Subscribe to our RSS Feed

ရွှေတိဂုံဘုရား၌ ဗုံးခွဲရန်ကြံစည်သော်လည်း မအောင်မြင်ခဲ့ဟုဆို

From : mm age


ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရန်ကုန်မြို့ ကုန်သယ်ကြီးများဟိုတယ်နှင့် စားသောက်ဆိုင်အချို့ တွင် ဗုံးဖောက် ခွဲရန်ကြိုးစားခဲ့သူများသည့် မြန်မာနိုင်ငံတွင် လူမျိုးရေး ပဋိပက္ခဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကြံစည်ကာ အစ္စလာဒ်ဘာသာဝင်များ၏ အစ်နေ့တွင် ရွှေတိဂုံဘုရား၌ ဗုံးဖောက်ရန်ကြံစည်ခဲ့ကြောင်း တရားခံဟု ယူဆရယူ (စောမြင့်လွင်)အား စစ်ဆေးစဉ် ထွက်ဆိုချက်များအရ သိရသည်။

ယင်းကဲ့သို့ ဗုံးဖောက်ခွဲရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ KNU မြို့နယ်အဆင့် စီးပွားရေးတာဝန်ခံ စောနေတိုး (ခေါ်)စောရွှေထူးက စောမြင့်လွင်ဆိုသူအား ( ငွေငါသိန်းတိတိ) ပေးခဲ့ကြောင်း တရားခံဟု ယူဆရသူ စောမြင့်လွင်၏ပြောကြားချက်အား KNU အဖွဲမှ CEC အဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်က ပြောသည်။

“သူရဲ့ ပြောကြားချက်မှာတော့ ရန်ကုန်မြို့ကုန်သယ်ကြီးများ ဟိုတယ်ကို ဗုံးခွဲတဲ့အပြင်ကို အစ္စလာဒ်ဘာသာဝင်တွေရဲ့ အစ်နေမှာ လူမျိုးရေးပဋိပက္ခ ဖြစ်အောင်လို့ ဆိုပြီး ရွှေတိဂုံဘုရားကိုလည်း ဗုံးခွဲဖို့ လည်းကြံခဲ့သေးတယ် ဒါပေမယ့် စောမြင့်လွင်က အဲ့လိုလုပ်ရမှာကို ကြောက်တဲ့အတွက် ဒီအကြံဟာ မအောင်မြင်ခဲ့ပါဘူး ”ဟု တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ KNU ဖဒိုမန်းငြိမ်းမောင်က တရားခံဟုယူဆရယူ စောမြင့်လွင်၏ ထွက်ဆိုချက်အား ပြောသည်။

ယခင်ကဗုံးဖောက်ခွဲမူများသည် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များက လုပ်ဆောင်ခဲ့သော်လည်း ယခုအစိုးလက်ထက်တွင် အစိုးရနှင့်ငြိမ်းချမ်းရေး ဆွေးနွေးပြီးနောက်ပိုင်းတွင် ယင်းကဲ့သို့ကိစ္စများ မလုပ်တော့ကြောင်း အထက်ပါပုဂ္ဂိုလ် ဖဒိုမန်းငြိမ်းမောင်က ဆက်လက်ပြောသည်။

“စောမြင့်လွင်ဆိုသူက အရင်က တပ်သားအဖြစ်နဲ့ မြို့ နယ်အဆင့် KNU ပြည်သူစစ်အဖွဲ့ မှာ တာဝန်ထမ်း ဆောင်ဘူးပါတယ်။ ဒါပေမယ့် ၂၀၀၈ ခုနှစ်မှာသူဟာ KNU အဖွဲ့ကနေပြီးတော့ ထွက်သွားပါပြီ ကျွန်တော်တို့ တပ် မှာ တာဝန်မထမ်းဆောင်တော့ပါဘူး။ KNU မြို့နယ်အဆင့် စီးပွားရေးတာဝန်ခံ စောနေတိုး (ခေါ်)စောရွှေထူးဟာ လည်း သူဆန္ဒနဲ့သူ လုပ်တာပါ။ ကျွန်တော်တို့  KNU ဗဟိုအဖွဲနဲ့  ဘာမှမဆိုင်ပါဘူး အစိုးရက ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့ အခါမှာကျွန်တို့ အနေနဲ့  သိက္ခာရှိရှိနဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ကို သွားမှာပါ ”ဟု ဖဒိုမန်းငြိမ်းမောင်က ထပ်လောင်း ပြောဆိုသည်။

ရန်ကုန်မြို့ ကုန်သယ်ကြီးများ ဟိုတယ်၊ စားသောက်ဆိုင် အချို့ နှင့် ရွှေတိဂုံဘုရားတွင် ဗုံးဖောက်ခွဲရန် စောနေတိုး (ခေါ်)စောရွှေထူးက စောမြင့်လွင် ဆိုသူအား ( ငွေငါသိန်းတိတိ)ပေးခဲ့သော်လည်း၎င်း တို့နှစ်နောက်တွင်ကြိုး ကိုင်ချယ်လှယ်သူများ ရှိနေသေးကြောင်း ဖဒိုမန်းငြိမ်းမောင်က သုံးသပ် ပြောဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ KNU အနေဖြင့် ဗုံးပေါက်ကွဲမှု ကိစ္စများကြောင့် ဒဏ်ရာ ရရှိသူများနှင့် မိဘပြည်သူများအား အနူးအညွှတ် တောင်းပန်ကြောင်း KNU ဗဟို အနေဖြင့် ဗုံးပေါက်ကွဲရန် ကြံစည်ခဲ့ သူများနှင့် နောက်ကွယ်မှကြိုးကိုင်ချယ်လှယ်သူများအား ဖော်ထုတ်ကာ ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ KNU ကသဘောထားထုတ်ပြန်သည်။

www.MyanmarExpress.net
 

5 comments:

အပြစ်မရှိပဲ သေသွားတဲ့ သူတွေ့ရဲအသက်ကို ဘယ်လိုလုပ်ပေးမှာလဲ တောင်းပန်တယ်ဆိုတဲ့စကားလေးနဲ ကျေနပ်ရမှာလား၊?..........

Why Far Su Kyi anyhow talk?
Fuck out from Golden Land.

1-OUR COUNTRY AND OUR PEOPLE ARE SUFFERING DUE TO FIGHTING CIVIL WARS
FOR OVER 65 YEARS.
2-WE ARE WELCOME THE PEACE PROCESS.
3-WE THANK TO OUR GOVERNMENT TRYING
BEST TO END THE WARS.
4-PLEASE GO AHEAD TO GET PEACE.
5-WE LIKE TO TELL OUR FEELING AS FOLLOWS;
(1)-TO GET REAL PEACE WE ALL NEED TO
CHANGE THE MENTALITY.
(2)-TO GET PEACE,REAL PEACE NEED TO
BUILD ON THE FOUNDATION OF TRUST.
(3)-TO BUILD THE FOUNDATION OF TRUST
DEPENDS UPON SINCERITY.
(4)-SO LIKE TO MAKE SURE HOW MUCH SINCERE
EACH OTHERS.
(5)-WE HAVE MANY THREATS FROM INSIDE
AND OUTSIDE.
(6)-HOW CAN WE BELIEVE TO WHOM?
(7)-WE CANNOT UNDERSTAND WHY ?
(8)-WE ARE MYANMAR AND OUR COUNTRY
HAVE MANY RACES BUT NOW A DAY NEARLY
ALL FAMILIES IN MYANMAR ARE INTER MARRIAGES.
(9)-WE DO NOT LIKE TO GET THE FALSE PEACE.
(10)-TO GET TRUE PEACE MAKE FRIEND.
(11)-DO NOT ATTACK EACH OTHERS.
(12)-DO NOT ATTACK AND INSULT THE RELIGION.
(13)-NEED TO SHOW THE PROOF.

အခုလို အသိ ဥာဏ်မဲ့တဲ့ ဗုံးခွဲ မှုလုပ် ရပ်ကို ကျွန် တော် တို့ ပြည် သူတွေ တခဲ နက် ရှုံ့ ချကြ ပါ ဆို့။

မ ကြံ စည်ေ ကာင်း ရာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်