Subscribe to our RSS Feed

၂၀၀၈ အခြေခံဥပဒေ ပြင်ရေး ပြည်သူစိတ်မဝင်စားသဖြင့် NLD အခက်တွေ့ ဟု နာယက ဦးတင်ဦး ဝန်ခံ

From : ..bbc


ဒီနေ့ ရန်ကုန် အနောက်ပိုင်းခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲချုပ်ရဲ့ ပြည်သူများ ဆန္ဒ ကောက်ယူပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲချုပ် နာယက ဦးတင်ဦးက ၂၀၀၈ အခြေခံ ဥပဒေနဲ့ ပတ်သက်လို့ သဘောထား ရယူရာမှာ ပြည်သူတွေ ပါဝင်မှု အားနည်းတယ်လို့ ဒီနေ့ ပြောကြားလိုက်ပါတယ်။


 အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ၂၀၀၈ အခြေခံ ဥပဒေကို ပြင်ဖို့အတွက် အချက်ပေါင်း ၁၅၀ လောက် ပြင်ဖို့ရှိတယ်လို့ အမျိုးသား ဒီမို ကရေစီ အဖွဲချုပ်ရဲ့ အခြေခံ ဥပဒေ ပြင်ဆင် ရေး ကော်မတီ ဥက္ကဌ ဦးကိုနီက ပြောပါတယ်။

ဒါပေမယ့် ဒီလို ပြင်ဖို့ရာမှာ အခြေခံ ဥပဒေပါ ပုဒ်မ ၄၃၆ က အဟန့်အတား ဖြစ်နေပြီး အဲဒီ ဥပဒေအရ ၂၀၁၅ မတိုင်မီ နိုင်ငံအနှံ့ ဆန္ဒခံယူပွဲပေါင်း ၁၅၀ ကျော် ကျင်းပဖို့ဟာ လက်တွေ့မှာ မဖြစ်နိုင်ဘူးလို့ သူက ပြောပါတယ်။

ဥရောပ ၅ နိုင်ငံ ခရီး ရောက်ရှိနေတဲ့ အန်အယ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဟာ လူဇင်ဘတ် နိုင်ငံမှာ ဒီကနေ့ ပြုလုပ်နေတဲ့ ဥရောပ သမဂ္ဂ နိုင်ငံခြားရေး ကောင်စီ အစည်းအဝေးမှာ အီးယူ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ ဆွေးနွေးဖို့ ရှိပါတယ်။


.. www.MyanmarExpress.net
 

6 comments:

What kind of news worthless bbc is reporting? It reports about NLD amendments of 2008 constitution and then switches Daw Su at Luxemburg.

i like NLD. myanmar express sout yu.

လက်ရှိအခြေခံဥပဒေရဲ့ အားနည်းချက်တွေကို ပြုပြင်ဖို့ လိုကောင်းလိုလိမ့်မယ်၊ ဒီအမြင်ကို အစိုးရပိုင်း၊ အာဏာရပါတီပိုင်းကလည်း လက်ခံထားသူအချို့ရှိတယ်ဆိုတာ သူရဦးအေးမြင့်တို့ တင်တဲ့အဆိုက သက်သေပြနေတယ်၊

ဒါပေမယ့် ၂၀၁၅ မှာ ကျွန်မသမတ လုပ်ချင်ပါတယ်ဆိုတဲ့ အာဏာငန်းဖမ်းတဲ့အသံ ထွက်လာလိုက်တာကြောင့် ပေါ်ပေါက်သင့်တဲ့ ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို ရပ်တန့်သွားစေခဲ့လိမ့်မယ်၊ အရင်က အခြေခံဥပဒေပြင်ဆင်ရေး လိုလားခဲ့တဲ့သူတွေကတောင် ၂၀၁၅ မတိုင်ခင်တော့ ခပ်ဖြည်းဖြည်းပဲလုပ်ကြတာပေါ့ဆိုတာမျိုးဖြစ်သွားတော့မယ်၊ အဓိကအနေနဲ့ နိုင်ငံခြားသားမိသားစုတွေ တိုင်းပြည်ခေါင်းဆောင်မလုပ်ရဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မူဝါဒကိုတော့ ထိကြတို့ကြတော့မှာ မဟုတ်ဘူး၊

အခုသတင်းလွှာက ဗိုလ်ချုပ်ရဲ့ အံမခန်း ကြီးမားတဲ့ အမြော်အမြင်ကို ထင်ဟပ်နေတယ်၊ နိုင်ငံခြားသားမိသားစုရှိသူတစ်ယောက်က တိုင်းပြည်ခေါင်းဆောင်တောင် မဖြစ်သေးဘူး၊ ကိုယ့်ပြည်တွင်းရေးအကြောင်းကို လွှတ်တော်မှာ တင်သွင်းဖို့ စိတ်မကူးခင်ဥရောပသမဂ္ဂနှင့် အနောက်တိုင်း ကမ္ဘာ့ခေါင်းဆောင်တွေကိုအားကိုးနေတာ အလွန်ကို အရှက်နဲ့ဂုဏ်ကင်းမဲ့တဲ့လုပ်ရပ်ဖြစ်တယ်၊ ဒါကြောင့် အဲဒီလိုလူမျိုးလက်ထဲ တိုင်းပြည်မရောက်အောင် ကာကွယ်ထားတဲ့ပုဒ်မကိုတော့ အခြေခံဥပဒေထဲက ပြုတ်မသွားအောင် မျိုးချစ်စိတ်ရှိသူတွေကတော့ ကာကွယ်ရမှာပဲ၊

နောက်ပြီး အခြေခံဥပဒေ ပြင်ဆင်ရေးကို အရင်ပြီးမြောက်အောင်မလုပ်ဘဲ အာဏာရမက် ငန်းငန်းတက်တဲ့စကားကို ပြောထွက်သူရဲ့ မဟာဗျူဟာ ညံ့ဖျင်းမှုကိုပါ တွေ့ရမှာ ဖြစ်တယ်၊

ဟုတ်ပါတယ်။ အရင်တပ်မတော်အစိုးရ ရပ်တည်ချက်တွေကို တရုတ်က အားပေးထောက်ခံခဲ့ပါတယ်၊ ဒါပေမယ့် ဘယ်အစိုးရခေါင်းဆောင်ကမှ တရုတ်ပြည်ရောက်တဲ့အခါမှာ သူတို့နဲ့ ဆန့်ကျင်ဖက်ဖြစ်နေတဲ့ အောင်ဆန်းစုကြည်ကို ပျော့သွားအောင် ဖိအားပေးဖို့ ဟူကျင်းတောင်တို့ ၀မ်ကျားပေါင်တို့ကို အရှက်မရှိ အကူအညီတောင်းခဲ့တယ်လို့ မကြားဖူးဘူး၊ ကိုယ့်ပြည်တွင်းရေးကိုး၊

မဆဲ ပါနဲ့ NLDကိုကြိက်ပါMEကို မနှစ်သက် ရင်မဖတ်ပါနဲ့

လွန်ခဲ့သောနှစ်ငါးဆယ်ခန့်က ကျောင်းဖတ်စာမှာ ပါတဲ့ -သည်လိုပုံနှင့်မိုးကြီးချုပ်လျင် ကျွန်ုပ်အိမ်သို့ ပြန်နိုင်မည်မဟုတ်ပါ- ဟူသည့် အဖိုးအိုနှင့်နွား ဖတ်စာကို ပြန်လည် အောက်မေ့စေချင်တယ်။ အန် အလ် ဒီ မှာ အခြေခံ ဥပဒေပြင်ဆင်ရေးကော်မတီ ဥကဋ္ဌခန့်ဖို့ အရည်အချင်းပြည့်ဝသူ တိုင်းရင်းသား လူတွေမရှိလို့ ကုလားကို ခန့်ထားရသလား ဒီလမ်းအတိုင်းဆက်သွားရင် ရှေ့မှာ ချောက်ကမ်းပါးပါ အန်အလ်ဒီ ပြန်သုံးသပ်ပါဦး၊ အရာရာမှာပေါ့ စေတနာနဲ့ အကြံပေးတာပါ။

အတိုက်​ အခံ ပါတီ နဲ့ ​ခေါင်း ​ဆောင်​ အားနည်းသွား​အောင်​ တရုတ်​ ကိုအကူအညီ ​ဘယ်​ ​တောင်း လို့ ရမ လဲ စစ်​ အစိုးရအတွက်​ ကိုယ်​ ​ပေါင်​ ကိုယ်​ လှန်​ ​ထောင်းဖြစ်​ သွား မှာ​ပေါ့ အ​ခြေ ခံဥပ​ဒေ ကို ပြည်​သူ​တွေ​လေ့လာ သင့်​ပါတယ်​ ဒါမှ ဘာ​တွေ ပြင်​ သင့်​တယ်​ ဆိုတာ နားလည်​မှာ ​လေ နားလှည့်​ ပါးရိုက်​ တဲ့ အကွက်​ ​တွေ များလွန်း လို့ ပြည်​ သူ​တွေ ခမျာ ဘယ်​ သူ့ အ​ဖေ ​ခေါ် ရမှန်း မသိ ဖြစ်​ ​နေပါပြီ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်