Subscribe to our RSS Feed

ဒေါ်စုကိုယ်တိုင် ဖုံးကွယ်ထားသော အမှန်တရား

From : .. http://myanmarheadline.blogspot.com/2015/07/blog-post.html




၁၉၈၉ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဧရာဝတီတိုင်းကို စည်းရုံးရေးဆင်းခဲ့ပါတယ်။ ၂/၈၈ ကို နိုင်ငံတော်ငြိမ်ဝတ်တည်ဆောက်ရေးအဖွဲ့ ထုတ်ပြန် ထားတဲ့ ကာလဖြစ်ပြီး တိုင်းမှုးက ဗိုလ်ချုပ်မြင့်အောင်ပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်းအတွင်း မဲဆွယ်စည်းရုံးရေး ခရီးစဉ်ကို အဲဒီအချိန်က ပြိုင်ဘက် ပါတီကြီးဖြစ်လေတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီမှ ဒေသခံတွေကိုစည်းရုံးပြီး တန်ပြန်ဆန္ဒပြကြဘို့ စီစဉ်ထားကြတယ်လို့လည်း သတင်းရရှိထားပါတယ်။

အဲဒီခရီးစဉ်မှာ ပါတီကြီးနှစ်ခု ထိပ်တိုက်တွေ့ဆုံရာကနေ လူစုလူဝေးများမှတဆင့် ကြီးမားတဲ့လူအုပ်စုကြီးတွေ ဖြစ်ပေါ်လာပြီး မလိုလားအပ်တဲ့ ပြဿနာများ အဓိကရုန်းများ မဖြစ်ပေါ်လာအောင် ကြိုတင် တားဆီး ထိန်းသိမ်းရမဲ့တာဝန်ဟာ ထိုခေတ် သက်ဆိုင်ရာ တိုင်းအစိုးရအဖွဲ့မှာ ရှိလာခဲ့ပါတယ်။

အဲဒီအတွက်ကြောင့် ထိုခတ်က ဧရာဝတီတိုင်းရဲ့ အစိုးရအဖွဲ့ဟာ ဧရာဝတီတိုင်းရဲ့ တိုင်းအဆင့်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပုဂ္ဂိုလ်တွေကို လက်ရှိ ကြားသိရသော အခြေအနေတို့ကို အကြောင်းကြား အသိပေးပြီး ခရီးစဉ်လြုံခုံမှုရရှိရေးအတွက် နှစ်ဦးနှစ်ဘက် အကြိမ်ကြိမ် ပူးပေါင်းတိုင်ပင် ဆွေးနွေး ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ခရီးစဉ်များကို မိမိတို့သွားလိုသော မြို့ရွာများ မိမိတို့ အသုံးပြုလိုသောလမ်းများကို ရွေးချယ်ခဲ့ကြပြီး တိုင်းအစိုးရအဖွဲ့က ထိုလမ်းကြောင်းများအတိုင်း တိတိကျကျ လုံခြုံရေးပေးဘို့ သဘောတူခဲ့ပါတယ်။

ထို့အပြင် တိုင်းအဆင့်သာမက ခရိုင်အဆင့်နှင့် မြို့နယ် အဆင့်အထိ နှစ်ဘက်တွေ့ဆုံမှုများ ညှိနှိုင်းမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြပြီး သဘောတူညီချက်များ ရရှိခဲ့ပါတယ်။

အဲဒီအချိန်မှာ မြို့နယ်စုဥက္ကဌ ကြည်း-၇၈၇၉ ဒုတိယဗိုလ်မှုးကြီးတင်ထွန်းက မအူပင်၊ပန်းတနော်၊ညောင်တုန်းနဲ့ ဓနုဖြူမြို့တွေကို ကြီးကြပ်ရပြီး သူ့အောက်မှာ ဧရိယာကွန်မန်ဒါအဖြစ် ခမရ(၁၀၈) တပ်ရင်းမှုး ဒုတိယဗိုလ်မှုးကြီးတင်ထွန်း(နာမည်တူ)မှ ဓနုဖြူမြို့ကို တာဝန်ယူရပါတယ်။ အဲဒီအောက်ကနေ ဗိုလ်ကြီးမြင့်ဦးဟာ ခမရ(၁၀၈)ရဲ့ တပ်ခွဲတစ်ခွဲကိုဦးစီးပြီး ဓနုဖြူရဲ့ မြို့တွင်းလုံခြုံရေးကို သီးသန့် တာဝန်ယူရပါတယ်။

သူတို့ရဲ့အဓိကတာဝန်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်း တန်ပြန်ဆန္ဒပြမဲ့ ပြိုင်ဘက်ပါတီနဲ့ နှစ်ဦးနှစ်ဘက် တိုက်ခိုက်မှုတွေ ရုန်းရင်းဆန်ခတ်မှုတွေ အဓိကရုန်းတွေ မပေါ်ပေါက်လာစေရေးပါ။
အလားတူဘဲ (၂/၈၈) ဆိုတဲ့ အမိန့်ကြေငြာစာ အသက်ဝင်နေဆဲကာလပါ။ လူငါးယောက်ထက် ပိုမို စုဝေးလို့ မရပါဘူး။

အဲဒီနောက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြိုတင်စာရင်း ပေးထားခဲ့သော မြို့ရွာများ လမ်းများကို သက်ဆိုင်ရာမှ အဓိကထားပြီး အထူးလုံခြုံရေး တာဝန်ယူပေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဘက်မှလည်း နှစ်ဦးနှစ်ဘက် ကြိုတင်ညှိနိုင်းထားမှုများကို လေးစားသောအားဖြင့် မိမိတို့ကြိုတင်စာရင်းပေးထားသော လမ်းများကိုဘဲ အသုံးပြုရပါလိမ့်မယ်။

ထို့နောက်ရက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမတို့ ကြိုတင်သတ်မှတ်ထားခဲ့သော ဓနုဖြူ စက္ကော လမ်းကြောင်းကို အသုံးပြုပြီး ဓနုဖြူမြို့ကို ဝင်လာခဲ့ပါတယ်။

ထိုသို့ဓနုဖြူကိုအလာမှာ ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါလာတဲ့ယာဉ်ဟာ စက်ချွတ်ယွင်းမှု ဖြစ်လာတဲ့အတွက် အနီးကပ်လိုက်ပါလာတဲ့ ဓနုဖြူမြို့နယ် ငြိမ်ဝတ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥက္ကဌ သူ့ရဲ့ကားကို ဒေါ်အောင်ဆန်းစုကြည်အား ခရီးဆက်လက် အသုံးပြုဘို့ ပေးလိုက်ပါတယ်။

အကြောင်းကတော့...
ဒေါ်စုရဲ့ခရီးစဉ်ကို နှစ်ဘက်ကြိုတင် သတ်မှတ်ထားတဲ့ နေရာတွေမှလွဲပြီး ရပ်တန့်မှု မဖြစ်စေချင်လို့ပါဘဲ။
အဲဒီလို သတ်မှတ်နေရာမှာမဟုတ်ဘဲ ရပ်တန့်ရင်း ဒေါ်စုဟာ လူစုလူဝေးဖြစ်အောင်လုပ်ခဲ့ရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်တဲ့ အတွက် ဗိုလ်မှုးတင်ဖေဟာ ဒေါ်အောင်ဆန်းစုကြည် ခရီးဆက်နိုင်ဘို့ သူ့ရဲ့ကားကို ပေးခဲ့ခြင်းဖြစ်ပါတယ်။

အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဓနုဖြူမြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခွဲကို အေးအေးချမ်းချမ်း မည်သည့်ပြသနာမှ မရှိဘဲ ရောက်ရှိသွားခဲ့ပါတယ်။
ထိုမှတဆင့် မြို့တွင်းစည်းရုံးရေးဆင်းခြင်း ဟောပြောပွဲ လုပ်ခြင်း အပြီးမှာ ရေလမ်းခရီးဖြင့် ဓနုဖြူမှနေ ကမ်းငူကြီး ဇကာကြီးဘက်ကို သွားခဲ့ပါတယ်။

ထိုသို့ ကမ်းငူကြီးနှင့် ဇကာကြီးဘက်သို့ စည်းရုံးရေးသွားသည့်အခါတွင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူမတို့သတ်မှတ်ထားခဲ့သော လမ်းကြောင်းများဖြစ်သော ဓနုဖြူမြို့၏ ပင်မဆိပ်ကမ်း မှနေ ထွက်ခွာပြီး ထိုပင်မှဆိပ်ကမ်း အတိုင်းသာ ပြန်လာရမည်ဖြစ်ပေသည်။

သို့ပေသော်လည်း ဒေါ်အောင်ဆန်းစုကြည်မှာ ဓနုဖြူသို့ အပြန်ခရီးတွင် ပင်မဆိပ်ကမ်းသို့ ပြန်မလာတော့ဘဲ နှစ်ဦးနှစ်ဘက် အကြိမ်ကြိမ် ကြိုတင်ညှိနှိုင်းထားခဲ့သော သဘောတူညီချက်တို့ကို ဖေါက်ဖျတ်ကာ လမ်းခုလပ် သဘောင်္ဆိပ်မှနေပြီး ဓနုဖြူမြို့တွင်းသို့ အခြားလမ်းများမှ အသုံးပြုပြီး ဝင်ရောက်ခဲ့လေသည်။

ဖြစ်စဉ်မှာ .....

ထိုနေ့က ကမ်းငူကြီးမှ ဓနုဖြူသို့ အပြန်တွင် သဘောင်္သည် မြစ်ကမ်းပါးအတိုင်း ဓနုဖြူဧရိယာအတွင်း ဝင်လာလသည်။ ဓနုဖြူရှိ ဆိပ်ကမ်ကြီးမရောက်ခင် လမ်းခုလပ် ဆိပ်ကမ်းလေးအနီး၌ ဒေါ်အောင်ဆန်းစုကြည်သည် ဆိပ်ကမ်းကုန်တင်ကုန်ချ အလုပ်သမားများ ကုန်ရောင်းကုန်ဝယ်များနှင့် ပျားပန်းခတ်မက လှုပ်ရှားသွားလာနေသော မြို့မဈေးကြီးကို တွေ့မြင်သောအခါ သဘောင်္ကို အဆိုပါ ဆိပ်ကမ်းလေးသို့ အတင်းကပ်ခိုင်းပြီး ထိုမှတဆင့် လူသူစည်ကားနေသော ဆိပ်ကမ်းနှင့် မြို့မဈေးကြီးကို ဖြတ်ကာ အဖွဲ့ချုပ်ရုံးခွဲရှိရာသို့ အခြားလမ်းမှ ဝင်ရန် ကြိုးစားလေသည်။

အဆိုပါဆိပ်ကမ်းသည် ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်တွင် နှစ်ဦးနှစ်ဘက် ကြိုတင်ညှိနိုင်းထားသော အသုံးပြုနေရာများစာရင်းတွင် မပါဝင်ခဲ့ပေ။
ထို့အတူ မြို့မဈေးကြီးကို ပတ်သွားမည့် လမ်းကြောင်း သည်လည်းဘဲ မပါဝင်ခဲ့ပေ။
သို့သော်လည်း အလွန်ခေါင်းမာလွန်းသော အတိုက်အခံ ခေါင်းဆောင်သည် ထိုဆိပ်ကမ်းလေးမှတက်လာပြီး စည်ကားပြီးဖြစ်နေခဲ့သော မြို့မဈေးတစ်ဝိုက်ကို လူစုလူဝေးဖြစ်ပေါ်စေရန် ရည်ရွယ်ချက်တို့ဖြင့် ဝင်ရောက်လာခဲ့လေသည်။

အမျိုးသားခေါင်းဆောင်ကြီး၏သမီး လာနေသည် ဆိုသည်နှင့် ဈေးသူဈေးသားများ ဈေးဝယ်သူများ ဆိပ်ကမ်းအလုပ်သမားများအပါအဝင် ပတ်ဝန်းကျင်ရှိ လူအများအပြားသည် တိုးဝှေ့ကြည့်ကြရင်း လူငါးထောင်ခန့် ပြို့မဈေးကြီးရှေ့လမ်းမတွင် ပိတ်ဆို့သွားပါလေတော့သည်။

ထိုအချိန်တွင် ဗိုလ်ကြီးမြင့်ဦးနှင့် ဗိုလ်ကြီးလှဖေဦးစီး တပ်ခွဲတစ်ခွဲသည် မြို့မဈေးထိပ်ရှိ ဆက်သွယ်ရေးရုံး အတွင်းပိုင်း၌ စခန်းချကာ လုံခြုံရေးယူထားလေသည်။

သို့သော်လည်း ဗကမြင့်ဦးနှင့် တပ်စိတ်တစ်စိတ်သာ ဈေးထောင့်တွင်ရှိကာ ကျန်ရဲဘော်များမှာ ဆက်သွယ်ရေးရုံးအတွင်းမှာပင် ရှိနေလေသည်။ ဗိုလ်ကြီးမြင့်ဦးနှင့် တပ်စိတ်ဆိုသော်ငြားလည်း တစ်ကယ်တမ်းမူကား ရဲဘော်လေးဦး တပ်ကြပ်တစ်ဦးနှင့် ဗိုလ်ကြီးမြင့်ဦးသာ ရှိလေသည်။

ထိုသို့ကြီးမားပြီး ဆူညံနေသော လူအုပ်စုကြီးကို တွေ့လိုက်ရသော ဗိုလ်ကြီးမြင့်ဦးသည် အထက်မှ ပေးအပ်ထားသော တာဝန်အရ မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်လာစေရေးအတွက် ၂/၈၈ အရ လူစုလူဝေးကြီးကို လူစုကွဲသွားစေအောင် အသံချဲ့စက်ဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့အား မိမိတို့ နှစ်ဦးနှစ်ဘက် မူလသတ်မှတ်ထားသော လမ်းကြောင်းကို သွေဖီပြီး ဝင်ရောက်လာသည့်အတွက် လာရင်းလမ်းကြောင်းအတိုင်း ပြန်လည်ထွက်ခွာပြီး မူလသတ်မှတ်ထားသော ပင်မဆိပ်ကမ်းကို အသုံးပြုရန် အသိပေးပြောကြားခဲ့ပါသည်။

ထိုကဲ့သို့ ပြောကြားနေရင်းဖြင့်ပင် လူစုလူဝေးကြီးသည် ညာသံများပေးလာကာ ရှေ့သို့ တိုးလာခဲ့ကြလေသည်။

မည်ကဲ့သို့မျှ မလွဲသာတော့သည့်အဆုံးတွင် ဗိုလ်ကြီးမြင့်ဦးသည် မြေပြင်ပေါ်၌ စည်းသုံးစည်း တားလိုက်လေကာ အသံချဲ့စက်မှ ထိုစည်းများအား ကျော်တက်မလာရန် သတိပေးပြောကြားခဲ့သည်။

လူအုပ်ကြီးသည် ပထမစည်းကို အော်ဟစ်ကျော်ဖြတ်ပြီး ဒုတိယစည်းတွင် ရပ်သွားလေသည်။ သို့ပေမဲ့လည်း ညာသံများ အော်ဟစ်ဆူညံသံများမှာ ပိုပြီး ကျယ်လောင် လာခဲ့နေလေပြီ။ အခြေအနေသည် အတင်းမာဆုံး အနေအထားကို ရောက်ရှ်နေပါသည်။

ဒါပေမဲ့ ....

ထိုအချိန်အထိ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဗိုလ်ကြီးမြင့်ဦးတို့ ခြောက်ယောက်မှာ မမြင်ဘူးကြသေးပေ။ အကြောင်းမှာ ထိုလူအုပ်ကြီးသည်ယနေ့ တစ်ကမ္ဘာလုံး သိနေကြသလို ဒေါ်အောင်ဆန်းစုကြည်မှ ဦးဆောင်ပြီး ချီတက်လာခြင်း မဟုတ်ခဲ့ပေ။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်မှ ဟုတ်သည်ဟု ဆက်လက်ပြောဆိုခဲ့လျှင်တောင် ယန့သက်ရှိထင်ရှား ရှိနေသေးသာ ဗိုလ်ကြီးမြင့်ဦးမှ မီဒီယာရှေ့မှာက်တွင် စုံညီရှင်းနိုင်ပါသည်။

အမှန်မှာ ဒေါ်အောင်ဆန်းစုကြည်မှာ ကျောင်းသားများ(၁၅)ဦးခန့် ဝိုင်းရံ လုံခြုံရေးပေးထားပြီး ထိုလူအုပ်ကြီး၏ အလယ်အတွင်းပိုင်းတစ်နေရာ၌ ရှိနေလေသည်။ ရှေ့ဆုံးမှဆိုသည်မှာ လုံးဝ မဟုတ်မှန်ခဲ့ပေ။

ထိုသို့ အတင်းမာဆုံးအခြေအနေတွင် ဗိုလ်မှုးတင်ဖေ(မဝတဥက္ကဌ) နှင့် ဗိုလ်မှုးမောင်ထွန်း ခမရ(၁၀၈) နောက်တန်းမှုးတို့သည် ဒေါ်စုအနားမှနေပြီး လူအုပ်ကြီးကို အတင်းဖေါက်ထွက်လာကာ ရှေ့ဆုံးသို့ရောက်လာခဲ့ပြီး ဗိုလ်ကြီးမြင့်ဦးကို အတင်းဆွဲဖက်ကာ လက်ရှိအနေအထားသည် စစ်မြေပြင်နှင့်မတူကြောင်း ပြောဆိုဖျောင်းဖျလေသည်။

ထို့အပြင် ဦးကြည်မောင်နှင့် စာရေးဆရာမ စန်းစန်းနွဲ့(သာယာဝတီ) တို့လည်း ဗိုလ်ကြီးမြင့်ဦးအနား ရောက်လာခဲ့လေသည်။ ဦးကြည်မောင်မှ ဗိုလ်ကြီးမြင့်ဦး ပုခုံးကို အသာအယာကိုင်ကာ နုတ်မှလည်း ဗိုလ်ချာတိတ် မလုပ်နဲ့လေဟု တတွတ်တွတ်ရွတ်ကာ ဖျောင်းဖျခဲ့ပါသည်။

ထို့နောက်တွင် ....
အခြေအနေအားလုံးတည်ငြိမ်လာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ကို ထိုနေရာကို ထိုသွေဖီလာသော လမ်းကြောင်းမှဘဲ ဖြတ်ကျော်ခွင့် ပေးလိုက်ပါသည်။

ထိုသို့ အခါတွင်မှ လုံခြုံရေးအခြံအရံများဖြင့် လူအုပ်ကြီး အတွင်းပိုင်းသို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် ရှေ့ဆုံးသို့ တက်လာခဲ့ပြီး ထီမထင်သော မျက်နှာပေးဖြင့် ထိုနေရာမှ ဖြတ်ကျော်သွားခဲ့ပါလေသည်။

သို့ပေသိ နောင်နှစ်ပေါင်း(၂၀) အကြာတွင် အတိုက်အခံအုပ်စုမှ အလွန်အမင်း ချဲ့ကားပြောဆို အမွန်းတင်မှုများကြောင့် ဖြစ်ရပ်မှန် သမိုင်းမှန် ပျောက်ကွယ်သွားကာ The Lady ရုပ်ရှင်ကားတွင် ဒေါ်အောင်ဆန်းစုကြည်သည် ရုပ်ရှင်ထဲတွင် လူထုရှေ့မှ ဦးဆောင်လာပြီး လှံစွတ်တပ် ကျဉ်ထိုးထားသော စစ်သားများကြားမှ မကြောက်မရွံ့ဘဲ ရဲရဲတောက် ထိုးဖေါက် ဖြတ်ကျော်သွားသည်ကို အံသြဖွယ်ရာ တွေ့လိုက်ရပါသည်။

ထို့သည်ထက် ပိုမိုအံ့သြဖွယ်ကောင်းသည်မှာ အမေရိကန်ခရီးစဉ်၌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်
CNN သတင်းထောက်မှ ထိုဖြစ်ရပ်အား ပြန်ပြောင်း မေးမြန်းသည့်အပေါ် ဖြစ်စဉ်အတိုင်း မဖြေဆိုဘဲ သူမသည် လိမ်ညာပြီး ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်ပါသည်။

-
-
-
-
(စာကြွင်း)

ထိုအချိန်မှ ဗိုလ်ကြီးမြင့်ဦး၏ တပ်စိတ်သည် ကျည်ထိုးထားခဲ့ခြင်း လှံစွတ်တပ်ထားခဲ့ခြင်း အလျင်းမရှိခဲ့ပေ ။

-
-
-

ရေးထားသောစကားလုံးတိုင်းကို တာဝန်ယူပါသည်။
-
-
-

ခိုင်ဇော်


.. https://www.facebook.com/MyanmarExpress
 

8 comments:


Phone Kyaw 22-7-15

ကိုကိုကြီးက ကားအမဲကြီးနဲ့ အိုဘားမားလိုပဲ။

စောက်ရေး မပါတာ။ ကိုကိုကြီးအဖေက ချဉ်ဖတ်ရောင်းစားတဲ့ လူတွေဗျ။

ကိုကိုကြီးအဖေက စာရေး။ ချဉ်ဖတ်ရောင်းတယ်။ ဟင်းဂလာ ချဉ်ဖတ်လားမသိဘူး။ စက်ဘီးနဲ့ လှည့်ရောင်းတာ။ သူရေးတဲ့စာကို ဖတ်ဖူးတယ်။ မှားရင် ကျနော့်အပြစ်။

မနေ့ က တောင်ဥက္ကလာပကို ကိုကိုကြီး လာတော့ ကားအမဲကြီးနဲ့ ။ ကိုကိုကြီး မိန်းမယူတော့ ဘောစိလိုပဲ။

ကိုကိုကြီး ထောင်က ထွက်တာ သိပ်မကြာသေးဘူး။ စီးပွားရေးလဲ လုပ်တာ မတွေ့ ဘူး။ ဒါဆိုရင် ဘာ့ကြောင့် ကိုကိုကြီးက အိုဘားမားလို လုပ်တာလဲ။

ခင်ဗျားတို့ ဟာက မှားနေတယ်။ နေပါအုံး ကိုကိုကြီးက မာစတာမိုင်းလား။ ပြောလိုက်၊ အဲဒီဘဲ ကိုကိုကြီးကို စောက်ခွက်ကို ရောင်ကိုင်းနေအောင် လုပ်အုံးမယ်။

၈၈ မျိုးဆက်ပွင့်လင်းတွေ သူတောင်းစားထမင်းဝလို့  -ီး တောင်နေတာ အများကြီးပဲ။

ဘုန်းကျော် (လူ့ဘောင်သစ်)
ဩစီ


ကိုကိုကြီးနဲ့ မင်းကိုနိုင် လဒ နှစ်ကောင် အပါအဝင် ၈၈ ကျောင်းသားခေါင်းဆောင်နာမည်ကို အလွဲသုံးစားလုပ်ပီး ကိုယ်ကျိုးရှာနေတဲ့ ၈၈ အချောင်သမား လဒတွေ ကောင်းစားနေတယ်

အချောင်ရတဲ့ပိုက်ဆံတွေ တန်စိုးလက်ဆောင်တွေ တိုက်ခန်းတွေ ကားတွေ ကွန်ပျူတာတွေ လက်တော့တွေ အိုင်ဖုန်းတွေ...... တခြားအခွင့်အရေးမျိုးစုံနဲ့........

တောင်ဥက္ကလာ ဓမ္မရာဇာ ၂၉လမ်း ၁၂ရပ်ကွက်က ကုလားကန်ထရိုက်ဆောက်တဲ့တိုက် မပြီးသေးဘူး

မနေ့က ကိုကိုကြီးလာသွားလို့ ကုလားကိုမေးကြည့်တာ
၎လွှာက ကိုကိုကြီးအခန်းလေတဲ့

ကိုကိုကြီးက ဝယ်တာလား အလကားရတာလားမသိဘူး
ကျွန်တော်ကိုယ်တိုင်မြင်ခဲ့တာ

သူရိန်ဦး
၂၂-၇-၁၅


ထိပ်ပြောင် ကိုကိုကြီး ပြည်သူတွေလှူတဲ့ငွေတွေ လိမ်စားတဲ့ငွေတွေနဲ့မိန်းမယူတာဆိုတော့ သူ့မိန်းမကို ပြည်သူတွေလဲပိုင် တယ်


ဒီ ကိုကိုကြီး မင်းကိုနိုင် ဆိုတဲ့ ၈၈ ကောင်တွေက အလှူငွေတွေ ထောက်ပံ့ငွေတွေကို သူတို့ကိုယ်ကျိုးအတွက် သုံးနေတာ
သူတို့ကိုယ်ကျိုးအတွက် တပြားမှမသုံးဘူးဆို လည်ဖြတ်ခံလိုက်မယ် .
ကိုကိုကြီး မင်းကိုနိုင် က စာရင်းပျောက်ခိုးကြတဲ့ ခွေးသူခိုးတွေ
ပြည်သူက ဘယ် ၈၈ ကောင်မှ မယုံတော့ဘူး ထွီးးးး


ခါတော်မီအမတ်လောင်းတစ်ယောက်နဲ့ ပုပ်အဲ့အဲ့ဒိုင်ယာရီ

ပြည်မြန်မာ မီဒီယာ
25-7-2015

လက်ရှိအခြေအနေအရ အတိုက်အခံအင်အားကြီးပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ အမတ်လောင်းရွေးချယ်မှုသတင်းတွေ ဟာ နိုင်ငံရေးလောကမှာ တော်တော်လေးမွှေးပျံ့နေတယ်လို့ဆိုရမှာဖြစ်ပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အပါအ၀င် အသိုင်းအ၀ိုင်းမျိုးစုံက နာမည် ကြီးများ၊ ပညာရှင်များနဲ့ အများအခေါ် ခရိုနီ များကပါ ၂၀၁၅ မှာ NLD ပါတီကနေ၀င်ရောက်အရွေးခံဖို့အတွက် အပြိုင်အဆိုင် နာမည်စာရင်း
ပေးသွင်းနေကြတာကို လည်း တွေ့မြင်ရမှာဖြစ်ပါတယ်။

NLD ထောက်ခံသူ တစ်ချို့အနေနဲ့ ၎င်းတို့ပါတီကိုပညာရှင်တွေ ရောက် လာပြီလို့ ဂုဏ်ယူဝင့်ကြွားမှုတွေရှိနေတာကြောင့်လည်း တစ်ချိန်က NLD ပါတီထဲက ပါတီဝင်တွေဟာ အရည်အချင်းမရှိသူများ၊ ပညာရှင်များ မဟုတ်ကြဘူးလားဆိုတဲ့ တန်ပြန်ဝေဖန်မှုတွေကိုလည်း နိုင်ငံရေးလောကမှာ ကြားသိလာရပါတယ်။

ယခင်ကတည်းက NLD ပါတီကို လက်တွဲခဲ့ခြင်းမရှိတဲ့သူတွေဟာ ယခုလိုအချိန်မှ NLD ပါတီကို ၀င်ရောက်လိုတယ်လို့ ပြောလာခဲ့ပြီး
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဗဟိုကလည်း အဲဒီလူတွေကို အမတ်လောင်း နေရာပေးမယ်လို့ သတင်းတွေထွက်လာတဲ့အတွက် NLD မှာ ထောင်ကျတန်းကျလုပ်ကိုင်ခဲ့တဲ့ ပါတီဝင်ဟောင်း မျက်နှာမွဲတွေ
အတွက် တော့ ၀မ်းနည်းစရာတစ်ခုဖြစ်တယ်လို့ သုံးသပ်မှုတွေရှိ လာခဲ့ပါ တယ်။ အဲဒီလို ၀င်ရောက်လာခဲ့တဲ့ လူတွေထဲမှာ ထူးခြားမှု အရှိဆုံးကတော့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဆိုသူများ ဖြစ်နေတာ ကိုလည်း တွေ့မြင်ရပါတယ်။

၈၈ မျိုးဆက်အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ရောက်ခဲ့ခြင်းမရှိသလို NLD အနိုင်ရခဲ့တဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာလည်း NLD လက်အောက်ကိုခိုလှုံခဲ့ခြင်းမရှိခဲ့တာကိုတွေ့ရပါတယ်။ အမေရိကန် သန်းကြွယ်သူဌေး ဂျော့ဆိုးရော့စ်ရဲ့ အထောက်အပံ့နဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းအမည်ခံပြီး လွှတ်တော်ပြင်ပ နိုင်ငံရေးကိုဆောင်ရွက်ခဲ့ကြ တာဖြစ်ပါတယ်။ ယခုလိုအခြေအနေမှာ ၈၈ မျိုးဆက်ရဲ့ နာမည်ကြီးတွေဖြစ် တဲ့ ကိုကိုကြီး၊ ဌေးကြွယ် တို့အနေနဲ့ NLD လက်အောက်ကနေ ရွေးကောက်ပွဲ ၀င်ရောက်မယ်ဆိုတာက နိုင်ငံရေးရိုးသားမှုရှိပါရဲ့လားလို့ မေးခွန်းထုတ်စရာဖြစ်လာ ပါတယ်။

လက်ရှိ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်ဆိုသူ ဌေးကြွယ် ဟာ ၁၉၈၈ အရေးအခင်းမှာ ကျောင်းသားတွေကို ဦးဆောင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် စစ်စစ်တစ်ဦးမဟုတ်ခဲ့ပါဘူး။ ထိုစဉ်က BBC သတင်းထောက် ခရစ်တိုဖာနဲ့ ချိတ်ဆက်ပြီး စစ်တပ်က ကျောင်းသူတွေကို မုဒိမ်းကျင့်မှုတွေ ကျူးလွန်နေတယ်လို့ BBC အသံလွှင့်ဌာနကနေ ၀ါဒဖြန့် သတင်းထုတ်လွှင့်မှုပြုလုပ်ခဲ့ရာကနေ နာမည်ကြီးလာခဲ့သူတစ်ဦးဖြစ်ပါတယ်။

ထို့အတူပဲ ၈၈ အရေးအခင်းကာလမှာ အမှန်တကယ်လှုပ်ရှား ခဲ့တဲ့ ကျောင်းသားစစ်စစ်များ အနေနဲ့ ဌေးကြွယ်ကို ယနေ့ထက် ထိ ခေါင်းဆောင်လို့ မသတ်မှတ် ကြောင်း ကိုလည်း ကြားသိရပါတယ်။ ၂၀၁၀ အစိုးရသစ်လက်ထက် ဒီမိုကရေစီစနစ်ကူးပြောင်းခဲ့တဲ့ အချိန်မှာတော့ ဌေးကြွယ်ပါဝင်တဲ့ ၈၈ မျိုးဆက်အဖွဲ့ဟာ နိုင်ငံရေးဇာတ် ခုံပေါ်မှာနေရာရလာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အမေရိကန် သူဌေး ဂျော့ဆိုးရော့စ်နဲ့ ချိတ်ဆက်မိခဲ့ရာမှ ပွင့်လင်းလူ့အဖွဲ့အစည်း အဖြစ် နိုင်ငံရေးလှုပ်ရှားမှုတွေကို ဆောင်ရွက်ခဲ့ တာဖြစ်ပါတယ်။ အဲဒီအချိန်ကစလို့ ဌေးကြွယ်အပါအ၀င် ၈၈ အဖွဲ့ရဲ့ ငွေကြေးအရှုပ်တော် ပုံတွေ ပေါ်ပေါက်လာခဲ့တာ ကိုလည်း သိရှိရမှာဖြစ်ပါတယ်။

ဒီအကြောင်းရာများနဲ့ ပတ်သက်လို့ ၈၈ မျိုးဆက် ကျောင်းသားဟောင်း တစ်ဦးဖြစ်တဲ့ ဦးဇော်ဝင်းက ‘နိုင်ငံရေးသမား ရောင်းရန်ရှိသည်’ အမည်ရှိ ဆောင်းပါးရှည်တစ်ပုဒ်ကို ရေးသားခဲ့ပြီး News Watch ဂျာနယ်တွင်ဖော်ပြခဲ့ဖူးသလို ၈၈ မျိုးဆက်ကျောင်းသားတစ်ဦးဖြစ်တဲ့ ကလောင်အမည် နတ်ရွာမိုးကလည်း ဌေးကြွယ်ရဲ့ ငွေကြေးအလွဲသုံးစား မှုတွေကို ဖော်ထုတ်ရေးသားခဲ့ဖူးပါတယ်။ ၂၀၀၆ ခုနှစ် သြဂုတ်လအတွင်းက အမေရိကန် NGO အဖွဲ့အစည်းက ဌေးကြွယ်ကို ဒေါ်လာ ၃၀၀၀၀ ပေးအပ် ခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း အဲဒီဒေါ်လာ သုံးသောင်းဟာ ပျောက်ခြင်း မလှ ပျောက်ဆုံးခဲ့တဲ့ အတွက်လည်း ဌေးကြွယ်နဲ့ ၈၈ အဖွဲ့အတွင်း မှာ ပြဿနာကြီးမားစွာဖြစ်ခဲ့ရတယ်လို့သိရပါတယ်။


၂၀၁၂ ခုနှစ်မှာ ပြုလုပ်ခဲ့ သည့် ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့
စေတနာဝဿန်ဂီတ ရံပုံငွေပွဲမှာ မင်းကိုနိုင်၊ ပြုံးချိုနဲ့ ဌေးကြွယ်တို့သုံးဦး ပန်းချီရေးဆွဲခဲ့သည့် ဂစ်တာကို ရွှေသံလွင်ကုမ္ပဏီက လေလံကြေး
၅၈၈ သိန်းပေးပြီး ၀ယ်ခဲ့တဲ့ပိုက်ဆံတွေ အပါအ၀င် ၂၀၁၃ ခုနှစ် ၈လေးလုံး ဒီမိုကရေစီငွေရတုနှစ်ပါတ်လည် အတွက် ရွှေသံလွင် က လှုဒါန်းခဲ့တဲ့ သိန်းနှစ်ထောင်ဟာလည်း အဖွဲ့ရဲ့ရန်ပုံငွေထဲကိုမရောက်ခဲ့ဘဲ ဌေးကြွယ်တို့ လက်ထဲမှာ ပျောက်သွားခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပြန်ပါ တယ်။

ဌေးကြွယ်အနေနဲ့ ငွေရေးကြေးရေးအရှုပ်အရှင်းများရှိနေခဲ့သည်သာမကဘဲ အမျိုးဘာသာ သာသနာအတွက်လည်း အားကိုးထိုက်သူ မဟုတ်ကြောင်းတွေ့ရှိရမှာဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မေလအတွင်းက The Messenger မီဒီယာနဲ့ တွေ့ဆုံမှု တစ်ခုမှာ ဌေးကြွယ် ပြောခဲ့တဲ့ ဒီမိုကရေစီနိုင်ငံ မှာ အမျိုးစောင့်ဥပဒေမလိုဘူး ဆိုတဲ့စကားက အမျိုးဘာသာကို ထိန်းသိမ်းလိုတဲ့ ဗုဒ္ဓဘာသာ ၀င်တွေ အတွက် ရင်နာစရာတစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါ့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့က ဌေးကြွယ်နဲ့ ၈၈ မျိုးဆက် အဖွဲ့ကို နိုင်ငံရေးစားဖားများလို့တောင် ပြင်းပြင်းထန်ထန် ဝေဖန် ရှုတ်ချခဲ့ ပါတယ်။

ဌေးကြွယ်ရဲ့ နိုင်ငံရေး၊ စီးပွားရေ၊ လူမှုရေးအမှားတွေဟာ တစ်ဆထက် တစ်ဆ ပိုမိုလာခဲ့ပါတယ်။ ပျက်အဆင်ပြင်ခဏလို့ ဆိုနိုင်ပေမယ့် ဗုဒ္ဓဘာသာအယူအဆအရ မဂ်ဥာဏ်ဖိုဥာဏ်ပင်မရနိုင်တဲ့ ပြင်မရသော အမှားတစ်ခုကို လည်း ဌေးကြွယ် တစ်ယောက်ကျူးလွန်ခဲ့ပါတယ်။ ဒါကတော့ ကာမေသုမိစ္ဆာစာရ လို့ခေါ်တဲ့သူတစ်ပါးသားမယားကို ပြစ်မှားကျူး လွန်ခဲ့ ခြင်းပါပဲ။ သူနဲ့ဖောက်ပြန်ကျူးလွန်ခဲ့သူကလည်း တစ်ပါးသူမဟုတ်ဘဲ NLD ရဲ့နာမည်ကြီးအမတ်ဖြစ်သူ တရားဝင် ပြည့်တန်ဆာများထား ရှိရေးဥပဒေကို လွှတ်တော်မှာတင်သွင်းခဲ့တဲ့ ဒေါ်စန္ဒာမင်း ပဲဖြစ်ပါတယ်။ ဌေးကြွယ် နဲ့ ဒေါ်စန္ဒာမင်း တို့အနေနဲ့ ၂၀၁၂ခုနှစ်၊ဖေဖော်ဝါရီလအတွင်းက မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံဒေသမှာရှိတဲ့ River View ဟိုတယ်မှာ နှစ်ယောက်ခန်း တစ်ခန်းငှားပြီး နှစ်ဦးအတူအိပ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့ နိုင်ငံရေး အသိုင်းအဝိုင်း တစ်ခုလုံးမှာ ဖောင်းကြွနေခဲ့ပြီး ၈၈ မျိုးဆက်များရော NLD ပါတီကိုပါ လူထုက ဝေဖန်ရှုံ့ချမှုတွေပြုခဲ့ကြဖူးပါတယ်။

အဲဒီတုန်းက ဌေးကြွယ်နဲ့ ဒေါ်စန္ဒာမင်းတို့ဟာ သူတို့ရဲ့ဇာတ်လမ်းတွေကို လူသိမခံလိုတဲ့အတွက် ရန်ကုန်မှ ပုဂံကို လေယာဉ်နဲ့ အသွားအပြန်လုပ်ခဲ့ကြ တာဖြစ်ပြီး နှစ်ညအိပ်သုံးရက်တိတိ ပုဂံမှာ နှစ်ယောက်အတူနေခဲ့ကြ တာဖြစ်ပါတယ်။ အမှန်ဆိုရင်ဖြင့် ဌေးကြွယ်သည် အိမ်ထောင်ရှိ သလို ဒေါ်စန္ဒာမင်းသည်လည်း အိမ်ထောင်ရှိသူဖြစ်ပါတယ်။

ယခုအခါမှာ ဒီလိုအကျင့်စာရိတ္တတွေရှိတဲ့ ဌေးကြွယ်လို လူမျိုးက အမတ်လောင်းအဖြစ်ဝင်ရောက် အရွေးခံတော့မှာ ဖြစ်တဲ့ အတွက်မြန်မာပြည်အတွက် ရင်လေးစရာဖြစ်လာခဲ့ပါတယ်။ သာပေါင်းညာစားစိတ်ရှိသူ၊ ငွေရေးကြေးရေး စိတ်မချရသူ၊ မယားရှိလင်တစ်ယောက်ဖြစ်နေပါလျက်နဲ့ လင်ရှိမယားတစ်ယောက် နဲ့ဖောက်ပြန်သူ၊ ကိုယ်ကျင့်သိက္ခာ တရားမရှိသူ ဌေးကြွယ်လိုလူတစ်ယောက် ဟာ တိုင်းပြုပြည်ပြုလွှတ်တော်ကို ၀င်ရောက်တော့မှာဖြစ်တဲ့အတွက်
မြန်မာနိုင်ငံရဲ့အနာဂတ်ဟာ စိုးရိမ်စရာဖြစ်လာပါတယ်။ ဒါ့ကြောင့် အကယ်၍သာ ဒီလိုအကျင့်သိက္ခာတရားမရှိတဲ့ ဌေးကြွယ်အနေ နဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီး မြန်မာ့နိုင်ငံရေးရဲ့ အရေးပါ အရာရောက်သူတစ်ဦးဖြစ်လာခဲ့မယ်ဆိုရင် တော့ဖြင့်………………။

ဝရဇိန်


ပြည်ပြေး.... FDB က နိုင်အောင် (ABSDF လူသတ်ကောင်).. NDD က ခင်ဥမ္မာ (လူသတ်ကောင် နိုင်အောင် ၇ဲ့မိန်းမ).. ဆိုတဲ့.. ခွေးဝဲစားတွေက.. ၀မ်းစာအတွက်..နိုင်ငံကိုချနင်းပြီး.. နိုင်ငံတကာအလှူရှင်အဖွဲ့အစည်းတွေဆီကနေ..လိမ်ပြီး..ငွေတောင်းပြီး..အလှူငွေတွေကို.. ကိုယ်ကျိုးအတွက်..အလွဲသုံးစားလုပ်ပြီး..ခိုးပြီး..ဒေါ်လာမီလျံနဲ့ချီပြီး.. ချမ်းသာနေကြတယ်..

နိုင်ငံတွင်းက.... သူခိုးကိုကိုကြီး.. သူခိုးမင်းကိုနိုင်.. သူခိုးဌေးကြွယ်.. သူခိုးပြုံးချို.. သူခိုးမြအေး.. သူခိုးဂျင်မီ-နီလာသိန်း..လင်မယား.. ဆိုတဲ့..(၈၈)လောက်ကောင်တွေက.. ABSDF လူသတ်ကောင် နိုင်အောင်-ခင်ဥမ္မာ လင်မယားစားသောက်ပြီးတဲ့..အ၇ိုးအ၇င်း..အကြွင်းအကျန်တွေကို.. ချီးပုံးထဲ..ချီးတုံးကျလာ၇င်..လုသလို.. ၇ွစိတက်ပြီး..အ၇ှက်မ၇ှိ..အော်ဟစ်ကြွေးကြော်ပြီး.. ကျလာတဲ့..စွန့်ကြဲစာကို.. တဖြဲနဖြဲ..လုယက်စားနေကြတယ်..

ABSDF လူသတ်ကောင် နိုင်အောင်-ခင်ဥမ္မာ လင်မယားက (၈၈)လောက်ကောင် သူခိုးကိုကိုကြီး.. သူခိုးမင်းကိုနိုင်.. တို့ဆီကို စွန့်ကြဲလိုက်တဲ့..အ၇ိုးအ၇င်း..အကြွင်းအကျန်တွေက..တောင်လိုပုံနေတော့.. နိုင်ငံတွင်းက (၈၈)သူခိုးတွေလဲ..တော်တော်ချမ်းသာနေကြပြီ..


(၂၅) နှစ်အတွင်း ဒီမိုကေ၇စီေ၇းဘန်းပြပီး နိုင်ငံတကာမှတောင်းပီး
၇လာသည့် အလှူငွေ ၇ံပုံငွေများထဲမှ ၇ာခိုင်နှုံးအတော်များများကိုအလွဲသုံးစားလုပ်ကာ
ကိုယ်ကျိုးအတွက် အချီကြီး မှန်မှန်ခိုးပီး ချမ်းသာသွားသော
ဒီမိုသူတောင်းစားသူဌေးများစာရင်း

(၁) မောင်မောင်
(၂) ကျော်ကျော် (ဆယ်ပြား)
(၃) ကျော်ထက်
(၄) အောင်မိုးဇော်
(၅) နိုင်အောင် (ABSDF လူသတ်ကောင်)
(၆) အောင်မျိုးမင်း
(၇) ထူးချစ်
(၈) မိုးသီးဇွန် (ABSDF လူသတ်ကောင်)
(၉) ဘိုကြည်
(၁၀) တိတ်နိုင်
(၁၁) ကျော်လင်း
(၁၂) လွမ်းဏီ
(၁၃) သံခဲ (ABSDF ဥက္ကဌ) (မိန်းမက သြစီမှာ)
(၁၄) အောင်ဇော် (ဧ၇ာဝတီ)
(၁၅) အောင်နိုင်ဦး
(၁၆) ဇော်ဦး
(၁၇) မင်းဇော်ဦး
(၁၈) စိုးမြင့်
(၁၉) သင်းသင်းအောင်
(၂၀) အောင်ထူး (ရှေ့ နေ)
(၂၁) ဇော်ဇော်ထွန်း (လူ့ ဘောင်သစ်)
(၂၂) ကိုညို (လူ့ ဘောင်သစ်)
(၂၃) ဇာနည်သွေး
(၂၄) အောင်သူငြိမ်း
(၂၅) သင်းသင်းအောင်
(၂၆) ခင်ဥမ္မာ (ABSDF လူသတ်ကောင် နိုင်အောင် ၇ဲ့မိန်းမ
)

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်