Subscribe to our RSS Feed

KIO နှင့် UNFC ၏ လိုင်ဇာ ဆွေးနွေးပွဲကို မိုင်းလား နှင့် 'ဝ' တပ်ဖွဲ့ သပိတ်မှောက်

From : .. eleven


အနောက်အုပ်စုအကူအညီဖြင့် လိုင်ဇာတွင်ကျင်းပသော KIO နှင့် UNFC ၏ လိုင်ဇာ ဆွေးနွေးပွဲကို  "၀" သွေးစည်းညီညွတ်ရေး ပါတီ (UWSP)နှင့် မိုင်းလားအဖွဲ့ (NDAA) တို့ တက်ရောက်မည် မဟုတ်ကြောင်း သိရသည်။

လိုင်ဇာထိပ်သီး ဆွေးနွေးပွဲကို အောက်တိုဘာ ၃၀ ရက် (ယနေ့တွင်)စတင်မည်ဖြစ်ပြီး ဆွေးနွေးပွဲသို့ တိုင်းရင်းသား လက်နက်ကိုင် (၁၉)ဖွဲ့ကို ဖိတ်ကြားခဲ့သည့်အနက် "၀" နှင့် "မိုင်းလား" အဖွဲ့တို့က တက်ရောက်နိုင်မည် မဟုတ်ဟု အကြောင်းပြန်ခဲ့ခြင်း ဖြစ်သည်။

"ဗဟိုကော်မတီ အစည်းအဝေးမှာ တင်ပြချက် အရတော့ ၁၉ ဖွဲ့ ဖိတ်တယ်။ ဒါပေမဲ့ ၁၇ ဖွဲ့ပဲ တက်နိုင်မယ်။ နှစ်ဖွဲ့တော့ မတက်နိုင်ဘူး။ "၀" နဲ့ "မိုင်းလား" အဖွဲ့က သူတို့ကို ဖိတ်ကြားတဲ့အတွက် ၀မ်းသာကြောင်း ပြောတယ်။ ဒါပေမဲ့ သူတို့ရဲ့ ခေါင်းဆောင်တွေ ကျန်းမာရေး မကောင်းတဲ့အတွက် မလာနိုင်ဘူးလို့ အကြောင်းပြန်ပါတယ်" ဟု ကေအိုင်အို အဖွဲ့၏ စစ်ပြေးဒုက္ခသည် ကယ်ဆယ်ရေး ကော်မတီ တာဝန်ခံ ဦးဒွဲပီဆားက ပြောကြားသည်။

"၀" နဲ့ "မိုင်းလား" အဖွဲ့တို့ မတက်ရောက်နိုင်ခြင်းအပေါ် မှတ်ချက်ပေးရန်ကိုမူ ဦးဒွဲပီဆားက ငြင်းဆန်ခဲ့ပါသည်။

"ကျွန်တော်ဖြေဖို့တော့ တာဝန်မရှိဘူး။ ပြောရခက်တယ်လေ" ဟု ၎င်းကဆိုသည်။

ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG)၏ တာဝန်ရှိသူ ဦးလမိုင်ဂွမ်ဂျာက တရုတ်ဘက်မှ ခွင့်ပြုချက် မရသဖြင့် "၀" နှင့် "မိုင်းလား" အဖွဲ့တို့ မတက်ရောက်နိုင်ဆိုသော သတင်းများ ကြားနေရသည်ဟု ဆိုသည်။

"သူတို့ ဘာကြောင့်မတက်တာလဲဆိုတော့ ကျွန်တော်တို့ သိရသလောက်ဆို တရုတ်ဘက်ကနေပြီး နည်းနည်းလေး ခွင့်ပြုချက် မရဘူးလိုလို၊ ဘာလိုလို ကောလာဟလလည်း ဖြစ်ချင်ဖြစ်မှာပေါ့ဗျာ။ ဒါပေမဲ့ အဲဒီလိုတော့ အသံကြားတယ်" ဟု ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွမ်ဂျာက ပြောကြားသည်။

ထိုကိစ္စရပ်နှင့် ပတ်သက်ပြီး "၀" သွေးစည်းညီညွတ်ရေး ပါတီ (UWSP)၏ နိုင်ငံခြားရေးဌာန ဒုတိယတာဝန်ခံ ဦးဆမ်ခွန်းထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ UWSP ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်ထံသို့ ဆက်သွယ်မေးမြန်းရန် ပြန်လည်ဖြေကြားသည်။ ထို့ကြောင့် ဦးအောင်မြင့်ထံသို့ ဆက်သွယ်ခဲ့ရာ အဆက်အသွယ် မရရှိခဲ့ပေ။

တိုင်းရင်းသား လက်နက်ကိုင်များနှင့် နီးစပ်မှုရှိပြီး တရုတ်-မြန်မာ နယ်စပ်ရှိ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောကမူ "၀" နှင့် "မိုင်းလား" အဖွဲ့တို့ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ မတက်ရောက်ခြင်းမှာ တရုတ်၏ ဖိအားပေးမှုကြောင့် ဖြစ်သည်ဆိုသော အချက်က "ဖြစ်နိုင်ခြေများကြောင်း" ပြန်လည်ဖြေကြားသည်။

"ဖြစ်နိုင်ခြေ များပါတယ်။ အပိုင်းသုံးပိုင်း ရှိနိုင်တယ်။ ပထမပိုင်းကတော့ သူတို့က အပစ်အခတ် ရပ်စဲရေးအတွက် လက်မှတ်ထိုးပြီးပြီ။ ထပ်ထိုးစရာ မလိုတဲ့အတွက် လိုင်ဇာပွဲကို မတက်တော့ဘူးဆိုတာ ဖြစ်နိုင်တယ်။ ဒုတိယ တစ်ချက်က မြန်မာပြည်နိုင်ငံရေးကို နားမလည်တဲ့အတွက် ၀င်မပါတာလည်း ဖြစ်နိုင်တယ်။ နောက်ဆုံးတစ်ချက်ကတော့ အမှောင့်ပယောဂ တွေကြောင့်ပေါ့ဗျာ။ မတက်တာလည်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ ဒီလိုပွဲမျိုးကို သူတို့တက်သင့်တယ်လို့တော့ ယူဆပါတယ်" ဟု ဦးအောင်ကျော်ဇောက The Daily Eleven သို့ ပြောကြားသည်။

"၀" နှင့် "မိုင်းလား" အဖွဲ့သည် နီးစပ်မှုရှိသော မဟာမိတ် အဖွဲ့နှစ်ဖွဲ့ဖြစ်ပြီး "၀" အဖွဲ့က လိုင်ဇာထိပ်သီး ဆွေးနွေးပွဲကို တက်ရောက်ခြင်း မရှိသဖြင့် "မိုင်းလား" အဖွဲ့လည်း မတက်ရောက်ခြင်းဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၃၀ ရက်တွင် စတင်ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ထိပ်သီးဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင် နေသည်ကို အောက်တိုဘာ ၂၉ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)

.. www.MyanmarExpress.net
 

2 comments:

ငါ ဟာ ပြည် သူ တ ယောက် ပါ အ ရပ် သား ပါ ဒါ ပေ မဲ့ တိုင်း ပြည် အ တွက် တ ကယ် စိတ် မ ကောင်း ဘူး အ ခြေ အ နေ ဆိုး ပါ တယ်
ပြည် သူ တွေ လဲ တိုင်း ပြည် ချစ် ရှိ ကြ ပါ
စိတ် မ ကောင်း ပါ ဘူး မြန် မာနိုင် ငံ ကို တ ရုတ် ကြ်း က ထိန်း ခူပ် ထား ပါ တယ်
စီး ပွါး ရေး နိုင် ငံ ရေး ပြည် သူ တွေ ဒုက္ခ ရောက် အောင် တိုင်း ပြည် ကြိး စစ် တ လင်း ဖြစ် အောင် ညစ် ပတ် တဲ့ စိတ် နဲ့ လုပ် နေ တာ က တ ရုတ် ကြိး ပါ အ မှန် ရေး ပြ နေ တာ ပါ ဝ ရှမ်း သူ ပုန် တွေ က တ ရုတ် ရဲ့ ကြိး က သေ ဆို သေ ရှင် ဆို ရှင် တ ရုတ် ရဲ့ တပ် လို ဖြစ် နေ ပါ ပြိ ငါ တို့ တိုင်း ပြည် အစိတ် စိတ် အ မွှာ မွှာ ပြို ကွဲ မဲ့ အ ခြေ ရောက် နေ ပါ ပြိ
ဘယ် သူ ကယ် တင် နိုင် မ လဲ

စည်း လုးံ ကြ ပါ သွေး စည်း ကြ ပါ

တိုင်း ပြည် ပြို ကွဲ နိုင် ပါ သည်
အ ချိန် နီး ကပ် နေ ပါ ပြိ
နိုး ကြား ကြ ပါ
တိုင်း ပြည် ပျက် ရင် ပြည် သူ တွေ အ တိက် ဆိုး ကိုး တွေ အ များ ကြိး ခံ စား ရ ပါ လိမ့်  မည် မ ဖြစ် ခင် တတ် နိုင် သ လောက်
အုတ် တ ချပ် သဲ တ ပွင့် ပါ ဝင် ထမ်း ဆောင် ကြ ပါ

သူ ပုန် တွေ တောင်း တဲ့
ကိုယ် ပိုင် ပြ ဒါန်း ခွင့်
ကိုယ် ပိုင် တပ်
ဝင် ငွေ မြေ ယာ

လုးံ ဝ မ ဖြစ် နိုင် ပါ
ပေး လိုက် လျှင် တိုင်း ပြည် ဆိုး ကိုး မြောက် များ စွာ ကြုံ တွေ့ ရ ပါ မည်
အစိတ် စိတ် အ မွှာ မွှာ ပြို ကွဲ သွား ပါ မည်

ယခု အ ခြေ အ နေ သည် သူ ပုန် နယ် မှာ အ စိုး ရ ၏ ပြ ဒါန်း ထား တဲ့ ဥပ ဒေ လုးံ ဝ မ ရှိ ပါ

မြန် မာ စာ သင် ကျောင်း မြန့် မာ အ လံ
မြန် မာ့ ငွေ ကြေး မြန် မာ့ တပ် မ တော်
မြန် မာ့ ဝန် ထမ်း ဘာ မျ မ ရှိ ပါ မ ဝင် နိုင် ပါ

တရုတ် ငွေ တ ရုတ် အိမ် တ ရုတ် လူ မိုး တ ရုတ် အ လံ တ ရုတ် စာ တ ရုတ် ၏ ပြည် နယ် ပုံ စံ ဖြစ် နေ ပါ ပြိ
အြန် မာ ပိုင် နက် ထဲ မှာ လမ်း ဖေါက် တာ သစ် ခိုး တာ သထ္တူ ခိုး တာ မြေ ခိုး တာ ဘိန်း လုပ် တာ လက် နက် ကြိး လက် နက် သေး ရ ဟတ် ယဉ် တွေ ရောင်း တာ ဒါ အ မှန် တွေ ပါ
မြန် မာ အစိုး ရ က သိ ပေ မဲ့ ဘာ မျ မ တတ် နိုင် ပါ စဉ်း စား ကြည့် ရင် မ ကောင် မယ့် ဦး ခင
ညွန့် ထောက် လှမ်း ရေး တပ် ပြုတ် သွား တာ
တိုင်း ပြည် အ တွက် ဆိုး ကိုး များ လာ ပါ တယ် နယ် စပ် သူ ပုန် တွေ လုပ် ချင် တိုင်း လုပ် လို့ ရ သွား တင် လို့ မြင် ပါ တယ်

တိုင်း ပြည် ကိ ကာ ကွယ် ကြ ပါ စို့
မြန် မာ မြေ မှာ နေ ထိုင် ကြ ရင် အ မိ တိုင်း ပြည် ကို ကာ ကွယ် ကြ ဘို့ တာ ဝန် ကိုယ် စီ ရှိ ကြ ပါ တယ်

TT

ဒါကိုနားလည်ပါတယ်လောလောဆယ်မလွယ်သေးဘူးထင်တယ်
အချင်းချင်းတည့်ဖို့အတိုက်အခံခွေးတွေကိုနားလည်အောင်ရှင်းပြနိုင်မဲ့
သူမရှိသေးဘူးဒီပြသနာအသာလေးပြေလည်နိုင်မဲ့နည်းကတစ်နည်းပဲရှိတယ်
တစ်ကမ္ဘာလုံးနဲ့ဆက်ဆံနိုင်ဖို့အချင်းချင်းတည့်ကြဖို့ပါ
ဒေါ်စုသမ္မတဖြစ်မှတစ်ကမ္ဘာလုံးနဲ့ဆက်ဆံနိုင်အောင်လုပ်မယ်ဆိုရင်ဒီနိုင်ငံ
သွားပြီဘာလို့လဲဆိုတော့၅၉(စ)ကိုတပ်မတော်ကမပြင်မှာသေချာလို့ပါပဲ
ဒေါ်စုကသမ္မတဖြစ်ချင်တာလားတိုင်းပြည်အတွက်လုပ်မှာလား
ကိုယ့်လိပ်ပြာကိုသန့်ရှင်းတယ်ထင်ရင်ခင်ဗျားသမ္မတမလုပ်သင့်ဘူး
ခင်ဗျားပါတီထဲက၅၉(စ)နဲ့ကိုက်ညီတဲ့သူတွေကိုရွေးပြီးပြိုင်ခိုင်းပါ
အခုကတည်းကပြည်သူနဲ့မိတ်ဆက်ပေးထားပါခင်ဗျားသမ္မတလုပ်ချင်တဲ့
အိပ်မက်ကိုအပြီးမေ့လိုက်ပါ
ဘယ်သူပဲသမ္မတဖြစ်ဖြစ်အချင်းချင်းကူညီပါဝေဖန်ပါအကြံပေးပါ
ဘယ်နိုင်ငံကိုပဲဖြစ်ဖြစ်မိတ်ဖက်အဖြစ်ရိုးသားစွာလက်တွဲပါအောက်ကမနေ
ပါနဲ့
အချင်းချင်းညီညွတ်ပါတစ်ကမ္ဘာလုံးနဲ့လက်တွဲနိုင်ဖို့အားလုံးဝိုင်းကူပါ
အမုန်းတရားကိုမေ့ပစ်ပါအသစ်ကိုကောင်းအောင်လုပ်ပါ
ကိုယ့်နိုင်ငံကိုအထီးကျန်ဖြစ်အောင်လုပ်တဲ့သူဟာလူယုတ်မာပဲဒါပဲ
၅၉(စ)အားပြင်ချင်သူမည်သူမဆိုအမျိုးသားသစ္စာဖောက်အဖြစ်သတ်မှတ်
ရမည်ဖြစ်ပြီးပြတ်ပြတ်သားသားကန့်ကွက်ကြရမည်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်