From : 
..dvb
				 
					
                              				
 
 
.. 
www.MyanmarExpress.net
 
ဖိလစ်ပိုင်နိုင်ငံ
 အလယ်ပိုင်းမှာ အင်အားပြင်းတဲ့ ငလျင်လှုပ်ခဲ့ပြီး သမိုင်းဝင် ခရစ်ယာန် 
ဘုရားကျောင်းတွေတွေ၊ ထင်ရှားတဲ့ အဆောက်အအုံတွ၊ ကမ္ဘာလှည့်ခရီးသည်တွေ 
အသွားများတဲ့ ကျွန်းတွေပေါ်က သဘာဝဥယျာဉ်တွေလည်း ပျက်စီးသွားပါတယ်။
 
 
အသေစာရင်းဟာ
 အောက်တိုဘာလ ၁၃ ရက်နေ့အထိ ၁၇၃ ယောက် ရှိခဲ့ပြီး လူပေါင်း ၃ သန်းလောက်ကို 
ထိခိုက်တယ်လို့ အရာရှိတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အမျိုးသားဘေးအန္တရာယ်ကာကွယ်ရေးအဖွဲ့ရဲ့
 အဆိုအရ အောက်တိုဘာ ၁၅ ရက်နေ့က လှုပ်ခဲ့တဲ့ ငလျင်ကြောင့် လူ ၄၉၈ ယောက် 
ဒဏ်ရာရသွားပြီး စီဘူးမြို့နဲ့ ဘိုဟိုမြို့မှာ မိသားစုပေါင်း ၂ 
သောင်းကိုလည်း ယာယီကယ်ဆယ်ရေး စခန်းတွေမှာ စောင့်ရှောက်ထားရတယ်လို့ 
ဆိုပါတယ်။
ငလျင်နောက်ပိုင်းမှာ 
ငလျင်ငယ်တွေ လှုပ်ခတ်နေတာကြောင့် မြေပြိုတာတွေ ထပ်ဖြစ်နိုင်တဲ့အတွက် 
ကမ္ဘာ့လှည့်ခရီးသွားတွေ အလည်အပတ်သွားလေ့ရှိတဲ့ နေရာတွေကိုလည်း ဒေသအစိုးရက 
ပိတ်ပင်ထားပါတယ်။
အခြေအနေတွေ ပုံမှန် ပြန်ရောက်ဖို့ တလလောက်တော့ အချိန်ကြာနိုင်တယ်လို့ ဘိုဟိုမြို့ အုပ်ချုပ်ရေးမှူး နာစီစို တိုရီဘီအိုက ပြောပါတယ်။
ငလျင်ကြောင့် 
ပျက်စီးသွားတဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၅၆၃ သန်းကျော် ရှိပြီး 
အိမ်ခြေပေါင်း ၁၉၀၀၀ ကျော် ပျက်စီးသွားတယ်လို့ အမျိုးသားဘေးအန္တရာယ် 
ကာကွယ်ရေးအဖွဲ့က ဆိုပါတယ်။
ဖိလစ်ပိုင် သမ္မတ ဘန်နီနို 
အကွီနိုကလည်း ငလျင်ဒဏ်ခံခဲ့ရတဲ့  ဘိုဟိုမြို့နဲ့ စီဘူး မြို့တွေကို 
အောက်တိုဘာ ၁၇ ရက်နေ့က သွားရောက်ကြည့်ရှုခဲ့ပြီး ပြန်လည်ထူထောင်ရေးတွေကို 
အစိုးရက အကူအညီပေးသွားမယ်လို့ ကတိပေးသွားပါတယ်။ 







 
.jpg) 
 
 
 
.jpg) 
.jpg) 
.jpg) 
.jpg) 
.jpg) 
 
 
 
 
 
 
.jpg) 
 
 
 
  
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်