Subscribe to our RSS Feed

သမဂ္ဂအဆောက်အဦကို ဖြိုခွဲခဲ့တာ NLD ဥက္ကဋ္ဌဟောင်း ဦးအောင်ကြီး၊ သမဂ္ဂနာမည်ကို ဖျောက်ခဲ့တာ NLD လွှတ်တော်အမတ် ဦးဖြိုးဇေယျာသော်


၁၉၆၂ ခုနှစ် မတ်လ ၆ ရက်နေ့တွင် ကျောင်းသားအဖွဲ့ချုပ်များခေါင်းဆောင် ကိုခင်မောင်အုန်းက တော်လှန်ရေးကောင်စီကို ထောက်ခံကြောင်း လက်မှတ်ရေးထိုး ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါ့ကြောင့် ဗကသများအဖွဲ့ချုပ်က အမှုဆောင်အစည်းအဝေးခေါ်ပြီး ဥက္ကဋ္ဌ ကိုခင်မောင်အုန်းကို ထုတ်ပယ်ကာ ဒု-ဥက္ကဋ္ဌ ကိုသက်ကို ဥက္ကဋ္ဌတင်မြှောက်လိုက်ပါတယ်။ အဲဒီနောက် တော်လှန်ရေးကောင်စီကို ကန့်ကွက်ကြောင်း ဗကသက ပြန်လည်ကြေညာခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ဗကသ ဟာ အစိုးရတို့အကြား တင်းမာခဲ့တာပါ။ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ မနက် ၄ နာရီအချိန်မှာတော့ ကျောင်းသားသမဂ္ဂအဆောက်အဦကို ဖြိုခွဲဖျက်ဆီး ခံလိုက်ရပါတယ်။ သမဂ္ဂအဆောက်အဦ ဖျက်ဆီးချိန်မှာ အဓိက တာဝန်ရှိသူကတော့ NLD ပါတီ ဥက္ကဋ္ဌဟောင်း ဦးအောင်ကြီးဖြစ်ပါတယ်။



ဇူလိုင်လ ၇ ရက်နေ့ ကျောင်းသားဆူပူမှုဖြစ်ချိန်မှာ ဗိုလ်အောင်ကြီးက ဗိုလ်နေဝင်းထံ သတင်းပို့ဖို့ ထွက်သွားပါတယ်။ အဲဒီချိန်က ကွန်မြူနစ်တွေ ကျောင်းသားများ အတွက်လက်နက်များ ပို့ပေးထားကြောင်း၊ ကွန်မြူနစ်များရဲ့ မြေပေါ်ဌာနချုပ်က  သမဂ္ဂ အဆောက်အဦဖြစ်ကြောင်း သတင်းတွေ၊ ဓာတ်ပုံများနဲ့ အထောက်အထားတွေ  ထွက်ပေါ်နေချိန် ဖြစ်ပါတယ်။ ဒီအကြောင်းကို ၁၈၉၈ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ VOA နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သမဂ္ဂတွင် ကျောင်းသားများ လက်နက်ကိုင်သူရှိကြောင်း၊ လူနာများ အထဲဆွဲသွင်းကာ တံခါးပိတ်သွားတာကြောင့် ဖြိုခွဲခဲ့တာဖြစ်ကြောင်း NLD ဥက္ကဋ္ဌ ဦးအောင်ကြီးက ဝန်ခံပြောဆိုခဲ့ပါတယ်။ 


ဦးအောင်ကြီးဟာ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကို ထူထောင်ခဲ့ပြီး ဥက္ကဋ္ဌ ရာထူးကို ရယူခဲ့ပါတယ်။ ဦးအောင်ကြီးက ဥက္ကဋ္ဌ၊ ဦးတင်ဦး ဒုဥက္ကဋ္ဌ နဲ့ ဒေါ်အောင်ဆန်းစုကြည်က အတွင်းရေးမှူးဖြစ်ပါတယ်။ သမဂ္ဂအဆောက်အဦ ဖြိုခွဲခဲ့သူ ဦးအောင်ကြီးဟာ NLD ပါတီရဲ့ ဖခင်ကြီးဆိုရင်လည်း မမှားပါဘူး။



သမဂ္ဂအဆောက်အဦပျောက်ဆုံးပြီး ၅၃ နှစ်ကြာမှာတော့ သမဂ္ဂဆိုတဲ့ နာမည်ပါ ပျောက်ခဲ့ရ ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြိုးဇေယျာသော်က ကျောင်းသားတွေဘက်က တင်ပြထားတဲ့  “သမဂ္ဂ” ဆိုတဲ့ စကားလုံးတွေကို ဖြုတ်ဖို့ ၂၀၁၅ ခုနှစ် ဧပြီလက လွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။
အမျိုးသားလွှတ်တော်က အတည်ပြုထားတဲ့ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်လို့ ဥပဒေမူကြမ်းကို NLD လွှတ်တော်ကိုယ်စားလှယ် ဖြိုးဇေယျာသော်က ဦးဆောင်ပြီး “သမဂ္ဂ” ဆိုတဲ့ စကားလုံးများကို ဖြုတ်ကာ ပြင်ဆင်အဆိုပြုချက် တင်သွင်းရာ NLD ပါတီဝင်အားလုံး ထောက်ခံခဲ့တာကြောင့် ဧပြီလ ၇ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။ 



“ပြင်ဆင်တဲ့အဆိုပြုချက်ထဲမှာ ကျောင်းသားသမဂ္ဂ၊ ဆရာများသမဂ္ဂဆိုတဲ့ စကားလုံးတွေ ကို ဖြုတ်ထားတာ တွေ့ပါတယ်” လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဆိုပါ တယ်။ မဲခွဲချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား NLD ပါတီဝင်တွေက သမဂ္ဂစာလုံးကို ဖြုတ်ဖို့ ထောက်ခံခဲ့ကြပါတယ်။ ကျောင်းသားသမဂ္ဂအဆောက်အဦကို ဖြိုခဲ့သူ ဦးအောင်ကြီး တည်ထောင် ခဲ့တဲ့ NLD ဟာ ဒီကနေ့မှာတော့ သမဂ္ဂဆိုတဲ့ နာမည်ကိုပါ ပျောက်အောင် ဖျောက်ဖျက်ပစ်လိုက် တာပါ။ ဦးအောင်ကြီး ကိစ္စ သင်ပုန်းချေနိုင်ဖို့ ကြိုးစားတုန်းမှာဘဲ ဇေယျာသော်ရဲ့ လုပ်ရပ်ကြောင့် သည်းခံနိုင်စရာအကြောင်းမရှိတော့ပါ။ သမဂ္ဂအဆောက်အဦကို ဖျောက်ဖျက်ခဲ့တဲ့ကိစ္စနဲ့ သမဂ္ဂ နာမည် ဖျောက်ဖျက်ခဲ့တဲ့ ကိစ္စတို့ အတွက် NLD ကို ကမ္ဘာမကျေပါဘူး။ သမဂ္ဂဆိုတာ သမိုင်းနဲ့ ပေါ်ပေါက်လာခဲ့ပြီး ဘယ်သူဖျောက်ဖျောက်မပျောက်တဲ့ တော်လှန်ရေးအဖွဲ့ဖြစ်တယ်ဆိုတာ သမဂ္ဂနာမည် ဖယ်ထုတ်ရေး ထောက်ခံခဲ့တဲ့ ဒေါ်စုနဲ့ NLD အမတ်အားလုံး တစ်နေ့ ကောင်းကောင်း သိလာပါလိမ့်မယ်။


.. https://www.facebook.com/MyanmarExpress
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်