Subscribe to our RSS Feed

ကိုရီးယားရောက် မြန်မာအိုဗာစတေးများ သက်ဆိုင်ရာ အလုပ်သမား သံအရာရှိနှင့် ဆက်သွယ်ကာ မြန်မာနိုင်ငံသို့ ပြန်လာသင့်ဟုဆို

From : ..YMG
 
ရန်ကုန် ၊ အောက်တိုဘာ ၂၁။ ။ ကိုရီး ယားနိုင်ငံတွင် သွားရောက် လုပ်ကိုင်သူများအနေဖြင့် အိုဗာစတေး (သတ်မှတ်ကာလကျော်လွန်နေ ထိုင်မှု)ဖြစ်ပါက သက်ဆိုင်ရာအ လုပ်သမားသံအရာရှိထံသို့ဆက် သွယ်ကာ မြန်မာနိုင်ငံသို့ပြန်လာ သင့်ကြောင်း အလုပ်သမားညွှန် ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ ကိုရီးယားနိုင်ငံသို့ စိုက်ပျိုးမွေးမြူ ရေးနယ် ပယ်လုပ်ငန်းတွင် သွား ရောက်လုပ်ကိုင်သူတချို့ သည် နေရာဒေသ အဆင်မပြေ မှုများ ကြောင့် လက်ရှိစာချုပ်ချုပ်ဆိုထား သောအလုပ်မှ တခြားအလုပ်တစ် ခုသို့ ပြောင်းရွှေ့လုပ်ကိုင်သဖြင့် အိုဗာစတေးနေထိုင် သူများဖြစ်နေ ခြင်းကြောင့် ပြန်လာရန် ယင်းသို့ တိုက်တွန်းပြောကြားခြင်းဖြစ် ကြောင်း သိရသည်။

လက်ရှိတွင် ကိုရီးယားနိုင်ငံ ၌ အိုဗာစတေးနေထိုင်သည့် အ လုပ်သမား စုစုပေါင်း ၃ရဝဝခန့် ရှိပြီး ယင်းတို့တွင် မြန်မာအလုပ် သမား ရဝဝခန့် ရှိကြောင်းနှင့် အ များစုမှာ စိုက်ပျိုးရေးလုပ်ငန်းများ မှလစာနည်းပါး မှုကြောင့် ပြောင်း ရွှေ့သွားခြင်းဖြစ်ကြောင်း Korea MBC News တွင်ဖော်ပြခဲ့ကြောင်း ကိုရီးယားနိုင်ငံရောက် မြန်မာတစ် ဦးက သတင်းပေးပို့ခဲ့သည်။

အစိုးရပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီမှ မန်နေဂျင်း ဒါရိုက်တာ ဦးဝင်းမြင့်က ''ဒီက သွားတော့ စိုက်ပျိုးရေးလုပ်ငန်း တွေမှာ လုပ်ဖို့သွား တယ်။ ဟိုမှာ အဆင်မပြေလို့ အလုပ်ပြောင်းတဲ့ အတွက် အိုဗာစတေးဖြစ် တယ်။ အဲဒါဆိုရင် အန္တရာယ်ရှိတယ်။ ဒါ ကြောင့် မလုပ်နိုင်ဘူးဆိုရင် ပြန် လာသင့်တယ်''ဟုဆိုသည်။

ကိုရီးယားနိုင်ငံသို့ တရားဝင် အလုပ်သမားစေလွှတ်မှုကို အစိုးရ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုတည်းမှသာ လုပ် ကိုင်လျက်ရှိကြောင်း သိရသည်။

ဦးဝင်းမြင့်က ''စိုက်ပျိုးမွေး မြူရေးလုပ်ငန်းကတော့ စက်ရုံ လုပ်သားတွေလို ပုံမှန်မဟုတ်ဘူး။ ပင်ပန်းတယ်။ ဟိုရောက်မှ အဆင် မပြေဘူးဆိုပြီး ထွက်ပြေးကြတယ် လို့ တချို့သတင်းတွေ ပြန်ကြားရ တယ်။ တကယ်လို့ အိုဗာစတေး ဖြစ်သွားရင် ရဲဖမ်းမခံရခင် အလုပ် သမားသံအရာရှိကို ဆက်သွယ်ပြီး မြန်မာနိုင်ငံကို ပြန်လာသင့်တယ်''ဟု ပြောသည်။

ယင်းကဲ့သို့ ပြည်ပတွင်သွား ရောက်အလုပ်လုပ်ကိုင်ကြမည့် လုပ်သားများကို အစိုးရ ပြည်ပအ လုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ လုပ်ငန်းခွင် အဆင်မပြေမှုများရှိပါ က မြန်မာနိုင်ငံဆိုင်ရာ သံအရာ ရှိများထံသို့ အကြောင်းကြားကာ စာချုပ်ဖောက်ဖျက်မှု မဖြစ်စေရန် ဆောင်ရွက် သင့်ကြောင်း၊ ကြိုတင် သင်တန်းပေးစဉ်ကာလများ တွင် ပြောကြားထားမှုများရှိကြောင်း သိရသည်။

ကိုရီးယားနိုင်ငံတွင် သွား ရောက်လုပ်ကိုင်နေသော ဦးမိုး ဟိန်းက ''ကိုရီးယားနိုင်ငံစရောက် ရောက်ချင်းမှာတော့ သူတို့လို စကားမပြောနိုင်တော့ အဆင်မ ပြေဖြစ်တယ်။ စက်ရုံမှာလုပ်နေတဲ့ သူတွေကတော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ စိုက်ပျိုးမွေးမြူရေးဘက်က လုပ်တဲ့သူတွေ အဆင်မပြေဘူး။

တခြားလုပ်လိုရမယ့်အလုပ်တွေ ပြောင်းကြတယ်။ အဲဒီအခါ အိုဗာ စတေးတွေဖြစ်ကုန်တာ တော်တော် များတယ်''ဟုပြောသည်။
ပြည်ပနိုင်ငံများတွင်သွား ရောက်အလုပ်လုပ်ကိုင်မည့် လုပ် သားများအနေဖြင့် မသွားခင် ကြို တင်ပြင်ဆင်မှုများပြုလုပ်ထား သင့် ကြောင်း၊ ယင်းမှသာ လုပ်ငန်းခွင် အဆင်ပြေနိုင်မည်ဖြစ်ကြောင်း အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ များက ဆိုသည်။

ဦးဝင်းမြင့်က ''ကိုရီးယားသွား အလုပ်လုပ်မယ့်သူတွေအနေနဲ့ မသွားခင်က ကြိုစဉ်းစားထားသင့် တယ်။ ကိုယ်တကယ်လုပ်နိုင်သလား၊ မလုပ်နိုင်သလား လို့ ဟိုရောက် မှစာချုပ်ဖောက်ဖျက်လို့ မြန်မာ နိုင်ငံကနေထပ်မခေါ်ရင် ကိုရီး ယားသွားအလုပ်လုပ်မယ့်သူတွေ အတွက် အခက်အခဲ အများကြီး ဖြစ်နိုင်တယ်''ဟုထပ်မံပြောသည်။

ကိုရီးယားနိုင်ငံသို့ စိုက်ပျိုးမွေး မြူရေးနှင့် စက်ရုံအလုပ်ရုံများသို့ သွားရောက်လုပ်ကိုင်သူများသည် စတင်လွှတ်သည့်အချိန်မှ ယနေ့အ ထိ ရှစ်ထောင်ကျော်ခန့်ရှိကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာန အောက်ရှိ အစိုးရပြည်ပအလုပ် အကိုင်ရှာဖွေရေးအေဂျင်စီမှ သိ ရသည်။


 .. www.MyanmarExpress.net
 

1 comments:

သူတပါးနိုင်ငံမှာနွားလိုအလုပ်လုပ်ရမှာကို
မသွားခင်ကနတ်ပြည်သွားရမလိုစိတ်ကူးမယဉ်ကြနဲ့

ဗမာပြည်ကဆရာဝန်တွေတောင်နိုင်ငံခြားရောက်ရင်
အများစုကသူတို့နိုင်ငံကနပ်စမတွေလုပ်တဲ့အဆင့်ဘဲလုပ်နေရတယ်
လူနာကိုတိုက်ရိုက်ဆေးကုသခွင့်မပေးအောင်ကိုနှိမ်ထားတာ

ဘယ်နိုင်ငံခြာကိုမှအထင်မကြီးကြနဲ့ဟေ့
ကိုယ်ဗမာပြည်သာအကောင်းဆုံးဘဲ
.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်