From : 
..YMG
နို ဝင်ဘာလပထမပတ် တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေးကော် မတီနှင့် တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့ခေါင်းဆောင်များ တွေ့ဆုံမည့် ပွဲတွင် တိုင်းရင်းသားလက်နက် ကိုင်ခေါင်းဆောင်တချို့တင်ပြ မည့် လုံးဝအပစ်ရပ်စဲရေးစာချုပ် မူကြမ်းကို နှစ်ဖက်ညှိနှိုင်းမည် ဖြစ်ကြောင်း Myanmar Peace Centre မှ ဦးလှမောင်ရွှေက ပြောသည်။
 
အောက်တိုဘာ ၂၄ရက်က ပန်ဒါဟိုတယ်၌ပြုလုပ်သော အ ရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ (၆)ကြိမ်မြောက်ငြိမ်းချမ်းရေးဖိ
 
ယခုအချိန်တွင် KNU နှင့် RCSS /SSA အဖွဲ့တို့ ယူဆောင် လာသည့် နှစ်ဆယ့် ငါးမျက်နှာ ပါဝင်သော လုံးဝအပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း ကိုအစိုးရဘက်မှတာဝန်ရှိသူ များမှ လည်း ဆွေးနွေးနေကြောင်း၊ အတည် ပြုခြင်းမဟုတ်ဘဲ လိုင်ဇာတွင် KIO ခေါင်းဆောင်များအပါအ ဝင် တခြားတိုင်းရင်းသား လက် နက်ကိုင်အဖွဲ့ခေါင်းဆောင်များ ၏တွေ့ဆုံဆွေးနွေးပွဲတွင်လည်း ယခုမူကြမ်းကို ဆွေးနွေးမည်ဟု မျှော်လင့်ကြောင်းကိုလည်း ဦးလှ မောင်ရွှေက ထည့်သွင်းပြောကြား ခဲ့သည်။
 
ဦးလှမောင်ရွှေက ''ကျွန် တော်တို့ရည်စူးတာက နိုဝင်ဘာ ၃ရက်နဲ့ ၄ရက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် များနဲ့ ဝန်ကြီးဦးအောင်မင်း တို့ အဖွဲ့ဝင်တွေ မြစ်ကြီးနားမှာတွေ့ ဆုံဆွေးနွေးရင် ဒီမူကြမ်းကို နှစ် ဖက်ညှိနှိုင်းနိုင်ဖို့လဲ မျှော်လင့်ထား ပါတယ်။ တကယ့်လက်တွေ့ဘဝ မှာ ဘာဖြစ်မလဲတော့မသိဘူး''ဟု ပြောသည်။
 
ထိုဆွေးနွေးပွဲ၊ ညှိနှိုင်းပွဲများ မှ အပစ်အခတ်ရပ်စဲရေးစာချုပ် မူကြမ်းတစ်ခု ထွက်ပေါ်လာပါက နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲအ တွက် ရက်သတ်မှတ် သည်များ ဖြစ်လာနိုင်ကြောင်း၊ ထိုမှတစ် ဆင့် မြန်မာနိုင်ငံ၏ပထမ ဦးဆုံး သော အရေးကြီးသည့်အကူးအ ပြောင်းကိုသွားနိုင်မည်ဟု ယူဆ ထားကြောင်းကိုလည်း ဦးလှမောင် ရွှေက ဆက်လက်ပြောသည်။
 
ဦးလှမောင်ရွှေက ''ဒီဟာ ကိုဆွေးနွေးပြီး မတူတာတွေရှိနိုင် တယ်။ ဖြုတ်တာတွေရှိနိုင်တယ်'' ဟုပြောသည်။
 
မြန်မာတစ်နိုင်ငံလုံး ငြိမ်း ချမ်းရေးရရန်အတွက် စားပွဲဝိုင်း ဆွေးနွေးပွဲအပြင် တခြားနည်း လမ်းများမရှိကြောင်း၊ Myanmar Peace Centre အနေဖြင့်လည်း အကောင်းဆုံးနည်းလမ်းများကို သာလုပ်ဆောင်နေပြီး ရာနှုန်း ပြည့်မဟုတ်ဘဲ ခုနစ်ဆယ်ရာခိုင် နှုန်းခန့်ရပါကလည်း လက်ခံသင့် ကြောင်းကို ပြောခဲ့သည်။
 
ယခုပြုလုပ်သည့် အရပ် ဘက်လူမှုအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးဖိုရမ် သည် (၆)ကြိမ်မြောက်ဖြစ်ပြီး ၂၀၁၂ခုနှစ် မှစတင်ခဲ့ကြောင်း၊ သုံးလတစ် ကြိမ်ကျင်းပရန်ဖြစ်ကြောင်း သိ ရသည်။ မြန်မာနိုင်ငံ ၏ငြိမ်းချမ်း ရေးဖြစ် စဉ်များတွင် အစိုးရနှင့် လက်နက်ကိုင်အဖွဲ့အစည်းများ သာ အရေးကြီး သည်မဟုတ်ဘဲ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ၏အခန်းကဏ္ဍ သည် လည်း အရေး ကြီးသည့်အတွက် ယင်းသို့ ဖိုရမ် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
.. www.MyanmarExpress.net
 
.png)
 
.jpg) 
 
.jpg) 
.jpg) 
.jpg) 
.jpg) 
.jpg) 
 
.jpg) 
 
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်