
ဖေဖေ့သားတောင် စစ်သားကြီးလုံးလုံး ဗိုလ်မှူးကြီးရှုံးလောက်ရဲ့ ဆိုတာလို 
ဘာလိုလိုနဲ့ ဗိုလ်မှူး တောင် ဖြစ်လာရောလား။ ဟုတ်တာပေါ့။ ၂ဝဝ၃ ခုနှစ်မှာ 
 စစ်တက္ကသိုလ် သင်တန်းဆင်းခဲ့တာဆိုတော့ ခုဆိုရင် စစ်သက်က(၁ဝ) 
နှစ်တောင်ကျော်နေပြီပဲ။ တပ်မတော်ကြီးကို အင်အားတောင့်တင်းပြီး၊ စွမ်းရည် 
ထက်မြက်တဲ့ ခေတ်မီမျိုးချစ်တပ်မတော်အဖြစ် တည်ဆောက်နေတဲ့ကာလမှာ 
တပ်မတော်သားဖြစ်ခွင့်ရတာ ဂုဏ်ယူစရာပါ။ လူသားထဲမှာမှ ယောက်ျား၊ 
ယောက်ျားထဲမှာမှ စစ်သားဖြစ်ရတာ ရတောင့်ရခဲပါ။ ဟုတ်တယ်လေ။ ယောက်ျားဖြစ်မှ 
စစ်သားလုပ်ခွင့်ရတာ မဟုတ်လား။ ဒါပေမယ့် အခုတော့ အမျိုးသမီး၊ စစ်သမီးတွေ 
လက်ခံတော့မယ်လို့ သိရတယ်။ နိုင်ငံတကာမှာလည်း ဒီလိုပါပဲ။ အမျိုးသမီး 
စစ်သမီးတွေက ရုံး Staff တွေအဖြစ် တာဝန်ထမ်းဆောင်ပြီး တိုက်ခိုက်ရေးတာဝန်ကို
 ယောက်ျားသား တပ်မတော်သား တွေဟာ အင်ပြည့်အားပြည့်နဲ့ တာဝန်ယူနိုင်တာပေါ့။ 
 သားက 
နယ်မြေစိုးမိုးရေးတာဝန်နဲ့ အဝေးရောက်နေလို့ (၆၅)နှစ်မြောက် တပ်မတော်နေ့ 
စစ်ရေးပြ အခမ်းအနားကို ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ်လွှင့်တာ 
မကြည့်လိုက်ရပေမယ့် သတင်းစာထဲ မှာတော့ ဖတ်လိုက်ရမှာပါ။ စစ်ရေးပြအခမ်းအနားဟာ
 ခါတိုင်းလို တပ်ပေါင်းက၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကို 
ချီတက်အလေးပြုရုံ မဟုတ်တော့ဘဲ စစ်လက်နက်ပစ္စည်းတွေ သယ်ဆောင်လာတဲ့ ယန္တရား 
ယာဉ်တွေ၊ ရဟတ်ယာဉ်၊ လေယာဉ်တွေကပါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို 
ချီတက်အလေးပြုတာ တွေ့ရ၊ မြင်ရ တော့ ဝမ်းသာလှိုက်လှဲမိတာ ကြက်သီးတောင် 
ထမိတဲ့အထိပဲ။
 တကယ်တော့ 
ဒါတွေဟာ ဖေဖေတို့ရဲ့ အိပ်မက်တွေပါပဲ။ ''Dreams will come true..''ဆိုတာလို 
ဖေဖေတို့ရဲ့အိပ်မက်တွေ အကောင်အထည်ပေါ်လာတာပေါ့။ ဖေဖေတော့ဖြင့်လေ 
ဗိုလ်လောင်းဘဝ ကတည်းက ဖေဖေချစ်တဲ့တပ်မတော်ကြီးကို အင်အားတောင့်တင်းပြီး 
စွမ်းရည်ထက်မြက်စေချင်တာပါ။ ဖေဖေ ဗိုလ်လောင်းတုန်းက တပ်မတော်နေ့စစ်ရေးပြမှာ
 ပါဝင်ချီတက်ခွင့် ရခဲ့ဖူးတယ်။  အဲဒီတုန်းက သားရဲ့ဘကြီး (သူလည်း 
တပ်မတော်သားပါဘဲ။ အဲဒီတုန်းက ဗိုလ်ကြီးအဆင့်ဘဲ ရှိသေးတယ်။)ဆီ 
စာရေးတဲ့အခါမှာ ''တစ်နေ့နေ့ကျရင် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ 
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို ခြေလျင် စစ်သည်တွေတင်မဟုတ်ဘဲ၊ 
စစ်လက်နက်ပစ္စည်းတွေ၊ ဒုံးပျံတွေသယ်ဆောင်ထားတဲ့ ယာဉ်ယန္တရားတွေက 
ချီတက်အလေးပြုတာကို မြင်ချင်စမ်းလှတယ်'' ဆိုပြီး ရေးခဲ့ဖူးတယ်။ 
သားရဲ့ဘကြီးက ခပ်တိုတိုဘဲ ပြန်စာ ရေးခဲ့တယ်။ ''Your dreams will come true 
in the near future.'' တဲ့။ အဓိပ္ပာယ်က ''မင်းအိပ်မက်တွေ မကြာမီ 
အကောင်အထည်ပေါ်လာမှာပါ'' ပေါ့။ ခုတော့ ဖေဖေ့အိပ်မက်တွေ အကောင် အထည်ပေါ်စ     
 ပြုလာပြီလို့ ပြောရမှာပေါ့။
သားရေ-
 တပ်မတော်ကြီးကို
 ဒီလိုအင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်အောင် ကြိုးပမ်းနေချိန်မှာ 
မနာလို၊ မရှုစိမ့်တဲ့ လူတစ်စုကလည်း တပ်မတော်ဟာ အာဏာရှင်တစ်စုရဲ့ 
လက်ကိုင်တုတ်လို့ ပြောလို ပြော၊ လူမျိုးရေး မုန်းတီးမှုနဲ့ 
လက်နက်ကိုင်ပဋိပက္ခကို နှိမ်နင်းနေတယ်လို့ စွပ်စွဲလိုစွဲ၊ လူ့အခွင့်ရေး 
ဖောက် ဖျက် တယ်ဆိုပြီး ပုတ်ခတ်လိုပုတ်ခတ်နဲ့ အမျိုးမျိုးပါပဲ။ တစ်ကယ်တော့ 
တပ်မတော်ဟာ အစိုးရကို လည်း ကိုယ်စားမပြုပါဘူး။ ပြည်သူကိုလည်း ကိုယ်စား 
မပြုပါဘူး။ လွှတ်တော် ကိုလည်း ကိုယ်စားမပြုပါဘူး။ 
နိုင်ငံတော်ကိုကိုယ်စားပြုတဲ့ တပ်မတော်ဘဲ ဖြစ်ပါတယ် သားရယ်။ နိုင်ငံတော်ကို
 ကိုယ်စားပြုတဲ့အတွက် နိုင်ငံတော်နဲ့ပြည်သူရဲ့ အကျိုးစီးပွားကို 
သယ်ပိုးဆောင်ရွက်လျက်ရှိတဲ့ တပ်မတော်ပါ။
 နိုင်ငံတော်နဲ့ပြည်သူ့အကျိုးကို
 သယ်ပိုးပြီး ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ထားတဲ့ တပ်မတော်ဟာ 
ဘာကြောင့်များ အာဏာရှင်တစ်စုရဲ့ လက်ကိုင်တုတ်ဖြစ်ရမှာလဲ။ ပြီးတော့ 
ပြည်ထောင်စု တိုင်းရင်းသားညီအစ်ကိုတွေနဲ့ ဖွဲ့စည်းထားတဲ့ 
မျိုးချစ်ပြည်ထောင်စု တပ်မတော်ကြီးပါ။ ပြည်ထောင်စု တိုင်းရင်းသားတွေဖြစ်တဲ့
 မွန်၊ ဗမာ၊ ရှမ်း၊ ချင်း၊ ကရင်၊ ကချင်၊ ကယား ဆိုတဲ့ လူမျိုးစုတွေနဲ့ 
ဖွဲ့စည်းထားတဲ့ တပ်မတော်တစ်ရပ်ပေါ့။ ဟိုတစ်လောတုန်းက ပြင်သစ်နိုင်ငံက 
မဟာဗျူဟာလေ့လာရေးဌာန၊ ဌာနမှူး တစ်ယောက်နဲ့ ဖေဖေ တွေ့ဆုံစကားပြောခွင့် 
ရခဲ့တယ်။ သူကတော့ ဖေဖေလက်ရှိတာဝန် ထမ်းဆောင်နေတဲ့ 
သင်တန်းကျောင်းနဲ့ပတ်သက်ပြီး သိချင်တာတွေ မေးမြန်း တာပေါ့။ သူက ''Are there
 any other nationals  in your course a part from  Myanmar၊'' ဆိုပြီး 
မေးခဲ့တယ်။ ''မင်းတို့သင် တန်းမှာ မြန်မာအပြင် အခြား တိုင်းရင်းသားတွေ 
သင်တန်းတက်ရောက်နေသလား..ပေါ့။ ''As you know, our Tatmadaw compries 
 national brethren. We have Shan, Kachin and Chin nationals as trainees a
 part from Myanmar in our course. '' လို့ ပြန်ပြောလိုက်တယ် ။ 
''မင်းသိတဲ့အတိုင်း၊ ငါတို့ တပ်မတော်ဟာ တိုင်းရင်းသားညီအစ်ကို တွေနဲ့ 
ဖွဲ့စည်းထားတာပါ။ ငါတို့ရဲ့သင်တန်းမှာ မြန်မာအပြင် ရှမ်း၊ ကချင်နဲ့ ချင်း 
တိုင်းရင်းသားတွေဟာ သင်တန်းသားအဖြစ် တက်ရောက်နေကြတယ်'' ဆိုပြီး ပြောလိုက် 
တော့၊ ခေါင်းတညှိတ်ညှိတ်နဲ့ ကျေနပ်နေပုံ ပါပဲ။
 ဒီတော့ 
ပြောစမ်းပါရစေ သားရေ။ တပ်မတော်ဟာ လူမျိုးရေးမုန်းတီးမှုကြောင့် လက်နက်ကိုင် 
ပဋိပက္ခတွေကို နှိမ်နင်းနေရတာ မဟုတ်ပါဘူး။ စစ်သည်တော်ကျင့်ဝတ်(၆ဝ)ထဲမှာပါတဲ့
 ရန်သူအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ်(၅)ပါးက ဒီလိုမဟုတ်လား-
္ဓ စစ်မြေပြင်တွင် ရန်သူကို နေလို၊ မီးလိုကျင့်ပါ။
 ၶ ရန္သူကို ရန္သူလို သေဘာထားပါ။
 ၶ ရန္သူက အညံ့ခံလျှင် မိမိက ခွင့်လွှတ်သည့်စိတ်ဖြင့် ပြုမူဆက်ဆံပါ။
္ဓ ရန်သူကို အထင်လည်းမကြီး၊ အထင်လည်း မသေးမိစေရန် သတိပြုပါ။
္ဓ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာအတွက် ရန်သူကို မတိုက်လျှင်မဖြစ်၍သာ တိုက်နေ ရကြောင်း နားလည်ပါစေ။
 ဒါတွေဟာ 
ရန်သူအပေါ်ထားတဲ့ တပ်မတော်ရဲ့သဘောထား ခံယူချက်တွေဖြစ်ပြီး တပ်မတော်ဟာ 
ရန်သူကို မတိုက်မဖြစ်လို့ တိုက်နေရတာပါ။ ရန်သူက လက်နက်ချအလင်းဝင်လာရင် 
တန်းတူရည်တူ ဆက်ဆံပြီး သဘောထားကြီးစွာ ပြုစုစောင့်ရှောက်ခဲ့ကြပါတယ်။ 
ဒါပေမယ့် ဟိုတစ်လောတုန်းက ပူတာအို နယ်မြေမှာ ဖြစ်ပျက်ခဲ့တဲ့ 
အဖြစ်အပျက်ကလေးကတော့ အကြမ်းဖက်သောင်းကျန်းသူတွေဟာ တပ်မတော် အပေါ်မှာ 
ဒီလိုသဘောထား ခံယူချက် မရှိကြဘူးဆိုတာ ပေါ်လွင်နေပါတယ်။ 
နယ်မြေစိုးမိုးရေးတာဝန်နဲ့ ချီတက်လာတဲ့ တပ်စုတစ်စုကို 
ခြုံခိုတိုက်ခိုက်ပြီး ဖမ်းမိတဲ့ အရာရှိငယ်လေးကို  ခေါင်းဖြတ် 
ရင်ခွဲပစ်တာဟာ တကယ့်ကို လူမဆန်လွန်းလှပါတယ်။ 
 သားတို့စစ်ကြောင်းဟာ
 နယ်မြေစိုးမိုးရေးတာဝန် ထမ်းဆောင်ရင်း ဆေးပေးခန်းမရှိတဲ့ ကျေးရွာတွေ 
ရောက်တဲ့ အခါ ပြည်သူတွေကို ဆေးကုသပေးတာ သားရဲ့စာထဲမှာ ပါလာတာသိရတော့ 
ပြည်သူ့အကျိုး ကိုသယ်ပိုးဆောင်ရွက်ရမယ် ဆိုတဲ့ တပ်မတော်ရဲ့တာဝန်တစ်ရပ်ကို 
ဖေဖေ့သားတစ်ယောက် ဆောင်ရွက် နိုင်စွမ်း ရှိနေပြီဆိုတာ နားလည်လိုက်မိလို့ 
ဝမ်းသာမိပါတယ်။ သတင်းစာတွေထဲမှာ၊ ရုပ်မြင် သံကြားတွေ ထဲမှာ ဖတ်မိ၊ 
ကြည့်မိမှာပေါ့။ တပ်မတော် ဆေးကုသရေးအဖွဲ့တွေဟာ ဆေးရုံ၊ ဆေးပေးခန်းနဲ့ 
အလှမ်းဝေး တဲ့ဒေသတွေအထိ အရောက်သွားပြီး အခမဲ့ဆေးကုသပေးနေတာတွေ၊ 
ရေရှားပါးတဲ့ အရပ် ဒေသတွေမှာ ရေပေးလှူနေတာတွေဟာ 
ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး တည်ဆောက်နေချိန်မှာ နိုင်ငံတော် အစိုးရကို 
တပ်မတော်အနေနဲ့ တစ်ဖက်တစ်လမ်းက ကူညီပံ့ပိုးပေးနေတာပါပဲ။ 
သားတို့စစ်ကြောင်းရဲ့ လုပ်ရပ်ဟာ ပြည်သူကို စည်းရုံးခြင်းဖြစ်ပြီး 
တပ်မတော်လုပ်ငန်း တာဝန်(၃)ရပ်ထဲက လုပ်ငန်းတာဝန်တစ်ရပ်ကို အကောင် 
အထည်ဖော်နေတာလို့ ဖေဖေတော့ အသိအမှတ် ပြုချင်ပါတယ်။
 VOA၊ BBC 
သတင်းတွေ နားထောင်တယ်ဆိုပြီး သားရဲ့စာထဲမှာ ရေးထားတာ ဖတ်ရပြန်တယ်။ VOA၊ BBC
 သတင်းကို နားထောင်တာဟာ Globalization ဖြစ်စဉ်အရ ကမ္ဘာကြီးဟာ ရွာကြီးတစ် 
ရွာဖြစ်လာ ချိန်မှာ ခေတ်ကာလကို မျက်ခြေမပြတ်ဘဲ နိုင်ငံတကာရဲ့ 
ဖြစ်ပေါ်ပြောင်းလဲမှုတွေကို သိနိုင်တာ တော့ အမှန်ပဲ။ ဒါပေမယ့် VOA၊ BBC 
ဆိုတဲ့ အသံလွှင့်ဌာနတွေဟာ ဗဟုသုတရဖွယ် အစီအစဉ် တွေရှိ သလို 
မြန်မာနိုင်ငံနဲ့ မြန်မာ့တပ်မတော်အပေါ် ရည်ရွယ်ချက်ကြီးမားစွာ 
တိုက်ခိုက်ပုတ်ခတ်နေတဲ့ အစီအစဉ် တွေလည်း ပါဝင်နေတာ 
ဘွဲ့ရပညာတတ်တစ်ယောက်ဖြစ်တဲ့အပြင် ဗိုလ်မှူးတစ်ယောက်တောင် ဖြစ်နေတဲ့ 
သားအနေနဲ့ သတိထားမိမှာပေါ့။ မှန်တာက ၂၅ ရာခိုင်နှုန်း၊ 
မဟုတ်မမှန်သွားပုတ်လေလွင့် ပြောတာက ၇၅ ရာခိုင်နှုန်း ဆိုတော့ ဆင်ခြင်တုံတရား
 နည်းပါးသူတွေ အတွက်တော့ ဟုတ်နိုးနိုးပေါ့။ ဒီတော့ ယူသင့်တာယူ၊ 
ပယ်သင့်တာပယ်ပေါ့ သားရေ။
 မီဒီယာလွတ်လပ်ခွင့်
 ရစပြုနေချိန်မှာ ဂျာနယ်တွေဟာလည်း အစိုးရကို မကောင်းမြင်ဝါဒနဲ့ဝေဖန် 
တပ်မတော်ကိုပုတ်ခတ်တဲ့ ပေါ်ပင်ဆောင်းပါးကို အလုအယက်ထည့်ပြီး 
ရောင်းအားတက်အောင်လုပ်နေ ကြတယ်။ ငယ်စဉ်က စာစီစာကုံးကိုတောင် နိဒါန်း၊ 
စာကိုယ်၊ နိဂုံး မှန်အောင်မရေးနိုင်တဲ့ သူတွေကလည်း တပ်မတော်ကို 
ပုတ်ခတ်ဝေဖန်တဲ့စာတွေရေးပြီး ခေတ်ပေါ်စာရေးဆရာတွေ ဖြစ်နေကြလေရဲ့။
 လူဆိုတာ 
ဆင်ခြင်တုံတရား ရှိကြရမှာပါဘဲ။ ဟုတ်၏၊ မဟုတ်၏၊ မှန်၏၊ မမှန်၏ကို ဆင်ခြင်တုံ
 တရားနဲ့ ပိုင်းခြားဝေဖန်တတ်ရမှာပေါ့။ ကောင်းပြီလေ။ ကျီးကန်းဆိုတာ မဲမှန်း 
လူတိုင်းသိကြတာပါပဲ။ ဒါပေ မယ့် ''ကျီးကန်းဆိုတာ အဖြူပါ''ဆိုပြီး 
စကားပြောကောင်းသူက ပြောတိုင်း၊ စာရေးကောင်းသူက ရေးတိုင်း၊ နားယောင် 
ကြတော့မှာလား။ ယုံကြတော့မှာလား။ မေးလိုက်ချင်စမ်းတယ်။
 တပ်မတော်ဟာ
 လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ မျိုးချစ်တပ်မတော်ပါ။ အစဉ်အလာ 
ကြီးမားပြီး စည်းကမ်းရှိတဲ့ တပ်မတော်ပါ။ ဒါကို တပ်မတော်ဟာ စည်းမဲ့ကမ်းမဲ့ 
လုပ်တတ်တယ်။ ပြည်သူကို အနိုင်ကျင့်တယ်။ အာဏာရှင်တစ်စုရဲ့ 
လက်ကိုင်တုတ်ဖြစ်တယ်၊ လူ့အခွင့်အရေး ဖောက်ဖျက်တယ်။ လူမျိုးရေး 
မုန်းတီးမှုနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို နှိမ်နင်းနေတယ် ဆိုပြီး 
စကားပြောကောင်းသူက နားဝင်အောင် ပြောတိုင်း၊ စာရေးကောင်းသူက 
တဖွဲ့တနွဲ့ရေးတိုင်း နားယောင်ကြရမှာလား။
 နိုင်ငံတော်အစိုးရဟာ
 နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့အတူ တိုင်းရင်းသားပြန်လည်စည်းလုံး ညီညွတ် 
ရေးကို ကြိုးပမ်းဆောင်ရွက်နေတယ်ဆိုတာ အများအသိပါ။ တပ်မတော်အနေနဲ့လည်း ထာဝရ 
ငြိမ်းချမ်း ရေးကို လိုလားပါတယ်။ ဘယ်သူတွေ ဘာပဲပြောပြော 
တပ်မတော်သားတွေလောက် ငြိမ်းချမ်း ရေးကို လိုလားသူ၊ မြတ်နိုးသူ ဆိုတာ 
မရှိနိုင်ပါဘူး။ တပ်မတော်အနေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို နှိမ်နင်း 
နေရတာဟာ မလုပ်မဖြစ်လို့ လုပ်နေရတာပါ။ ဒါကိုလည်း ပြောကြပါ သေးရဲ့။ 
တပ်မတော်ကပဲ ငြိမ်းချမ်း ရေးကို မလိုလားဘူး၊ ငြိမ်းချမ်းရေးကျင့်ဝတ်တွေ 
ချိုးဖောက် တယ် ဆိုပြီး ပြောချင်တိုင်းပြော နေကြသေး တယ်။ ဖေဖေတို့ 
တပ်မတော်သားတွေကတော့ စည်းကမ်းနဲ့ ဥပဒေကြားမှာ ကြီးပြင်းလာကြတော့ ခံပြင်းပေ 
မယ့် မျက်ကန်းတစ္ဆေ  မကြောက် ဆိုတာလို ပြောချင်တိုင်းပြော၊ 
ပုတ်ခတ်ချင်တိုင်း ပုတ်ခတ်နေကြတာကို ပြန်ပြီးမတုံ့ပြန်ဘဲ အလုပ်နဲ့ပဲ သက်သေ 
ပြနေတာပါ။ ဒါကို သူတို့ဖာသာသူတို့ အဟုတ်ကြီးထင် နေကြပြန် ရော။ ခက်သားလား 
သားရယ်။ လူကောင်းနဲ့ ခွေးရူးလိုတော့ ဖြစ်နေပြီ။ ခွေးရူးနဲ့တော့ 
ဖက်ပြိုင်ပြီး ကိုက်လို့ မရ နိုင်ပါဘူး။ ဒီတော့ အမှန်တရား ဆိုတာ 
တစ်နေ့နေ့မှာ အောင်ပွဲရမှာဆိုတဲ့ ဓမ္မတာအတိုင်း အဲဒီတစ်နေ့ နေ့ကိုပဲ 
ဖေဖေတို့မှာ မျှော်တလင့်လင့်နဲ့ စောင့်မျှော်နေကြရတာပါ။
 ဒီတော့ 
ပြောလိုက်စမ်းပါရစေ သားရေ..။ ဖေဖေတို့ သားတို့ကို ပြုစုပျိုးထောင်ပေးခဲ့တဲ့
 တပ်မတော် ကြီးရဲ့ဂုဏ်ကို မြှင့်တင်ပါ။ တပ်မတော်ရဲ့အစဉ်အလာကို 
စောင့်ထိန်းပါ။ ပြောသင့်တာကိုပဲပြောပါ။ ပေါင်းသင့် တဲ့သူနဲ့ပဲ ပေါင်းပါ။ 
သွားသင့်တဲ့နေရာကို သွားပါ။ ပြီးတော့...၊ ဖတ်သင့်တာဖတ်၊ နားထောင် သင့်တာ 
နားထောင်ပါ။ ဒါပေမယ့်... 
   ''နားမယောင်လေနဲ့ သားမောင်ရေ..''။ 
        သားရဲ့
         ဖေဖေ မီကီ
သုတမောင်
သုတမောင်







 
.jpg) 
 
 
 
.jpg) 
.jpg) 
.jpg) 
.jpg) 
.jpg) 
 
 
 
 
 
 
.jpg) 
 
 
 
  
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
9 comments:
နှစ်ပေါင်း၆၀ကျော်နေပြီ ဘာမှ မထူးဘူး နိုင်ငံLDCဖြစ်သွားတယ် ဟုတ်လားဝေ့
The country became LDC status previuosly but the insurgents, rebels and exiled politicians became much rich and keep the money in other countries.
The culprits are insurgents, radicals, Marxists, Communists,worthless politicians and media that made our country LDC and Not Tatmadaw.
အပေါ်ါ်က အသားထဲကလောက်။ သစ္စာဖောက်ရေ..မင်းတို့ ကြောင့်ဖြစ်တာဟ။ တပ်မတော်က မင်းတို့ ရှုတ်သမျှ တွေကို လိုက်ရှင်းနေရတာကွ။ မသာရ။
တော်တော်အဆင့်မရှိတဲ့ comment ပဲ ဆဲဖို့လောက်ပဲ တတ်သလား နင့်တို့လို အဆင့်မရှိတဲ့ ဖြုတ်အုံးနှောက်တွေ ကြောင့် တိုင်းပြည်နိုင်င့ အလယ်မှာ အရှက်ရနေတာကော commnet ၀င်ပေးတဲ့ နင်တို့တွေသိလား စာဖတ်သူအနေနဲ့ ဒီစာဟာ အဆင့်ရှိတဲ့စာ ကောင်းပေမွန် ဗဟုသုတရှိတဲ့သူ ရေးထားတာမှန်းသိသာတယ် နင်တို့လို ဖြုတ်ဦးနှောက်တွေက ဒါတွေဘယ်သိမလဲ ....အေး နင်တို့ Dr Marcus Noland.... Dr.Alexander Bukh လို မြန်မာနိုင်ငံအကြောင်း အထူးပြုလေ့လာနေတဲ့ပညာရှင်တွေ ကို ကြားဘူးချင်မှ ကြားဖူးမယ်...... အေးသူတို့က ၂၀၁၃ခုနှစ်မှာ မြန်မာနိုင်ငံမှာ ဟောပြောပွဲနဲ့ စကားဝိုင်းဆွေးနွေးပွဲလာလုပ်သွားတယ် ... မြန်မာနိုင်ငံကမ တိုးတက်တာ လက်ဘက်ရည်ဆိုင်ထိုင် ဟိုပြောဒီပြော မယ်မယ်ရရမရှိတဲ့ သတင်းအတင်းလုပ်ပုံ ကြီးချဲ့... အားရင်အွန်လိုင်းတက်ဆဲ နိုင်ငံရေးနားမလည်ပဲတက်ပြော..... နိုင်ငံရေးကိုနားမလည် ပေါ်ပင်လုပ်တဲ့နိုင်ငံရေးသမား... နိုင်ငံရေးပြောရင် အုပ်ချုပ်တဲ့အစိုးရ အတင်းပြောရင် ဟုတ်လှပြီ တတ်လှပြီထင်နေတဲ့ လူငယ် လူရွယ် လူကြီးတွေပေါလို့တဲ့ .....တိုင်းပြည်တွက်တကယ.်မယ်မယ်ရရလုပ်တဲ့လူဦးရေဟာ ပြည်သူတွေကြားနည်းပါးလို့တဲ့..... တိုင်းပြည်အတွက် ကြီးလေးတဲ့တာဝန်မထမ်းရင်တောင် ကိုယ့်မိသားစု အတွက်တာဝန်ကျေပွန်အောင်လုပ်ရင်ပဲ တော်တော်ဟုတ်လှပါပြီတဲ့... သူတို့တွေဆီမှာ ကိုယ့်အလုပ်နဲ့ကို မပြတ်လုပ်နေရလို့ အားအား ရားရားလူဦးရေနည်းပါးပါတယ်တဲ့.... မဟုတ်ကဟုတ်က သတင်းတွေ အတင်းတွေ အဆဲအဆိုတွေထိုင် လုပ်ဖို့အချိန်မရှ်ပါဘူးတဲ့.... မြန်မာနိုင်ငံက လူတွေက အမှန်တော့ ဒီမိုကရေစီဆိုတာ လာမှန်းမသိသေးပါဘူးတဲ့ သိတာကတော့ လွတ်လပ်တယ် ပြောချင်တာပြော ဆဲချင်တာဆဲလို့ရပြီဆိုတာပဲတဲ့.... သူတို့နိုင်ငံမှာ နိုင်ငံအတွင်းရေး သူများ အထင်းသေးစရာထုတ်မပြောပဲ သူများအထင်ကြီးအောင် နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ချင်လာအောင် ကြိုးပမ်းနေချိန်မှာ နိုင်ငံခြားရောက်မြန်မာတွေ နဲ့ မြန်မာမှ တချို့တချို့တွေက အပုပ်သတင်းတွေ ထုတ်ဖော်နေလို့ တိုင်းပြည်ရဲ့အစိုးရထက် မြန်မာဆို အထင်သေးကြတာပါတဲ့ မြန်မာတွေစိတ်ဓာတ်ပြင် ဖို့အချိန်တန်ပြီတဲ့..... အေးနောက်ဆုံးပြောမယ် ကိုယ့်ကိုကို သဘောပေါက် နင်တို့သာ အသားထဲကလောက်တွေ.... ငါကနင်တို့လိုသွေးမကြောင်လို့ ပြောလိုက်မယ် မှတ်ထား ငါ့နာမည် မြတ်နိုး... အဆင့်မရှိတဲ့ မြန်မှာနိုင်ငံမှ ယောက်ကျားကြီးများ ပုဆိုးခြုံ ထဲမှ လက်သီးပုံးပြနေတဲ့ အကောင်တွေကို မုန်းသူပဲ Anonymous အပေါင်းတို့
သတိချပ်ရန်
ရှက်တတ်ပါစေ မိမိကိုယ်မိမိ ..... တပ်မတော် နှင့်အစိုးရကို ပြည်သူများ မုန်တီး အထင်သေးသလို... သူများအား အပြစ်မပြောခင် ကိုယ့်ကိုကို ဆန်းစစ်ပါ အကျိုးရှိသော လူကောင်းလေလော ဟု မြန်မာလူမျိုး တို့၏ စိတ်ဓာတ် အား အထင်သေးသော နိုင်ငံတကာမှ ပညာရှင်များ ၏ မှန်ကန်သော ထောက်ပြမှု ကြောင့် အရှက်ကြီး ရှက်သဖြင့် ဟောပြောပွဲများတွင် နိုင်ငံတကာ သံရုံးများ၏ အကြည့်များ ကြားမှ ရှက်ရွံ့စွာ ထပြန်ခဲ့ရသော ကိုယ်တွေ့ခံစားခဲ့ရသူ ကျမ မမြတ်နိုး
နင်လဲ အလကားပဲ
ကိုယ်သိ ကိုယ်တတ် မလုပ်နဲ့
လေသံက ငါးစိမ်းသည် ကျနေတာပဲ
ဘာလဲ LDC ကြားဘူးပေါင်
LDC တော့ မ သိ ဘူး
LED ဘဲ သိ တယ်
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်