Subscribe to our RSS Feed

NLD ပါတီဝင်အဖြစ်မှ အခြားပါတီဝင်အဖြစ် ၁၀ ရက်အတွင်း ၂ သုတ် ပြောင်းရွှေ့




 NLD ပါတီဝင်အဖြစ်မှ အခြား ဒီမိုကရေစီ ပါတီတစ်ခုသို့ ၁၀ ရက်အတွင်း ၂ သုတ်ပြောင်းရွှေ့မှု မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်တွင် ဖြစ်ပေါ်ခဲ့သည်။ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ပြည်ကြီးပျော်ဖွယ် အနောက်ရပ်ကွက် လမ်း ၃၀ နှင့် ၉၁ လမ်းထောင့် ရှိ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ရုံးသို့ အောင်မြေသာဇံမြို့နယ် NLD ပါတီမှ ၈ ဦးပြောင်းရွှေ့လာကြောင်း သိရသည်။ ယခုပြောင်းရွှေ့မှုသည် ၁၀ ရက်အတွင်း ဒုတိယအသုတ်ဖြစ်ပြီး အောက်တိုဘာ ၂၀ ရက်နေ့ကလည်း ၁၂ ဦးပြောင်းရွှေ့လာခဲ့ပြီးဖြစ်ကြောင်း သိရသည်။

NLD ပါတီမှ အောက်ခြေပါတီဝင်များကို လျစ်လျှူရှုထားမှု၊ ပါတီခေါင်းဆောင်ပိုင်းများမှ အာဏာရဖို့သာ လုပ်နေပြီး အောက်ခြေလိုအပ်ချက်ကို ဂရုမစိုက်မှု၊ ဗဟိုဦးစီးစနစ် လွန်ကဲမှု များကြောင့် NLD အပေါ် အယုံအကြည်မရှိတော့သဖြင့် နှုတ်ထွက်လာခြင်းဖြစ်ကြောင်း သိရသည်။


NLD ပါတီမှ နှုတ်ထွက်လာသူ အယောက် ၂၀ တွင်းမှ ခေါင်းဆောင် ဦးညီညီမြင့်အား အောင်မြေသာစံ ဒီမိုကရေက်တစ်ပါတီ၏ ဒုဥက္ကဌအဖြစ် ခန့်အပ်မည်ဖြစ်ကြောင်း သိရပြီး နောက်ထပ် လည်း မန်း NLD ပါတီမှ ၁၅၀ ကျော် နှုတ်ထွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ မန်း NLD ၁၅၀ ကျော် နှုတ်ထွက်၊ ၁၂ ဦး ပါတီပြောင်း သည့် အောက်တိုဘာ ၂၀ ရက်နေ့မှ သတင်းအား www.myanmarexpress.net/2013/10/nld_21.html တွင် ဖတ်ရှုနိုင်ပါသည်။
 

.. www.MyanmarExpress.net
 

လိုင်ဇာမှာကတဲ့ အပစ်ရပ်ရေး အကြိုဇာတ်အဖွဲ့ ဇာတ်ခေါင်းမကွဲဖို့လိုပါတယ်

လိုင်ဇာမှာကတဲ့ အပစ်ရပ်ရေး အကြိုဇာတ်အဖွဲ့ ဇာတ်ခေါင်းမကွဲဖို့လိုပါတယ်
လိုင်ဇာမြို့မှာ ဒီနေ့တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး အကြို ညှိနှိုင်းဆွေးနွေး ပွဲကို စတင်ပြုလုပ်နေပြီဖြစ် ပါတယ်။ UNFC အဖွဲ့အပါအ၀င် အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းက ခေါင်းဆောင်ပိုင်းတွေ လည်းလာပြီးး တက်ရောက်တာတွေ့ရပါတယ်။ ကျွန်တော်တို့ ဒေသခံ တိုင်းရင်းသားတွေ အတွက်တော့ မျှော်လင့်စောင့်စားရတဲ့ ငြိမ်းချမ်းရေး အိပ်မက်ဟာ တကယ်အကောင်အထည်ပေါ်လာပြီလို့ ပြောရင်း ၀မ်းသာ နေကြပါတယ်။

ဒီတစ်ကြိမ် တွေ့ဆုံဆွေးနွေးတဲ့ အစည်းအဝေးဟာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို လက်ခံမလား လက်မခံဘူးလားဆိုတဲ့ အဖြေနှစ်ခုကို အဓိကထားပြောဆိုကြမယ်လို့ သိရပါတယ်။ အောက်တို ဘာလထဲမှာ အစိုးရဘက်က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လုပ်မယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် နိုဝင်ဘာလထဲမှာ ကျင်းပမယ် ဆိုပြီး ပြောင်းသွားပြန်ပါတယ်။ အောက်တိုဘာ (၈၊၉၊၁၀) ရက်နေ့တွေတုန်းက အစိုးရနဲ့ KIO တို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ ကျင်းပနိုင်ခဲ့လို့ ဒေသခံအားလုံး ပျော်ခဲ့ ကြတယ်။ KIO ပါတစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမှာ ပါဝင်ဖို့ UNFC ကမျှော်လင့်စောင့်စားခဲ့တယ်နဲ့ တူပါ တယ်။

အခုလိုင်ဇာမှာ ထိပ်သီးအစည်းအဝေး ကျင်းပတာက သက်သေပြနေပါတယ်။ ဒီအစည်းအဝေးကနေ တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေး ပြုလုပ်နိုင်ပါစေလို့ ဆုတောင်းပေးနေကြပါတယ်။ ကချင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေကို မမြင်ချင်တော့သလို သေနတ်သံ၊ ဗုံးသံ၊ မိုင်းကွဲသံတွေကိုလည်း မကြားချင်တော့ပါဘူး။ ငြိမ်းချမ်းချင်ပါပြီ။ ကျွန်တော်တို့ ဒေသခံတိုင်းရင်းသားအားလုံးရဲ့ အနာဂတ်အတွက် လူနေမှုဘ၀လုံခြုံရေး အာမခံချက် ရချင်လှပါပြီ။ ဒီတော့အဲဒီအစည်းအဝေးက ထွက်ပေါ်လာမယ့် အဖြေကို ကျွန်တော်တို့အနေနဲ့ အကောင်းဘက်ကိုပဲ တွေးထားပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၁၁) ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ UNFC အနေနဲ့ တစ်နိုင်ငံလုံး အပစ်ရပ်ရေး အပေါ် သဘောထားအမြင်အမျိုးမျိုးတွေ ထွက်ပေါ်ခဲ့တာ ရှိပါတယ်။ တစ်ဖွဲ့တစ်မျိုး မရိုးအောင်ပြောနေကြမယ့် ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်တပ်မတော် ကိစ္စတွေကြောင့် ဒီတစ်ကြိမ်ပြုလုပ်မယ့် အပစ်အခတ်ရပ်ရေး ဆွေးနွေးပွဲကို မပျက်စေချင်တော့ပါဘူး။ ဒီတော့ အစိုးရက လက်သင့်ခံနိုင်တဲ့ တောင်းဆိုမှုမျိုးတွေကိုသာ UNFC အနေနဲ့ ပြုလုပ်ဖို့ လိုသလို အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း ထိုနည်းတူစွာ လုပ်ရမှာပဲ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မလုပ်နိုင်သမျှ တိုက်ပွဲတွေလည်း ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကချင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ပြန်ဖြစ်နကြတယ်၊ ဒေသခံတွေက မြေဇာပင်ဖြစ်ရတာပါ၊ အလားတူ အခြားတိုင်းရင်းသားဒေသတွေမှာလည်း တိုက်ပွဲတွေ မဖြစ်စေချင်တော့ပါဘူး။ တိုက်ပွဲတွေ မဖြစ်အောင် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအားလုံး အပစ်အခတ်ရပ်စဲပြီး တိတိကျကျ လိုက်နာဖို့လိုအပ်တယ်လို့ မြင်မိပါတယ်။
ဥပမာ ပြောရရင် လိုင်ဇာမှာ ပြုလုပ်နေတဲ့ အပစ်အခတ်ရပ်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို ဇာတ်အဖွဲ့ တစ်ဖွဲ့ဟု သဘောထားပါစို့။ ဇာတ်အဖွဲ့မှာပါဝင်ရတဲ့ သဘင်ပညာရှင်အားလုံး စည်းလုံညီညွတ်မှသာ ဇာတ်နာမည် ထွက်လာမှာဖြစ်သလို ပရိတ်သတ်ကလည်း လက်ခံမှာ ဖြစ်ပါတယ်။

အဲဒီလို မဟုတ်ဘဲ ကိုယ်ထင်ရာကိုယ်ပြော ကိုယ်လုပ်တာမှ အမှန်ထင်ပြီး တစ်ဖို့တည်းဇွတ်လုပ်နေရင်တော့ ဇာတ်ခေါင်းကွဲသွားမှာ သေချာပါတယ်။ လိုင်ဇာမှာကတဲ့ အပစ်ရပ်ရေး အကြိုဇာတ်အဖွဲ့အနေနဲ့ကလည်း ကိုယ့် လူမျိုး ကိုယ့်တိုင်းရင်းသားတွေအတွက် ရှေ့ရှု့ပြီး အစိုးရနဲ့ အပေးအယူသင့်မြတ်နိုင်တဲ့ တောင်းဆိုမှုတွေ ချမှတ်ဖို့ အရေးကြီးပါတယ်။ မဖြစ်နိုင်တဲ့ဟာကို သွားတောင်းရင်တော့ ဇာတ်ခေါင်းကွဲသွားပြီ တစ်ယောက်တစ် ပေါက် ဖြစ်သွားပါလိမ့်မယ်။

ကျွန်တော်အနေနဲ့ ကချင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားအားလုံးနဲ့ မြန်မာနိုင်ငံနေရာအနှံ့အပြားမှာရှိတဲ့ တိုင်းရင်းသားများအတွက် တောင်းဆိုမှုတစ်ခုလောက် ပြောချင်ပါတယ်။ လိုင်ဇာမှာ ကတဲ့ အပစ်ရပ်ရေး အကြို ဇာတ်အဖွဲ့ ဇာတ်ခေါင်းမကွဲဖို့ လိုပါတယ်။

နော်မိုင် ( မြစ်ကြီးနား)



.. www.MyanmarExpress.net
 

သတင်းမီဒီယာတဲ့လား

မနက်မိုးလင်းသို့ မျက်နှာသစ်၊ သွားတိုက် အိမ်ရှင်မပြင်ဆင်ပေးတဲ့ နံနက်စာကိုစားပြီး ယောက္ခမနဲ့ သတင်းစာ ခေါင်းချင်းဆိုင်ဖတ်ဖြစ်တာက နေ့စဉ်ထဲက ဆောင်ရွက်ချက်တစ်ခုလိုဖြစ်နေပြီ။ ပြီးရင် ဘယ်သတင်း တိုက်က ဘယ်လိုရေးတယ်၊ ဘယ်ဟာက မဖြစ်သင့်ဘူးဆိုတာလည်း ဆွေးနွေးရတာ အမောပင်ဖြစ်သည်။ အချို့ ဂျာနယ်တွေဆိုလျှင် ထိန်းထိန်းသိမ်းသိမ်းရေးသားကြတာတွေ့ရပြီး အချို့ဂျာနယ် နေ့စဉ်သတင်းစာများမှာ ရောင်းကောင်းရေးကို ဦးစားပေးထားတဲ့ အရေးအသားတွေကိုလည်း နေ့စဉ်ဆိုသလို ကြုံတွေ့ရသည်ချည်းသာ။ ဟိုးအရင်တုန်းက ဒါမျိုးတွေ ရေးခွင့်မရခဲ့ကြတာမို့ ထင်ပါရဲ့လို့ တွေးပြီး နားလည်ခဲ့ပါတယ်။

          ဒါပေမယ့် အခုတလော သတင်းစာ၊ ဂျာနယ်တွေဖတ်ရတာ သိပ်ပြီးစိတ်ထဲ နှစ်မြို့စရာမတွေ့သလို ခံစား ရတယ်။ အထူးသဖြင့် အခုတလော မြန်မာပြည်မှာဖြစ်ပျက်ခဲ့တဲ့ လူမျိုးရေး ပဋိပက္ခတွေ၊ ဗုံးလန့်မှုကိစ္စတွေမှာ မီဒီယာ တွေရဲ့ ရေးသားချက်တွေဟာ တမင်ပဲ ပဋိပက္ခတွေ၊ ပြည်သူတွေရဲ့ စိုးရိမ်စိတ်တွေကို ဓာတ်ဆီဝိုင်းလောင်း နေကြ သလားလို့တောင် ထင်မိတယ်။ စတုတ္ထမဏ္ဍိုင်ပဲဆိုဆို၊ ပြည်စောင့်ခွေးလို့ပဲ ခေါ်ခေါ် တိုင်းပြည်တစ်ခုနိုင်ငံတစ်ခုမှာ မီဒီယာဆိုတာဟာ အစိုးရနဲ့ ပြည်သူလူထုကြားထဲက သံတမန်ပဲဖြစ်တယ်။ သံတမန်ဆိုတဲ့အတိုင်း စကားလုံးသုံးနှုန်း တတ်ဖို့၊ အသိပညာကြွယ်ဖို့၊ နှလုံးလှဖို့လိုသည်မှာ ဧကန်ဖြစ်တယ်။ စာနယ်ဇင်းသမား(သို့) မီဒီယာသမားဆိုတာ စ(၂)လုံးလို့ခေါ်တဲ့ အစွဲကြီးမှု၊ အစွန်းရောက်မှုတွေ ကင်းလွတ်နေဖို့လိုပါတယ်။

          အထူးသဖြင့် ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခမျိုးတွေမှာ အချို့ဂျာနယ်တွေရဲ့ ရပ်တည်ချက်ဟာ တော်တော်လေးအောက်တန်းကျတာကို တွေ့ရတယ်။ အောက်တန်းကျတယ်လို့ ပြောလို့ မြန်မာဘက်က လိုက်မရေးလို့ ပြောတယ်လို့ မထင်စေချင်ဘူး။ အဓိကက ပဋိပက္ခအချိန်အခါတွေမှာ ဂျာနယ်တွေဟာ ကိုယ့်တာဝန် ကိုယ်မကျေပဲ ထိခိုက်မှုရှိနေတဲ့ နှစ်ဖက်အဖွဲ့အစည်းကို ချက်ချင်းထသတ်အောင် မြှောက်ပေးနေသလိုပဲ။ တကယ်ဆို မီဒီယာဆိုတာ ကြားဝင်စေ့စပ်သူ (Mediator) ပဲ ဖြစ်တယ်။ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်လို့ ဆုံးဖြတ်ချက်ချနိုင်တဲ့ Decision Maker မဟုတ်ဘူး။ နှစ်ဖက်အဖွဲ့အစည်းကို ဒီလိုဆက်သွားနေရင်၊ ဒီလိုဆက်တိုက် ခိုက်နေရင် ဘယ်လိုအကျိုးအပြစ်တွေ ရလာနိုင်တယ်ဆိုတဲ့ နိမိတ်ပြသင်ခန်းစာ စကားတွေနဲ့ ချပြဆွေးနွေးပြီး အစိုးရနဲ့အတူ ပဋိပက္ခတွေမှာ ပါဝင်ကူညီရမှာပဲ ဖြစ်တယ်။ ဒီလို မီဒီယာက ကိုယ့်တာဝန်ကိုမယူခဲ့တာ ဆယ်စုနှစ်              ၂ ခုကျော်လာပြီလို့ ဆိုနိုင်ပေမယ့် ဦးသန်းရွှေလက်ထက်က ပါဝင်ခွင့်မရလို့ဆိုတဲ့ ဆင်ခြေတွေပေးမှာကို ကြိုသိလို့ မပြောလိုပေမယ့် လက်ရှိအခြေအနေမှာလဲ စတုတ္ထမဏ္ဍိုင်တွေ ဘာလုပ်နေသလဲဆိုတာ ပဉ္စမမဏ္ဍိုင်ဖြစ်တဲ့ ပြည်သူ လူထုက ထိန်းကျောင်းဖို့ လိုနေပြီဆိုတာ သေချာပေါက်ဖြစ်တယ်။ စာနယ်ဇင်းကျင့်ဝတ်ဆိုတာရော ရှိကြသေးရဲ့ လားလို့ ခနခန တွေးမိတယ်။

အထူးသဖြင့် ဂျာနယ်တွေဟာ ရောင်းကောင်းရေး၊ သတင်းဦးရေးကို ဦးစားပေးလာ ခဲ့တော့… သတင်းမှန်ကန်ရေး၊ သတင်းအရင်းအမြစ်ခိုင်မာရေးဆိုတာတွေ၊ Codes  ဆိုတာတွေ၊ ဘ(၆)/ ဘ(၉) သစ်ပင်ဇောက်ထိုး ပုံစံဆိုတာတွေ ဆိုတာသိသော်ငြားလည်း မသိချင်ယောင်ဆောင်ပြီး သတင်းဦးပြီး ဂျာနယ် ရောင်းကောင်းရင်ပြီးတာပဲဆိုတာတွေကြောင့် ဖြစ်တယ်လို့ ထင်မိတယ်။ အချို့ အယ်ဒီတာတွေဆိုရင် ထုတ်ဝေသူနဲ့ ပနံသင့်လို့ ရာထူးရထားပေမယ့် ကိုယ်တိုင်တော့ ခေါင်းရွက်ဗျက်ထိုး ငါးစိမ်းသာသာ အပြောအဆိုရှိတဲ့ အယ်ဒီတာ ဆိုသူတွေလည်း တွေ့ဖူးတယ်။ စာနယ်ဇင်းလောကမှာ ဘယ်လောက်ထိများလာသလဲဆိုတော့ “ Samsung အမျိုး အစား Ipad တစ်လုံး ” ဆိုတဲ့ အရေးအသားတွေ မြင်လာရတော့ တကယ်ရွံရှာမိတယ်။ Reporter က လုပ်သက် မရှိသေးလို့၊ အသစ်မို့ပါဆိုရင်တောင် အယ်ဒီတာတွေ ဘာလုပ်နေသလဲလို့ မေးစရာရှိတယ်။ ဒါမှမဟုတ် အယ်ဒီတာ ဆိုတဲ့ ရာထူးရှင်ကိုယ်တိုင် မသိတာလား။ ဒါဟာ နည်းပညာပိုင်းမို့… အချို့ နာမည်ကြီး ဂျာနယ်တိုက်တွေဆို မပြော တဲ့စကားတောင် ပြောစကားဖြစ်အောင် ဗြောင်လိမ်ရေးကြတော့… စာနယ်ဇင်းလောကဆိုတာ အညှီနံ့တသင်းသင်း ဖြစ်လာတယ်။

          စာနယ်ဇင်းသမား စတုတ္ထမဏ္ဍိုင်ဆိုတာ အစိုးရ၀န်ထမ်းတွေထက် ပြည်သူလူထုအပေါ်ကို ပိုပြီးသြဇာ သက်ရောက်မှုရှိတယ်။ အစိုးရ၀န်ထမ်းတစ်ဦး၊ စစ်ဗိုလ်တစ်ဦး၊ ဆရာဝန်တစ်ဦး မှားရင် သူနဲ့သက်ဆိုင်တဲ့ လူ့အဖွဲ့ အစည်းတစ်ခုကို ဆိုးကျိုးဖြစ်စေပြီး၊ မီဒီယာသမား မှားရင်တော့ တစ်နိုင်ငံလုံးချီပြီး ဆိုးကျိုးဖြစ်စေတယ်ဆိုတာ စာနယ်ဇင်းသမားလို့ ခံယူထားသူတွေ သတိထားဖို့ လိုပါတယ်။ သတင်းအမှားကြီးမှန်းသိသိနဲ့ ၂ ရက်လောက်နေမှ ကျွန်တော်၊ ကျွန်မတို့ မှားသွားပါသည်ဆိုတာမျိုး တိတ်တခိုးတောင်းပန်တာတွေလည်း တွေ့နေရတယ်။ တစ်ချို့ ဂျာနယ်တိုက်တွေကြတော့ သေချာမှန်းသိတယ် တမင်ကိုရောင်းကောင်းအောင် ရေးတာတွေတွေ့ရတော့ ဒီလိုစာတွေ အချိန်ပေးဖတ်နေမိတဲ့ ကိုယ့်ဘ၀ကိုလည်း သနားလာတယ်။ အခုတော့ ဘယ်သတင်း၊ ဘယ်ဂျာနယ်ပဲ ဖတ်ဖတ် ဘရိတ်ကီဆိုတဲ့သီချင်းစားသားလိုပဲ “ဟုတ်မှ ဟုတ်ရဲ့လား… ဟုတ်မှ ဟုတ်ရဲ့လား”လို့ တိုးတိုးလေး လိုက်ညည်းမိတယ်။ ငါတို့က ရေးချင်တာရေးမယ် မင်းလည်း မင်းဘာသာစဉ်းစားဆင်ခြင်ပြီး ဖတ်ဆိုရင်တော့ “သတင်းမီဒီယာ” လို့ မသုံးနှုန်းပဲ “အတင်းမီဒီယာ” လို့ ပြောင်းလဲသုံးနှုန်းဖို့ အခမဲ့အကြံပြုပေးချင်တယ်။

          ဆက်ရန်. . . . .

(မှတ်ချက်။    ။ စာနယ်ဇင်းသမားစစ်စစ်ကြီးများနှင့် စာပေဆရာကြီးစစ်စစ်များကို အစဉ်လေးစားဦးညွှတ် လျက်ပါ)

ဝဏ္ဏအောင်



.
. www.MyanmarExpress.net
 

သမ္မတကြီးဦးသိန်းစိန် နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း ကိုယ်တိုင်ဖွင့်ဟခဲ့သည့် အချစ်အကြောင်း




 




 





လက်ရှိ သမ္မတဦးသိန်းစိန်ရဲ့ ငယ်ဘဝ အကြောင်း၊ နှလုံးသားရေးရာအကြောင်း ဖတ်ရတာ မဆိုးပါဘူး။ နောက်တဆက် သမ္မတလုပ်မယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ "မောင်လေးအဲရစ်ကို ချစ်လိုက်တာ" ဆိုတဲ့ နှလုံးသားရေးရာအကြောင်း ကိုယ်တိုင်ရေးလေးတွေ ရှိရင်လည်း ပို့ပေးကြပါအုံး...။ အမှန်တရားကို တင်ရဲတဲ့လူရှိရင်လည်း တင်ပေးကြပါအုံး..။

. www.MyanmarExpress.net

 

ဖုန်းလိုင်းကြားဖြတ်နားထောင်ခံရမှု စာရင်း မြန်မာပါဝင်၊ ဂျာမနီ နှင့် အခြား နိုင်ငံပြည်သူများ အမေရိကန်ကို ဆန္ဒပြလျှက်ရှိ၊ လူ့ အခွင့်ရေး ချိုးဖောက် ခံရသည့် မြန်မာပြည်သူများလည်း ဆန္ဒပြသင့်


အမေရိကန် ပြည်ထောင်စုက လူ့အခွင့်အရေးချိုးဖောက်ကာ တကမ္ဘာလုံးမှာ လှိျု့ဝှက် ထောက်လှမ်းမှုတွေ လုပ်နေတယ် ဆိုတာနဲ့ ပတ်သက်လို့ အမေရိကန် ထောက်လှမ်းရေး အရာရှိဟောင်း Edward Snowden ရဲ့ ဖွင့်ဟ ပြောဆိုမှု တွေကြောင့် လူအများ ပိုမို သိလာခဲ့ ရာမှာ အခုတော့ သူတို့ ထောက်လှမ်းတဲ့ အထဲမှာ မြန်မာ နိုင်ငံ နှင့် မြန်မာပြည်သူတို့လည်း ပါဝင်တယ်လို့ သြစတြေးလျ သတင်းစာကြီး တစ်စောင်က ရေးသား ဖော်ပြ လာပါတယ်။

သြစတြေးလျနဲ့ အိမ်နီးချင်း နိုင်ငံ တွေမှာ ရှိတဲ့ နေရာပေါင်း ၉၀ လောက်ကို အမေရိကန်က ကြားဖြတ် ထောက်လှမ်းနေပြီး အဲဒီထဲမှာ မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှား ထိုင်း စတဲ့ နိုင်ငံတွေ ပါဝင်တယ်လို့ သြစတြေးလျ နိုင်ငံထုတ် Sydney Morning Herald သတင်းစာ ထဲမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။


လူ့အခွင့်အရေးချိုးဖောက် ခံရမှုအတွက် ဂျာမနီအပါအဝင် အမေရိကန်ရဲ့ မဟာမိတ် နိုင်ငံများမှ ပြည်သူ အများအပြား ဆန္ဒပြလျှက်ရှိပေမယ့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုမှာ တစ်ခု အပါအဝင်ဖြစ် တဲ့ မြန်မာပြည်သူများကတော့ ဆန္ဒပြတာမျိုး မရှိသေးပါဘူး။


အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကတော့ မဟာမိတ် နိုင်ငံတွေကိုတောင် ဆက်သွယ်မှုတွေနဲ့ ပတ်သက်လို့ ကြားဖြတ်နားထောင်တဲ့ အမေရိကန်က မြန်မာ နိုင်ငံကို အလားတူ လုပ်ဆောင်မယ် ဆိုရင်လည်း အံ့သြစရာတော့ မရှိဘူးလို့ သူက ပြောပါတယ်။

မြန်မာပြည်သူများဟာ မိမိနိုင်ငံအစိုးရ (သို့မဟုတ်) ဆက်သွယ်ရေးဝန်ကြီးဌာနမှ နိုင်ငံတော်လုံခြုံရေး အကြောင်းပြပြီး ကြာဖြတ်နားထောင် တယ်ဆိုရင် အသံပေါင်းစုံထွက်ကာ ဆန္ဒပြကြမှာဖြစ်ပေမယ့် တခြားနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်ပြီး နားထောင်ခြင်းကိုတော့ ဆန္ဒမပြရဲကြသေးဘူးလို့ သိရပါတယ်။ မွတ်ဆလင်အကြမ်းဖက်မှု ပဋိပက္ခတွေမှာ လူ့အခွင့်အရေး ဆိုတဲ့ စကားကို အကြိမ်ကြိမ်သုံးပြီး နာမည်ကောင်းယူခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ကင်တားနား၊ ဒလိုင်းလားမား၊ BC UK နဲ့ အီလက်ထရောနစ်ပုဒ်မ နဲ့ တရားစွဲလေ့ရှိတဲ့ Eleven Media အပါအဝင် အခြား မြန်မာအသင်း အဖွဲ့များကလည်း မြန်မာပြည်သူတို့အပေါ် အမေရိကန်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအတွက် တစ်စုံတရာ ပြောဆိုကန့်ကွက်ကြခြင်း မရှိပဲ ဆွံ့အနေကြတာကို ထူးဆန်းစွာတွေ့ရပါတယ်။

.. www.MyanmarExpress.net
 

ဆီးဂိမ်းပြည်ပဧည့်အဝင် မျှော်မှန်းထားသည်ထက်များပါက ပူရန်မလို၊ အခန်း ၂ဝဝ ကျော် အရန်သင့်ရှိဟုဆို

From : ..popular
 
ဆီးဂိမ်းတွင် နိုင်ငံခြားဧည့်အဝင် နှုန်းခန့်မှန်းထားသည်ထက် များပါက လည်း အခက်အခဲမရှိစေရန် အိပ်ခန်း ဆောင်နှစ်ရာကျော်အရန်သင့် စီစဉ် ထားကြောင်းရန်ကုန်ဟိုတယ်ဇုန် ဥက္ကဋ္ဌ ဦးတင်ဝင်းက ပြောသည်။

''လာမယ့် ဆီးဂိမ်းအတွက် အား လုံးအရန်သင့်ဖြစ်နေပြီ၊ ခုက လူမငြိမ် သေးဘူး။ ဟော်ကီအားကစားပါတယ်။ ဘာညာနဲ့သေချာမငြိမ်သေးဘူး။ ဒါပေမဲ့ ရန်ကုန်ဇုန်အနေနဲ့ဝန်ကြီးဌာနက သတ် မှတ်တဲ့အတိုင်း အဆင်သင့်ပဲ'' ဟု ဦး တင်ဝင်းက ပြောသည်။ လက်ရှိတွင် ရန်ကုန်တိုင်းဒေသ ကြီး၌ ဟိုတယ်အသစ်များလည်း ထပ်မံ တိုးချဲ့ဆောက်လုပ်လျက်ရှိပြီး ဆီးဂိမ်း အမီဖွင့်လှစ်သွားမည့် ဟိုတယ်အသစ် များရှိသကဲ့သို့ ဆီးဂိမ်းမမီပါကလည်း နောင်တွင် ဖွင့်လှစ်သွားရန် စီစဉ်နေ သည့် ဟိုတယ်များရှိသောကြောင့် မြန် မာနိုင်ငံ သို့ နိုင်ငံခြားသားဧည့်ဝင်ရောက် မှုနှုန်း တိုးလာတာနှင့်အညီ ဟိုတယ်အခန်း အရေအတွက် လောက်ငမှုရှိ ကြောင်း ၎င်းက ရှင်းပြသည်။

''လူကြီးက စိုးရိမ်တာက ဧည့် သည်ဝုန်းဆို ဝင်လာရင် မဆံ့မှာစိုးလို့ အရန်ထားတာပေါ့။ အဆင်ပြေတာက ပြေပါတယ်။ ဒီဧည့်သည်ကလည်း ဝင် လာတာနဲ့ ဟိုတယ်တွေကလည်း တိုး လာတာတွေရှိတယ်''ဟု ဦးတင်ဝင်းက ပြောသည်။ ထို့အပြင် လုံခြုံရေးအပိုင်း စိတ်ချ ရစေရန်အတွက် ဝန်ကြီးဌာနမှ သတ် မှတ်ပေးထားသည့် ဟိုတယ်များတွင် လည်းလုံခြုံရေး အထူးကြပ်မတ်မှုရှိစေ ရန် စစ်ဆေးမှုများလည်း ပြုလုပ်လျက်ရှိ ပြီး ဆီးဂိမ်းမရောက်ခင်ကြား ကာလ တွင်လည်း ထပ်မံစစ်ဆေးမှုများ ပြုသွား မည်ဖြစ်ကြောင်း သိရသည်။

''ဆီးဂိမ်းအတွက် လုံခြုံရေးက တော့ ပြန်စစ်ရမှာ၊ လိုတာတော့ သိပ် မတွေ့တော့ဘူး။ စီစီတီဗီကတော့ ဘယ် နှလုံးတပ်ရမယ်ဆိုတဲ့ ကန့်သတ်ချက် တော့မရှိဘူး။ ဧည့်ကိုလည်း အနှောင့် အယှက်မဖြစ်အောင်လုပ်ရတယ်လေ''ဟု ဦးတင်ဝင်းက ဆက်ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် လက် ရှိ၌ ဟိုတယ်အလုံးရေ နှစ်ရာ့နှစ်ဆယ် ရှိပြီး ပြီးခဲ့သည့်နှစ်တွင် အလုံးရေ တစ် ရာ့ရှစ်ဆယ်သာရှိခဲ့ပြီး ဟိုတယ် အလုံးရေနှင့် ဟိုတယ်အခန်းပေါင်း ပိုမိုတိုးလာကြောင်း သိရသည်။


 .. www.MyanmarExpress.net
 

KIO နှင့် UNFC ၏ လိုင်ဇာ ဆွေးနွေးပွဲကို မိုင်းလား နှင့် 'ဝ' တပ်ဖွဲ့ သပိတ်မှောက်

From : .. eleven


အနောက်အုပ်စုအကူအညီဖြင့် လိုင်ဇာတွင်ကျင်းပသော KIO နှင့် UNFC ၏ လိုင်ဇာ ဆွေးနွေးပွဲကို  "၀" သွေးစည်းညီညွတ်ရေး ပါတီ (UWSP)နှင့် မိုင်းလားအဖွဲ့ (NDAA) တို့ တက်ရောက်မည် မဟုတ်ကြောင်း သိရသည်။

လိုင်ဇာထိပ်သီး ဆွေးနွေးပွဲကို အောက်တိုဘာ ၃၀ ရက် (ယနေ့တွင်)စတင်မည်ဖြစ်ပြီး ဆွေးနွေးပွဲသို့ တိုင်းရင်းသား လက်နက်ကိုင် (၁၉)ဖွဲ့ကို ဖိတ်ကြားခဲ့သည့်အနက် "၀" နှင့် "မိုင်းလား" အဖွဲ့တို့က တက်ရောက်နိုင်မည် မဟုတ်ဟု အကြောင်းပြန်ခဲ့ခြင်း ဖြစ်သည်။

"ဗဟိုကော်မတီ အစည်းအဝေးမှာ တင်ပြချက် အရတော့ ၁၉ ဖွဲ့ ဖိတ်တယ်။ ဒါပေမဲ့ ၁၇ ဖွဲ့ပဲ တက်နိုင်မယ်။ နှစ်ဖွဲ့တော့ မတက်နိုင်ဘူး။ "၀" နဲ့ "မိုင်းလား" အဖွဲ့က သူတို့ကို ဖိတ်ကြားတဲ့အတွက် ၀မ်းသာကြောင်း ပြောတယ်။ ဒါပေမဲ့ သူတို့ရဲ့ ခေါင်းဆောင်တွေ ကျန်းမာရေး မကောင်းတဲ့အတွက် မလာနိုင်ဘူးလို့ အကြောင်းပြန်ပါတယ်" ဟု ကေအိုင်အို အဖွဲ့၏ စစ်ပြေးဒုက္ခသည် ကယ်ဆယ်ရေး ကော်မတီ တာဝန်ခံ ဦးဒွဲပီဆားက ပြောကြားသည်။

"၀" နဲ့ "မိုင်းလား" အဖွဲ့တို့ မတက်ရောက်နိုင်ခြင်းအပေါ် မှတ်ချက်ပေးရန်ကိုမူ ဦးဒွဲပီဆားက ငြင်းဆန်ခဲ့ပါသည်။

"ကျွန်တော်ဖြေဖို့တော့ တာဝန်မရှိဘူး။ ပြောရခက်တယ်လေ" ဟု ၎င်းကဆိုသည်။

ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG)၏ တာဝန်ရှိသူ ဦးလမိုင်ဂွမ်ဂျာက တရုတ်ဘက်မှ ခွင့်ပြုချက် မရသဖြင့် "၀" နှင့် "မိုင်းလား" အဖွဲ့တို့ မတက်ရောက်နိုင်ဆိုသော သတင်းများ ကြားနေရသည်ဟု ဆိုသည်။

"သူတို့ ဘာကြောင့်မတက်တာလဲဆိုတော့ ကျွန်တော်တို့ သိရသလောက်ဆို တရုတ်ဘက်ကနေပြီး နည်းနည်းလေး ခွင့်ပြုချက် မရဘူးလိုလို၊ ဘာလိုလို ကောလာဟလလည်း ဖြစ်ချင်ဖြစ်မှာပေါ့ဗျာ။ ဒါပေမဲ့ အဲဒီလိုတော့ အသံကြားတယ်" ဟု ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွမ်ဂျာက ပြောကြားသည်။

ထိုကိစ္စရပ်နှင့် ပတ်သက်ပြီး "၀" သွေးစည်းညီညွတ်ရေး ပါတီ (UWSP)၏ နိုင်ငံခြားရေးဌာန ဒုတိယတာဝန်ခံ ဦးဆမ်ခွန်းထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ UWSP ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်ထံသို့ ဆက်သွယ်မေးမြန်းရန် ပြန်လည်ဖြေကြားသည်။ ထို့ကြောင့် ဦးအောင်မြင့်ထံသို့ ဆက်သွယ်ခဲ့ရာ အဆက်အသွယ် မရရှိခဲ့ပေ။

တိုင်းရင်းသား လက်နက်ကိုင်များနှင့် နီးစပ်မှုရှိပြီး တရုတ်-မြန်မာ နယ်စပ်ရှိ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောကမူ "၀" နှင့် "မိုင်းလား" အဖွဲ့တို့ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ မတက်ရောက်ခြင်းမှာ တရုတ်၏ ဖိအားပေးမှုကြောင့် ဖြစ်သည်ဆိုသော အချက်က "ဖြစ်နိုင်ခြေများကြောင်း" ပြန်လည်ဖြေကြားသည်။

"ဖြစ်နိုင်ခြေ များပါတယ်။ အပိုင်းသုံးပိုင်း ရှိနိုင်တယ်။ ပထမပိုင်းကတော့ သူတို့က အပစ်အခတ် ရပ်စဲရေးအတွက် လက်မှတ်ထိုးပြီးပြီ။ ထပ်ထိုးစရာ မလိုတဲ့အတွက် လိုင်ဇာပွဲကို မတက်တော့ဘူးဆိုတာ ဖြစ်နိုင်တယ်။ ဒုတိယ တစ်ချက်က မြန်မာပြည်နိုင်ငံရေးကို နားမလည်တဲ့အတွက် ၀င်မပါတာလည်း ဖြစ်နိုင်တယ်။ နောက်ဆုံးတစ်ချက်ကတော့ အမှောင့်ပယောဂ တွေကြောင့်ပေါ့ဗျာ။ မတက်တာလည်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ ဒီလိုပွဲမျိုးကို သူတို့တက်သင့်တယ်လို့တော့ ယူဆပါတယ်" ဟု ဦးအောင်ကျော်ဇောက The Daily Eleven သို့ ပြောကြားသည်။

"၀" နှင့် "မိုင်းလား" အဖွဲ့သည် နီးစပ်မှုရှိသော မဟာမိတ် အဖွဲ့နှစ်ဖွဲ့ဖြစ်ပြီး "၀" အဖွဲ့က လိုင်ဇာထိပ်သီး ဆွေးနွေးပွဲကို တက်ရောက်ခြင်း မရှိသဖြင့် "မိုင်းလား" အဖွဲ့လည်း မတက်ရောက်ခြင်းဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၃၀ ရက်တွင် စတင်ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ထိပ်သီးဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင် နေသည်ကို အောက်တိုဘာ ၂၉ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)

.. www.MyanmarExpress.net
 

မြန်မာပြည်သူအများအပြား လေးစားအားကျသည့် ဒီမိုကရေစီ အမေရိကန်တွင် ထောက်လှမ်းရေးများက Google နဲ့ Yahoo ကြားဖြတ်ဖမ်းယူ၊ မြန်မာထောက်လှမ်းရေးလည်း အတုယူသင့်

From : .. voa

ကမ္ဘာအနှံ့က သတင်းအချက်အလက်တွေကို ရယူဖို့ အင်တာနက် ကုမ္ပဏီကြီးတွေဖြစ်တဲ့ Google နဲ့ Yahoo တို့က အသုံးပြုတဲ့ ဆက်သွယ်ရေး ကွန်ယက်တွေကို အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီက လျှို့ဝှက် ဖောက်ဝင်တာတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်သစ်တရပ် ထပ်ထွက်လာပါတယ်။

NSA အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီရဲ့ ကန်ထရိုက်တာဟောင်း Edward Snowden ဖောက်ထုတ်လိုက်တဲ့ အချက်အလက်တွေနဲ့၊ နားကြီး မျက်စိကြီး အာဏာပိုင်တွေနဲ့ မေးမြန်းချက်တွေကို အခြေခံပြီး NSA အမေရိကန် အမျိုးသားလုံခြုံရေး လျှို့ဝှက် အစီအစဉ်အချို့ကို သိရတယ်လို့ ဗုဒ္ဓဟူးနေ့ထုတ် The Washington Post သတင်းစာကြီးမှာ ရေးသားဖော်ပြပါတယ်။

NSA နဲ့ ဗြိတိန်က GTCHQ ဗြိတိန်အစိုးရ ထောက်လှမ်းရေးအေဂျင်စီတို့ တွဲပြီး MUSCULAR ဆိုတဲ့ စီမံချက်တခု ဆောင်ရွက်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ အဲဒီစီမံချက်ဟာ Google နဲ့ Yahoo ရဲ့ နိုင်ငံတကာကွန်ယက်တွေအကြား သတင်းအချက်အလက်တွေ သယ်ပို့တဲ့ ဖန်ကြိုးမျှင် Cable ကို လျှို့ဝှက် ကြားဖြတ် သတင်းရယူတာမျိုးတွေ လုပ်တာလို့ ဆိုပါတယ်။

Google နဲ့  Yahoo ကတော့ သူတို့အနေနဲ့ ဆက်သွယ်ရေးကွန်ယက်တွေကို အခုလို ကြားဖြတ်ပြီး လျှို့ဝှက် အချက်အလက်ယူတာမျိုး သူတို့ ခွင့်ပြုပေးခြင်း မရှိဘူးလို့ ကြေညာချက်ထုတ် တုံ့ပြန်ထားပါတယ်။ 


.. www.MyanmarExpress.net
 

ဒေါ်စု နိုင်ငံခြားလျှောက်လည်ပတ်မှ ပြောချင်တာပြောလေ့ရှိကြောင်း Eleven ကာတွန်းဖြင့် သရော်

From : .. eleven


လူထုခေါင်းဆောင် ဆိုသည့် ဒေါ်အောင်ဆန်းစုကြည်သည်  လွတ်လွတ်လပ်လပ် နိုင်ငံရေးလုပ်တာ ၃ နှစ်ရှိပြီဖြစ်သော်လည်း ဘာမှမလုပ်နိုင်၊ ဘာမှမပြောနိုင် သဖြင့် ဆုပတ်ယူမယ် အကြောင်းပြ၍ နိုင်ငံခြား အလည်အပတ် ခဏခဏ ထွက်ကာ အဝေးရောက်မှ ပြောချင်တာပြောတတ်သူဖြစ်သည်။


.. www.MyanmarExpress.net
 

NLD ရဲ့ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲ တက်လာသူ အများစုက NLD ပါတီဝင်တွေဖြစ်နေတယ်

From : ..hot news



၂၀၀၈ အခြေခံဖွဲ့စည်းပုံပြင်ဆင်ရေး၊ အသစ်ရေးဆွဲရေးကိုတိုင်းရင်းသားအဖွဲ့ အစည်းများနှင့်အရပ်ဘက်အဖွဲ့အစည်း များက ဆွေးနွေးမှုများပြုလုပ်နေကြချိန် တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ပတ်သက်၍တိုင်းရင်းသား ပါတီများတွေ့ဆုံခဲ့ပြီး၊ ဖွဲ့စည်းပုံကိုပြင်ဆင် ရေး (သို့)အသစ်ရေးဆွဲရေးကိုပြည်သူများ၏ သဘောထားဆန္ဒခံယူမည်ဟုကြေညာခဲ့ ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လူထုဆန္ဒကိုသဘောထားကောက်ခံလျက် ရှိရာ အဆိုပါကောက်ခံမှုနှင့်ပတ်သက်၍ တိုင်းသုတေသနဌာနအဖွဲ့ဝင်၊ တောင်ဒဂုံ မြို့နယ်အလုပ်အမှုဆောင် ကိုညီညီမင်း ကိုHot News  ကတွေ့ဆုံမေးမြန်းခဲ့ ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ဖွဲ့စည်း ပုံကိုပြင်ဆင်ရေး (သို့)အသစ်ရေးဆွဲရေး တို့အတွက်ဆန္ဒခံယူပွဲတွေလုပ်နေတာကို ပြည်သူအများစုကမသိကြတဲ့အပေါ်ဘယ်လို မြင်သလဲခင်ဗျာ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လုပ်ကိုင်ဆောင်ရွက်တာအားနည်းတယ်လို့ ကျွန်တော်မဆိုလိုပါဘူး။ ဖြည့်စွက်ပြော ချင်တာပဲရှိပါတယ်။ ဖွဲ့စည်းပုံပြင်ဆင် မလား၊ အသစ်ရေးဆွဲမလားဆိုတဲ့ကိစ္စနဲ့ ဆန္ဒခံယူပွဲတွေလုပ်တယ်။ တက်လာတဲ့ အထဲမှာပြည်သူသိပ်မပါဘူး။ အဖွဲ့ဝင်တွေ များနေတယ်။ ပြည်သူတွေရောက်ရှိလာ အောင်ဘယ်လိုလုပ်မလဲ။ ၂၀၀၈ ဖွဲ့စည်းပုံဆိုတာလည်းစပြီးတော့အစိုးရ ကိုယ်တိုင်ပြည်သူ့ဆန္ဒခံယူပွဲလုပ်တုန်း ကလည်း ပြည်သူအစစ်နဲ့လုပ်လာတာ မဟုတ်ဘူး။ ဒါကြောင့်ပြည်သူတွေကမသိ ကြဘူး။ ဒီအချက်ပေါ်မှာNLD က ပြည်သူ့သဘောထားကောက်ခံမှုမှာ ပြည်သူတွေဘယ်လိုပါဝင်လာအောင်လုပ် မလည်းဆိုတာကိုစဉ်းစားဖို့လိုပါတယ်။ ကျွန်တော်အနေနဲ့ပြောရရင်ပြည်သူပါဝင် လာအောင်၊ စိတ်ဝင်စားမှုရှိလာအောင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့သမိုင်းကြောင်းကို အရင်ဆုံးပြည်သူကိုချပြသင့်တယ်လို့ထင် တယ်။ ဒီအခြေခံဖွဲ့စည်းပုံကိုရေးဆွဲတုန်း ကလည်းတစ်ဖက်သတ်ရေးဆွဲလာတာ။ ဘယ်သူတွေကအုပ်စုဖွဲ့ကြီးစိုးပြီးတော့ လုပ်ခဲ့တယ်ဆိုတာကိုပြည်သူသိအောင်၊ အရင်ဆုံးလုပ်ရမယ်။ ပြီးတဲ့အခါကျမှ ဒီမိုကရေစီနဲ့မကိုက်ညီတဲ့အချက်တွေကို ပြည်သူတွေနားလည်တဲ့စကားလုံးနဲ့ရှင်း ပြရမယ်။ ပြည်သူ့ဆန္ဒကိုယူမယ်ဆိုရင် ပြည်သူ့ဆန္ဒကိုဘယ်လိုပုံစံမျိုးနဲ့ယူမလဲဆို တာကိုဝင်ရောက်တဲ့နည်းလမ်းတွေကို စဉ်းစားရမယ်။ ဒါမှသာပြည်သူတွေက ဒါကိုပြင်သင့်တယ်၊ အသစ်ရေးဆွဲရေး ဆိုတာကိုသိရှိနိုင်မှာဖြစ်ပါတယ်။ ဒီလို လူထုဆန္ဒကိုကောက်ယူမယ်ဆိုရင်NLD က ကြားနေဖြစ်ရမယ်။ လူထုကပြင်သင့် တယ်၊ ဖျက်ပြီးအသစ်ရေးဆွဲမယ်ဆိုတာ ကိုသေသေချာချာစာရင်းပြုစုပြီးတော့ သက်ဆိုင်ရာအသီးသီးဆီကိုပို့ရမယ်။ လူထုရဲ့ဆန္ဒအစစ်အမှန်ကိုပို့ဖို့လိုအပ် ပါတယ်။

ဒီလူထုဆန္ဒခံယူပွဲမှာပြည်သူအများစုပါဝင် လာအောင်၊ စိတ်ဝင်စားလာအောင်ဘယ်လို လုပ်ဆောင်သွားသင့်တယ်ဆိုတာပြောပြ ပေးပါ။

ပြည်သူလူထုပါဝင်လာဖို့ဆိုရင် အပင်ပန်းခံရမှာပေါ့ဗျာ။ ကျွန်တော်အမြင်  အရလူထုဆန္ဒခံယူပွဲကိုလူအများကြီးနဲ့ လုပ်မယ့်အစားလူအုပ်စုလေးတွေခွဲပြီးတော့ ဒီအစုအဖွဲ့လေးတွေကရပ်ကွက်အတွင်း ဆိုရင်လည်းတစ်အိမ်ဆင်းတစ်အိမ်တက်၊ လက်ကမ်းစာစောင်တွေဝေမယ်၊ လက် ဖက်ရည်ဆိုင်၊ ဆိုက်ကားဂိတ်တို့လိုလူ အများရှိတဲ့နေရာတွေမှာဖွဲ့စည်းပုံအကြောင်း ကိုပြောမယ်။ ဒါကအထိရောက်ဆုံး နည်းလမ်းပဲ။ ဒါကနိုင်ငံတကာမှာလည်း လုပ်တယ်ဆိုရင်door to door စနစ်ကို ကျင့်သုံးကြတာပဲ။ ဒီလိုဘာလို့မလုပ်နိုင် ရမှာလဲ။ နောက်ပြီးပါတီဝင်တစ်ဦးချင်း ဆီမှာဖွဲ့စည်းပုံကပုံမှန်မဟုတ်တာတွေ၊ ဒီမိုကရေစီနည်းမကျတာတွေကိုပြောပြ နိုင်ရမယ်။ အဖွဲ့ဝင်တစ်ဦးချင်းဟာလူထု ကြားထဲမှာတစ်အိမ်ဆင့်တစ်အိမ်တက် လုပ်ပြီး၊ လူထုနားလည်အောင်ရှင်းပြနိုင် ရမှာဖြစ်ပါတယ်။

ဖွဲ့စည်းပုံကိုပြင်ဆင်ရေး (သို့)အသစ်ရေး ဆွဲရေးအတွက်ဘယ်အချက်ကိုပြင်သင့်ပါ သလဲ။ ဖွဲ့စည်းပုံကိစ္စနဲ့ပတ်သက်ပြီး အစိုးရကအချိန်ပေးတာနည်းတယ်ဆိုပြီး သုံးသပ်နေတဲ့အပေါ်အမြင်သဘောထား ပြောပြပေးပါခင်ဗျာ။

ကျွန်တော်အမြင်ရပြောရရင်ပြင်ဆင် ရေး (သို့)အသစ်ရေးဆွဲရေးဆိုတာခေါင်းနဲ့ ပန်းပဲ။ အဲဒီတော့ပြင်ဆင်ရေးဆိုလည်း တစ်အုပ်လုံးကိုပြင်ဆင်ရမှာဖြစ်သလို၊ အသစ်ရေးဆွဲသလိုပုံစံအားဖြင့်ဖြစ်သွား ပါတယ်။ ဖွဲ့စည်းပုံမှာပါတဲ့တစ်ခုချင်းဆီမှာ နိုင်ငံသားနဲ့နိုင်ငံသားအခွင့်အရေး၊ တပ် မတော်အခန်းကဏ္ဍတိုင်းမှာအားနည်း ချက်တွေအများကြီးရှိပါတယ်။ ဒါကို ပြင်ဆင်ဖို့အတွက်လူထုဆန်္ဒခံယူတယ်ဆို တာလည်း အစိုးရကတရားဝင်မလုပ်တဲ့ အတွက် လွှတ်တော်ပြင်ပကနေလွှတ်တော် ထဲကိုတင်သွင်းရမယ်ဆိုတော့အချိန်ကိုဆွဲ နေဖို့မလိုပါဘူး။ အစိုးရကတိုတောင်းတဲ့ အချိန်ပေးလည်းအချိန်ဆွဲစရာမလိုဘူး။ ဖွဲ့စည်းပုံကမမှန်ကန်ဘူးဆိုတာလက်တွေ့၊ မျက်တွေ့ဖြစ်နေပြီပဲ။ အချိန်မစောင့်ဆိုင်း ဘဲနဲ့ အင်တိုက်အားတိုက်လုပ်သင့်ပါ တယ်။

ဖွဲ့စည်းပုံကိုပြည်သူလူထုထောက်ခံမဲပေး ရတဲ့အချိန်ကာလကိုဘယ်လိုသုံးသပ်ပါ သလဲခင်ဗျာ။
ထောက်ခံမဲပေးရတဲ့အချိန်တုန်းက ကျွန်တော်ထောင်ထဲရောက်နေပါတယ်။T.V ထဲမှာကြည့်ရတယ်။ နားထောင်ရ တယ်။ ထောက်ခံပွဲကိုတက်လာတဲ့သူတွေက သူတို့ပုံT.V  ထဲမပါရေးအတွက်ထီးတွေ နဲ့ကွယ်နေကြတာကိုတွေ့ရတယ်။ ထောင် ၀န်ထမ်းတွေဆီကလည်းပြန်ကြားရတာက ၀န်ထမ်းတွေကိုဖိအားပေးပြီးခေါ်တယ်လို့ ကြားရတယ်။ အဲဒီအပေါ်မှာဝန်ထမ်း အများစုဟာ နိုင်ငံတော်ကပေးတဲ့ပြည်သူ့ လစာကိုစားနေတဲ့ပြည်သူ့ဝန်ထမ်းမဟုတ် ဘဲနဲ့ အစိုးရ၀န်ထမ်းလို့ခံယူထားတဲ့လူတွေ တောင် ယုံကြည်မှုမရှိတာကိုသိလိုက်ရ တယ်။ သာမန်ပြည်သူတွေဆိုရင်လုံးဝ စိတ်ဝင်စားမှုပိုအားနည်းမယ်လို့ထင် ပါတယ်။
ကျွန်တော်မေးခဲ့တဲ့NLD  ကလူထုဆန္ဒခံ ယူနေတဲ့အပေါ်ရော ဒီအပြင်အမြင်သဘော ထားကိုထပ်မံဖြည့်စွက်ပြောစရာရှိပါသေး လား ခင်ဗျာ။

ကျွန်တော်တို့မြန်မာနိုင်ငံမှာ NLD  က အကြီးဆုံးသောအတိုက်အခံပါတီ ဖြစ်တယ်။ ကျွန်တော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်က အားကိုးရတဲ့ခေါင်းဆောင်တစ်ဦးဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့တစ်ဆင့်ပြီး တစ်ဆင့်လှုပ်ရှားမှုတွေနောက်မှာတကယ်ပဲ   အားတက်သရောနဲ့၊ အင်အားအလုံး အရင်းနဲ့ပံ့ပိုးပေးမယ်ဆိုရင်အချိုးအကွေ့ တစ်ခုကို ရောက်မယ်လို့ယုံကြည်ပါတယ်။ ဖွဲ့စည်းပုံကိစ္စနဲ့ပတ်သက်ပြီး ပြည်သူလူထု အနေနဲ့နောက်ဆုတ်လို့မရတော့ပါဘူး။ ပြည်သူလူထုအနေနဲ့လည်းပြင်ဆင်ရေး (သို့) အသစ်ရေးဆွဲအပေါ်သွားရမှာဖြစ် ပါတယ်။ လက်ရှိအခြေအနေနဲ့ ဥပဒေ လမ်းကြောင်းကိုခဏဘေးဖယ်ထားပြီးတော့ ဒီဖွဲ့စည်းပုံကိစ္စကို နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်ရမှာဖြစ်တယ်။ ဒီမိုကရေစီနည်း ကျကျလူထုဆန္ဒခံယူမယ်၊ တောင်းဆိုမယ်၊ မရမချင်းတောင်းဆိုမယ်။ ဒီလိုမှမရရင် ဆန္ဒထုတ်ဖော်ပွဲတွေနဲ့လည်း   တောင်းဆို သွားမယ်လို့ပြောချင်ပါတယ်။
ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။

.. www.MyanmarExpress.net
 

မြန်မာတစ်နိုင်ငံလုံး WiFi အင်တာနက်လိုင်း ရရှိစေရေး ဆောင်ရွက်မည်

From : ..မြစ်မခ




မြန်မာ့ဆက်သွယ်ရေးလုပ်ငန်အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် WiFi အင်တာနက်လိုင်းရရှိရေး  အကျိုးတူလုပ်ငန်းများ လုပ်ကိုင်၍ ကြိုးပမ်းသွားမည်ဟု မြန်မာ့ဆက်သွယ်ရေးသတင်းအချက်အလက်နှင့် နည်းပညာဌာနမှ သိရှိရသည်။

WiFi အင်တာနက်လိုင်းဝန်ဆောင်မူလုပ်ငန်းအောင်အောင်မြင်မြင်လုပ်ဆောင်နိုင်ရေး အကျိုးတူပူးပေါင်း လုပ်ဆောင်မည့် ပြည်တွင်းပြည်ပကုမ္ပဏီများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တင်ဒါဖိတ်ခေါ်ထားကြောင်း သိရသည်။

 တစ်နိုင်ငံလုံးအတိုင်းအတာရရှိအောင် လုပ်သွားမှာပါ၊ ပူးပေါင်းလုပ်ဆောင်မယ့် ကုမ္ပဏီတွေ ဖိတ်ခေါ်ထားတယ်၊ သူတို့ လုပ်ကိုင်မယ့်နေရတွေကို တင်ပြရမှာဖြစ်တယ်၊ ” ဟု မြန်မာ့ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

WiFi ဇုန်များအား ကနဦးအနေဖြင့် အင်တာနက်သုံးစွဲမူများသော မြို့များ၌ ထားရှိသွားမည်ဖြစ်ပြီး ဆက်လက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ထပ်မံတိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပြည်တွင်းတွင် လက်ရှိဝန်ဆောင်မှုပေးနေသော အင်တာနက်လိုင်းများမှာ ဖိုက်ဘာအင်တာနက်လိုင်း၊ADSL အင်တာနက်လိုင်း၊ Dial-up၊ E1၊ မိုဘိုင်းအင်တာနက်နှင့် ဝေးလံခေါင်းပါးသည့် နေရာများ၌ အသုံးပြုသည့် ဂြိုဟ်တုအင်တာနက်လိုင်းများဖြစ်သည်။

ပြည်တွင်း၌ အင်တာနက်အသုံးပြုသူမှာ ၁၃ သိန်းခန့်ရှိပြီး မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုသူ အရေအတွက်မှာ လူဦးရေ ၁၁ သိန်းခန့်ရှိသည်ဟု သိရှိရသည်။ လက်ရှိ မြန်မာ့နိုင်ငံ၌ အင်တာနက်မြန်နှုန်း 11.5GBPS သာ အသုံးပြုနိုင်သေးသည်။

မြန်မာနိုင်ငံ၌ အင်တာနက် အသုံးပြုဦးရေသည် ၆ သိန်းကျော်ရှိသည်ဟု ၂၀၁၂ ခုနှစ်အတွင်း ရတနာပုံ တယ်လီပို့မှ ခန့်မှန်း ထားရှိခဲ့သော်လည်း၊ ရန်ကုန်မြို့တွင် ၂၀၁၅-၂၀၁၆ ခုနှစ် အရောက်၌ အင်တာနက် အသုံးပြုသူအရေအတွက် ၂.၅ သန်းသို့ ရောက်ရှိလာလိမ့်မည်ဟု မြန်မာ့ဆက်သွယ်ရေးမှ ခန့်မှန်းထားသည်။

အင်တာနက်မြန်နှုန်းတိုးမြှင့်ခြင်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ဂျပန်နိုင်ငံ NTT Communications တို့ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

.. www.MyanmarExpress.net
 

ဒေါ်အောင်ဆန်းစုကြည် ဖုန်းကိုလည်း အမေရိကန်မှ ကြားဖြတ်နားထောင်မှုများ ပြုလုပ်ခဲ့နိုင်

From : myanma age


ဂျာမနီမှ Der Spiegel မဂ္ဂဇင်းက အမေရိကန်သည် ဂျာမနီအဓိပတိ အိန်ဂျယ်လာမယ်ကယ်လ်ကို လွန်ခဲ့သော ၁၀နှစ်ကျော် ကတည်းက ထောက်လှမ်းနေခဲ့ဖွယ်ရှိသည်ဟု ရေးသားလိုက်သည်။ အောက်တိုဘာ ၂၆ ရက်က ထုတ်ခဲ့သော သတင်းတွင် မာကယ်လ်၏ ဖုန်းကို NSA ၏ Special Collection Service (SCS) တွင် GE Chancellor Merkel ဟု အမှတ်အသားပြုကာ စားရင်းသွင်းထားကြောင်း ဖော်ပြသည်။ ပြီးခဲ့သော ဇွန်လက သမ္မတအိုဘားမားက ဘာလင်သို့ သွားရောက် မလည်ပတ်မီ အချိန်အထိ ထိုစာရင်းမှာ ရှိနေခဲ့သည်ဟု ဆိုသည်။

မဂ္ဂဇင်းက SCS အထောက်အထားအရ စပိုင်လုပ်ငန်းခွဲများက နိုင်ငံခေါင်းဆောင်တစ်ဦး အမည်စာရင်းကို စုံစမ်းမှု စာရင်းတွင် ထည့်သွင်းထားခြင်းမှာ တရားမ၀င်သလို အမေရိကန်နှင့် အခြားနိုင်ငံများအကြား ဆက်ဆံရေးကို ကြီးမားစွာ ထိခိုက်စေသည်ဟု ရေးသားထားသည်။ ထိုမျှ မက ပြင်သစ်၊ မက်ဒရစ်၊ ရောမ၊ ဂျနီဗာ စသည့် ကမ္ဘာ့နေရာပေါင်း ၈၀ ခန့်တွင် ယင်းစပိုင် လုပ်ငန်းခွဲများ ရှိနေသည်ဟု ဆိုသည်။

သို့သော်လည်း မဂ္ဂဇင်းက SCS ပေါက်ကြားမှုနှင့် ပတ်သတ်ပြီး မည်သည့်သတင်းရင်းမြစ်ကိုမျှ ဖော်ပြခြင်း မရှိသလို၊ မှတ်တမ်းကိုလည်း ထုတ်ပြခြင်း မရှိသေးပေ။

ယခုသတင်းပတ်အတွင်း ဂျာမနီ ခေါင်းဆောင်အပေါ် စပိုင်လုပ်သည့် လုပ်ရပ်အတွက် အမေရိကန် သံအမတ်ကို ဆင့်ခေါ် ဆွေးနွေးမှု လုပ်ခဲ့သည်။ ယင်းဖြစ်ရပ်အတွက် ဂျာမနီ ထောက်လှမ်းရေး အကြီးအကဲက လာမည့်ရက်သတ္တပတ် အတွင်း ဖြေရှင်းချက်တောင်းရန် အမေရိကန်သို့ သွားရောက်မည်ဖြစ်သည်။

သမ္မတ အိုဘားမားကလည်း ဂျာမနီခေါင်းဆောင်ကို စပိုင်လုပ်ရပ်များ အမှန်တကယ်ဖြစ်ကြောင်း သူသိပြီဆိုသည်နှင့် ချက်ချင်း ရပ်တန့်စေရမည်ဟု ပြောခဲ့ကြောင်း မဂ္ဂဇင်းက ရေးသားထားသည်။ လက်ရှိအချိန်တွင် ၀ါရှင်တန်တွင် အွန်လိုင်း စပိုင်လုပ်ရပ်များအတွက် ထောင်နှင့်ရှိသော ကန့်ကွက်သူများက ချီတက်ဆန္ဒပြခြင်းများပြုလုပ်လျှက် ရှိသည်။

www.MyanmarExpress.net
 

၂၀၁၄ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ကောင်းကင်ဂြိုလ်တု အကူအညီဖြင့်ကောက်မည်

From : .. hot news
 
 
၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းအား တစ်နိုင်ငံ လုံးကို ကောင်းကင်ဂြိုလ်တုမှ ဓာတ်ပုံရိုက်ယူပြီး ဖော်ဆောင် ထားသော ကောက်ကွက်များ အတိုင်း ၂၀၁၄ ခုနှစ်၊ မတ်လ ၃၀ ရက်မှ ဧပြီလ ၁၀ ရက်အတွင်း တွေ့ရာနေရာတွင် ကောက်ယူ သောဒီဖက်တိုနည်းစနစ်ဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနပြည်ထောင်စု ၀န်ကြီး ဦးခင်ရီကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊အစိုးရ ရုံးခန်းမဆောင်တွင် ဟိုတယ်လုပ် ငန်းရှင်များ၊ စက်မှုလုပ်ငန်းရှင် များကိုဖိတ်ခေါ်၍ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေး ဆိုင်ရာ ရှင်းလင်းပွဲကျင်းပပြုလုပ် ခဲ့ရာတွင် ၎င်းကယင်းသို့ပြော ကြားခဲ့ခြင်းဖြစ်သည်။

““ပဋိပက္ခဖြစ်ပွားနေတဲ့နယ် မြေတချို့ဒေသတွေကို ယူရီယန် မြေပုံတွေနဲ့ကြည့်မယ်။ မြေပုံတွေ  ကိုလည်း မှာထားပြီ။ နောက်ထပ် တစ်နိုင်ငံလုံးကို ကောင်းကင် ဂြိုလ်တုကနေရိုက်ပြီးတော့ကောက် မယ်။ အဲဒီလိုလုပ်တဲ့အတွက် မရောက်နိုင်တဲ့နေရာတွေမှာရှိတဲ့ အိမ်အရေအတွက်တွေရမယ်။ လုပ်နိုင်မှုကတော့ တစ်နိုင်ငံလုံး ကို ရာခိုင်နှုန်းပြည့်လုပ်နိုင်သွား နိုင်မယ်လို့ ယုံကြည်ပါတယ်”” ဟု ၎င်းကပြောသည်။


သန်းခေါင်စာရင်းကောက်ယူ ရာတွင် မြန်မာနိုင်ငံအခြေစိုက် သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများ တွင် တာဝန်ထမ်းဆောင်နေ သော နိုင်ငံခြားသားသံတမန်များ နှင့် မိသားစုဝင်များ၊ ၂၀၁၄ ခုနှစ် မတ် ၂၉ ရက်၊ ညဥ့်သန်းခေါင် ကျော်လွန်ပြီးမှ မွေးဖွားလာသော ကလေးများမှလွဲ၍ ကျန်သန်း ခေါင်စာရင်းရည်ညွှန်းချိန်အတွင်း မြန်မာနိုင်ငံနယ်နိမိတ်အတွင်း နေထိုင်သူအားလုံးကို စာရင်း ကောက်ယူမှုသည် မြန်မာနိုင်ငံ တွင်လွတ်လပ်ရေးရပြီးနောက်ပိုင်း နှစ်ကြိမ်သာကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။        

.. www.MyanmarExpress.net
 

စစ်ဘက် ဆက်ဆံရေး တိုးမြှင့်ရန် အိန္ဒိယ ကြည်းတပ် ဦးစီးချုပ် မြန်မာပြည် ရောက်

From : .. irrawaddy

အိန္ဒိယ, မြန်မာ, တပ်မတော်, စစ်တပ်, စစ်ဘက် ဆက်ဆံရေး 
 
 နှစ်နိုင်ငံ စစ်ရေးဆက်ဆံမှု တိုးမြှင့်ရန် အိန္ဒိယ ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘီကာရမ် ဆင်း (Bikram Singh)နှင့် အဖွဲ့ ယနေ့ မြန်မာနိုင်ငံသို့ သွားရောက်ကြောင်း The Times of India သတင်းစာတွင် ဖော်ပြထားသည်။

ခရီးစဉ်အတွင်း မြန်မာတပ်မတော် ခေါင်းဆောင်များနှင့်တွေ့ဆုံ၍ ပိုမိုကောင်းမွန်သော နယ်စပ်ဒေသ စီမံခန့်ခွဲမှုမှသည် စွမ်း ရည် ပြည့်ဝသည့် မြန်မာတပ်မတော် တည်ဆောက်ရေး အထိ ဆွေးနွေးသွားမည်ဟု သိရသည်။

အိန္ဒိယနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများ နှင့် တိုးချဲ့ဆက်ဆံရန် ရည်ရွယ်ပြီး မြန်မာတပ်မတော်အား စွမ်းရည်မြှင့်တင်ပေးရေး အတွက် အိန္ဒိယ စစ်တက္ကသိုလ်များနှင့် စစ်သင်တန်းများတွင် မြန်မာစစ်အရာရှိများ ပိုမိုတက်ရောက်နိုင်ရေး စီစဉ်သွားမည်ဟုလည်း  အဆိုပါသတင်း၌ ဆက်လက် ဖော်ပြထားသည်။

ထို့အပြင် မြန်မာတပ်မတော်အား ရေတပ်ကင်းလှည့် လေယာဉ် များ၊ စစ်သင်္ဘောများ၊ ထောက်လှမ်းရေး ကိရိယာများ၊ ၁၀၅ မမ အမြောက်ကြီးများ စသည့် လက်နက်များ ထောက်ပံ့နေရာ ပြီးခဲ့သည့် ရက်ပိုင်းကလည်း အိန္ဒိယနိုင်ငံလုပ် အသံလှိုင်းဖြင့် ရေ အောက် ထောက်လှမ်းရေး Sonar ကိရိယာများ မြန်မာရေတပ်သို့ ရောင်းချမည်ဖြစ်ကြောင်း အိန္ဒိယ ကာကွယ်ရေး ၀န်ကြီး ၏ အကြံပေး ပုဂ္ဂိုလ်ကို ကိုးကားပြီး The Hindu သတင်းစာတွင်လည်း ရေးသားထားသေးသည်။

ယခု အိန္ဓိယ ကြည်းတပ်ဦးစီးချုပ်၏ မြန်မာပြည် ခရီးစဉ် မတိုင်ခင် ပြီးခဲ့သည့် ဇန်န၀ါရီလ အတွင်းက ကာကွယ်ရေးဝန်ကြီး အန်တိုနီ (A K Antony)လည်း မြန်မာပြည် သွားရောက်ခဲ့သေးသည်။ ယမန်နှစ် နိုဝင်ဘာလ အတွင်းကလည်း လေတပ်ဦးစီး ဗိုလ်ချုပ်ကြီး ဘရုန်း(N A K Browne) မြန်မာပြည်သို့ သွားရောက်ခဲ့ဖူးသည်။

မြန်မာတပ်မတော်သည် အစိုးရသစ်လက်ထက် ဒေသတွင်းနိုင်ငံများ၏ တပ်မတော်များနှင့် သာမက ဗြိတိန်၊ အမေရိကန် စသည့်နိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့် ဆောင်ရွက်လျက်ရှိသည့်အပြင် ရုရှား ၊ တရုတ်စသည့် နိုင်ငံများနှင့် စစ်ရေးအရ ပူးပေါင်း ဆောင်ရွက် မှုများ ပြုလုပ်ရန် စီစဉ်လျက် ရှိသည်။

ပြီးခဲ့သည့် လဆန်းပိုင်းက မြန်မာတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သို့ သွားရောက်၍နှစ်နိုင်ငံ စစ်ရေးပူးပေါင်းမှု တိုးမြှင့်ရန် ဆောင်ရွက်ခဲ့ပြီး တရုတ်ပြည်ရှိ စစ်လက်နက်ပစ္စည်းစက်ရုံများ ကို သွားရောက်ကြည့်ရှု ခဲ့သေး သည်။

မြန်မာ တပ်မတော်သည် ရေတပ်နှင့်လေတပ်ကို တိုးချဲ့ရန် ဆောင်ရွက်နေကြောင်း စစ်ဘက်နှင့် နီးစပ်သူများအဆိုအရ သိရသည်။


.. www.MyanmarExpress.net
 

မြန်မာနိုင်ငံသည် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ကြိုးပမ်းလုပ်ဆောင်နေသည့် လမ်းကြောင်းပေါ် ရောက်ရှိနေဟု ကမ္ဘာ့ဘဏ် ထုတ်ပြန်

From : .. popular

မြန်မာနိုင်ငံသည် စီးပွားရေးပြုပြင် ပြောင်းလဲမှုများ ကြိုးပမ်းလုပ်ဆောင်နေ သည့်လမ်းကြောင်းပေါ် ရောက်ရှိနေ ကြောင်း ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည် ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်းတို့ ပူးတွဲပြုစုသည့် အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာ စည်းမျဉ်းဥပဒေများကို ယခုနှစ်အတွက် ထုတ်ဝေသည့် Doing Businessအစီ ရင်ခံစာတွင် ပထမဆုံးအဖြစ် ထည့်သွင်း ဖော်ပြခံရခြင်းလည်း ဖြစ်သည်။

Doing Business အစီရင်ခံစာ တွင် စတင်ပါဝင်လာခြင်းဖြင့် မြန်မာနိုင် ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် များ၏ အကျိုးရလဒ်ကို အကဲဖြတ်နိုင် မည်ဟု အစီရင်ခံစာနှင့်ပတ်သက်သည့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

မြန်မာအစိုးရသည် စီးပွားရေး ပြုပြင်ပြောင်းလဲ မှုဖြင့် ငွေလဲနှုန်း များတည်ငြိမ်အောင် ဆောင်ရွက်ခြင်း၊ ကုန်ဈေးနှုန်းတည်ငြိမ် စေရန်နှင့် ဘဏ်တိုးနှုန်းလျှော့ချသတ် မှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

သို့ရာတွင် အစိုးရက စီးပွားရေး ဆိုင်ရာ ပြောင်းလဲမှုများ ဆောင်ရွက်နေ သည်ဟု ဖော်ပြသော်လည်း နိုင်ငံရေး ပြောင်းလဲမှုများကိုသာ ပိုမိုမြင်တွေ့ရ ကြောင်း၊ စီးပွားရေးကဏ္ဍတွင် သိသာ သောပြောင်းလဲမှုများ မတွေ့ရကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက မှတ် ချက်ပြုသည်။

''စီးပွားရေး ပြောင်းလဲတယ်ဆိုရင် တစ်ဦးချင်းဝင်ငွေတွေ တက်လာရမှာ ပေါ့''ဟု ၎င်းက ပြောသည်။

မည်သို့ပင်ဖြစ်စေ ယခုနှစ်Doing Business အစီရင်ခံစာသည် (၁၁)ကြိမ်မြောက် တည်းဖြတ်ထုတ်ဝေ ခြင်းဖြစ်ပြီး နိုင်ငံများ၏ စီးပွားရေးလုပ် ငန်းစဉ်များကို အစအဆုံးလေ့လာသည့် အစီရင်ခံစာ ဖြစ်သည်။ စီးပွားရေးလုပ် ငန်းများဆောင်ရွက်ရန် အဆင်ပြေအ လွယ်ကူဆုံး နိုင်ငံများအဖြစ် အညွှန်း ကိန်း(၁ဝ)ခုပေါ်တွင် အခြေခံကာ အဆင့်သတ်မှတ်ချက်များထုတ် ပြန်ပေး ပြီး နိုင်ငံပေါင်း ၁၈၉ နိုင်ငံကို လေ့လာ ထားကြောင်း သိရသည်။

ယခုနှစ်တွင် အကောင်းဆုံးစီးပွားaရးစည်းမျဉ်းဥပဒေများရှိသည့် ထိပ် တန်းနိုင်ငံများ၌ နယူးဇီလန်၊ ဒိန်း မတ်၊ မလေးရှား၊ ကိုရီးယား၊ နော်ဝေ စသည် တို့ ပါဝင်ကြောင်း သိရသည်။


 .. www.MyanmarExpress.net
 

ရဲကို ဖမ်းဆီးကြိုးတုတ်ရိုက်နှပ်ခဲ့သည့် နေပြည်တော်သားများ The Voice ဂျာနယ် သတင်းထောက်ကိုလဲ ဝိုင်းရိုက်

From : .. the voice


တလောက ရဲကို ဖမ်းဆီးကြိုးတုတ်ရိုက်နှပ်ခဲ့သည့် နေပြည်တော်သားများသည် လွှတ်တော် အစည်းအဝေးများကို တက်ရောက်သတင်းရယူနေသူ The Voice သတင်းစာနှင့် အပတ်စဉ် ထုတ် စာစောင်၏ သတင်းထောက် ဦးအောင်ထက်ကို အမျိုးသား နှစ်ဦးက အောက်တိုဘာ ၂၈ ရက် ည ၁၀ နာရီခွဲခန့်တွင် ထိုးကြိတ် ရိုက်နှက် ခံရကြောင်းကာယကံရှင် က ပြောကြားသည်။

ဦးအောင်ထက်သည် အဆိုပါ မြို့နယ် မင်္ဂလာရပ်ကွက်၊ အမှတ်(၂) သံလမ်းဂိတ် အနီးထမင်းဆိုင်တွင် ထမင်းစားပြီးနောက် The Voice ရုံးခန်းသို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် မြို့ဦးရပ်ကွက် ဗိုလ်တောက်ထိန် လမ်းထောင့် အောင်ချမ်းသာဘုရားအနီးတွင် ၎င်းရှေ့၌  စက်ဘီးတစ်စီး ယိုင်နဲ့ကာ စီးနင်းလာသောကြောင့် ၎င်းက ဆိုင်ကယ် အရှိန်လျော့၍ ရှောင်ကွင်းကာမောင်းနှင်ခဲ့ကြောင်း၊ ယင်းနောက် စက်ဘီးမှာလမ်းမလယ်သို့ ရောက်နေသဖြင့် ဆိုင်ကယ်ကို လမ်းဘေးချကာ မြေသားလမ်းတွင် မောင်းနှင်လာစဉ် စက်ဘီးသည် ဆိုင်ကယ်ဘက်သို့ လဲကျခဲ့သောကြောင့် ၄င်းက သွားရောက် တောင်းပန်စဉ် စက်ဘီးစီးလာသူ နှစ်ဦးကထိုးကြိတ်ခဲ့ကြောင်း  ၎င်းက ရှင်းပြသည်။

အဆိုပါ ဆိုင်ကယ်နှင့် စက်ဘီးချိတ်မိရာတွင် သတင်းထောက် စီးနင်းလာသောဆိုင်ကယ်တွင် နောက်ကြည့်မှန်ကို ထိခိုက်ခဲ့ပြီး စက်ဘီးစီးနင်းလာသူ နှစ်ဦးကိုထိခိုက်ဒဏ်ရာမရရှိခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

သတင်းထောက် ဦးအောင်ထက်ကို ကန်ကျောက် ထိုးကြိတ်ပြီးနောက် အဆိုပါ လူနှစ်ဦးက ၎င်းတို့ စီနင်းလာသော မိန်းမစီးစက်ဘီးကို ကိုယ်တိုင်ဖျက်ဆီးခဲ့ကြောင်း၊ အသက် ၂၀ ကျော်အရွယ် အခြားအမျိုးသားတစ်ဦးကလျှော်ကြေးတစ်သိန်းခန့် ပေးရန် ဝင်ပြောသဖြင့် ၎င်းက ပိုက်ဆံပါမလာသဖြင့် ရုံးသို့လိုက်ယူရန် ပြောကြားခဲ့ရာ ထပ်မံကန်ကျောက်ခဲ့ပြီး ဆိုင်ကယ်ပေါ်တင်ကာ လမ်းကြားတစ်ခုထဲသို့ မောင်းနှင်ရာကိုအောင်ထက်ကမလိုက်ရဲကြောင်းပြောဆို၍ ဆိုင်ကယ်ပေါ်မှ ခုန်ချစဉ် ထပ်မံကန်ကျောက်ခဲ့ကြောင်း ၊ စတင်ဖြစ်ပွားချိန်မှစ၍ ၄၅ မိနစ်အကြာတွင် အရပ်ဝတ်ဖြင့် ယာဉ်ထိန်းတစ်ဦးရောက်လာချိန်မှ သက်သာရာရခဲ့ပြီး ထိုးကြိတ်သူများက ထွက်ပြေးခဲ့ကြောင်း ၎င်းက ထပ်မံရှင်းပြသည်။

"တစ်သိန်း၊ တစ်သိန်းခွဲဆိုပြီးတောင်းတယ်။ ပေးမယ်လို့ ပြောတော့ လည်း ထပ်ထိုးတယ်။" ဟု ဦးအောင်ထက်ဆိုသည် အဆိုပါ ရိုက်နှက်သူကို ရဲတပ်ဖွဲ့၏ စုံစမ်းချက်အရ တရုတ်ကြီးသည် The Voice ရုံးခန်းဖွင့်လှစ်ရာ မြို့ဦးရပ်ကွက် ၊တောင်သာအုပ်စု ၊ပျဉ်းမနား မြို့နယ်တွင်နေထိုင်ပြီး ကျန်တစ်ဦးမှာ အမည်စုံစမ်းဆဲသာ ဖြစ်ပြီး အောင်ချမ်းသာရပ်ကွက် ၊ ကင်ပွန်းတန်းအုပ်စု ပျဉ်မနားမြို့နယ် တွင် နေထိုင်ကြောင်းပျဉ်းမနားမြို့နယ် မြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ထိုးကြိတ်ခံရမှုကို( ပ ) ၆၄၉/၂၀၁၃၊ ပြစ်မှုပုဒ်မ - ၃၂၃၊ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာတွင် ညစ်ညမ်းသောသီချင်း၊ ကဗျာ၊ သီဆိုခြင်း၊ စကားပြောဆိုခြင်း ပြစ်မှုပုဒ်မ - ၂၉၄ ဖြင့် အမှုဖွင့် အရေးယူထားပြီး ပြစ်မှုကျူးလွန်သူကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း အဆိုပါ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

  ပြည်သူလွတ်တော် တရားဥပေဒစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှုးဦးဝင်းမြင့် နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် တို့ကလည်း ရဲတပ်ဖွဲ့များကို နေပြည်တော်သားများက ဝိုင်းဝန်ထိုးကြိတ်စဉ် နှင့် ဘောလုံးပွဲတွင် နေပြည်တော်သားများ ခုံများ ဖျက်ဆီးစဉ်က ဘာမှမပြောခဲ့သော်လည်း ယခု The Voice သတင်း သတင်းထောက် ရိုက်ခံရမှ မကျေမနပ်ဖြစ်နေကြောင်း သိရသည်။


.. www.MyanmarExpress.net
 

ဟံသာဝတီ လေဆိပ်သစ်ကို တစ်နှစ်လျှင် ခရီးသည် ၁၂ သန်းဆံ့ တည်ဆောက်ရန် သတ်မှတ်ချက်အား ကိုရီးယားနိုင်ငံက ခရီးသည် ၁၀ သန်းဆံ့ အဆောက်အအုံသာ တည်ဆောက်ရန် တောင်းဆို

From : ..eleven


ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကို မြန်မာနိုင်ငံမှ တစ်နှစ်လျှင် ခရီးသည် ၁၂ သန်းဆံ့ တည်ဆောက်ရန် သတ်မှတ်ချက်အား ကိုရီးယားနိုင်ငံက ခရီးသည် ၁၀ သန်းဆံ့ အဆောက်အုံသာ တည်ဆောက်ရန် တောင်းဆိုကြောင်း သိရသည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် တည်ဆောက်ရန် ရွေးချယ်ခံရသည့် ကိုရီးယားနိုင်ငံ Incheon Airport ကုမ္ပဏီနှင့် လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတို့အကြား လေဆိပ် တည်ဆောက်ရေး သဘောတူ စာချုပ်ချုပ်ဆိုရန် ညှိနှိုင်းဆွေးနွေးမှုတွင် ယင်းသို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် တည်ဆောက်ရန် ရွေးချယ်ခံရသည့် ကိုရီးယား ကုမ္ပဏီနှင့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတို့ လိုအပ်ချက်များကို အပြန်လှန် ဆွေးနွေးလျက် ရှိသည်။ ယင်းသို့ ဆွေးနွေးမှုတွင် လေဆိပ်အရွယ်အစား၊ တည်ဆောက်ရေး အချိန်ကာလ စသည့်အချက်များအား ညှိနှိုင်းဆွေးနွေးနေပြီး ဒုတိယအကြိမ် ဆွေးနွေးမှု ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

''ဒုတိယအကြိမ် ညှိနှိုင်းမှုမှာ နှစ်ဖက်လိုလား ချက်တွေကို အပြန်လှန် ညှိနှိုင်းပြီး မြန်မာဘက်က ခွင့်ပြုနိုင်တဲ့ အချက်တွေကို ဆွေးနွေးခဲ့ပါတယ်။ သူတို့ဘက်က လေဆိပ်အရွယ်အစားကို ခရီးသည် ၁၀ သန်းဆံ့ တည်ဆောက်ဖို့ တောင်းဆိုပါတယ်။ ဒီအချက်ကိုတော့ ခွင့်မပြုနိုင်တဲ့ အကြောင်းပြောပြီး သူတို့ဘက်က အကြောင်းပြန်မှာကို စောင့်နေပါတယ်'' ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက အောက်တိုဘာ ၂၈ ရက်က ပြောကြားခဲ့သည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် တည်ဆောက်ခွင့်ရ ကိုရီးယားနိုင်ငံ မှ Incheon Airport ကုမ္ပဏီနှင့် ဆွေးနွေးရာတွင် တင်ဒါတင်သွင်းစဉ်က စည်းကမ်းချက်များအပေါ် အခြေပြု၍ လက်တွေ့ တည်ဆောက်ရာတွင် လိုအပ်မည့် အချက်များကို ဆွေးနွေးခြင်း ဖြစ်သည့်အတွက် တင်ဒါတင်သွင်းစဉ် အရေးကြီးသည့် စည်းကမ်းချက်များနှင့် ကိုက်ညီမှုမရှိဘဲ ကွဲလွဲနေပါက လက်ခံမည် မဟုတ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောကြားခဲ့သည်။

ယခုကဲ့သို့ လက်တွေ့ညှိနှိုင်းမှုတွင် တင်ဒါစည်းကမ်း ချက်များနှင့် ကွဲလွဲရာတွင် အရေးကြီးသည့် အဓိက အချက်များ ကွဲလွဲမှုအား မည်သည့် နည်းနှင့်မျှ လက်သင့်ခံမည် မဟုတ်ကြောင်းနှင့် အဓိက မကျသည့် အချက်များ ကွဲလွဲမှုကိုမူ လက်ခံညှိနှိုင်း ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံမှ Incheon Airport Consortium ကုမ္ပဏီသည် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား ပထမအဆင့် အနေဖြင့် ခရီးသည် ၁၂ သန်း ၀င်ဆံ့နိုင်မည့် လေဆိပ်၊ ပြေးလမ်း၊ လေဆိပ် လုပ်ငန်းနှင့် ဆက်စပ်သည့် ၀န်ဆောင်မှု လုပ်ငန်းများအား ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် အပြီးတည်ဆောက် ပေးရမည်ဖြစ်သည်။

ဒုတိယအဆင့် အနေဖြင့် တစ်နှစ်လျှင် ခရီးသည် သန်း ၃၀ ၀င်ထွက်နိုင်မည့် လေဆိပ် အဆောက်အအုံနှင့် ဆက်စပ် အဆောက်အအုံများ၊ ဟိုတယ်များ၊ ရှော့ပင်းမောလ်များ၊ ကုန်တိုက်ကြီးများနှင့် လူနေတိုက်ခန်းများ၊ ဆက်စပ်လုပ်ငန်းများ ပါဝင်တည်ဆောက် သွားမည်ဖြစ်သည်။

ယင်းအပြင် ဟံသာဝတီ လေဆိပ်တွင် တစ်နှစ်လျှင် တန် ၇၀၀၀ ဆံ့ ကုန်သိုလှောင်ရုံ တစ်ခုအား တည်ဆောက် သွားမည်ဟု သိရသည်။

(Incheon Airport Consortium ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်မည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်နမူနာ ပုံစံအား တွေ့ရစဉ်)


.. www.MyanmarExpress.net
 

နာမည်ကျော် Mother Land ဘာလဲ ဘယ်လဲ

နာမည်ကျော် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု ဖြစ်တဲ့ Mother Land အကြောင်းလေးများ မသိချင်ကြဘူးလား ။ အိုခေ.သိသလောက်ပြောပြမယ်။ဦးတင်မြင့်နဲ့ဦးတင်အေး ညီအကိုနှစ်ယောက် ရဲ့ ဒီအမိမြေ Mother Land အကြောင်း ကတော့ သိပ်စိတ်ဝင်စားဖို့ကောင်းတယ်။ကျွန်တော်အခု သူတို့အကြောင်းပြောရင် ကုလားလို့ထည့်မရေးဘူး နော်ဟဲ.ဟဲ။ တော်ကြာလူမျိုးရေး ပဋိပက္ခ လော်ဘီလို့ခေါင်းစဉ် တပ်ခံရမှာတော့ကြောက် သဗျ။

Mother Land ကုမ္ပဏီ ဆိုတာ သန္ပေ္ဓကောင်းနဲ့ စတင်ခဲ့တာမဟုတ်ခဲ့ဘူးဗျ။ အခုဦးတင်မြင့်ရဲ့ အဖေ ဦးဝင်းမြင့်/ ဦးဟာမီဒူလာ က ၁၉၈၅ လောက်မှာ စထောင်ခဲ့တာ။အိမ်အကျိုးဆောင်လုပ်ငန်းဆိုပြီး ဗန်းပြလုပ်ရင်း နောက်ကွယ် ကနေ တရုတ်ကို မြန်မာကနေ မူဆယ်လမ်းအတိုင်း တိရစ္ဆာန်မှောင်ခိုချတယ် ။ဒါတင်ပဲလား မဟုတ်သေးဘူးနော် သဘောင်္သားတွေအလုပ်ရှာပေးတယ်။ အဲဒီမှာပဲ သဘောင်္သားတွေပို့တဲ့နေရာမှာ ပတ်စ်ပို့ (passport) အတုတွေလုပ်ပြီးပို့လို့ ထောင်ကျတယ် ။နောက်တော့ လေငန်းနဲ့ ဦးဟာမီဒူလာ သေတယ်။ အဲဒီနောက် ၁၉၉၅ မှာ ဦးတင်မြင့်နဲ့ဦးတင်အေး ညီအကိုနှစ်ယောက်က ကွယ်လွန်သူဖခင်ကြီးရဲ့ ခြေရာကို ထပ်လိုက်ခဲ့တယ်။ ခြေရာလိုက်တယ် ဆိုပေမယ့် ဆောက်လုပ်ရေးလုပ်ငန်းကိုပဲ လုပ်ခဲ့တယ် ။ကျန်တာက ဆင်ပိန်တော့ကျွဲ လောက်ပေါ့။၂၀၀၈ မှာ အမျိုးသားစီမံကိန်းကနေ တရားဝင်မှတ်ပုံတင်ရတယ် ။၂၀၁၀ မှာ ကိုယ်ပိုင်ရင်းနှီိးမြုပ်နှံမှု လုပ်ငန်းလိုင်စင် အမှတ်(၉၀၇/ ၂၀၀၉-၂၀၁၀) နဲ့တရားဝင်မှတ်ပုံတင်တယ် ။အဆောက်အဦ ဆောက်လုပ်ခွင့်လိုင်စင်ကို လိုင်စင်အမှတ် ၃၄၇ နဲ့ ရန်ကုန်စည်ပင် ကရတယ်။အခု Mother Land ကုမ္ပဏီ လုပ်နေတာကတော့ အဆောက်အဦတွေကို လက်ငင်းရော အခန်းယူ/အခန်းပေးစနစ် နဲ့ဆောက်ပေးတယ်။ အဆောက်အဦတွေ ဒီဇိုင်းရောင်းတယ် ၊ အခန်းဖွဲ့တာတွေ နဲ့  Decoration လုပ်တယ် ၊ Ms Interior Security တံခါးတွေ ဆင်ပေးတယ်။မြန်မာနိုင်ငံရဲ့ အကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီတွေထဲက ထိပ်ဆုံးပိုင်းထဲမှာ တစ်ခုအပါအ၀င်ပဲလေ။ ဒါတွေ အားလုံးသိပါတယ် ။

ဦးတင်မြင့် က ကျိုက်မရောသား ဘင်္ဂလီ/မွန် ဗျ ။ဒါပေမယ့် ဗုဒ္ဓဘာသာကိုးကွယ်တယ် ။ သားဦးအကြီးဆုံးဖြစ်ပြီး ၈ တန်းအထိ ကျောင်းနေခဲ့တယ်။ သူ့မိန်းမက ဒေါ်နီလာ ၊ အစ္စလာမ်ကိုးကွယ်တယ် ။သူတို့မှာ ဝေဟင်ဦးနဲ့မြင့်မိုရ်ဦး ဆိုတဲ့ သမီးနှစ်ယောက်ရှိတယ်။ သူတို့လိပ်စာက၊ အမှတ် ၈၃ ၊ ၇ လွှာ ၊ဓမ္မစေတီလမ်း ၊မြေနီကုန်း ၊စမ်းချောင်း ။ ကျွန်တော်အခု ပြောနေတာတွေက ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာမဟုတ်ဘူးနော်။နိုင်ငံအတွက် အကျိုးရှိမယ့် အရာတွေတင်ပြနေတာ။ သူတို့ Mother Land ကုမ္ပဏီ က မင်္ဂလာတောင်ညွှန့်က သိမ်ဖြူလမ်း၊ အမှတ် ၄၃၅ မှာ ရုံးချုပ်ရှိတယ် ။ ဥက္ကဌက ဦးတင်မြင့် ၊ ဦးဆောင်ညွှန်ကြားရေးမှူးက ဦးတင်အေး ၊ညွှန်ကြားရေးမှူးက ဒေါ်စုမြတ်နိုးဦး ၊ ၊အမှုဆောင်အရာရှိက ဒေါ်အေးအေးမာ၊ ဒါရိုက်တာအဖွဲ့ဝင်တွေက ဦးတင်မြင့်သမီး ဒေါ်ဝေဟင်ဦး နဲ့ သားမက် ဦးမင်းမင်းထွန်း တို့ပါဝင်တယ် ။ရုံးခွဲတစ်ခုကို အလုံတာဝါမှာ အခြေချထားတယ်။Mother Land က အဆောက်အဦး ဆောက်တာ အပြင် ပို့ကုန်/သွင်းကုန် လည်းလုပ်နေတယ်။ပဲတွေနဲ့လယ်ယာထွက်ပစ္စည်းတွေ နိုင်ငံခြား ပို့တယ်။ ပြန်သွင်းလာတာက ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းတွေ လျှပ်စစ်နဲ့ကားတွေ စက်ပစ္စည်းတွေ ရုံးသုံးပစ္စည်းတွေ၊ အို…အစုံလုပ်တယ်။ အဆောက်အဦ ဆောက်လုပ်ရေးက အဓိကပေါ့နော်။သူတို့လုပ်ငန်းကြီးက တကယ့်ဟဲဗီးကြီးနော်။ သူတို့ဆောက်တဲ့ အဆောက်အဦတွေ တိုက်ခန်းတွေကို အ၀ယ်များတာက ရင်းနှီးမြုပ်နှံသူတွေများတယ် ။အခုလက်ရှိ သူတို့ဆောက်လက်စ အဆောက်အဦ တွေလည်း ရှိသေးတယ် ။လမ်းမတော်၊ စမ်းချောင်း၊ မရမ်းကုန်း၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ လသာ၊ ပုစွန်တောင် တွေဘက်မှာ သူတို့လုပ်လက်စ အဆောက်အဦတွေရှိနေတယ်။

ကဲ…သူတို့အကြောင်းပြောနေရင်းနဲ့ စာတောင်ရှည်လာပြီ။အဓိကပြောချင်တာက သူတို့ အခွန်ရှောင်နေတာပဲဗျ။ အဲဒီလောက် လုပ်ငန်းကြီးတွေ လုပ်နေပေမယ့် ဦးတင်မြင့်တို့ အခွန်ရှောင်ချက်က လွန်တယ်နော် ။အခုထိ လှိုင်သာယာက FMI City ရယ် ပန်းလှိုင် အိမ်ယာက ကိစ္စတွေအခုထိ မပြီးသေးဘူးရယ်။ဒီကိစ္စတွေကို ရန်ကုန် တရားရုံးရှေ့နေ ဦးခင်မောင်ဝင်းအသိ။သူကိုယ်တိုင် လိုက်ရှင်းပေးနေရတာ အခုထိပဲဗျ။ Mother Land မှာ ဦးတင်မြင့်က မန်နေဂျင်း ဒါရိုက်တာနဲ့ ဒေါ်နီလာရယ် ဒေါ်ဝေနှင်းဦးရယ် ကဒါရိုက်တာလုပ်တယ် ။တစ်ယောက်ကို အစုရှယ်ယာ ၁၂၅၀ စီပိုင်ကြတယ်။ဦးတင်မြင့်က ၂၅၀၀ အထိပိုင်တယ်။ပြည်တွင်းအခွန်ဦးစီးရုံးမှာ ၂၀၀၈ ခုနှစ်အထိပဲ အခွန်ဆောင် ထားတယ် ။အခု အခွန်ရှောင်နေတာ ၅ နှစ်ရှိပြီ ။ဘာကြောင့်လည်းတော့မသိဘူး ။ဒီနှစ်တွေထဲမှာ Mother Land ရဲ့လုပ်ငန်းတွေ တော်တော် တွယ်ကျယ်အောင်မြင်လာတယ် ။NLD ကိုလည်း လစဉ်အလှူငွေ ပေးတယ်။ အဲဒီ အလှူငွေက ရုပ်ရှင်သရုပ်ဆောင် ရဲတိုက် ဆီကနေတဆင့်သွားတယ်။ ဦးတင်မြင့်တို့ဝင်ငွေခွန်ရှောင်ပုံကတော့ ကန်ထရိုက် ဆောက်တယ် ။ဆောက်ပြီးတော့ မြေပိုင်ရှင်နဲ့ အခန်းပေး၊အခန်းယူ လုပ်တယ် ။အဲ.အခွန်ဆောင်တော့ မြေပိုင်ရှင်ကပဲ ဆောင်ရတယ်ဗျာ ။ အခွန်ဆောင်မယ့် တိုက်ခန်းတွေကို တိုက်ခန်းအကြမ်းထည်နဲ့တင်တယ်။ မြို့နယ် အခွန်မှာပဲ ရာပြတ်နဲ့ အဲဒီတိုက်ခန်းအကြမ်းကို ဈေးဖြတ်ပြီး အခွန်သွင်းတယ် ။၂၀၀၅-၂၀၀၆မှာ ၁၃၄ သိန်းတစ်ခါ သွင်းတယ်။ ၂၀၀၆-၂၀၀၇ မှာ သိန်း၂၀၀ ၊၂၀၀၇-၂၀၀၈ မှာ သိန်း၆၄၀ သွင်းတယ်။အဲဒီ နောက်ပိုင်း မသွင်းတော့ဘူး။ တိုက်ခန်းတစ်ခန်း သိန်း၃၀၀ အထက် မြေကွက်တစ်ကွက်သိန်းထောင်ချီနေတဲ့ အချိန်မှာ Mother Land ရဲ့ ၅ နှစ်ကြာရှောင်လိုက်တဲ့ အခွန်ဟာ သိန်း ၅၀၀၀ နီးပါးအခွန်ရှောင်နေတယ်။ဒါတွေ ဘယ်သူမှမသိဘူး အဲဒီလို ဈေးဖြတ်ပြီး တိုက်ခန်းအကြမ်းထည်ကို အခွန်သွင်းပြီးတော့အခန်းကို Decoration ပြင်တယ် ။မူလဈေးထက် ၂ ဆ ၃ ဆ မြှင့်ပြီး ရောင်းထုတ်လိုက်တယ် ။ဒါပဲလေ ။

တာဝန်ရှိသူလူကြီးမင်းများခင်ဗျား။ပြည်တွင်း အခွန်ဦးစီးဌာနမှာ အခွန်ထမ်းမှတ်ပုံတင်အမှတ် MCO/4437 နဲ့မှတ်ပုံတင် ထားတဲ့ Mother Land ကုမ္ပဏီကို တိတိကျကျ အရေးယူစုံစမ်းပေးပါခင်ဗျား။ဦးတင်မြင့်တို့ဟာ သိန်းပေါင်း ၅၀၀၀ နဲ့ စတင်ရင်းနှီိးမြှုပ်နှံပြီး ၂၀၀၄-၂၀၀၅ မှာစတင်ခဲ့တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ တစ်နှစ်ကို အဆောက်အဦ လုပ်ငန်းတစ်ခုကပဲ ၀င်ငွေသန်းချီဝင်နေပြီး ဆောက်လုပ်ရေး လုပ်ငန်းသုံးနာမည်တပ်ဝင်လာတဲ့ သွင်းကုန်တွေထဲ ကနေလည်း နောက်ထပ်ဝင်ငွေ သိန်းပေါင်း သောင်းဂဏန်းအထက် ၀င်ငွေစီးဆင်းမှုရရှိနေပါတယ်။ဒီ ကုမ္ပဏီကြီးတွေ အခွန်ရှောင်နေတာကို ဂရုမပြုပဲလုပ်ငန်းငယ်တွေကိုပဲ အခွန်စည်းကြပ်မှု တင်းကျပ်နေမယ်ဆိုရင် တာဝန်ရှိသူများ၏ ပေါ့လျှော့မှုနဲ့ တာဝန်ကင်းမဲ့မှုပဲဖြစ်ပါတယ်။ ကိန်းဂဏန်းများ သိန်းပေါင်းများစွာဟာ သောင်းဂဏန်းနဲ့အထက် စီးဆင်းဝင်ရောက်နေတဲ့ဒီ ကုမ္ပဏီကြီးတွေ အခွန်ရှောင်နေတာကို လစ်လျူရှူထားတာကလည်း သင်္ကာမကင်းစရာပါပဲ။ သူတို့လို လုပ်ငန်းကြီးတွေကနေရလာမယ့် များပြားလှတဲ့ အခွန်ဝင်ငွေတွေဟာ တိုင်းပြည်ဘဏ္ဍာကိုထိခိုက်စေပြီး တိုင်းပြည် အတွက်လိုအပ်နေတဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက်လည်း တိုးတတ်မှုနောက်ကျစေပါတယ်။နောက်ပြီး လူမျိုးရေးပဋိပက္ခဖြစ်ရာဒေသတွေမှာ တစ်ဘက်နိုင်ငံမှဝင်ရောက်လာ သူများနဲ့ အစ္စလာမ် ဘာသာဝင်များကိုသာ ထောက်ပံ့နေသောကြောင့် ဖြစ်ပွါးနေသော လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေအတွက်လည်း အားပေး အားမြှောက် ပြုရာကျနေပါတယ်။ဒါကြောင့် အခုလို ၀င်ငွေခွန် ရှောင်နေတဲ့ Mother Land ကုမ္ပဏီ ရဲ့ ၀င်ငွေစည်းကြပ်မှုကို ရှောင်တခင်ဝင်ရောက်စစ်ဆေးသည့်အပြင် ပို့ကုန်/ သွင်းကုန်လုပ်ငန်းကနေ တရားမ၀င်ပါလာတဲ့ ပစ္စည်းတွေကိုလည်း စောင့်ကြည့်ဖမ်းဆီးပေးဖို့ တင်ပြလိုက်ရပါတယ်။
မြင့်မောင်မောင်(3M)
 
 www.MyanmarExpress.net
 

နိုင်ငံသားစိစစ်ရေး ကဒ်များ စမတ်ကဒ် အဖြစ်ပြောင်းမည်

From : ..dvb

မြန်မာနိုင်ငံမှာ ပြည်သူလူထုတွေ လက်ရှိအသုံးပြုနေတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) တွေကို နိုင်ငံတကာအဆင့်မီ စမတ်ကတ်အဖြစ် ပြောင်းလဲပေးဖို့ စီစဉ်နေပြီလို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက ပြောပါတယ်။


လက်ရှိမြန်မာနိုင်ငံမှာ ထုတ်ပေးနေတဲ့ ပန်းရောင် နိုင်ငံသားစိစစ်ရေးကပ်ပြာတွေဟာ အလွယ်တကူ ပျက်စီးနိုင်ပြီး ပုံစံတူ မှတ်ပုံတင်အတုတွေ ပြုလုပ်နိုင်ခြေရှိတဲ့အတွက် နိုင်ငံတကာအဆင့်မီ စမတ်ကတ်တွေအဖြစ် ပြောင်းလဲပေးဖို့ စီစဉ်နေတာလို့ ဆိုပါတယ်။
၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူပြီး နောက်ပိုင်းနဲ့ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်မှာ စမတ်ကတ်တွေ ပြောင်းလဲထုတ်ပေးနိုင်အောင် စီစဉ်နေတာလို့ ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ဦးစီဌာန ညွှန်ကြားရေးမှူး ဦးကြည်လင်းက ဒီဗွီဘီကို ပြောပါတယ်။
“၂၀၁၄ သန်းခေါင်စာရင်းပြီးရင် အဓိကကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ မဲစာရင်းပြုစုတဲ့ အခါမှာ မထပ် မကျန်အောင် လူစာရင်းတွေ ပါအောင် အထောက်အကူပြုမှာပါ။ လူဦးရေ အပေါ်မှာ ထပ်ပြီးရလာမယ့် အကျိုးအကျေးဇူး အားလုံး၊ ၀န်ကြီးဌာနအားလုံးကို အထောက်အကူ ပြုနိုင်မယ်။ နိုင်ငံတော်အတွက်လည်း အထောက်အကူပြုမယ်။ စိစစ်ရေး ကတ်ပြားတွေ စမတ်ကတ်တွေ ဖြစ်လာမယ်။ နောက် ပီအာရ် စနစ်တွေ ဆက်တိုက်လာမှာပေါ့။ ဒါပေမယ့် နိုင်ငံတော်ရဲ့ ကြွယ်ဝချမ်းသာမှုအပေါ်မှာ မူတည်တာပေါ့။ လုပ်ပေးနိုင်တဲ့ အချက်အလက်တွေ အများကြီးထုတ်ထားပြီးပြီ။ နိုင်ငံတိုင်းမှာ စမတ်ကတ်တွေပဲ သုံးတော့တယ်။ ရေစိုပျက်တာတို့ ဘာတို့ သက်သာတယ်။ တာရှည်ရေရှည်အသုံးပြုနိုင်တယ်။”
မြန်မာ့အိမ်နီးချင်းနိုင်ငံတွေ အပါအ၀င် ဒေသတွင်းနိုင်ငံတွေမှာ မှတ်ပုံတင်ကတ်ပြားတွေကို ကွန်ပျူတာစနစ်သုံး စမတ်ကတ်တွေအဖြစ် အသုံးပြုနေတာဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ ကတ္ထူစက္ကူနဲ့ လုပ်ထားတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေကိုပဲ အသုံးပြုနေကြတာပါ။
ရန်ကုန်မှာ စမတ်ကတ်တွေ လုပ်ပေးနေတဲ့ ဒစ်ဂျစ်တယ် ကောဒစ် ကုမ္ပဏီပိုင်ရှင် ဦးအောင်သပြေကတော့ အချက်အလက်တွေ ထည့်သိမ်းဆီးထားနိုင်တဲ့ နိုင်ငံတကာအဆင့်မီ စမတ်ကတ်တွေကို သုံးသင့်တယ်လို့ ပြောပါတယ်။
“လုပ်မယ်ဆိုရင် အကောင်းဆုံးကတော့ တကယ့် စမတ်ကတ်အစစ် အချက်အလက်တွေလည်း ထည့်ထားရမယ်။ နိုင်ငံတော် ဗဟိုအဆင့်မှာ ပြည်သူလူထုရဲ့ အချက်အလက်တွေကို ထည့်ထားမယ်။ ဒါတွေကို တိုက်ဆိုင်စစ်ဆေးမယ်၊ အဲဒီအဆင့်ထိ လုပ်နိုင်ရင် အကောင်းဆုံးပေါ့။ မြန်မာပြည်မှာ အခု မှားယွင်းနေတာက ဘာမှ ကွန်ပျူတာနဲ့ သုံးလို့မရတဲ့ ပလတ်စတစ်ကတ်ကို စမတ်ကတ်လို့ ခေါ်နေတာက မှားယွင်းနေတာပေါ့။ သူတို့ ပြောတဲ့စမတ်ကတ်ဟာ ရိုးရိုး ပလတ်စတစ်ကတ်ပဲလား၊ ကွန်ပျူတာလုံခြုံရေးစနစ်တွေနဲ့ သုံးနေတဲ့ မခွဲခြားနိုင်လို့ ဖြစ်မှာပေါ့။”
၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေပေါ်ပြီးနောက်ပိုင်း ၁၉၈၅ ခုနှစ်ကစပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခဲ့တာဖြစ်ပြီး မြန်မာတနိုင်ငံလုံးအတိုင်အတာနဲ့ ကတ်ပြားပေါင်း ၃၉ သန်းကျော် ထုတ်ပေးထားတယ်လို့ နေပြည်တော် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင် ဦးစီးဌာနက ပြောပါတယ်။
မြန်မာနိုင်ငံမှာ လူဦးရေ သန်း ၆၀ လောက်ရှိမယ်လို့ ခန့်မှန်းထားပေမယ့် လက်ရှိလူဦးရေ စာရင်းအတိအကျကိုတော့ လာမယ့်နှစ် မတ်လမှာ ပြုလုပ်မယ့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်မှုအပြီးမှာမှ အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။ 

.. www.MyanmarExpress.net
 

မန္တလေး အပါအဝင် မြို့ခြောက်မြို့တွင် ကွန်တိန်နာဆိပ်ကမ်း တည်ဆောက်မည်

From : .. the voice


ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဆင့်မြင့် ကွန်တိန်နာဆိပ်ကမ်း ခြောက်ခုကို မန္တလေးမြို့တော် အပါအဝင် မြို့ကြီးများ၌ တည်ဆောက်သွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးက ပြောကြားသည်။

မန္တလေးမြို့တော် ကမ်းနားလမ်းပေါ်တော်မူ ဘုရားရင်ပြင်တော်တွင် အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီတွင် ပြုလုပ်သော ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို ဆန်းစစ်လေ့လာ အကဲဖြတ်ခြင်း လူထုတွေ့ဆုံ ရှင်းလင်းပွဲတွင် ၎င်းကအထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

ယင်းဆိပ်ကမ်းများအနက် မန္တလေးမြို့တော် ဆိပ်ကမ်းမြေနေရာမှာ လျာထားပြီးဖြစ်ကာ မြေဧရိယာ ၃၁ ဒသမ ၃၉ ဧကတွင် ဆောင်ရွက်သွားမည် ဖြစ်ပြီး စီမံကိန်းမှာ ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်နိုင်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက ပြောကြားသည်။

မန္တလေးမြို့တော်တွင် တည်ဆောက်မည့် အဆင့်မြင့် ကွန်တိန်နာဆိပ်ကမ်း ပြီးစီးပါက တစ်နှစ်လျှင် ယေဘုယျ ကုန်စည် တန်ခြောက်သိန်း၊ ထုထည် ကုန်စည်နှင့် အရည်ကုန်စည် တန်ချိန် တစ်သန်း ဝန်ဆောင်မှု ပေးနိုင်မည် ဖြစ်ကြောင်း ယင်းစီမံကိန်းအတွက် လူမှုစစ်တမ်းနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စစ်တမ်း ကောက်ယူနေသည့် Royal Tree Services တာဝန်ရှိသူ ဦးတင်အောင်မိုးက ရှင်းပြသည်။

မန္တလေးမြို့တော်တွင် ဆောက်လုပ်မည့် ဆိပ်ကမ်း မြေနေရာသည် ဒေသခံတောင်သူ ခုနစ်ဦးနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးတို့ ပိုင်ဆိုင်ခြင်း ဖြစ်ပြီး ယင်းစီမံကိန်း အကောင်အထည် ဖော်ဖြစ်ပါက သင့်လျော်သော မြေယာ လျော်ကြေးကို ပေးမည်ဖြစ်ကာ မတန်တဆ လျော်ကြေးများပေးရန် အစီအစဉ် မရှိကြောင်း ဝန်ကြီးဦးကျော်ဆန်းက တောင်သူတစ်ဦး၏ မေးမြန်းမှုကို ဖြေကြားသည်။

အဆိုပါ ဆိပ်ကမ်း စီမံကိန်းကို မန္တလေးမြို့ ရတနာပုံ သင်္ဘောကျင်း တောင်ဘက်ကွင်းအမှတ် ၆၀၅ တွင် တည်ဆောက်မည် ဖြစ်ပြီး ယင်းစီမံကိန်းနှင့် ဆက်စပ်မြေကွက်များမှာ တစ်ဧကလျှင် ကျပ်သိန်း ၁၂၀၀ ဝန်းကျင် ပေါက်ဈေး ရှိကြောင်း အဆိုပါ ဒေသခံတောင်သူများထံမှ သိရသည်။

ဆိပ်ကမ်း ဆောက်လုပ်ရန် လျာထားသည့် မြေ ၃၁ ဒသမ ၃၉ဧကတွင် ဂရိတ်ဝေါ ကုမ္ပဏီက ဧက ၂၀ ကျော် ပိုင်ဆိုင်ပြီး ကုမ္ပဏီပိုင် ဆိပ်ကမ်း ဆောက်လုပ်ရန်အတွက် တောင်သူများထံမှ ဝယ်ယူထားခြင်း ဖြစ်ကြောင်း ဂရိတ်ဝေါ ကုမ္ပဏီလုပ်ငန်းရှင် ဦးတင်မောင်က ပြောကြားသည်။
“အဆင့်မြင့် ကွန်တိန်နာဆိပ်ကမ်း တည်ဆောက်မယ်ဆိုတာ ကောင်းပါတယ်။ ကုန်စည် သယ်ယူပို့ဆောင်ရာမှာလည်း မြန်ဆန်လာမယ်လို့ ထင်ပါတယ်” ဟု မန္တလေးမြို့မှ ဗန်းမော်သို့ ရေကြောင်းဖြင့် ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ကိုင်သူတစ်ဦးက မှတ်ချက်ပြု ပြောဆိုသည်။

ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အဆင့်မြင့် ကွန်တိန်နာ ဆိပ်ကမ်းတည် ဆောက်ရာတွင် ဧရာဝတီမြစ် အခြေပြုဖြစ်သည့် မန္တလေး၊ ဗန်းမော်၊ မြင်းခြံ၊ ပခုက္ကူမြို့နှင့် ချင်းတွင်းမြစ် အခြေပြုသည့် မုံရွာ၊ ကလေးဝမြို့တို့၌ တည်ဆောက်သွားမည် ဖြစ်ကြောင်း ဦးထွန်းလွင်ဦးက ပြောကြားသည်။

.. www.MyanmarExpress.net