Subscribe to our RSS Feed

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ NLD

From : .. Jing Hpaw Land


အခုတစ်လော ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဖို့ ၊ အသစ်ဆွဲဖို့ ဆိုပြီး NLD ပါတီက အသဲအသန် ခဲမှန် နေကြ တာတွေ့ရတော့ စိတ်တော်တော်လေတယ်ဗျာ...၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ရဘူး...မထိရဘူး မပြောပါဘူး...လက်ရှိအနေထား..ခေတ်စနစ်နဲ့ လျောညီမှု မရှိဘူးဆိုရင် upgrade လုပ်သင့်ရင် လုပ်ပါ..မပြင်ရဘူးလို့ မဆိုလိုပါဘူး...လွှတ်တော်မှာတောင် ၂၀၀၈ ဖွဲ့စည်းပုံနဲပတ်သတ်ပြီး လေ့လာသုံသပ်ဖို့....ပါတီပေါင်းစုံက ကိုယ့်စားလှယ် ၁၀၉ ဦးပါဝင်တဲ့ ကော်မတီဖွဲ့ ပေးထားသေးတာဘဲ...အစိုးရအနေနဲ့လည်း ဖွဲ့စည်းပုံနဲ့ ပတ်သတ်ပြီး ဝေဖန်အကြံပြုခြင်တာ..ထောက်ပြချင်တာရှိရင် ကောင်မတီကို တရားဝင် တင်ပြထောက်ပြနိုင်ကြောင်း ပြည်သူလူထုကို တရားဝင်ချပြထားတာတွေ ရှိပါတယ်...
ဟိုနေ့က MRTV မှာ ဒီဖွဲ့စည်းပုံနဲ့ ပတ်သတ်ပြီး သမိုင်းကြောင်းက စလို့ ဒေါက်တာအင်ဒရူး ငွန်ကျုံးလျန် တို့ အဖွဲ့ဝင် ၅ ဦးနဲ့ ဆွေးနွေးတင်ပြသွာတာတွေ လက်တွေ့ကျပြီး အင်မတန် ကောင်းပါတယ်၊

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဖို့၊ ရေးဖို့ဆိုတာ ခင်ဗျားတို့ NLD အခုလုပ်နေတဲ့ လုပ်ပုံကိုင်ပုံတွေနဲ့က လမ်းကြောင်းက ၁၂ ခြားဆီလောက်လွဲနေတယ်၊ ဒါ ကျွန်တော်အနေနဲ့ ခင်ဗျားတို့ တိုက်ခိုက်တာလဲမဟုတ်ဘူး.ခင်ဗျာတို့ ပါတီ လုပ်ရပ် မကောင်းကြောင်းပြော နေ တာလဲမဟုတ်ပါဘူး၊ ခင်ဗျာတို့လုပ်နေတာက လူထုကို အပေါစားစည်းရုံးရေလုပ်နေတာ၊ လူထုအုံကြွမှု ဖြစ်ပေါ်လာအောင် သွေးထိုးနေတာ၊ ၂၀၁၅ မတိုင်ခင် ဖွဲ့စည်းပုံကို ရအောင်ပြင်ဖို့ ရည်ရွယ်လုပ်ဆောင်နေတယ်ဆိုတာ အသိသာကြီးဖြစ်နေတယ်၊


ဘာကြောင့် ကျွန်တော် အဲဒီလိုပြောရသလဲဆိုတော့ ဖွဲ့ စည်းပုံ အခြေခံဥပဒေတစ်ခု ပြင်ဖို့ ၊ဆွဲဖို့ ဆိုတာ ကလေးကစားသလို လွယ်လွယ်လေး လုပ်လို့ရတာမှ မဟုတ်တာ၊ ကဲကြည့် ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေဘယ် လိုဆွဲခဲ့ကြလည်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပေါ်ဖို့ နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရတယ်၊ အမျိုးသားညီလာခံကျင်းပပြီး ဘက်ပေါင်းစုံ၊နယ်ပယ်ပေါင်းစုံက ပညာရှင်တွေနဲ့ ဖွဲ့စည်းပြီး ဥပဒေတွေကို ပြဌာန်းအတည်ပြုဖို့ ဆောင်ရွက်ခဲ့ကြရတယ်၊

နောက်ဖွဲ့စည်းပုံ ကိုရေးဆွဲတယ်ဆိုတာလဲ ကျင့်သုံးမဲ့ စနစ်ပေါ်မှာ အခြေခံပြီး ရေးဆွဲကြရတာ၊ ခေတ်ရဲ့ ပြောင်းလဲတိုးတက်မှု အခြေအနေနဲ့ ကိုက်ညီအောင် အချက်အလက်တွေ ထည့်သွင်းရေးဆွဲကြတာဖြစ်ပါတယ်၊ ၁၉၄၇ ဖွဲ့စည်းပုံဟာ အဲ့ဒီခေတ်မှာ ကျင့်သုံးမဲ့ စနစ်ပေါ်မှာ မူတည်ပြီးရေးဆွဲခဲ့တာ၊ နောက် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ တစ်ပါတီစနစ်နဲ့ ဆိုရှယ်လစ်နိုင်ငံတော် တည်ဆောက်ဖို့ဆိုတဲ့ အခြေခံ နဲ့ ရေးသားပြဋ္ဌာန်း ခဲ့ တဲ့ ဥပဒေဖြစ်တယ်၊ အခု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပါတီစုံ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးဖို့ရည် ရွယ်ပြီး ရေးဆွဲပြဌာန်း ခဲ့တဲ့ ဥပဒေဖြစ်တယ်၊


ကဲဗျာ ကျွန်တော် များများ မမေးဘူး ခင်ဗျာတို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပေဒ ဟာ ပါတီစုံ ဒိမိုကရေစီ စနစ်အတွက် ရေးဆွဲထားတာ ဖြစ်ပြီး ဒီမိုကရေစီ ကျင့်စဉ်များနဲ့ မညီပါဘူးလို့ ပြောရအောင် ၊ ပြင်မယ် ၊ အသစ်ရေးမယ်ပြောရအောင် ခင်ဗျာတို့ ဒီ ဖွဲ့စည်းပုံကို သုံးကြည့်ပြီးပြီလား....ဘယ်နှစ် နှစ် သုံးပြီးပြီလဲ...

ဘာလဲ လွှတ်တော် ထဲမှာ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါနေတာ ဒီမိုကရေစီနဲ့ မညီဘူးပြောချင်တာလား...အင်ဒီနီရှာမှာ ဖွဲ့စည်းပုံ ဆွဲတုန်းက တပ်မတော်သား ၄၀ ရာခိုင်နှုန်းတောင် ထည့်ထားတာ၊ ဒါတောင် တိုင်းပြည်က အေးအေးဆေးဆေးဘဲ၊ ဘာသူပုန်မှရှိတာမဟုတ်ဘူး၊

အခုလွှတ်တော်မှာ တပ်မတော်သား ၂၅ ရာခိုင်နှုန်းပါ နေတာဟာလဲ အခြေအနေနဲ့ အချိန်အခါပေါ်မှာ မူတည်ပြီး လျော့ချသင့်တဲ့ ကာလရောက်သွားရင် ခင်ဗျာတို့ က နေပါဆိုတောင် နေမှာမဟုတ်ဘူး၊ လျော့ချသွားမှာ ဒါ definate ဘဲ၊ အခုလဲ ၂၅ ရာခိုင်နှုန်း က နိုင်ငံတော်က သွားနေတဲ့ မူဝါဒလမ်းစဉ်တွေနဲ့ ပတ်သတ်ပြီး ဘာများ ၀င်ပြီး အဟန့်အတာလုပ်တာ၊ ကန့်ကွက်တာ နှောက်ယှက်နေတာ ရှိလို့လဲ၊ ခင်ဗျာတို့ဘာသာ နေရင်ထိုင်ရင် မျက်စေ့ ဆံပင်မွှေးဆူးနေတာတော့ ကျုပ်တို့က မတတ်နိုင်ဘူးလေ၊

အခု ခင်ဗျာတို့ လုပ်နေတာ တွေကြည့်ပြီး ခင်ဗျာတို့ တို့ပါတီရဲ့ အဆင့်အတန်းနဲ့ နိုင်ငံရေး အတွေး အခေါ် ဘယ်လောက်ရှိတယ်ဆိုတာ သုံးသပ်လို့ရနေပြီ၊ ဒါ ကျွန်တော် တိုက်ခိုက် ရေးသား ပြောဆိုနေတာလုံးဝမဟုတ်ပါဘူး၊ အမှန်ကို အမှန်အတိုင်း သိအောင် ပြည်သူတွေသိအောင် တတ်နိုင်တဲ့ ဘက်ကနေ ကူညီပေးတာ၊ ရှင်းပြပေးနေတာပါ၊

တစ်ကယ်တမ်းပြောရရင် ဖွဲ့စည်းပုံ ပြင်ဖို့ ၊ ဆွဲဖို့ဆိုတာ လွှတ်တော်က လုပ်ရမှာ၊ ခင်ဗျာတို့ နဲ့ ဘာမှမဆိုင်ဘူး၊ ပြည်သူက ရွေးချယ်တင်မြောက်ထားတဲ့ လွှတ်တော် သုံးရပ်ရှိနေပြီဘဲ၊ အဲဒီမှာ ပညာရှင်တွေ၊ ပါတီပေါင်းစုံက လူတွေရှိနေပြီးသား၊ တစ်ယောက်နဲ့ တစ်ယောက် အမှားမခံဘူး၊ပြန်ထောက်နေကြတာ၊ ပြုပြင်ချင်တာတွေ၊ ပြောင်းလဲချင်တာတွေကို လွှတ်တော်မှာ ဆောင်ရွက်ရမှာ၊

ဒါတစ်ကယ်တမ်းပြည်သူကိုချပြရမှာ လုပ်ဆောင်ရမှာသည် လွှတ်တော်အလုပ်ဖြစ်ပါတယ်၊ ခင်ဗျာတို့အလုပ်လဲမဟုတ်ဘူး၊ ဥပဒေ လမ်းကြောင်းကကြည့်ရင် ခင်ဗျာတို့ ပါတီ အခု ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး ဘာမှနားမလည်တဲ့ ပြည်သူတွေကို အပေါစားစည်းရုံးရေးလုပ်ပြီး ချပြနေတာတွေကိုဥပဒေအရ အရေးယူခွင့်ပါရှိတယ်၊


ဘာနဲ့ အရေးယူမလဲလို ခင်ဗျာတို့မေးရင် ဥပဒေပညာ့ရှင်မဟုတ်တဲ့ ကျွန်တော်တောင်ပြောနိုင်တယ်၊ နိုင်ငံတော်ရဲ့ လုပ်ကိုင်ဆောင်ရွက်နေတဲ့ မူဝါဒလမ်းစဉ်တွကို ဥပဒေဘောင်ပြင်ပကနေ ထိပါး စော်ကားမှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဥပဒေပြင်ပကနေ ပြင်ဆင်ဆောင်ရွက်နိုင်အောင် ပြည်သူကို သွေးထိုးလှုံှု့ဆော် စည်းရုံးမှု၊ ဖွဲ့စည်းပုံကို ဥပဒေပြင်ပ နှောက်ယှက် ထိပါမှု၊ အဲဒါတွေနဲ့ အရေးယူမယ်ဗျာ


ကျွန်တော် ပြောချင်တာက ခင်ဗျာတို့ က ဖွဲ့စည်းပုံ မှာ ပြင်ဖို့ ၁၂ ချက်ထုတ်ပြီး ပြည်သူကို ရှင်းပြ နေတယ်ဆိုတော့ ကျွန်တော်ပြည်သူတွေကို အထင်သေးလို့ပြောတာမ ဟုတ်ဘူး..အခု လက်ရှိအခြေအနေရ ကျွန်တော်တို့ပြည်သူတွေမှာ ဒီဖွဲ့စည်းပုံကို ဝေဖန်သုံးသပ်နိုင်တဲ့ အရည်အချင်း မပြည်ဝသေးဘူး...ဝေဖန်သုံးသပ်နိုင်စွမ်းမရှိသေးဘူးဆိုတာ အသေအခြာဘဲ...

နောက် အခုချပြင်ရှင်းပြနေရအောင်လဲ ခင်ဗျာတို့ကိုယ်တိုင်ရော ဒီဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေကို နားလည်လို့လား. ခင်ဗျာတို့မပြောနဲ့ နယ်ပယ်အသီးသီးက ပညာရှင်တွေ၊ ထိပ်တန်းဝါရင့် နိုင်ငံရေးသမားတွေ၊ ဥပဒေ ပညာရှင်တွေတောင်၊ သူတို့အပိုင်းမဟုတ်တဲ့ ကဏ္ဍ တွေကို နားမလည်းနိုင်သေးဘူး၊

ခင်ဗျာရောဘယ်လောက်နားလည်သလဲ မေးရင် ၊ အမှန်အတိုင်းဝင်ခံလိုက်မယ်၊ ကျွန်တော်လည်း ဖွဲ့စည်းပုံကို ကျွန်တော်ဥာဏ်မှီသလောက်ဘဲ နားလည်ပါတယ်၊ နားမလည်တဲ့ အပိုင်းတွေ အများကြီးရှိပါတယ်၊

နောက်ဆုံးပြောချင်တာက ခင်ဗျာတို့ သိထားရမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ ကြီးကျယ်လွန်းနေပါသေးတယ်၊ ကျွန်တော်တို့ လက်ရှိ နေစဉ်နဲ့ အမျှ နေထိုင် ကျင့်သုံးနေကြရတဲ့ ဥပဒေတွေဟာ ဖွဲ့ စည်းပုံ ထဲက ထုတ်သုံးနေတာ တစ်ခုမှ မရှိပါဘူး၊ ဒေသန္တရ ပြဌာန်းထားတဲ့ ဥပဒေပုဒ်မ ၄၄၀ ကျော်နဲ့တင် နေ ထိုင်ကျင့် သုံးနေကြတာဖြစ်ပါတယ်၊

ခင်ဗျာတို့ ဆန္ဒထက်သန်လွန်းလို့ လုပ်ချင်ရင် အဲဒီ ပြဌာန်းထားတဲ့ ဒေသန္တရ ဥပဒေပုဒ်မ ၄၄၀ ကျော်ကိုသာ လက်ရှိ ခေတ်စနစ်နဲ့ ညီမညီ လေ့လာပြီး ပြင်ဖို့ အစိုးရကို အကြံပေးပါ၊ ဒါဆိုရင်တောင် ခင်ဗျာတို့ လုပ်ရပ်က အစိုးရကို အထောက်အကူပြုတဲ့ လုပ်ရပ် ၊ ပြည်သူ့ အကျိုးကို တစ်တယ်လိုလားလို့ လုပ်တဲ့ လုပ်ရပ်ဖြစ်ပါလိ့မ်မယ်၊

ဥပမာ ပြောရရင် ထက်ထက်မိုးဦး သတင်ထောက်ကို ပါရိုက်လိုက်တုန်းက တရာရုံးက သတ်မှတ်လိုက်တာ ဒဏ်ကြေး ၁၀၀၀ လားဘဲ၊ နောက် ခင်ဗျာတို့ NLD ဦးဥာဏ်ဝင်းကို ဖုယောင်းမဲ ကိစ္စမှာ ဥပဒေအရ ဒဏ်ငွေ ၁၀၀၀ လား ဒဏ်သတ်လိုက်တာတွေ၊
ဒါတွေဟာ ဥပဒေထဲမှာ အဲဒီလို ပြဌာန်းထားလို့ ဖြစ်ပါတယ်၊ အရင်တုန်းက ပြဌာန်းထား တာဖြစ်လို့ အခု ခေတ်စနစ်နဲ့ဆို ဒါ ရီစရာတောင်ဖြစ်နေသေးတယ်၊



ဒီလိုဥပဒေမျိုးတွေကို ခေတ်နဲ့ အညီ update ဖြစ်အောင် လုပ်ဖို့အရင်ကြိုးစားပါဦးလို့ ခင်ဗျာတို့ ပါတီရဲ့ လမ်းကြောင်းလွဲနေတဲ့လုပ်ရပ်ကို ထောက်ပြ လိုက်ပါတယ်...

အရမ်းလဲရှည်သွားပြီ...ပြောချင်တာ အများကြီးကျန်သေးတယ်....


လေးစားလျှက်

.. www.MyanmarExpress.net
 

5 comments:

good
.NLd is Burmese Communit party following the way. sooner they will die too.

ခ လေး က ပြောင် နေ တာ လား ရီ နေ တာ လား

ပြင် ချင် ပြင် မ ပြင် ချင် နေ ကွာ ဒါ ပေ မဲ့ ဒီ မို က ရေစီ ကွ ဒီမို က ရေ စီ ဆို တော့ ဒီမို က ရေစီ လမ်း စဉ် တိုင်း သွား ရ မယ် တ ချက် ဘဲ လို တယ် တ ခု တည်း နော် အုပ် ခူပ် ရေး မူး တွေ ကို ပြည် သူ ဆန္ဒ နဲ့ မဲ စ နစ် နဲ့ လုပ် ရ မယ်
ဟုတ် တယ် နော် မှန် တယ် နော် လွှတ် တော် ထဲ က ၂၅% တပ် မ တော် ပါ နေ တာ တော့ မ ပါယ် နဲ့ တိုင်း ပြည် အ ခြေ အ နေ မ ကောင်း ဘူး ပြော မယ် နော် ရပ် ကွက် အုပ် ခူပ် ရေး မူး တွေ ပြည် သူ တင် တဲ့ ရပ် ကွက် အုပ် ခူပ် ရေး မူး ဖြစ် သွား ရော ဟဲ ဟဲ

အ ရမ်း မ စား ရဲ တော့ ဘူး လိမ္မာ သွား တာ ဘဲ ဟဲ ဟဲ ဒီလို ဘဲ ပေါ့ အုပ် ခူပ် ရေး မူး တွေ ပြည် သူ တင် တဲ့ အုပ် ခူပ် ရေး မူး တွေ ဖြစ် ရင် ဟား ဟား ဟား လိမ္မာ သွား မှာ နော်
ပြည် သူ လဲ စိတ် ချမ်း သာ ပြီ မှတ် ဒီ တော့ ပြည် သူ စိတ် ချမ်း သာ အောင် လုပ် ပေး ပေါ့
နောက် ပြိး ပြော မယ် နော် မ ဖမ်း ကြေး နော်
တိုင်း ပြည် အ တွက် ငွေ တွေ တိုး လာ လိမ့် မယ် မ ယုံ ဘူး လား စမ်း ကြည့် လိုက် ပါ

PKU TTTTTT


This child Jing Hpaw Land is right.

လမ်းကြောင်းလွဲနေတာကြီးကို ထောက်ပြပါတယ် ဆိုတော့လည်း
လူတတ်ကြီး လို့ပဲ ယုံရတော့မလိုလို။
ဘာလို့ အင်ဒိုနီးရှားနဲ့ ပဲ ယှဉ်ပြောနေရတာလဲ။ သူ့ထက် တိုးတက်တဲ့ နိုင်ငံ မရှိတော့ဘူးလား။ တပ်မတော်သား ၂၅ ပါတာကို နည်းနေသေးသလို ပြောနေတော့ တပ်ထွက်ဟောင်း အရိုးအရင်း ကိုနေရလို့လား ဆိုတာတော့ သံသယဖြစ်မိတယ်။
မကောင်းမှန်းသိလျက်နဲ့တော့ တစ်ရက်တောင် မသုံးကြည့်သင့်ဘူးလေ။ ဘာလို့ ဇွတ်ကြိး သုံးကြည့်ခိုင်းနေရတာလဲ။

ဟုတ်ငဲ့ဘာ စရာဃြီး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်