Subscribe to our RSS Feed

မိသားစုများ၏ စီးပွားရေးလုပ်ငန်းကို ဥပဒေနှင့်အညီဆောင်ရွက်ခြင်းဖြစ်သည့်အတွက် အချိန်မရွေးလာရောက် စစ်ဆေးနိုင်ဟု သူရဦးရွှေမန်းပြောပြီ

From : .. popular


မိမိအပါအ၀င်၊မိသားစုများ၏ စီးပွားရေးလုပ်ငန်းများကို ဥပဒေနှင့်အညီဆောင်ရွက်ခြင်းဖြစ်သည့်အတွက်
အချိန်မရွေးလာရောက် စစ်ဆေးနိုင်ကြောင်း
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ယနေ့ပြောသည်။
“အလုပ် မလုပ်ပဲနဲ့ ဘာနဲ့စားမလဲ။
နိုင်ငံသားတစ်ယောက် အခွင့်အရေးဆုံးရှုံး ခံလို့ မဖြစ်ဘူး
လုပ်တဲ့အခါမှာ နိုင်ငံသား တစ်ယောက်ရဲ့ အခွင့်အရေးကို ယူတဲ့အခါမှာ ဥပဒေနဲ့ အညီဖြစ်ဖို့လိုတယ်။ ဥပဒေ အပြင်မရောက်ရဘူး။
လူကြီးသားသမီးမို့လို့ အခွင့်အရေး ပို မယူရဘူး။ ဒီလိုသတ်မှတ်ပြီးတဲ့အခါမှာ ဆောင်ရွက်ခိုင်းတယ်
ဒီနေ့ သူတို့တွေ ထိုက်သင့်တဲ့ အခြေအနေရောက်ပြီး ပြောရဲတယ် သေချာတယ်။ ကိုယ်ကိုကိုယ် ဗိုလ်ချုပ်ကြီး တစ်ယောက်အနေနဲ့
သူတို့ တစ်တွေကို တပ်နဲ့ ဆိုင်တဲ့ စီးပွားရေး လုပ်ငန်းမှာ မလျှော် သြဇာ သုံးပြီး တစ်ခုမှ မခိုင်းခဲ့ဘူး။
အဲဒီ အတိုင်းပဲ နယက အဖွဲ့ဝင် တစ်ယောက် အနေနဲ့ လဲ သူတို့ကို ပိုပြီးတော့ အခွင့်အရေးပေးခိုင်ခဲ့တာလဲ တစ်ခုမှ မရှိဘူး။ မိမိ ဘက်က
ဒီနေ့ သူတို့ စီးပွားရေး လုပ်နေကြတယ် ဘာတွေ လုပ်နေကြတယ်
ဆိုတာ တရားဝင်လုပ်နေကြတယ်။
အဲဒီအတိုင်းပဲ သူတို့ တတွေ စီးပွားရေးလုပ်ပြီးတော့ ရတဲ့ ၀င်ငွေ က အခွန် အကောက် ဆိုင်ရာနဲ့ ပတ်သက်ပြီးတော့လည်း
သူတို့ကို ဥပဒေနဲ့ အညီ ဆောင်ရွက်ခိုင်းထားတယ် ဆောင်ရွက်ထားတယ်လို့ပြော တယ်။
ဒါနဲ့ ပတ်သတ်လို့
မိမိ အတွက်သော်လည်းကောင်း၊ မိမိ မိသားစု အတွက်သော်လည်ကောင်း အဓိက မိမိ ကိုယ်ကို မိမိတာဝန်ယူတယ်။
ကလေးတွေ အတွက် ကလေးတွေ တာဝန်ယူနိုင်အောင်လုပ်ထားတယ် ။ အချိန်မရွှေး စစ်ခံနိုင်တယ်။ အချိန်မရွှေး လာရောက်လေ့လာနိုင်တယ်”ဟု ၎င်း ကပြောသည်။
၂၀၁၅ ခုနှစ်တွင်သမ္မတ ဖြစ်ချင်သူတစ်ဦးအနေဖြင့်၊သားသ္မီးများ၏ စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး အသံအမျိုးမျိုးထွက်နေခြင်း၊မိသားစု၏
ပိုင်ဆိုင်မှုများနှင့် ပတ်သတ်ပြီး အမျိုးမျိုးဝေဖန်မှု များရှိနေသည့် အတွက် Clear ရှိနိုင်ပါမလား ဟု သတင်းမီဒီယာ သမားများ၏ မေးမြန်းမှုကို အထက်ပါ
အတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
၂၀၁၅ ခုနှစ် ရွှေးကောက်ပွဲတွင် ယခုလက်ရှိ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ၀င်ရောက်အရွေးချယ် ခံခြင်း ပြုတော့မည် မဟုတ်ဟု
မိမိကို ပြောဆိုခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက မီဒီယာသမားများ ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။
ယနေ့နေပြည်တော်တွင်ကျင်းပနေသော ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးပြီးမြောက်ချိန် နောက်ပိုင်း မွန်းလွဲ(၁း၀၀)နာရီ ခန့်တွင်
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက သတင်းမီဒီယာများနှင့် ဇမ္မူသီရိ အဆောင် မီဒီယာခန်း တွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။


.. www.MyanmarExpress.net
 

18 comments:

He and his son took all business area and pay small amount of tax and saying he is doing the rights things.

I don't believe it. Even he eats shit to believe everyone, I will think he likes eating shit only.

အဲ့ဒီလိုသားသမီးတွေစီးပွားရေးလုပ်ဖို့ကိုပေါ့နော်ကုမ္ပဏီအကြီးစားကြီးတွေတည်ထောင်ဖို့ကိုပေါ့နော်မြောက်များလှစွာသောရင်းနှီးမြှုပ်နှံတဲ့ငွေတွေကိုပေါ့နော်သားသမီးတွေကပေါ့နော်ဘယ်ကနေရလာတာပါလဲဗျာ အားကျလွန်းလို့ပါ

အဲ့ဒီလိုသားသမီးတွေစီးပွားရေးလုပ်ဖို့ကိုပေါ့နော်ကုမ္ပဏီအကြီးစားကြီးတွေတည်ထောင်ဖို့ကိုပေါ့နော်မြောက်များလှစွာသောရင်းနှီးမြှုပ်နှံတဲ့ငွေတွေကိုပေါ့နော်သားသမီးတွေကပေါ့နော်ဘယ်ကနေရလာတာပါလဲဗျာ အားကျလွန်းလို့ပါ

အဲ့ဒီလိုသားသမီးတွေစီးပွားရေးလုပ်ဖို့ကိုပေါ့နော်ကုမ္ပဏီအကြီးစားကြီးတွေတည်ထောင်ဖို့ကိုပေါ့နော်မြောက်များလှစွာသောရင်းနှီးမြှုပ်နှံတဲ့ငွေတွေကိုပေါ့နော်သားသမီးတွေကပေါ့နော်ဘယ်ကနေရလာတာပါလဲဗျာ အားကျလွန်းလို့ပါ

လောင် စာ ဆီ ပန့် ဆိုင် အ ခက် အခဲ များ

အ စိုး ရ မှ ဓါတ် ဆီဘဲ ထုတ် ပေး ပါ သည်

ဒီဇယ် အော် တိန်း ပရီမီယယ် မ ပေး ပါ
ကုမ္ဗဏီ များ မှ ဝယ် ရ ပါ သည် ကုမ္ပဏီ များ မှ
4:5 နှင့် မ ပေး ပါ
တ ရား မ ဝင် ဆီ ဆိုင် များ မှ တ ရား မ ဝင် ရ သော ဆီ များ နှင့် ပုန် မှန် ဂါ နှင့် ၃၉၀၀ ရောင်း ပါ သည် ပန့် ဆိုင် များ က ၄၃၀၀ ရောင် လျင်
ထည့် သူ မ ရှိ ပါ
၃၉၀၀ ကျပ် နှင့် 4:5 ရောင်း လျင် ပန့်  ဆိုင် များ မွဲ ပါ လိမ့် မည်
သက် ဆိုင် ရာ တာ ဝန် ရှိ သူ များ ဖြေ ရှင်း ပေးပါ ရန် PKQTTT

1-THANK TO NAYAKA THU RA U SHWE MANN FOR
HIS VERY CLEAR STATEMENT.
2-WE LIKE TO HEAR SIMILAR STATEMENTS
FROM ALL LEADERS,ALL POLITICIANS AND
ALL POLITICAL PARTIES.

Excellent response to worthless media. All leaders should answer like U Shwe Mann.
I question the sincerity of these worthless media why they never ask Daw Su about having two British sons who are British subjects and who do not speak or write Myanmar and have no interest in Myanmar Country and yet Daw Su wants to be the President.

No one so far can say more forth rightly than Thura U Shwe Mann. All right thinking people applaud him.
Bull shits alone can not take his words.

ဒါ က​တော ​ပြောစရာမလို ပါဘူး ဘုရားအသိနတ်​ အသိပါ​နော်

သူ့ချွေးမ ဖြူနှင်းသန္တာ က wytu မှာ အတန်း တချိန်မှ မတက်ပဲ အိမ်မှာ စာမေးပွဲ ဖြေ ပြီး BE mech ဘွဲ့ကိုယူ သွားတာ တကျောင်း လုံးသိတယ် ဒါလား အစစ်ဆေး ခံနိုင်တာ

ဟုတ် မှလည်း ပြော ပါ။တပ် ထဲ က လူ တွေ အား လုံး သိ ပါ တယ်။နောက် ကြောင်း ရှင်း တာ က ဦး သိန်း စိန် ပါ။

ဦးခင်ညွန့်တုန်းကလည်းဒီလိုမျိုးပြောခဲ့ဘူးတယ်ဗျလာဘ်မစားဘူးမှတ်ကျောက်အတင်ခံရဲတယ်ဆိုပြီးနောက်တော့လည်းမိဘသဘောမတူတဲ့နိုင်ငံခြားသူကိုယူမိလို့အမွေပြတ်စွန့်လွှတ်ခြင်းခံလိုက်ရတဲ့သားတော်မောင်ဆရာဝန်ပေါက်စကရှေးဘဝဘုန်းကံကြောင့်ထင်ပါ့ချက်ချင်းကြီးချမ်းသာသွားလိုက်တာအံ့ဖွယ်ဘနန်းလူဖြစ်ဆန်းလိုက်ပါဘိ

ကျမ တို့လဲဦးသိန်းစိန် ပဲပြန်လုပ်စေချင်တယ်

ခင်နှင်းသန္တာ ဆိုတဲ့ချွေးမ တောင် ၇၅%'ကျောင်းတက်ချိန် မထိပဲ နဲ့ ကျောင်းတချိန်မှမတက် ပဲ roll no 1 ကိုယူသွားနတာလေ ရွှေမန်းရေ

အပြောကတော့ရွှေမန်း
ကလိုက်ရင်တော့ချိုမိုင်မိုင်

ဘွဲ့လက်မှတ်ပြန်သိမ်းသင့်တယ်

ဘွဲ့လက်မှတ်ပြန်သိမ်းသင့်တယ်

ကျောင်းမတက်ဘဲဘယ်အလေလိုက်နေတာလဲသောက်ကမြင်းမ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်