Subscribe to our RSS Feed

မီဒီယာသမားတွေ ဥပဒေလေ့လာရဲ့လား

From : ..hot news


တိုင်းပြည်ကိုမြန်မြန်ဆန်ဆန် တိုးတက်ရန် မီဒီယာများက တွန်း အားပေးရမည်ဖြစ်ကြောင်း၊ ဂျာနယ်  လစ်များက မေးခွန်းမေးမြန်းခြင်း၊ ရေးသားတင်ပြခြင်းတို့တွင် ဥပဒေ   များနှင့် မငြိစွန်းစေရန်အတွက် လိုက်နာရမည့်ဥပဒေများကို လေ့လာရန်လိုအပ်ကြောင်း တရား  လွှတ်တော်ရှေ့နေဦးကိုနီကပြော သည်။

“ကျွန်တော်တို့တိုင်းပြည်ဟာ အာဏာရှင်တွေရဲ့ လက်အောက် မှာ နှစ် (၅၀) လောက်ညက်ညက်  ကြေအောင်ခံခဲ့ရပြီး အာရှတိုက်ရဲ့  အချမ်းသာဆုံးကနေအဆင်းရဲဆုံး နိုင်ငံဖြစ်ခဲ့တယ်။ (၈၈ ငွေရတု အခမ်းအနားတုန်းက သမ္မတရဲ့ စီးပွားရေးအကြံပေးပုဂ်္ဂိုလ်ဆရာ ကြီးဦးမြင့်ကပြောတယ်။ မြန်မာ နိုင်ငံဟာယိုးဒယားရဲ့ (၂၀၁၁) ခုနှစ်GDP ကိုမီဖို့နှစ် (၂၀) လိုက်ရ တယ်။ အင်ဒို၊ မလေးရှားတို့ကို မီဖို့ (၂၈) နှစ်လိုက်ရမယ်။ စင်ကာပူကိုမီဖို့ (၄၈) နှစ်လိုက်ရ မယ်။ ဒါတောင်သူတို့ရဲ့GDPက ရပ်နေမှတဲ့။ တကယ်ဆိုမြန်မာနိုင်ငံ   ဟာ (၁၉၆၀) ကတည်းက အရှေ့ တောင်အာရှမှာအချမ်းသာဆုံး နိုင်ငံပါ။ အဲဒီခေတ်ပြန်ရဖို့ကို စတုတ္တမဏ္ဍိုကလည်းအရေးကြီး ပါတယ်။ မှန်ကန်တဲ့ စီးပွားရေး ပုံစံဖြစ်အောင်ပိုင်းပြီး ထောက်ပြ  ဝေဖန်နိုင်ရမယ်”ဟု ၎င်းကပြော သည်။


ရှေ့နေအလုပ်နှင့် ဂျာနယ် လစ်များတွင် တူညီမှုနှစ်ခုရှိပြီး စစ်မေးခြင်းဆိုင်ရာအနုပညာနှင့် တင်ပြခြင်းဆိုင်ရာအနုပညာတို့ ဖြစ်ကြောင်း မေးခွန်းများမေးမြန်း ခြင်းနှင့် ရေးသားတင်ပြခြင်းတွင် ဥပဒေများကိုလည်း သိရှိထားရန် လိုအပ်၍ ဂျာနယ်လစ်များပြစ်ဒဏ် ကျစေနိုင်သော ပုဒ်မ (၅၀၀)၊ ၅၀၅ (ခ)တို့ကဲ့သို့ဥပဒေများ အများအပြားရှိပြီး လက်ရှိမီဒီယာ လောကသားများမှာ ပုဒ်မ ၃၅၄ (ကည) လွတ်လပ်စွာထုတ်ဖော် ပြောဆိုရေးသားခြင်းကိုသာ လက်ကိုင်ထားနေကြကြောင်း (၁၈၆၁) ခုနှစ်ကတည်းက ပြဋ္ဌာန်း   ထားသော မီဒီယာသမားများ လိုက်နာရမည့်အရေးကြီးပြဋ္ဌာန်း   ချက် (၁၂) ချက် ခန့်ရှိနေခြင်းများ ကို ဂရုမစိုက်မိကြသည့်အတွက် ကျင့်ဝတ်ပိုင်းမှစတင်ပြဿနာဖြစ် ကနောက်ဆုံးအမူအခင်းဖြစ်သည်  အထိရှိခဲ့ကြောင်း ၎င်းကဆက်လက်  ပြောသည်။           


.. www.MyanmarExpress.net
 

3 comments:

လေ့ လာ စ ရာ ကြည့် စ ရာ မ လို ရေး တဲ့ သူ က လည်း ရေး မှာ ဘဲ တား မဲ့ သူ က သူ ဘက် လှဲ့ ရေး မှာ ကြောက် တော့ မ တား ရ
ဟဲ ဟဲ PKUUTT

၁၉၄၈ ကျမှ ကျွန်ဘ၀ကလွတ်ခဲ့တဲ့ ကျုပ်တို့နိုင်ငံကို
၁၉၆၀ မှာ အာရှမှာအချမ်းသာဆုံးဖြစ်ခဲ့တယ်တဲ့။
ဟုတ်ပါ့မလားမောင်ကာလုရေ--
၄၈ နဲ့ ၆၀ ကြားမှာလည်း ပြည်တွင်းစစ်တွေကဖြစ်ခဲ့သေးတယ်လေ။
လွတ်လပ်ရေးနဲ့အတူပါလတဲ့ သူပုန်တွေဆိုတာလဲ
များမှများ၊ အခုထိရှိသေး၊
ဘယ်လိုများချမ်းသာခဲ့ပါလိမ့်?????

ပြောစရာရှိတာ ဝေဖန်စရာရှိတာကို လူတွေသာ ပြောဆို ဝေဖန်ခွင့် ရှိသည် ကုလားများ ဝေဖန်ခွင့် မရှိ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်