Subscribe to our RSS Feed

မြန်မာတွင် အာဆီယံလူထုညီလာခံပထမဆုံးကျင်းပရန် ပြင်ဆင်

From : ..popular


မြန်မာနိုင်ငံတွင်း အာဆီယံလူထုညီလာခံ ASEAN Civil Society Conference(ACSC)/ ASEAN People's Forum(APF) ကိုပထမဆုံးအကြိမ်အဖြစ်ကျင်းပနိုင်ရန် လူထုအခြေပြု အဖွဲ့အစည်းများ စတင်ပြင်ဆင်နေပြီဖြစ်သည်။ အဆိုပါဆွေးနွေးပြင်ဆင်မှုများနှင့်ပတ်သတ်၍ သတင်းစာရှင်းလင်းပွဲကို ယနေ့ညနေ(၃)နာရီ မှ (၄)နာရီထိ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ Crystal Jade စားသောက်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ ၄င်းအာဆီယံလူထုညီလာခံကို ၂၀၁၄အာဆီယံလထိပ်သီးအစည်းအဝေးမတိုင်မီကျင်းပမည်ဖြစ် ပြီး လာမည့်နှစ် မတ်လနောက်ဆုံးအပတ်တွင် ရန်ကုန်၌ ကျင်းပရန်လျာထားကြောင်း ACSC/APF ဖြစ်မြောက်ရေး ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးအောင်မျိုးမင်းက ပြောကြားသည်။

ညီလာခံတွင် မြန်မာနိုင်ငံ၏ လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲ နှင့် ဘေးအန္တရာယ် များကို ဖော်ထုတ်ဆွေးနွေးကြရန်ဖြစ်ပြီး ယင်းသို့တင်ပြဆွေးနွေးနိုင်ရန်အတွက်ကိုလည်း APF ကော်မတီဝင်ပြည်တွင်းလူထုအခြေပြုအဖွဲ့များမှ ကွင်းဆင်းလေ့လာမှုများပြုလုပ်သွား မည်ဟုသိရသည်။ "ဒေသခံတွေပါ ပူးပေါငးပါဝင်လာဖို့မျှော်လင့်ထားပါတယ်" ဟု ဦးအောင်မျိုးမင်းကဆက်ပြော သည်။ အဆိုပါညီလာခံမှာ အာဆီယံဒေသများအတွက်ပါ အရေးကြီးသည့် ညီလာခံတစ်ခုဖြစ်ပြီး အစိုးရအနေနှင့်လည်း ပူးပေါင်းပါဝင်ရန် ပြောဆိုဆွေးနွေးမှုများပြုလုပ်သွားမည်ဟု သိရသည်။


ထို့ပြင် ညီလာခံမှဆွေးနွေးရရှိလာမှုများကို ထုတ်ပြန်ချက်များအဖြစ် ပြောင်းလဲ၍ အာဆီယံ ဒေသဆိုင်ရာ အစိုးရအသီးသီးတို့ သိရှိစေရန် ဆောင်ရွက်သွားမည်ဟု ညီလာခံဖြစ်မြောက်ရေး ကော်မတီတို့ထံမှသိရသည်။ 


 .. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်