မည် ဖြစ်ပါသည်။ ခေါင်းဆောင်များ အနေနှင့် မိမိတို့အတွက် မေးခွန်းများကို ဖြေကြားရင်းဖြင့် ပြည်သူလူထုအား လမ်းပြခေါ်ဆောင်ကြပါရန် တိုက်တွန်းလိုက်ရပါသည်။

.. https://www.facebook.com/MyanmarExpress
 

ဒေါ်စုကြည်ရဲ့ ဧရာဝတီတိုင်းစည်းရုံးရေးခရီးနှင့် နောက်ကွယ်မှအတွင်းရေးလှိုက်စားနေမှုအပေါ်လေ့လာဆန်းစစ်ချက်

From : .. တတိယလှိုင်း

ဒေါ်စုကြည်ရဲ့ ဧရာဝတီတိုင်းခရီးစဉ်ဒီနေ့ စနေမနက် ၈နာရီခွဲမှာစတင်လိုက်ပါတယ်။
ဒီခရီးစဉ် အသေးစိတ်ကို NLD-CECဦးညာဝင်း။ဦးဝမ်းထိန်တို့ သေချာမသိပါဘူး။ဒေါ်စုကြည် နဲ့  ဝါးခယ်မ ဦးဝင်းမြင့်တို့၂ဦးထဲအတွင်းကြိတ်တိုင်ပင်ပြီးလုပ်ကြတာပါ။ ဦးဝင်းမြင့် ဟာသူ့ ခယ်မကိုပြန်ယူလို့ လားမသိဘူး ဝါးခယ်မ ဆိုပြီး အမည်ပြောင်ပေးထားကြတာပါ။
NLD/CEC ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ပါ။ဒေါ်စုကတော့ တော်ကီချွဲပြစ်လွန်းတဲ့ ဦးဝင်းမြင့်ကို Favour အရမ်းပေးပါတယ်။တကယ်တော့ဧရာဝတီတိုင်းဟာ NLDခမောက်သင်္ကတ ကိုစတင်မွေးဖွားပေးခဲ့တဲ့နေရာပါ။NLD စည်းရုံးရေးအားကောင်းခဲ့တဲ့တိုင်းဒေသကြီးတစ်ခုလို့ ဆိုနိုင်ပေမယ့်အဲဒီအယူအဆက Long Long Agoမှာကျန်ခဲ့ပါပြီ။
၂၀၁၃ခုနှစ်ကစပြီး NLDရဲ့ မြဲမြံမှုမရှိတဲ့ခြေကုတ်တွေကို ပြည်ခိုင်ဖြိုး။ကရင်ပြည်သူ့ ပါတီ။တောင်သူလယ်သမားဖွံဖြိုးတိုးတက်ရေးပါတီ။ခမောက် NDFတို့ ကအသီးသီးဝင်ရောက်နေရာယူထားပြီဖြစ်ပါတယ်။၂၀၁၅ ရွေးကောက်ပွဲမှာကိုယ်စားလှယ်လောင်းများ အချိုးကျ မျှခြေဖြစ်မယ့်အနေအထားကိုပြောင်းလဲသွားကြောင်းသုံးသပ်အဖြေထွက်ထားပြီးဖြစ်ပါတယ်။ဒါကိုဒေါ်စုကြည်မသိလို့ ဘဲလား ဦးဝင်းမြင့်ကဘဲအခြေအနေမှန်ကို ရှင်းမပြဘဲ ပိုပြောထားလို့ လားမသိဘူး။
ဒေါ်စုကြည်ကတော့ဧရာဝတီတိုင်းကိုရန်ကုန်တိုင်းလိုဘဲNLD မဲအပြတ်အသတ် Landslide ရမယ်လို့ ထင်မြင်ပြီးဒီခရီးစဉ်ကိုရွေးချယ်ခဲ့တာပါ။ဒေါ်စုကြည်ကိုဦးဝင်းမြင့်တင်ပြတာကရန်ကုန် ရော။ဧရာဝတီရော အမျိုးသားလွှတ်တော် က ၁၂ဦးစီ ဖြစ်တော့ ၂၄ဦးယူနိုင်ဖို့ တွက်ပြတယ်။ပြည်သူ့ လွှတ်တော်ကျတော့ ရန်ကုန်က ၄၅ ဦး။ဧရာဝတီက ၂၆ ဦးပေါင်းလိုက်ရင် ၉၅ ဆိုတော့ ၁၀၀နီးပါးပေါ့။၁၀၀ဆိုရင်ကို တစ်နိုင်ငံလုံးရဲ့  ၄ချိုး၁ ချိုးနီးကပ်သွားပြီလို့ တွက်ပြပါတယ်။ဒေါ်စုကြည် တစ်ယောက်လည်း ဖောလို့ ဖောမှန်းမသိဘူးဖြစ်နေ တယ်။Realities ကဦးဝင်းမြင့်ပြောတာရဲ့ ပြောင်းပြန်ဆိုတာ ဒေါ်စုကြည်မသိဘူးဖြစ်နေတာပါ။ဘာလို့ NLD ဥက္ကဌ ကမသိရတာလဲ မေးစရာပါ။
ဒေါ်စုကြည်က ဧရာဝတီတိုင်းနဲ့ ပတ်သက်လာရင် ဦးဝင်းမြင့်တစ်ဦးတည်းရဲ့ အမြင်ကိုဘဲရယူခဲ့လို့ ဒီလိုဖြစ်ရတာပါ။ဧရာဝတီတိုင်းတွင်းမှာ ဦးဝင်းမြင့်ဘဲထင်ရာစိုင်နေလို့ ပါတီတွင်ပြဿနာဖြစ်ရင်ဦးဝင်းမြင့်ကိုမတိုင်တော့ဘူး။ဦးညာဝင်း နဲ့ ဦးဝမ်းထိန်ကိုဘဲတိုင်ကြားလာတယ်။ဦးဝင်းမြင့်ကိုအယုံအကြည်မရှိတဲ့သဘောမျိုးပါ။ဦးဝင်းမြင့်ကိုပါတီကဖယ်ရှားပေးဖို့ အထိပါတီတွင်းမကျေမနပ်ဖြစ်တာများလို့လွန်ခဲ့တဲ့ မေလအတွင်း ပုသိမ်မြို့ ပေါ်မှာဦးဝင်းမြင့် လာဘ်စားမှုသတင်းကို စာကပ်တဲ့Campaign အထိ ပါတီတွင်းအစာမကြေမှုမြင့်မားပါတယ်။ဒါ့အပြင် ရေကြည်ဘက်မှာ NLD တိုင်းဒေသကြီးကိုယ်စားလှယ် လှမျက်ခြယ်တို့ ကလည်းအုပ်စုကွဲပြီးပြဿနာဖြစ်နေတယ်။ မြောင်းမြမှာဆိုရင် NLD မကောင်းကြောင်းရေးပြီးစာလိုက်ဖြန့် တာပြည်ခိုင်ဖြိုးလိုလို သံဃာလိုလို အပုတ်ချတယ်။တကယ်တော့Source က NLD အချင်းချင်းမကျေနပ်မှုကဇာတ်လမ်းစတာဖြစ်နေတယ်။ဖော်မယ်ဆိုရင်ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတဲ့အဖြစ်မျိုးဖြစ်ပါတယ်။ဒါကြောင့် မျိုးချစ်တို့ မဘသ တို့ ကစော်ကားခံရသလို ဖြစ်ခဲ့ပါတယ်။ကရင်တိုင်းရင်းသားဘက်ပြန်ကြည့်တော့ လွန်ခဲ့ တဲ့ရက်သတ္တပတ်က NLD ပါတီဝင်မဟုတ်လည်း ကိုယ်စားလှယ်လောင်းဝင်ပြိုင်ဖို့ ဖိတ်ခေါ်ပါတယ်ဆိုလို့ ဟင်္သာတနဲ့ ဘိုကလေး မှာ အရပ်သားကရင် ဦးစောဆန်နီ နဲ့ ဦးစောမောင် တို့ ကိုယ်စားလှယ်လောင်းလာတင်တာ လက်မခံဘဲ ရန်တွေ့ ခံရလို့ မကျေမနပ်တွေဖြစ်လို့  ကရင်တွေအားလုံးကရင်ပြည်သူ့ ပါတီ ဦးစောထွန်းအောင်မြင့်ဘက်ကို အကုန်ပါလာပါတယ်။ဒါ့အပြင် ဦးကျော်စွာစိုးတို့ တောင်သူလယ်သမားဖွံ့ ဖြိုးတိုးတက်ရေးပါတီက ဧရာဝတီတိုင်းတောင်သူလယ်သမားတွေကို စိုက်ပျိုးစရိတ် အထောက်အပံ့ ၃သိန်းစီ ချေးပေးတာကို NLD က DVB ကိုတိုင်ကြားပြီးဖွခဲ့လို့ တောင်သူလယ်သမားအများစုက NLDကို အကျင့်ယုတ်တယ်လို့ သိမြင်လာလို့ ဦးကျော်စွာစိုးတို့ ဘက်ပါကုန်ပါတယ်။ဒါ့အပြင် ပြည်ခိုင်ဖြိုးဝန်ကြီးချုပ် ကို NLDလိုလားသူ မြစ်မခ မီဒီယာက သတင်းထောက်မျိုးမင်းထွန်းကဆိုက္ကားနင်းရင်သူဌေးဖြစ်တယ်ဆိုပြီးဖွတာဘဲဒါပေမယ့်မြေပြင်မှာ ဝန်ကြီးချုပ်ရဲ့ စီမံခန့် ခွဲမည့် Planning ကို အခြေခံလူတန်းစားအများစု စိတ်ဝင်စားအားကိုးမှုတွေ ဖြစ်ပေါ်ပြောင်းလဲစေခဲ့ပါတယ်။အခုလည်း ၈၈ ရှစ်ပူးတွေကို ဧရာဝတီတိုင်းကအများစုဝင်ပြိုင်ခိုင်းမယ့် ဗဟိုအောင်နိုင်ရေး ရဲ့ ကနဦး Ear Say စကားသံကြောင့် NLD ပါတီဝင်တွေ မကျေမနပ်ဖြစ်လာပြီး ဖျံလာကျတယ် ဆိုပြီး ပူညံဆူညံတွေဖြစ်ပေါ်နေ ပါတယ်။ဒါကြောင့်ဒေါ်စုကြည် ရဲ့ ဧရာဝတီခရီးစဉ်ဟာ မှားယွင်းတဲ့ကြားသိချက်အပေါ်အခြေခံပြီးပေါ်ထွက်လာတဲ့ခရီးစဉ်ဖြစ်လို့ ကျွန်မကိုချစ်ရင်မဲပေးပါ လို့ ဘဲ ပြောနိုင်မယ့်အနေအထားဖြစ်ပြီး တကယ့်လိုအပ်ချက်ကို ဖြေရှင်းပေးနိုင်မယ့်ခရီးစဉ်မဟုတ်ကြောင်းသုံးသပ်တင်ပြပေးလိုက်ပါတယ်။


.. https://www.facebook.com/MyanmarExpress
 

“ ပြည်သူတို့မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်”

From : .. မိုးထက်မြင့်

မြန်မာတွေ စည်းကမ်းဖောက်လို့ ထီးနန်းပျောက်ခဲ့ရတယ်ဆိုတာ ကျွန်တော်တို့အားလုံး အသိပဲဖြစ်ပါတယ်။ လူတစ်ဦးချင်းစီမှာလည်း စည်းကမ်း၊ ကျင့်ဝတ်တွေရှိသလို၊ အဖွဲ့အစည်းတိုင်းမှာလည်း ကျင့်ဝတ်၊ စည်းကမ်းတွေဆိုတာ ရှိပါတယ်…ကျွန်တော်တို့ စည်းကမ်းမရှိ၊ ကျင့်ဝတ်တွေနားမလည်ရင် တစ်ချိန်ချိန်မှာ ကျွန်တော်တို့ တိုင်းပြည်ပျောက်ကွယ်သွားမှာပဲ…အခုလည်း နိုင်ငံရဲ့အရေးအကြီးဆုံး အဓိကနေရာကြီး ဖြစ်တဲ့ လွှတ်တော်ကြီးမှာ စည်းမဲ့ကမ်းမဲ့တွေ ဖြစ်နေကြပြန်ပြီ။ ဒီမိုကရေစီစနစ်ကျင့်သုံးတာနဲ့ တိုင်းပြည် လုံခြုံရေးကို လစ်လျူရှုတယ်ဆိုတာ တခြားစီပါဗျာ…။

အခု ကျွန်တော်တို့နိုင်ငံရဲ့အရေးကို လုပ်ဆောင်နေတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ယန္တရားတွေ လည်ပတ်နိုင်ဖို့ လိုအပ်တဲ့ဥပဒေတွေပြုနေတဲ့ လွှတ်တော်ကြီးမှာ နိုင်ငံခြားသားတွေ ရုံးထိုင်သွားလာလုပ်ကိုင်ပြီး မြန်မာ့ နိုင်ငံရေးကို ၀င်ရောက်စွက်ဖက်နေကြတာ မြင်တွေ့ရတော့ မပြောပဲမနေနိုင်တော့ဘူး….အဆိုးဆုံးကတော့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌဖြစ်တဲ့ ဒေါ်စုကြည်ကိုယ်တိုင် သူ့ရဲ့ရုံးခန်းမှာ ဗြိတိန်နိုင်ငံသားတစ်ဦးကို အကြံပေးခန့်အပ်ထားခြင်းပါပဲ…. နိုင်ငံခြားသားတွေ လွှတ်တော်တွင်းကို ၀င်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်နဲ့ ဒေါ်စုကြည်ကော်မတီရုံးမှာ ရုံးတက်တယ်…. အကြံဥာဏ်ပေး တယ်…. အစီအမံတွေလုပ်ပေးတယ်….. သူ့ခြေသူ့လက်နဲ့ လွှတ်တော်ကော်မတီဝန်ထမ်းတွေကို ခြယ်လှယ် စေခိုင်းနေပြန်တယ်….. ဒါ့အပြင် ဗြိတိန်ရဲ့ အကူအညီအထောက်အပံ့နဲ့ ဟိုတစ်လောက နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ကျောင်းသားအမည်ခံ ဇေယျာလွင်ပါဝင်တဲ့ ကျောင်းသားတွေကို အင်္ဂလန်ကိုလွှတ် တယ်….. ပြန်လာပြီး တစ်လအကြာမှာပဲ အခုလို အစိုးရကို ဆန့်ကျင်မှုတွေ ပြုလုပ်လာတော့တာပါပဲ…. ဒါတွေကလည်း ဒေါ်စုကြည် ကျင့်သုံးနေကျ ပြည်ပအထောက်အပံ့နဲ့ အစိုးရကို ဆန့်ကျင်မှုပြုတဲ့ နည်းလမ်းတွေဆိုတော့ အဆန်းတော့မဟုတ်ပါဘူး…..။ ဒါတွေကို လွှတ်တော်ကတာဝန်ရှိသူတချို့နဲ့ လက်ချိုးရေနိုင်တဲ့ NLD ပါတီထိပ်ပိုင်းမှတစ်ပါး ပြည်သူလူထုကြီးက မသိရှာကြပါဘူး…..။

ဗြိတိသျှက တရားမ၀င်စေလွှတ်ထားတဲ့ ဗြိတိန်နိုင်ငံသားက လွှတ်တော်ကိုယ်စားလှယ်အမည်ခံ ရက်ပ်ပါ ဆေးသမား ဇေယျာသော်နဲ့ ပေါင်းပြီး NLD ပါတီက ကျောင်းသားတွေကို မြှောက်ထိုးပင့်ကော်ပြုလုပ်နေတာ တွေကို မြင်တွေ့နေရတော့ ယူကျုံးမရ ဖြစ်မိတယ်ဗျာ…. မိမိနိုင်ငံရဲ့ ပြည်တွင်းရေးကို နိုင်ငံခြားသား တစ်ယောက် ၀င်နှောက်နေတာကို အလိုတူအလိုပါ လုပ်နေကြတာ အံ့သြလို့မဆုံးဘူး…. လက်ရှိမှာတော့ NLD ပါတီနဲ့ ဒေါ်စု အာဏာရရေးအတွက် အစွမ်းကုန်ကြိုးစားဆောင်ရွက်ပေးနေတယ်…. နောက်လာမည့် ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရရင်တော့ NLD ပါတီကလူများဟာ ကိုယ့်ကိုကိုယ် မသိလိုက်ဘဲ ပြည်ပသြဇာများ ပြည်သူတွေထဲကို သွတ်သွင်းပေးမယ့်လူ ဖြစ်လာပါတော့မယ်…. အဲဒါဆိုရင် မြန်မာအစိုးရ က ဗြိတိန်နဲ့ အနောက်အုပ်စုရဲ့ ကြိုက်သလိုကြိုးဆွဲပြီး ဒုတိယအကြိမ် Remote Control နဲ့ ကျွန်ပြုခြင်းကို ကျွန်တော်တို့ခံရတော့မယ့် အခြေအနေဆိုးတစ်ခုပါပဲ။

အနောက်အုပ်စုနဲ့ ဒေါ်စု လွှမ်းမိုးလာရင် ပထ၀ီဝင်နိုင်ငံရေးအရ အရှေ့ကပေါက်ဖော်ကလည်း ဒီအခြေအနေ ကို မျှော်မှန်းထားပြီးဖြစ် တဲ့အတွက် သူ့သြဇာခံ KIA၊ “၀”၊ မိုင်းလား၊ ကိုးကန့်လက်နက်ကိုင်တွေနဲ့ တိုင်းပြည်မငြိမ်မသက်ဖြစ်လာရေး အမျိုးမျိုးပုံဖော်ခိုင်းနေလေရဲ့…. KIA ကိုထောက်ပံ့တယ်၊ “၀” ကို ပြည်နယ်တောင်းဆိုခိုင်းတယ်၊ မိုင်းလားကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်တင်ခိုင်းတယ်၊ ကိုးကန့်ကို အသက်ပြန် သွင်းပြီး မငြိမ်မသက်ဖြစ်အောင်လုပ်ပြီး အစွမ်းပြနေလေရဲ့…. ဒီဖြစ်ရပ်တွေမှာ အရင်ဆုံး အသက်ပေးရ၊ မုဆိုးမဘ၀တွေရကြတာတော့ တပ်မတော် ကပါပဲ….။ ဒါကို သိသိကြီးနဲ့ လွှတ်တော်က အဘယ့်ကြောင့် ခွင့်ပြုပြီး ရုံးထိုင်ခွင့်ပေးထားလဲဆိုတာ စဉ်းစား လို့မရအောင်ပါပဲဗျာ….။

ဒေါ်စုနဲ့ လွှတ်တော်ပေါင်းပြီး ကျွန်တော်တို့နိုင်ငံကြီးကို ဖျက်ဆီးနေကြတာလား….ဒေါ်စုကြည်က ပုဆိန်ဆိုရင် လွှတ်တော်က ပုဆိန်ရိုးပါပဲ…. သူတို့ခုတ်ဖို့ရည်ရွယ်ထားတာက ကျွန်တော်တို့ချစ်တဲ့ မြန်မာ နိုင်ငံကြီးဖြစ်နေတယ်ဆိုတာသိရရင် ပြည်သူတွေ ဘယ်လောက်ဝမ်းနည်းကြမလဲ…. ဘယ်လောက်ကြေကွဲ ရမလဲ….. ပြည်သူတွေ အမှန်တကယ် လိုချင်တာက နိုင်ငံကို အေးချမ်းတာလိုချင်ကြတယ်…. ခေတ်မီဖွံ့ဖြိုး တိုးတက်ပြီး စားဝတ်နေရေးတွေ ပြေလည်တာလိုချင်တယ်…..။ ဒါကို အခွင့်ကောင်းယူပြီးတော့ အပြင်ပန်းက ဗိုလ်ချုပ်အောင်ဆန်းမျက်နှာနဲ့ လူထုအမေအဖြစ်နဲ့ ဟန်ဆောင်…. နိုင်ငံခြားသားနဲ့ပေါင်းပြီး သူခိုးဓားရိုးကမ်းကာ သမ္မတလုပ်ဖို့ကြံနေတဲ့ ဒေါ်စုကြည်ရဲ့ အောက်တန်းကျတဲ့ လုပ်ရပ်ဟာ ကိုယ်ကျိုး စီးပွားအတွက် လက်ဦးမှုရယူလိုကြတဲ့ နိုင်ငံကြီးများအကြား မြန်မာနိုင်ငံဟာ စစ်တလင်း ဖြစ်သွား နိုင် တယ်…… သွေးချောင်းစီးသွားနိုင်တယ်….. မြေဇာပင်ဖြစ်သွားနိုင်တဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေ၊ သားစဉ် မြေးဆက်ဘ၀တွေ အဖြစ်ဆိုးတွေနဲ့ ကြုံသွားနိုင်တယ်….. ဒါတွေကို အားပေးအားမြှောက် အလိုတူအလိုပါ လုပ်နေတဲ့ လွှတ်တော်ရဲ့ လုပ်ရပ်ကလည်း ဘယ်လောက်စက်ဆုပ်ရွံရှာစရာ ကောင်းသလဲဗျာ…. စဉ်းစား ကြည့်ကြပါတော့…. လွှတ်တော်နဲ့ ဒေါ်စုကြည်ပေါင်းပြီး နိုင်ငံခြားသားကို စည်းမဲ့ကမ်းမဲ့ မြန်မာ့နိုင်ငံရေးထဲ ၀င်ရောက်စွက်ဖက်ခွင့်ပြုနေတာကတော့ စည်းကမ်းဖောက်လို့ နောက်တစ်ကြိမ် အနောက်အုပ်စုနဲ့ ပေါက်ဖော်ကြီးအကြား ထီးနန်းပျောက်တော့မှာလားလို့တောင် တွေးမိပါတော့တယ်ဗျာ…..။

.. https://www.facebook.com/MyanmarExpress
 

သီပေါတွင် တံတားကျိုးကျ၍ လူနှစ်ဆယ်ခန့်ပျောက်ဆုံးနေချိန်တွင် NLD ပါတီအား မဲထည့်ရန် ကျိုက်လတ်ပြည်သူများအား ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

From : .. B-Media

ဇူလိုင်လ ၂၅ ရက်နေ့ သီပေါမြို့တွင် တံတားကျိုးကျ၍ လူနှစ်ဆယ်ခန့်ပျောက်ဆုံးနေချိန်၌ NLD ပါတီအား မဲထည့်ရန် ကျိုက်လတ်ပြည်သူများအား ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း ခဲ့ကြောင်း သတင်းရရှိသည်။

သီပေါမြို့လယ်ရှိနမ့်ပေါ့ချောင်းတံတားသည်တောင်ကျရေကြောင့်ပြိုကျကာတံတားပေါ်ရှိလူနှစ်ဆယ်ခန့်ရေစီးဖြင့်မြောပါပျောက်ဆုံးလျက်ရှိကြောင်းသီပေါမြို့ခံကိုလွမ်းမိုးကပြောသည်။

တံတားကလွန်ခဲ့တဲ့နှစ်တစ်ရာကျော်ကစော်ပွားတွေဆောက်ခဲ့တယ်တံတားပါအခုရေစီးထဲပါသွားတဲ့လူတချို့နဲ့အလောင်းငါးလောင်းကိုတော့ဆယ်လို့ရပါပြီပျောက်နေတာက၁၅ယောက်လောက်ကျန်သေးတယ်ဟုသိပေါမြို့ခံကိုလွမ်းမိုးကဆိုသည်။

နမ့်ပေါ့ချောင်းတံတားသည်သိပေါမြို့လူနေရပ်ကွက်နှင်အုပ်ချုပ်ရေးရုံးများကိုဆက်သွယ်ထားခြင်းဖြစ်ပြီး အိမ်စီးကားနှစ်စီးရှောင်နိုင်သောရေထွက်ပေါက်အဝိုင်းသုံးမြေသား
ခင်းတံတားဖြစ်သည်။ တောင်ကျရေကြောင်ပြိုကျသောနမ့်ပေါချောင်းတံတားကိုအသုံးမပြုနိုင်သော်လည်းချောင်းအောက်ဖက်ပိုင်းတွင်လူကူးတံတားငယ်တစ်ခုကျန်ရှိရ်ျအသုံးပြုနေကြောင်းသိပေါမြို့ခံများကပြောသည်။

မိုးတွင်းကာလဖြစ်၍ မြန်မာနိုင်ငံအထက်ပိုင်းဒေသများ ရေကြီးနစ်မြုပ်ကာ အကူအညီများလိုအပ်နေချိန်တွင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာနိုင်ငံအောက်ပိုင်းသို့ စည်းရုံးရေး ဆင်းလျှက်ရှိကြောင်း သတင်းရရှိပါသည်။


.. https://www.facebook.com/MyanmarExpress
 

Eleven Media က ခိုးကြောင်ခိုးဝှက်ဖြင့် အဆင့်အတန်းမရှိ ပုဂ္ဂိုလ်ရေးတိုက်ခိုက်သည်ဟု လွှတ်တော်ကိုယ်စားလှယ်အချို့ ပြော



KTV ကအပြန် ကုန်းသီးနဲ့ အထုခံရတယ်လို့ သတင်းတွေထွက်ခဲ့တဲ့ ဦးသန်းထွဋ်အောင်ရဲ့ Eleven Media Group မှ ခိုးကြောင်ခိုးဝှက်ဖြင့် အဆင့်အတန်းမရှိ ပုဂ္ဂိုလ်ရေးတိုက်ခိုက်သည်ဟု လွှတ်တော်ကိုယ်စားလှယ်အချို့က ပြောဆိုလိုက်ပါတယ်။

"အလဲဗင်းကတော့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု့တွေ အဆင့်အတန်းမရှိလုပ်လာပြီ ၊ တော်တော်မိုက်ရိုင်းတဲ့ ကောင်တွေဘဲ လက်ရှိလွှတ်တော်ထဲရောက်နေတဲ့ သူတွေဆိုတော့ ဘယ်သူရှိလို့လည်း ဒဲ့ ရှင်းလေ ၊ ခိုးကြောင်ခိုးဝှက် ဟိုလူကပြောသလိုလိုဒီလူကပြောသလိုလိုနဲ့ ယောင်ဝါးဝါးလာမလုပ်နဲ့ မင်းတို့ကျပြောခြင်တိုင်းပြော စွပ်စွဲခြင်တိုင်းစွပ်စွဲ သူတို့ကျနဲနဲလေး အမှန်အတိုင်းပြောလိုက်ပါတယ် လာရှင်းဘာညာနဲ့ ရှက်လည်းမရှက်ကြဘူး ။" ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဆိုပါတယ်။

ဦးလှဆွေဟာ Eleven Media ကို Facebook ပေါ်တွင် ဝေဖန်ခဲ့ဖူးတာကြောင့် Eleven က  အခုလို ကျင့်ဝတ်နဲ့ မညီတဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်ရေးသားမှုတွေ လုပ်လာတာဖြစ်နိုင်ကြောင်း လေ့လာသူများက ဆိုပါတယ်။

"မြစ်သာတမံရေမြုတ်လေးရွာ က မိသားတစုကို သိန်း ၆၀၀ /၇၀၀ ရတဲ့လူတွေကပြောမလားဒီစကား ၊ အဲဒီဆည်ကော ငါဆောက်တာလားနိုင်ငံတော်ကဆောက်တာလား ၊ ငါကအဲဒီဆည်ဆောက်ကွာလို့ပြောလိုက်လို့ အစိုးရက တခါတည်း ဆောက်ပေးမယ်ထင်လား ။

မင်းတို့အလဲဗင်း အဲဒါကြောင့်လူတွေချဉ်ကြတာ ဟဲ့ကောင်တွေရဲ့ ။ ဒါရွေးကောက်ပွဲဝင်ခါနီးမှာ အရွေူခံမယ့်အမတ်လောင်းတစ်ယောက်ကို တမင်သက်သက်အပုတ်ချတာဘဲ အသိသာကြီးဘဲ ဒါပေမဲ့ ဂျာနယ်မှာပါတာနဲ့ ပြင်ပမှာလက်တွေ့အခြေနေမှန်က တခြားစီဘဲဆိုတာ နိုဝင်ဘာရွေးကောက်ပွဲမှာစောင့်ကြည့်လိုက် ။"  ဆိုပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ၎င်းရဲ့ Facebook မှာ ရေးသားထားပါတယ်။

ဒါ့အပြင် MCN နဲ့ အင်တာဗျူးတစ်ခုမှာ ဦးသန်းထွဋ်အောင်အနေနဲ့ ယခင်အစိုးရလက်ထက်က တရားမဝင် လုပ်ငန်းများလုပ်ခဲ့ကြောင်း ဦးလှဆွေက ဆိုပါတယ်။  လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်ဟောင်းတစ်ဦးကလည်း ဦးသန်းထွဋ်အောင် ခိုးခဲ့ကြောင်း အခုလိုပြောပါတယ်။

"ဦးလှဆွေပြောသလို၊ ဒေါက်တာသန်းထွဋ်အောင်က သစ်ထုတ်တယ်ဆိုရင် ဘာဖြစ်လဲ ထုတ်ခဲ့တာလို့ ပြောမှာပေါ့။ တကယ်လည်း ထုတ်ခဲ့တာပဲ။  အဲဒါကို ဘာလို့  ဒေါက်တာကြီးက ရှက်စရာလိုတာလဲ။ အမှန်မှန်က ဘယ်သူ့ ကိုပဲ ဘာတွေ စွပ်စွဲ စွပ်စွဲ၊ ခင်ဗျားကလည်း ပြည်သူက "အ" နေအုံးမယ်။ ဒေါက်တာသန်းထွဋ်အောင်လည်း ခိုးခဲ့တာပဲ။ ဒေါက်တာသန်းထွဋ်အောင် စီးနေတဲ့ကားနဲ့ ပိုင်ဆိုင်မှု့ တွေက ဘယ်ကရလဲ။ သူ့ အဖေက ဘောစိမဟုတ်ဘူးဗျ။
ဒါ့ကြောင့် Logics အရ အကုန်သူခိုးချည်းပဲ လို့ ပြောတာဖြစ်တယ်။ ဒဲ့ပြောရင်  သန်းထွဋ်အောင်လည်း ခိုးခဲ့တာပဲ။ အခုကြမှ လူကြီးလူကောင်းလို ရှောက်ပြောနေတာဟ။
ခင်ဗျားမယုံရင် ကြည့်နေ။ ဒီအမှု့ က ရှောသွားမှာပဲ။" လို့ ဆိုပါတယ်။

Eleven Media မှ ဦးသန်းထွဋ်အောင်၊ ဦးဝေဖြိုးနဲ့ ဦးနေထွန်းနိုင်တို့မှာ နာမည်ဆိုးများနဲ့ ကျော်ကြားသူများဖြစ်ပြီး ၎င်းတို့အား အမှန်အတိုင်း ဝေဖန်သူများကို Facebook မှ block လေ့ရှိကြောင်း သိရပါတယ်။

မင်းဒင်
.. https://www.facebook.com/MyanmarExpress
 

ဦးနီသေဆုံးမှု ဒေါ်စုကြောင့်ဟု ဆွေမျိုးများ စွပ်စွဲ

From : ..myanmarheadline


ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် နှစ်ပေါင်းများစွာ ခြံစောင့်တာဝန်ထမ်းဆောင်ခဲ့သည့် ဦးနီသေဆုံးရခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကြောင့် ဖြစ်ကြောင်း ဆွေမျိုးများက စွပ်စွဲလိုက်ပါတယ်။ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံနံပတ် ၅၄ ခြံစောင့် ဦးနီဟာ  မနေ့က မနက် ၅ နာရီက အသည်းရောဂါနဲ့ ဘန်ကောက်ဆေးရုံမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။

    “ဦးကြီးက ရောဂါဖြစ်နေတာကြာပြီ.. အမေစုကိုလည်းပြောတယ်.. အမေစုက ဘာမှလုပ်မပေးဘူး.. နောက်ဆုံး ပစ်ထားခံရပြီး သေရတယ်” လို့ ဆွေမျိုးရင်းခြာတစ်ဦးကဆိုပါတယ်။
ဦးနီသည် ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် မည်သည့်အကျိုးမှ မျှော်လင့်မှုမရှိဘဲ ခြံစောင့်၊ အိမ်စောင့် နှင့် တောက်တိုမယ်ရ တာဝန်ကို နှစ်ပေါင်းများစွာ လုပ်ပေးခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ဦးနီသည် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်တွင်းအစောင့်အရှောက်သာမက စားသောက်နေထိုင်ရေးများကိုလည်း နှစ်ပေါင်းများစွာ စီစဉ်ပေးခဲ့ရသူလို့ သိရပါတယ်။ ယခင်နှစ်များတွင် ဒေါ်အောင်ဆန်းစုကြည်မှ  အားကိုးတကြီး ဆက်ဆံခဲ့သော်လည်း ၂၀၁၂ နောက်ပိုင်းမှာတော့ အခြံအရံများလာသည့် ဒေါ်အောင်ဆန်းစုကြည်က ဦးနီကို ခြံစောင့်တစ်ယောက်ကဲ့သို့သာ ဆက်ဆံခဲ့ကြောင်း သိရပါတယ်။ 
“နေမကောင်းတော့ ဦးနီက တစ်ခါသွားပြောသေးတယ်။ အမေစုက စိတ်ဝင်တစား မေးတာမရှိဘူး။ ဆေးဝယ်သောက်ပေါ့လို့ ပြန်ပြောလိုက်တယ်။ အလေးအနက်မထားခဲ့ဘူး” လို့ ပါတီဝင်တစ်ဦးက ဆိုပါတယ်။
“အဲဒါနဲ့ ဦးနီက စိတ်ဆိုးသွားပြီး ရောဂါကို တစ်ယောက်တည်း ကြိတ်မှိတ်ခံစားကာ ခြံဝမှာဘဲ နေတော့ယ်။ ဧပြီလလောက်က ဒေါ်နီက အမေစုမသိအောင် သူကိုယ်တိုင် ဒေါက်တာတင်မျိုးဝင်ဆီ သွားပြောတယ်လေ။ ဒါပေမယ့် နောက်ကျသွားပြီ” လို့ အဆိုပါ ပါတီဝင်က ဆက်ပြောပါတယ်။

ဒေါက်တာတင်မျိုးဝင်းမှ ဦးနီရောဂါအခြေအနေကို စစ်ဆေးပြီး အသက်လုဖို့ ဆေးရုံတင်ရမယ်လို့ ပြောခဲ့ပေမယ့် ဦးနီဆေးရုံတက်ရင် မည်သူက ငွေထုတ်ပေးမယ်ဆိုတာ အဖြေရှာမရတာကြောင့် ဆေးရုံချက်ချင်းမတင်နိုင်ခဲ့ဘူးလို့ သိရပါတယ်။ နောက်ဆုံးမှာ ဒေါ်နီက မိုက်ကယ်မိုးမြင့်ဇနီး ဒေါ်ဥမ္မာထံ သွားရောက် ပိုက်ဆံချေးကာ ဘန်ကောင်ဆေးရုံကို ပို့ခဲ့ရကြောင်း သိရပါတယ်။

ဘန်ကောက်ဆေးရုံမှာ ဆေးကုသစဉ် တစ်လျှာက်လုံး ဦးနီအကြောင်း မည်သူကမှ စိတ်မဝင်စားခဲ့သလို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်နဲ့ NLD ပါတီဝင်များကလည်း အလေးအနက်ထားခြင်းမရှိခဲ့ပေ။ ယခု ဦးနီ၏  နာရေးအား ၎င်းဆန္ဒအတိုင်း ခြံနံပါတ် ၅၄ ရှိ ဦးနီနေထိုင်ရာနေရာလေးတွင် လုပ်ရန်စီစဉ်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က ခွင့်မပြုခဲ့ဘူးလို့ သိရပါတယ်။ ယခုတစ်ပတ် စနေနှင့် တနင်္ဂနွေနေ့များတွင် ဦးနီ၏ ဈာပနကို ရန်ကုန်မြို့တွင် ပြုလုပ်မှာဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာနိုင်ငံ အောက်ပိုင်းဒေသများသို့ စည်းရုံးရေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။
 

.. https://www.facebook.com/MyanmarExpress
 

စတုတ္ထမဏ္ဍိုင်နှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ


  

၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲကြီးကို လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပတော့မှာဖြစ်ပါတယ်။ ဥပဒေပြုရေး မဏ္ဍိုင်နဲ့ အုပ်ချုပ်ရေး မဏ္ဍိုင်မှ တာဝန်ရှိသူအားလုံးနီးပါးဟာ ကိုယ်စားလှယ်လောင်း ဝင်ရောက်ယှဉ်ပြိုင်ကြမယ့်သူတွေ ဖြစ်တာကြောင့် အထိုက်အလျောက် နှေးကွေး ရပ်တန့်သွားပါလိမ့်မယ်။ ရွေးကောက်ပွဲကာလမှာ အဓိက အလုပ်လုပ်ရမယ့်သူတွေကတော့ ရွေးကောက်ပွဲကော်မရှင်နဲ့ မီဒီယာ တို့ပဲဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ မီဒီယာရဲ့ အခန်းကဏ္ဍက ကော်မရှင်ထက် အလုပ်ပိုများသလို အများကြီးလည်း အရေးကြီးပါတယ်။


မြန်မာနိုင်ငံမှာ ၄၈-၆၂ ပါလီမန်ဒီမိုကရေစီခေတ်ကာလတုံးက လွတ်လပ်တဲ့ သတင်းမီဒီယာများရှိပေမယ့် ဘက်လိုက်မှု ကင်းတယ်။ မီဒီယာကျင့်ဝတ်များနဲ့ ညီတယ်လို့တော့ မဆိုနိုင်ပါဘူး။ ဒီနောက်မှာတော့ ပြည်တွင်းမီဒီယာ များဟာ အစိုးရရဲ့ တင်းကြပ်တဲ့ ထိန်းချုပ်မှုအောက်မှာ နေခဲ့ရပါတယ်။ ၂၀၀၅ နောက်ပိုင်းမှာ ပြည်တွင်း မီဒီယာတွေဟာ အရင်ကထက်စာရင် စီးပွားရေး၊ လူမှုရေးသတင်းတွေကိုပိုပြီး လွတ်လွတ်လပ်လပ် ရေးလာနိုင်တယ်။ ပုဂ္ဂလိက ဂျာနယ်လောက ဖွံ့ဖြိုးလာတယ်ဆိုပေမယ့် ဒီမိုကရေစီစံတော့ အပြည့်အ၀ မရသေးပါဘူး။ သို့သော် ဆန္ဒခံယူပွဲကာလ၊ အခြေခံဥပဒေ အတည်ဖြစ်လာရင် ပေါ်လာမယ့် ရွေးကောက်ပွဲ ကာလများကြရင် ယခုထက်ပိုပြီး လွတ်လပ်ခွင့် တွေပေးရတော့မှာပါပဲ။ အဲဒီအချိန်ကျရင် ဒီမိုကရေစီနဲ့ ကျင့်သားမရသေးတဲ့ စာနယ်ဇင်းမိတ်ဆွေများ ရုတ်တရက်ရလာတဲ့ လွတ်လပ်ခွင့်ကို အကျိုးရှိအောင် ဘယ်လို သုံးကြမှာလဲလို့ စဉ်းစားရပါမယ်။ 


ပြည်သူတွေ ပြောရေးဆိုခွင့်ရှိတယ်ဆိုရင် လွတ်လပ်မှုရှိတယ်လို့ဆိုပါတယ်။ အစိုးရက ပြည်သူတွေ ပြောဆိုတာကို အလေးထားနားထောင်ရင် ဒီမိုကရေစီရှိတယ်လို့ဆိုတယ်။ ပြည်သူတွေပြောတာကို အစိုးရက ကြားအောင်လုပ်ပေးတာက မီဒီယာဖြစ်တယ် ဆိုတဲ့ အဆိုတစ်ခုမှတ်သားဖူးပါတယ်။ ဒါ့ကြောင့် ဒီမိုကရေစီ စနစ်မှာ မီဒီယာက အဓိကမဏ္ဍိုင် တစ်ခုအဖြစ်နဲ့ ပါနေတာပေါ့။


ဒါပေမယ့် မီဒီယာတွေဟာ လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့်ရှိရုံနဲ့ မလုံလောက်ပါဘူး။ ပြည်သူ တွေအတွက် ဘက်မလိုက်ဘဲ ယုံကြည်စိတ်ချရတဲ့ သတင်းတွေကို ပေးနိုင်ဖို့လည်းလိုပါတယ်။ ကွဲပြားခြားနားတဲ့ အမြင်အမျိုးမျိုးကို တင်ပြနိုင်ရမယ်။


အဲဒီတော့ မှန်ကန်တဲ့ မီဒီယာသမားတစ်ယောက်က ဒီအချက်တွေနဲ့ ပြည့်စုံဖို့ လိုပါတယ်။ (၁) တိကျမှန်ကန်မှု Accuracy ၊ (၂) သမာသမတ်ကျခြင်း Impartility ၊ (၃) တာဝန်သိတတ်ခြင်း Responsibility။ 


မီဒီယာများရဲ့ ယုံကြည်စိတ်ချရမှုနဲ့ ဘက်မလိုက်မှုများဟာ ရွေးကောက်ပွဲကာလမှာ ပိုပြီးအရေးကြီးပါတယ်။ မီဒီယာတွေကတစ်ဆင့် ပြည်သူတွေဟာ နိုင်ငံတကာလူ့အခွင့်အရေး ကြေညာစာတမ်းမှာပါတဲ့ လွတ်လပ်စွာပြောဆိုခွင့်ဆိုတဲ့ အခွင့်အရေးကို အသုံးချနိုင်ပါတယ်။ မီဒီယာကပေးတဲ့ သတင်း အချက်အလက်တွေက ပြည်သူတွေကို သူတို့ရဲ့ ဒီမိုကရေစီ အခွင့်အရေးဖြစ်တဲ့ မဲပေးရွေးချယ်မှုကို မှန်မှန်ကန်ကန် ကျင့်သုံးနိုင်အောင် အကူအညီ ပေးနိုင်ပါတယ်။ ဒါပေမယ့် မီဒီယာတွေဟာ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေဖို့အတွက် ခိုင်မာတဲ့ သတင်းအချက်အလက်တွေကို ပေးတာအပြင် အောက်ပါအချက်နှစ်ချက်ကိုလဲ လိုက်နာဖို့လိုပါတယ်။


ပထမတစ်ချက်ကတော့ ရွေးကောက်ပွဲကာလမှာ တစ်ခုထက်ပိုတဲ့ နိုင်ငံရေးပါတီတွေ ပါဝင်သလို ပြည်သူတွေ သတင်းရနိုင်တဲ့ မီဒီယာဟာလည်း တစ်ခုထက်မက ရှိသင့်ပါတယ်။ ဒါမှသာ ပြည်သူတွေအနေနဲ့ ကွဲပြားခြားနားတဲ့ သတင်းအချက်အလက်များကို ရရှိနိုင်မှာပါ။


ဒုတိယအချက်ကတော့ မီဒီယာများရဲ့ လွတ်လပ်မှုဖြစ်ပါတယ်။ မီဒီယာများဟာ အစိုးရရဲ့ ချုပ်ချယ်ကန့်သတ်မှုများ လွတ်ကင်းဖို့လိုအပ်သလို ပါတီတစ်ခု၊ အုပ်စုတစ်ခု၊ ဒါမှမဟုတ် အထူးအကျိုးစီးပွားတစ်ခုကို ကိုယ်စားပြုသူများကနေ သတင်းဖော်ပြမှုများအပေါ် ကန့်သတ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ပိတ်ဆို့ခြင်း၊ သေးသိမ်အောင် ဆောင်ရွက်ခြင်းတို့ကနေ ကင်းလွတ်ဖို့လိုပါတယ်။ ဆိုလိုတာကတော့ မီဒီယာများရဲ့ လွတ်လပ်ခွင့်ဆိုတာ အစိုးရနဲ့သာမက အတိုက်အခံများ၊ စီးပွားရေး သမားများအပါအ၀င် အထူးအကျိုးစီးပွားတစ်ခုကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းများရဲ့ နှောင့်ယှက်မှုကနေ ကင်းလွတ်ခြင်း ဖြစ်တယ်လို့ဆိုလိုတာပါ။


ဒီအချက်အလက်တွေနဲ့ ပြည့်စုံဖို့အတွက် အစိုးရက ရွေးကောက်ပွဲကာလမှာ မီဒီယာများကို ကြီးကြပ်ဖို့အတွက် သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခု ဖွဲ့ပေးတာ၊ ဥပဒေနဲ့ အကာအကွယ်ပေးတာများကို လုပ်ပေးဖို့လိုပါတယ်။


အဲဒီလို လွတ်လပ်တဲ့မီဒီယာတွေက ရွေးကောက်ပွဲကာလမှာ ဘယ်လိုသတင်းအချက်အလက်တွေကို ပြည်သူတွေ အတွက်သတင်းပေးမလဲ။ ယေဘုယျအားဖြင့် မီဒီယာတွေက နိုင်ငံရေးပါတီများနဲ့ လွှတ်တော်အမတ်လောင်းများအကြောင်း၊ ပါတီအသီးသီးက တင်ပြတဲ့ မူဝါဒများ ၊ မဲပေးမှုအခြေအနေ ၊ ဒီလိုသတင်းအချက်အလက်တွေကို ပေးနိုင်ဖို့အတွက် လွတ်လပ်တဲ့ မီဒီယာပတ်ဝန်းကျင် အခြေအနေတစ်ရပ်ရှိဖို့ လိုသလို မီဒီယာသမားတွေရဲ့ အရည်အချင်း ပြည့်ဝမှု၊ မီဒီယာကျင့်ဝတ်မှုများကို လိုက်နာမှုများကလည်း အရေးကြီးပါတယ်။ 



ဒေါက်တာမျိုးချစ်

 
.. https://www.facebook.com/MyanmarExpress
 

အောက်ခြေ NLD များအနေဖြင့် ပါတီကိုယ်စားလှယ်လောင်းအဖြစ် ဖိတ်ခေါ်ထားသော ပညာရှင်များကို လေးစားရန် လိုအပ်ဟု ဆို

From : .. ပြည်သူ့အာဏာ


အောက်ခြေ NLD များအနေဖြင့် ပါတီကိုယ်စားလှယ်လောင်းအဖြစ် ဖိတ်ခေါ်ထားသော ပညာရှင်များကို လေးစားရန် လိုအပ်ဟု ဆို

အသိပညာရှင်၊ အတတ်ပညာရှင်များ အားနည်းသော NLD ပါတီအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စား လှယ်လောင်းများ ရွေးချယ်ရာတွင် အရည်အချင်းပြည့်မီသော ပုဂ္ဂိုလ်များရရှိနိုင်ရန်အတွက် ပညာရှင်များကို ဖိတ်ခေါ်ခဲ့ သော်လည်း အောက်ခြေပိုင်းအနေဖြင့် အမတ်နေရာမပေးလိုသည့်အတွက် အချို့မြို့နယ်များတွင် ကိုယ်စားလှယ် လောင်း လျှောက်လွှာများကို ဗဟိုမှ သတ်မှတ်သည့်ရက်မတိုင်မီ ပိတ်သိမ်းခဲ့သည့်အတွက် ပြည်နယ်၊တိုင်း မြို့နယ် အဖွဲ့ချုပ်ရုံးအသီးသီးသည် လျှောက်လွှာပိတ်သိမ်းပြီးနောက် တင်သွင်းလာသော လျှောက်လွှာအားလုံးကို လက်ခံပြီး ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့သို့ တိုက်ရိုက်ပေးပို့ရန် ညွှန်ကြားခဲ့ရကြောင်း သတင်းရရှိသည်။

NLD ကိုယ်စားလှယ်လောင်းအဖြစ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင်ယှဉ်ပြိုင်မည့် တက္ကသိုလ်ဆရာဟောင်း တစ်ဦးက မြို့နယ်အဖွဲ့ချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ကိုယ်စားလှယ်လောင်း လျှောက်လွှာများ ပိတ်သိမ်းပြီဖြစ်ကြောင်း ပြောကြားခဲ့သည့်အပြင် ယခင်က ပါတီ မဝင်ခဲ့ဘဲ ယခုမှ အမတ်လောင်းလုပ်လိုသည့် သာကူးများမလိုဟု ရင့်ရင့်သီးသီး ပြောကြားခဲ့သည့်အတွက် စိတ်မကောင်း ဖြစ်မိကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်က နိုင်ငံရေးကို စိတ်ဝင်စားပေမယ့် တစ်ဖက်က မိသားစုစားဝတ်နေရေး ရှိသေးတော့ အစိုးရဝန်ထမ်းလုပ်နေ ရတာဆိုတော့ ပါတီတွေ ဘာတွေ မဝင်ခဲ့နိုင်ဘူးလေ။ အခုတော့ တက္ကသိုလ်ဆရာဘဝက အငြိမ်းစားယူပြီးပြီဆိုတော့ ကိုယ်တတ်ထားတဲ့ ပညာလေးနဲ့ နိုင်ငံအကျိုးကို တတ်နိုင်တဲ့ဘက်က ဆက်လုပ်မယ်လို့ စဉ်းစားတဲ့အချိန်မှာ ရန်ကုန် တက္ကသိုလ် ပါချုပ်က အလုပ်ကထွက်ပြီး NLD က ဝင်အရွေးခံမယ် ၊ ပါတီဝင်မဟုတ်ရင်လဲ အရည်အချင်းပြည့်မီရင် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးမယ်ဆိုလို့ ကိုယ့်အရည်အချင်းကိုယ်ယုံကြည်ပြီး ကိုယ်စားလှယ်လောင်း လျှောက်လွှာ တင်မလို့ သွားမိပါတယ်။ နောက် NLD ပါတီက မိတ်ဆွေတွေကလည်း ကျွန်တော့်ကို အရ ခေါ်တယ်။ NLD ပါတီမှာ ပညာတတ် မရှိဘူး။ ပညာမဲ့တွေပဲ ရှိတယ်။ NLD အတွက် ပညာတတ်တွေလိုတယ် ဆိုလို ကျွန်တော် သွားတာပါ။ ဒါပေမယ့် လူကို နှစ်ပြားမတန်အောင် ပြောတာ ခံခဲ့ရတယ်။ ကိုယ့်ပါတီ အာဏာမရခင်ကတောင် ဒီလိုမျိုး မောက်မာတဲ့သူတွေနဲ့ လက်တွဲလုပ်ဖို့ အခုပြန်စဉ်းစားနေရတယ်” ဟုဆိုသည်။

ကျောက်တံတားမြို့နယ်မှ NLD ပါတီဝင် တစ်ဦးဖြစ်သူ ကိုမင်းနိုင်ဦးကမူ ပညာရှင် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ NLD ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲဝင်မည်ဆိုလျှင် အနိုင်ရမှာ သေချာသည့်အတွက် ခါတော်မီနိုင်ငံရေး သမားများလာကြောင်း ၊ ၄င်းအနေဖြင့်မူ နိုင်ငံရေးသမား စစ်စစ်ကိုသာ အလိုရှိကြောင်း ပြောကြားသည်။

“ခပ်ရိုင်းရိုင်းပြောရရင်ဗျာ လူတွေက ဖွတ်တွေကို စိတ်ပျက်နေတာကြာပြီ NLD အမတ်လောင်းဆိုရင် ခွေးအမြီးဖြတ်ပြိုင် ခိုင်းရင်တောင် နိုင်ဖို့သေချာသလောက်ပါ။ ဘာပညာရှင်မှ ဖြစ်ဖို့မလိုပါဘူး။ ပြီးတော့ ဒီပညာရှင်ဆိုတဲ့သူတွေကရော ဘာတွေများ သူ့ပညာနဲ့ပတ်သက်ပြီး ထိထိရောက်ရောက်လုပ်ဖူးတာရှိတုန်း။ ဒေါက်တာသန်းထွန်းလို ကမ္ဘာက အသိ အမှတ်ပြုတဲ့ ပညာရှင် ဘယ်နှစ်ယောက်များ ပါလို့တုန်း။ အလကား ခါတော်မီနိုင်ငံရေးသမားတွေ၊ နိုင်ငံရေးသမား ဆိုတာ ပညာတတ်ဖို့ လိုပေမယ့် ပညာတတ်တိုင်းနိုင်ငံရေးသမားမဖြစ်နိုင်ဘူး။ ကျွန်တော်တော့ နိုင်ငံရေးသမားစစ်စစ် ကိုယ်စားလှယ်တွေပဲ လိုချင်တယ်” ဟု ပြောသည်။

“ဦးအုန်းမောင် သား ဒေါက်တာမင်းမြင့် ဆိုရင် ၉၀ တုန်းက တစညက အရွေးခံတယ်။ လူထု ထောက်ခံမှု မရဘူး။ ၂၀၁၀ မှာ တစညက ၀င်ရွေးခံတယ်။ လူထုက မထောက်ခံဘူး။ ၂၀၁၂ ကြားဖြတ်မှာ ကြံ့ဖွတ်က ၀င်အရွေးခံတယ်။ ရွေးကောက်ပွဲ ရှုံးတယ်။ ဒီတော့ NLD ကို ကူးလာတာ ပါတီအရှိန်နဲ့ အချောင်အရွေးခံချင်လို့ လာတာ ထင်ရှားတယ်။ စူဇန်နာ လှလှစိုး ဆိုရင် ရန်ကုန်စည်ပင် ရွေးကောက်ပွဲမှာ ၀င်ရွေးခံတယ်။ ရှုံးတယ်။ လူထုကမှ မကြိုက်တာ။ ဇင်မာအောင်ဆိုရင်လည်း သူ့ဘာသာသူ ရန်ပုံငွေရှာပြီး နိုင်ငံရေးသိပ္ပံကျောင်းလိုလို ထောင်ပြီး လုပ်စားနေတာ။ သူ့လိုလူမျိုးတော့ လက်မခံချင်ဘူး။ ဆရာဝန်တွေ၊ ကျောင်းဆရာတွေဆိုရင်လည်း သက်ပြည့်လို့ အငြိမ်းစားယူကြတာ။ သူ့ဘာသာသူ အလုပ်ထွက်ပြီး ပါတီထဲ ၀င်လာတာမှ မဟုတ်တာ။ တစ်သက်လုံး အစိုးရနဲ့ ပေါင်းလုပ်။ ခုမှ ခေတ်မကောင်းလို့ ရူးချင်ယောင်ဆောင်တာ။ နေရာ လိုချင်လို့ နီးမှ ကူးပြောင်းလာတာ။ အာဏာ လိုချင်လို့ ရှင်းရှင်း ပြောရရင် နေရာမက်လို့ ပါတီထဲ ၀င်လာတာ။ ပါတီဝင်အနေနဲ့ ကြည့်ရင် ပါတီဝင်အဆင့်ပဲ ရှိသေးတယ်။ ဒီလို လူတွေကို ရိုရိုသေသေ လေးလေးစားစား ဆက်ဆံရမယ် ဆိုရင်တော့ ဆောရီးပဲ။ တစ်ကယ် ဒီမိုကရေစီ ပါတီဆိုရင်၊ ပါတီတွင်း ဒီမိုကရေစီ ရှိတယ်ဆိုရင် မြို့နယ်အလိုက် မဲပုံးထောင်ပြီး ကိုယ်စားလှယ်လောင်း ရွေးချယ်လိုက်ပေါ့” ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။


.. https://www.facebook.com/MyanmarExpress