Subscribe to our RSS Feed

ပြည်လုံးကျွတ် အပစ်ရပ်စဲရေးမူကြမ်း ရေးဆွဲပြီးစီး

From : .. rfa

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီက ဦးဆောင်ပြီး လာမယ့် နိုဝင်ဘာလမှာ ကျင်းပဖို့ပြင်ဆင်နေတဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမှာ ပါဝင်မယ့်အချက်တွေနဲ့ ပတ်သက်ပြီး အစိုးက မူကြမ်းရေးဆွဲထားပြီးဖြစ်တယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာရဲ့ တာဝန်ရှိသူတွေက ဒီနေ့ ပြောလိုက်ပါတယ်။

ရန်ကုန်မြို့ ပန်ဒါဟိုတယ်မှာ ကျင်းပတဲ့ အရပ်ဖက်လူမှုအဖွဲ့စည်းတွေရဲ့ ငြိမ်းချမ်းရေးဖိုရမ်မှာ ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ မြန်မာငြိမ်းချမ်းရေးစင်တာအကြံပေး ဦးလှမောင်ရွှေက ခုလို ပြောပါတယ်။

“အကြမ်းအားဖြင့် ဦးတည်ချက်နဲ့ ရပ်တည်ချက်ဆိုတာ တွေ့ပါတယ်၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ လမ်းညွှန်ချက်စည်းမျဉ်းများတွေ့ပါတယ်၊ ပြန်လည်နေရာချထားရေး၊ လွှတ်လပ်စွာသွားလာခွင့်၊ ဆက်ဆံရေးရုံးများ ဖွင့်ထားခြင်း၊ လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်ခြင်း၊ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးဆွေးနွေးရေးကော်မတီ၊ ပူးတွဲအပစ်အခတ်ရပ်စဲရေးကောမတီ စသည် တို့ကို တင်ပြထားတာတွေ့ရပါတယ်”

ဒါ့အပြင် အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကနေ ရရှိလာတဲ့အချက်တွေကို လွှတ်တော်မှာတင်ပြ အတည်ပြုနိုင်ဖို့ကိုလည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။

တချိန်တည်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီကလည်း အလားတူမူကြမ်းတစ်ခုရေးဆွဲထားပြီးဖြစ်တယ်လို့ သိရပါတယ်။

လာမယ့် အောက်တိုဘာလ ၃၀ ၀န်းကျင်မှာလည်း ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ တွေ့ဆုံပြီး ညီလာခံကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။




.. www.MyanmarExpress.net
 

3 comments:

ပေါ လိုက် တဲ့ သူ ပုန် စား ရ သောက် ရ ချမ်း သာ ဘို့ လွယ် တော့ လက် နက် ကိုင် ပြိး သူ ပုန် လို လို အ ဖွဲ့ အ စည်း လို လို နဲ့ လုပ် စား ငါ လဲ

အ ညာ မှာ လောက် လေး ခွ တပ် လုပ် ပြိး အ ဖွဲ့ ဖွဲ့ ပြိး လုပ် စား အုးံ မယ် စည်း ဝေး ပွဲ ကြ ခေါ် အုးံ နော် ဟဲ ဟဲ

I do not believe worthless rfa report. It is full of lies, slant and vague and misleading news.
I never take rfa reports seriously..

ဘဝ သံ တရာ လည် တယ် ဆို တာ သိ ကြ ပါ

ငါ က လူ ကြိး ငါ လုပ် ရင် ရ တယ် လုပ် ချင် ရာ လုပ် လို့ ရတယ် ဘာ ဘဲ ဖြစ် ဖြစ် အ နိုင် ယူ မယ် မှား တာ မှန် တာ ဘေး ထား

ငါ အာ ဏာ ရှိ တယ် လူ အ မိား ကို အောင် နိုင် တယ်

ငါ ငွေ ရှိ တယ် ငါ အာ ဏာ ရှိ တယ် ငါ ပညာ တတ် တယ်
မာန် မာ န တွေ နဲ့ လူ လော က မော် ကြွား ပြိး နေ လာ လိုက် တာ အ ကု သိုလ် တ ထော ကြိး နဲ့

အ သင် လူ သား တို့ သုးံ ဆယ့် တ ဘုံ ကျင် လည် ကြ ၏ ဒီ စ ကား အ မှန် တွေ ပါ


အ ကု သိုလ် တွေ မတ ရား လုပ် တာ တွေ
သတ် တာ ဖြတ် တာ တွေ

လုပ် ပါ များ တော့ သုးံ ဆယ် တစ် ဘုံ ထဲ မှ
ဘယ် ဘုံ ကြိုက် ပါ သ လဲ
လူ အ ပေါင်း တို့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်