Subscribe to our RSS Feed

ကချင်ဒေသခံများ၏ အသက်အိုးအိမ်ထိခိုက်မည့် လုပ်ရပ်များ ရှောင်ရန် တပ်မတော်နှင့် KIO ကို အမေရိကန် တိုက်တွန်း

From : ..the voice

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ရလဒ်များ ပိုမိုကောင်းမွန်စေရန် ကြိုးပမ်းနေချိန်တွင် ကချင်ပြည်နယ်အတွင်းရှိ ဒေသခံများ၏ အသက်အိုးအိမ် ထိခိုက်စေမည့် လုပ်ရပ်များကို တပ်မတော်နှင့် KIO/KIA အဖွဲ့တို့က ရှောင်ကြဉ် သင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချယ်က အမေရိကန် ပြည်ထောင်စုအစိုးရ ကိုယ်စား တိုက်တွန်း ပြောကြားသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချယ်က ကချင်ပြည်နယ်သို့ နှစ်ရက်ကြာ သွားရောက်မှု အပြီးတွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ကာ ယင်းသို့ တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

ကချင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခများကို အကြီးအကျယ် ခံစားနေရသည့် ကျေးရွာများနှင့် ဒုက္ခသည် စခန်းများရှိ ဒေသခံ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကို ထိခိုက်စေမည့်၊ ခြိမ်းခြောက်မှု ဖြစ်စေမည့် မည်သည့် လုပ်ရပ်ကိုမဆို ရှောင်ရှားသင့်ကြောင်း မစ္စတာဒဲရစ်မစ်ချယ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

အောက်တိုဘာလ အတွင်းက ထုတ်ပြန်ခဲ့သော အစိုးရနှင့် ကေအိုင်အိုတို့၏ သဘောတူညီချက် ၁၀ ချက်သည် နှစ်ဦးနှစ်ဖက် ယုံကြည်မှု တည်ဆောက်ရန်အတွက် သာမက ကာလကြာမြင့်စွာ ကြန့်ကြာနေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပိုမိုရုပ်လုံး ပေါ်လာစေရန်အတွက် အလားအလာ ကောင်းများ ဖြစ်ကြောင်း မစ္စတာဒဲရစ်မစ်ချယ်က ယင်းထုတ်ပြန်ချက်တွင် ထည့်သွင်း ပြောဆိုထားသည်။

ခက်ခက်ခဲခဲ အဆင့်ဆင့် ဖော်ဆောင်နေသော ကချင်ပြည်နယ်၏ ငြိမ်းချမ်းရေး ဖြစ်စဉ်များကို အမေရိကန်အစိုးရ အနေနှင့် အထူးစိတ်ဝင်တစား စောင့်ကြည်လျက် ရှိကြောင်း ၎င်း၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်သည် ကချင်ပြည်နယ်၌ လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေး၊ လူမှုရေး အခြေနေများကို လေ့လာရန်၊ ကချင်ပြည်နယ်၏ သမိုင်းနှင့် ယဉ်ကျေးမှုဓလေ့များ သိရှိနိုင်ရန်နှင့် အမေရိကန်ပြည်ထောင်စု၏ အမြင်နှင့် မူဝါဒများကို ဖလှယ်ရန်အတွက် အောက်တိုဘာလ ၂၄ ရက်နေ့မှ ၂၆ နေ့အထိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ သွားရောက်ခဲ့သည်။

၎င်း၏ ခရီးစဉ်အတွင်း အစိုးရ အရာရှိများ၊ တပ်မတော်မှ တာဝန်ရှိသူများ၊ လူမူအဖွဲ့အစည်းများ၊ ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး မှုများ ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သတင်းထုတ်ပြန်သည်။

အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်သည် ၎င်း၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး သက်တမ်း တစ်နှစ်ခွဲအတွင်း ကချင်ပြည်နယ်သို့ ဒုတိယအကြိမ် သွားရောက်ခဲ့ခြင်း ဖြစ်ပြီး ပထမဦးဆုံးအကြိမ်အဖြစ် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်းက သွားရောက်ခဲ့သည်။


 .. www.MyanmarExpress.net
 

2 comments:

ဲဒဲရစ် မစ် ချယ် မင်း က ဆရာ ကြ်း လား ဆရာ ကြိး ဆို ရင် သူ ပုန် တွေ ကို လက် နက် အပ် ခိုင်း လိုက် ဒီမို က ရေ စီ တိုင်း လုပ် ခိုင်း လိုက်


ဒါ ဘဲ

ဒဲရစ် မစ် ချယ် This is not your country. Shut up and get out..

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်