From : 
.. bbc
သမ္မတတ ဦးသိန်းစိန်က လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတအဖြစ် သူဝင် အရွေးခံ မခံ ဆိုတာကို သူကိုယ်တိုင် ပြည်သူတွေကို အသိပေး ပြောကြားမယ်လို့ သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောပါတယ်။
ရွေးကောက်ပွဲမှာ သမ္မတ ဦးသိန်းစိန် ဝင် အရွေးမခံ တော့ဘူးလို့ သူ့ကို ပြောခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ရက်နေ့မှာ လွှတ်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖေါ် ပြောဆိုခဲ့အပြီး ၂ရက်အကြာမှာ သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က အခုလို တုန့်ပြန် ပြောလိုက်တာပါ။
သူရ ဦးရွှေမန်းရဲ့ ပြောဆိုချက်ဟာ သမ္မတနဲ့ ကြိုတင် သဘောတူပြီး ထုတ်ပြန်ခဲ့တာ မဟုတ်ဘူးလို့လည်း ဦးရဲထွဋ်က ပြောပါတယ်။
ပြည်တွင်းက ဆောင်းပါးရှင် စည်သူအောင်မြင့်ကတော့ လုပ်ထုံး လုပ်နည်းအရ သူရ ဦးရွှေမန်းအနေနဲ့ ဒီလို ထုတ်ဖေါ် မပြောသင့်ဘူးလို့ သုံးသပ်ပါတယ်။
သမ္မတနဲ့ လွှတ်တော်အကြား အားပြိုင်မှုတွေ ရှိနေတယ်လို့ အများက ယူဆနေ ချိန်မှာပဲ အခု ဒီကိစ္စ ပေါ်ပေါက်ခဲ့တာပါ။
သမ္မတနဲ့ လွှတ်တော်အကြားမှာ ဖွဲ့စည်း အုပ်ချုပ်ပုံ ဆိုင်ရာ ခုံရုံး ကိစ္စ အငြင်းပွားတာမျိုး ဖြစ်ခဲ့သလို ငြိမ်းချမ်းရေး အကောင်အထည် ဖေါ်ရေး လုပ်ငန်းစဉ်တွေကို သူရ ဦးရွှေမန်းက စိတ်ကြေနပ်မှု မရှိတာကြောင့် အမျိုးသား လုံခြုံရေးနဲ့ ကာကွယ်ရေး အစည်းအဝေးတွေ ခေါ်ဖို့ တောင်းဆိုတာမျိုးတွေ ရှိခဲ့ပါတယ်။
ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီတခုတည်းက ပြိုင်ဘက် အချင်းချင်း သူရ ဦးရွှေမန်း အခုလို ပြောခဲ့တာဟာ သမ္မတ ဦးသိန်းစိန်ကို ပြိုင်ဘက် အဖြစ်ကနေ ဖယ်ထုတ်ပစ်ချင်တဲ့ သဘော ရောက်နေတယ် လို့ ပြည်တွင်းက ဆောင်းပါးရှင် စည်သူအောင်မြင့်က သုံးသပ်ပါတယ်။
.. www.MyanmarExpress.net
 
.jpg)
 
.jpg) 
 
.jpg) 
.jpg) 
.jpg) 
.jpg) 
.jpg) 
 
.jpg) 
 
20 comments:
ဦး ရွှေ မန်း ကို လုံး ဝ သ ဘော မတူ ပါ။ဇေကမ္ဘာ နှင့် သူ့  သား များ သာ အ ကျိုး ဖြစ် ပါ လိမ့် မည်။
Bull shit BBC is confusing people which is clear to every body. It reports ပြည်တွင်းက ဆောင်းပါးရှင် စည်သူအောင်မြင့်ကတော့ လုပ်ထုံး လုပ်နည်းအရ သူရ ဦးရွှေမန်းအနေနဲ့ ဒီလို ထုတ်ဖေါ် မပြောသင့်ဘူးလို့ သုံးသပ်ပါတယ်။ Well, ဆောင်းပါးရှင်စည်သူအောင်မြင့် is a nonentity. His judgment ridiculously idiotic. Again BBC refers to this idiot as follows. ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီတခုတည်းက ပြိုင်ဘက် အချင်းချင်း သူရ ဦးရွှေမန်း အခုလို ပြောခဲ့တာဟာ သမ္မတ ဦးသိန်းစိန်ကို ပြိုင်ဘက် အဖြစ်ကနေ ဖယ်ထုတ်ပစ်ချင်တဲ့ သဘော ရောက်နေတယ် လို့ ပြည်တွင်းက ဆောင်းပါးရှင် စည်သူအောင်မြင့်က သုံးသပ်ပါတယ်။ IDIOT NATURALLY THINKS IDIOTICALLY. HA HA HA. and BBC is a fool to report about it.
ရွှေမန်းကို ကန့်ကွက် ပါတယ် ဦးသိန်းစိန် ကိုထောက်ခံ ပါတယ်
သမတကြီး ပါတီအသစ်ထောင် ပါဗျို့။ ငရွှေမန်းနဲ့ စုကြည်မ လက်ထဲတော့ မြန်မာပြည်ကြီး ကို ပုံမအပ်နိုင်ဘူး။ ရွှေမန်းကထ ဖောက်လိုက် စုကြည်မကထဖောက်လိုက်နဲ့ အဏာရှုး တွေကိုတော့ မဲမပေးနိုင်ဘူး။
သမ္မတရာထူးဟာတပ်မတော်ကဗိုလ်ချုပ်ကြီးတွေ
ကိုသွေးကွဲစေတော့မှာလား
အဲဒီလိုဖြစ်မှာကိုအဆိုးရိမ်ဆုံးပါပဲ
ဘယ်သူ့စီပွာရေးလုပ်ငန်းတွေမှစစ်စရာမလိုဘူး
ဘယ်နိုင်ငံမဆိုလက်ရှိအစိုးရကပဲအရာရာကိုစီမံ
ခန့်ခွဲရတယ်ဘာမှထူးမနေပါဘူး
မတူတာကအရင်ကအလုံးစုံပိတ်ဆို့ခံထားရတယ်
ဒီတော့ဖြစ်သလိုချီတက်ကြရတယ်အဲဒါကြောင့်
ဘေးထွက်ဆိုးကျိုးကလဲပိုများတော့တာပေါ့
အခုအလုံးစုံပြန်ဖွင့်မဲ့ပုံစံကိုသွားဖို့ကြိုးစားနေတယ်
အရင်ကနဲ့ဘာမှမတူနိုင်ဘူးဒါကိုလက္ခံကြရမယ်
ဒါမှအရင်လူတွေကိုနားလည်နိုင်မယ်
အသစ်ကိုတစ်ကယ်သွားချင်ရင်အဟောင်းကိုမေ့
ပစ်ကြရမယ်ခေါင်းဆောင်ဟောင်းတွေမှာရွေးချယ်
စရာအခွင့်အလမ်းအင်မတန်နဲခဲ့ပါတယ်
တိုင်းတစ်ပါးအားကိုးနဲ့ကိုယ့်လူမျိုးခေါင်းဆောင်
တွေကိုလူပါးဝဖို့မကြိုးစားပါနဲ့မှားသွားမယ်
ခေါင်းဆောင်ဟောင်းတွေရွေးချယ်စရာနည်းသွား
အောင်အတိုက်အခံတွေဟာတိုင်းတစ်ပါးနဲ့ပေါင်း
ပြီးအစွမ်းကုန်ယုတ်မာခဲ့ကြတယ်လေ
အမှားကတော့နှစ်ဘက်စလုံးမကင်းခဲ့ပါဘူး
အရေးကြီးတာကတော့တပ်မတော်စည်းလုံးနေ
ရမယ်
တပ်မတော်နဲ့ပြည်သူကြားမှာချစ်ကြည်ရင်းနှီး
အောင်ပြန်လုပ်ကြရမယ်
လူဆိုတာလောဘရှိတာတော့လက္ခံပါတယ်မလွန်
ကဲဖို့တော့လိုတယ်
တပ်မတော်ဟာနိုင်ငံအတွက်အရေးအကြီးဆုံး
ဖြစ်တဲ့အတွက်ပြည်သူတွေနဲ့ရင်းနှီးချစ်ကြည်တာ
ကိုပဲမြင်ချင်ပါတယ်ဒီလိုဖြစ်အောင်အစိုးရရယ်
အတိုက်အခံရယ်တပ်မတော်ရယ်ပြည်သူရယ်
အားလုံးပူးပေါင်းဆောင်ရွက်ကြရမယ်ဒါပါပဲ
ရွှေမန်းနဲ့ဒေါ်စု ကိုက်ကြဟဲ့
အဲ့ဒါမှန်တယ်ဦးရွှေမန်းအနေနဲ့ဒီစကားမျိုးမပြောသင့်သလိုပြောပိုင်ခွင့်လည်းမရှိပါဘူး ဦးသိန်းစိန်ကအသက်အရွယ်အရသော်လည်းကောင်းကျန်းမာရေးအရသော်လည်းကောင်းဦးရွှေမန်းနှင့်တွေ့ဆုံစဉ်အနားယူချင်ဟုပြောကောင်းပြောနိုင်သော်လည်းသမ္မတအဖြစ်ဆက်လက်အရွေးခံခြင်းမခံခြင်းမှာဦးသိန်းစိန်၏သဘောသာဖြစ်ပါသည်ပုဂ္ဂိုလ်ရေးခင်မင်မှုအရပြောဆိုသောစကားများအားပြင်ပသို့ကာယကံရှင်၏သဘောတူညီမှုမရဘဲလုံးဝမပြောသင့်ပါအစိုးရခေါင်းဆောင်သမ္မတတစ်ယောက်အနေဖြင့်ဆက်လက်ရွေးခြယ်ခံခြင်းမရှိတော့ပါကအများပြည်သူသိရှိနိုင်ပါရန်သမ္မတကိုယ်တိုင်သို့မဟုတ်ပြောရေးဆိုခွင့်ရှိသူမှသာတိုင်းပြည်သို့တရားဝင်သတင်းထုတ်ပြန်ခြင်းမျိုးဖြစ်သင့်ပါသည်
အဖွားကြီးတက်လဲ ပြည်သူ့ချဉ်ဖတ်ဖြစ်မှာပဲ
ရွှေမန်းတက်လဲ လုပ်စားမှာပဲ
အဲဒီတော့ ငါပဲ သမ္မတ လုပ်မယ်
ဘယ် သူ လုပ် လုပ် အခု အ ချနိ အ ထိ တော့ ပြည် သူ အွက် ဘာ မှ မ ပြောင် ပါ သူ ပုန်တွေ သာ ပေါ လာ ၏
TT
ဦးသိန်းစိန်
ဦးသိန်းစိန်ပဲ
ကိုယ် နေ ရာ ရ ဖို့ ဆို တွန်း ချ ရ မှာ လဲ ဝန် မ လေး ဘူး တက် နင်း ရ မှာ လဲ ဝ န် မ လေး ဘူး ဆို တာ ဦး ရွှေ မန်း ကို ပြော တာ ဘဲ
လုံး ဝ မှန် တယ်
အလွတ်သဘောပြောတာကို ဖယ်ထုတ်ချင်တဲ့ ဆန္ဒနဲ့ တရားဝင်ထုတ်ပြောတာဟာ စည်းမစောင့်ရာ ရောက်ပါတယ်။ ပုဂ္ဂိုလ်ရေးအရ ကြည့်ရင် ဦးရွှေမန်းက လေးစားစရာမရှိပါ။

စကားနောက်တရားပါ
ဦးရှွှေမန်းကြီးကအခုမှဒီမိုကရေစီသူရဲကောင်းကြီးလုပ်နေတယ်၊လူလယ်ကြီးတွေ၊အကွက်တွေကရိုးနေပါပြီ၊အဲဒီလိုမလုပ်လဲနိင်ငံရေးဇာတ်ခုံပေါ်ဝင်ကလို့ရမှာမဟုတ်ဘူးလေ၊လုပ်ခြင်လို့လုပ်နေတာမဟုတ်ပါ၊မလုပ်မဖြစ်လို့လုပ်နေကြတာပါ၊သူတို့သာသိ၊သူတို့သာတတ်လုပ်နေကြတာ၊နိုင်ငံကမွဲပြာကြနေပြီ၊သူတို့တွေတစ်ကိုယ်ကောာင်းဆန်လို့တိုင်းပြည်ဒီလောက်ဆင်းရဲနေတာ၊အစောကြီးကတည်းကလုပ်ပါလား၊ဒီလောက်သိနေရင်၊ပုတ်သင်ညိုကြီးတွေ၊ကာလံဒေသံလိုက်ပြီးအရောင်ပြောင်းနေကြတာ၊အထင်မကြီးဘူး၊ဒေါ်စုကတော့ဘယ်လိုလဲမသိပါ၊သူ့လုပ်ဆောင်ချက်ကအရှိန်နဲ့လိမ့်နေတာလား၊အရည်အချင်းကြောင့်လားဆိုတာသိပ်မကြာခင်ပေါ်ပါလိမ်မယ်၊
ကိုယ်ပြောတဲ့စကားကို ကိုယ်တာဝန်မယူနိင်တဲ့လူတယောက်က တိုင်းပြည်ကထိပ်ပိုင်းခေါင်းဆောင်မဆိုထားဘိ လမ်းခေါင်းဆောင်တာဝန်တောင်မယူသင့်ပါ အဲ အတိုက်အခံခေါင်းဆောင် ဆိုမလား သူပုန်ခေါင်းဆောင်လုပ်ရင်တော့ရနိုင်ပါသည်ဟုထင်မြင်မိကြောင်း၊ လွန်တာရှိဝန်ဒါမိပါခင်ဗျား
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်