Subscribe to our RSS Feed

ပြည်ရွှေမြန်မာဖြစ်ဖို့ မဖြစ်မနေဆောင်ရွက်ရမဲ့ ငြိမ်းချမ်းရေးတည်ဆောက်နည်း အပိုင်း(၃)

From : ..Jing Hpaw Land

ကျွန်တော် ဒီအပိုင်းကို ဆက်မရေးမယ် ရေးမယ်နဲ့ ဆက်မရေးဖြစ်တော့ ကြားထဲမှာ အချိန်နဲနဲတော့ ဟသွားပါတယ်....

ကျွန်တော် အပိုင်း (၂) ရေးခဲ့သလိုပေါ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေး
တဲ့နေရာမှာ မုန့်လုံးကို စက္ကူ ကပ်နေလို့ကတော့ ငြိမ်းချမ်းရေးလုပ်လိုက် အခွင့်အရေးတွေပေး လိုက်၊ ငြိမ်းချမ်းရေ ပြန်ဖျက်ချင်တော့ အစိုးရမလိုက်လျောနိုင်တဲ့ အချက်တွေတောင်းလိုက် အဲဒီမှာ တည်ဆောက်ထားတဲ့ ငြိမ်းချမ်းရေးက Damage ပြန်ဖြစ်သွားလိုက်၊ တပ်က ပြန်တိုက်လိုက်နဲ့ ဘယ်လိုမှ မပြီးပြတ်နိုင်တော့ ဘဲ ဖြစ်နေပါလိမ့်မယ်..

အဲဒီတော့ ကျွန်တော့် အမြင်အနေနဲ့ ပြောရရင် ဒီနည်းလမ်းနဲ့တော့ လိုချင်တဲ့ထာဝရ ငြိမ်းချမ်းရေး မရနိုင်ဘူးဆိုရင် ဘယ်လိုနည်းလမ်းတွေကို သုံးရင် ရနိုင်မလဲဆိုတာ စဉ်းစားဖို့လိုအပ်လာပါတယ်၊
ဘာဖြစ်လို့လဲဆိုတော့ ဒီနည်းလမ်းတွေနဲ့အဆင်ပြေမလားဆိုပြီးသုံးကြည့်တယ်၊ တစ်ကြီမ် မရဘူး၊ နှစ်ကြိမ် မရဘူး၊ သုံးကြီမ် မရဘူး...ဒါဆိုရင်တော့ သေချာတယ်..ဒီနည်းကို Terminate လုပ်လိုက်ဖို့လိုပါနေပြီ...နည်းစနစ်လွဲနေပြီလို့ သုံးသပ်လို့ရပါတယ်....

တိုင်းရင်းသားလက်နက်ကိုင်တွေ လက်ကိုင်ပြုပြီး ပြောနေတဲ့ စကားတစ်ခုရှိပါတယ်၊ နိုင်ငံရေး လမ်းကြောင်းကနေ နိုင်ငံရေးနည်းနဲ့ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာမယ်၊ ဒီလမ်းကြောင်းနဲ့ ဘဲ ရှေ့ဆက် အဖြေရှာနိုင်မယ်ဆိုတဲ့ စကားပါ၊ သူတို့လိုချင်တဲ့အတိုင်းပါဘဲ၊ စစ်အုပ်ချုပ်ရေး ကနေ ဒီကနေ့ ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်ကို စတင်ပြောင်းလဲပြီး ချိန်ကတည်းက အစိုးရအနေနဲ့
ပထမဆုံး လုပ်ဆောင်ရမဲ့ ပြည်တွင်းငြိမ်းချမ်းရေ ရရှိအောင် First Priority အနေနဲ့ အားသွန်ခွန်စိုက် စတင် ဆောင်ရွက်ခဲ့တာကို တွေ့ရှိရမှာဖြစ်ပါတယ်၊

Infinity Peace Sign ဖြစ်သွားဖို့ဆိုရင် ကျွန်တော့် အမြင် ကျွန်တော်အတွေးနဲ့ စဉ်းစားမိတာ အစိုးရအနေနဲ့ နည်းလမ်း ၂ ခု စဉ်းစားလိုက်ရင် ခေတ်စကားနဲ့ ပြောရရင် ပွဲသိမ်းပြီပေါ့၊

၁။ ပထမနည်းလမ်းက အစိုးရအနေနဲ့ လက်ရှိဆောင်ရွက်နေတဲ့ငြိမ်းချမ်းရေးလုပ်ငန်း လမ်း စဉ် တွေ အတိုင်း (Myammar Peace Center )ကနေ အဆင့်ဆင့် ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက် ၊တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုး ဒီလိုဆောင်ရွက်ရင်းက တစ်ဘက်မှ အဓိက လုပ်ဆောင်ရမဲ့ Topic Point ရှိပါတယ်.

*** တိုင်းရင်းသားလူမျိုးများရဲ့နယ်မြေ၊ကျေးရွာတွေမှာ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်အောင်၊ ပညာရေး၊ ကျမ်းမာရေးနဲ့ Communitaction က အစ တကဲ့ကို အံသြလောက်အောင် ဖွံ့ဖြိုးတိုး တက်စေဖို့ Master Plan တွေချ မှတ်ပြီး အစိုးရအနေနဲ့ တတ်နိုင်တဲ့ခွန်အားနဲ့ တစိုက်မတ် မတ် ဆောင်ရွက်ပေးမယ်၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက်နိုင်ငံခြားကအကူအညီတွေနဲ့၊ နည်း ပညာတွေ တောင်းခံပြီး ဖြည့်ဆည်းဆောင်ရွက်ပေးရပါမယ်၊

*** လက်ရှိအခြေအနေအရ ကျွန်တော်တို့ နိုင်ငံမှာ နည်းပညာဘာမှမရှိပါဘူး၊ ဒါကလဲ တစ်ကယ့်ကို အရေးကြီးတဲ့အချက်ပါ၊ နည်းပညာတွေရရှိ နိုင်အောင် အခုမှ စလုံရေစလို့ကလဲ မမှီနိုင်ဘူးဆိုတော့ လက်ရှိ ဆောင်ရွက်နေတဲ့ အတိုင်း ပြည်ပကနေဘက်စုံနယ်ဘယ်အသီးသီး အတွက် Investment တွေ အများကြီးဖိတ်ခေါ်မယ်၊ ဒါဆိုရင် နယ်ပယ်အသီးသီးအတွက် နည်းပညာတွေ ကျွန်တော်တို့အတွက် မလွဲမသွေရရှိပါမယ်..

ဒီ Topic Point များအတိုင်း ဆက်လက်ပြီး အရှိန်နဲ့ ဆောင်ရွက်မယ်ဆိုရင် များမကြာခင်မှာ ကျွန်တော်တို့ တိုင်းပြည်က ဘက်စုံကနေ ဖွံ့ဖြိုးတိုတက်လာမယ် ဆိုရင် သူပုန်ဆိုတာ နေစ ရာ နေရာ မရှိတော့ပါဘူး၊ နေချင်သပဆို နေပေါ့...တောပြန်ခိုတဲ့လက်နက်ကိုင်တွေနေတဲ့ နယ်မြေက ဖွံ့ဖြိုးမှု နောက်အကျကြီးကျပြီး ထီးထီးကြီးကျန်နေခဲ့မှာဖြစ်ပါတယ်၊ ဒိလိုအခြေအနေမျိုးဆိုရင် ဘယ်လက်နက်ကိုင်မှ တောထဲမှာ နေမှာမဟုတ်တော့ပါဘူး၊

၂။ ဒုတိယနည်းကတော့ အစိုးရက စေတနာအမှန်နဲ့ ဒီလာက်အထိ လိုက်လျောပေးထားတာကို မကြေနပ်လို့ လက်မခံဘူးဆိုတဲ့ လက်နက်ကိုင်အဖွဲ့ကို တပ်မတော် အင်းအားကို အပြည့်အ၀ အသုံး ချပြီး အမြတ်ပြတ်ချေမှုန်းရမှာဖြစ်ပါတယ်၊ ဘာအကြောင်းကြောင့်မှ မျက်နှာထောက် ထားစရာမလိုတော့ပါဘူး၊ ဒီလို အခြေအနေမျိုးဆိုရင် အစိုးရက သူပုန်ကို ပြတ်ပြတ်သားသား တိုက်ပစ်ရပါမယ်၊ Srilanka မှာ သမီးကျား သူပုန်ကို အစိုးရက အပြတ်တိုက်တဲ့ ဥပမာ၊ Philippies မှာ တောင်ပိုင်မွတ်စလင်သူပုန်တွေကို အပြတ်ချေမှုန်းတဲ့ ဥပမာတွေနဲ့ အခြား နိုင် ငံတွေမှာလဲ သူပုန်ကို အပြတ် တိုက်တာတွေ ရှိပါတယ်။

ဒုတိယနည်းက ပထမနည်းနဲ့ ဆက်စပ်နေပါတယ်၊ ပထမနည်းလမ်းက လက်ရှိ ဆောင်ရွက်နေတဲ့ အခြေအနေဖြစ်ပါတယ်၊ ပထမနည်းလမ်းသုံးနေပြီး Topic Point တွေကို တစ်စိုက်မတ် မတ် ဆောင် ရွက် လာခဲ့ရင် တိုင်းပြည်က ဘက်စုံ Develop လာတဲ့ အခြေအနေမျိုး ဖြစ်နေ ပါလိမ့်မယ်....

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရင် သူပုန်ကို နှိမ်နှင်းရတာ ပိုပြီးလည်းထိရောက်မယ်၊ အမြစ်လဲချေ မှုန်းနိုင် ပါလိမ့်မယ်၊ ဒီလိုအခြေအနေမှာ ဘယ်ပြည်သူမှ သူပုန်ကို လက်ခံမှာလဲ မဟုတ် ဘူး၊ ထောက် ခံမှာလဲမဟုတ်ပါဘူး၊

ဒီဒုတိယနည်းလမ်းမှာလဲ သတိထားရမဲ့ Topic Point ရှိပါတယ်...

*** သောင်းကျန်းသူ ၊ သူပုန်ကို နှိမ်နှင်းဖို့ တပ်မတော်အင်းအားရှိပြီး ခေတ်မှီနေဖို့လိုပါတယ်၊ အစိုးရတစ်ရပ်ခိုင်မာဖို့ အစိုရကို အဓိက ထောက်တိုင်အဖြစ် ခံထားပေးမဲ့ တပ်မတော်ကို ခေတ် မှီလက်နက်တွေတယ်ဆင်ပေးရပါ့မယ်၊ နောက်တပ်မတော်ရဲ့ Facility ကို ပြည့်ပြည့် ၀၀ ဖြစ်အောင် ဖြည့် ဆည်းပေးထားရပါမယ်၊ ဒါဟာ လုပ်ကိုလုပ်ရမဲ့အချက်ဖြစ်ပါတယ်၊ တပ်မတော် ကို ခေတ်မီ Equipment တွေတပ်ဆင်ပေးထားမယ်၊ Facilities တွေဖြည့်ပေး ထားမယ် ( ဥပမာ- တပ်မတော်သုံး Satellite ပါ တပ်ဆင်ပေးလိုက်မယ်၊ ဒါဆိုရန်သူ့ Base Camp တွေဘယ်မှာရှိနေလဲ၊ လှုပ်ရှားမှုတွေ...Satellite ကနေ မပြတ်စောင့်ကြည့်မယ်၊ တိုက်ပွဲဖြစ်တာနဲ့ ကိုယ့်လူတွေ ဒဏ်ရာရာရင် chopper နဲ့ ချင်ချင်းသယ်မယ်၊ ) ဒီလောက်အထိ လုပ်ဆောင်နိုင်အောင် တပ်မတော်ကို Facility ဖြည့်ပေးထားဖို့လိုအပ်ပါတယ်၊

ဒီနည်းလမ်း တွေကို အသုံးပြုပြီး ဆောင်ရွက်သွားမယ်ဆိုရင်တော့ ကျွန်တော့် အမြင် ကျွန်တော် တို့ နိုင်ငံဟာ များမကြာမီကာလမှ ပြည်ရွှေမြန်မာ ဖြစ်လာလိမ့်မယ်လို့ ယုံကြည် ပါကြောင်း ရေး သားလိုက်ရပါတယ်။




.. www.MyanmarExpress.net
 

2 comments:

အပြည့်အဝထောက်ခံပါတယ် လက်ရှိဖြစ် နေ တဲ့ ပြသ နာက အဲတာပါပဲ ကျ နော် နယ်စပ်မှာ၈ မှစ်လောက် နေခဲ့ တာကြောင့် ပြောနိုင် တာပါ

THAT IS CORRECT.IF THE OTHER SIDE IS MORE POWERFUL, THEY WILL NEVER AGREE TO TAKE PEACE.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်