Subscribe to our RSS Feed

ဆီးဂိမ်းပြည်ပဧည့်အဝင် မျှော်မှန်းထားသည်ထက်များပါက ပူရန်မလို၊ အခန်း ၂ဝဝ ကျော် အရန်သင့်ရှိဟုဆို

From : ..popular
 
ဆီးဂိမ်းတွင် နိုင်ငံခြားဧည့်အဝင် နှုန်းခန့်မှန်းထားသည်ထက် များပါက လည်း အခက်အခဲမရှိစေရန် အိပ်ခန်း ဆောင်နှစ်ရာကျော်အရန်သင့် စီစဉ် ထားကြောင်းရန်ကုန်ဟိုတယ်ဇုန် ဥက္ကဋ္ဌ ဦးတင်ဝင်းက ပြောသည်။

''လာမယ့် ဆီးဂိမ်းအတွက် အား လုံးအရန်သင့်ဖြစ်နေပြီ၊ ခုက လူမငြိမ် သေးဘူး။ ဟော်ကီအားကစားပါတယ်။ ဘာညာနဲ့သေချာမငြိမ်သေးဘူး။ ဒါပေမဲ့ ရန်ကုန်ဇုန်အနေနဲ့ဝန်ကြီးဌာနက သတ် မှတ်တဲ့အတိုင်း အဆင်သင့်ပဲ'' ဟု ဦး တင်ဝင်းက ပြောသည်။ လက်ရှိတွင် ရန်ကုန်တိုင်းဒေသ ကြီး၌ ဟိုတယ်အသစ်များလည်း ထပ်မံ တိုးချဲ့ဆောက်လုပ်လျက်ရှိပြီး ဆီးဂိမ်း အမီဖွင့်လှစ်သွားမည့် ဟိုတယ်အသစ် များရှိသကဲ့သို့ ဆီးဂိမ်းမမီပါကလည်း နောင်တွင် ဖွင့်လှစ်သွားရန် စီစဉ်နေ သည့် ဟိုတယ်များရှိသောကြောင့် မြန် မာနိုင်ငံ သို့ နိုင်ငံခြားသားဧည့်ဝင်ရောက် မှုနှုန်း တိုးလာတာနှင့်အညီ ဟိုတယ်အခန်း အရေအတွက် လောက်ငမှုရှိ ကြောင်း ၎င်းက ရှင်းပြသည်။

''လူကြီးက စိုးရိမ်တာက ဧည့် သည်ဝုန်းဆို ဝင်လာရင် မဆံ့မှာစိုးလို့ အရန်ထားတာပေါ့။ အဆင်ပြေတာက ပြေပါတယ်။ ဒီဧည့်သည်ကလည်း ဝင် လာတာနဲ့ ဟိုတယ်တွေကလည်း တိုး လာတာတွေရှိတယ်''ဟု ဦးတင်ဝင်းက ပြောသည်။ ထို့အပြင် လုံခြုံရေးအပိုင်း စိတ်ချ ရစေရန်အတွက် ဝန်ကြီးဌာနမှ သတ် မှတ်ပေးထားသည့် ဟိုတယ်များတွင် လည်းလုံခြုံရေး အထူးကြပ်မတ်မှုရှိစေ ရန် စစ်ဆေးမှုများလည်း ပြုလုပ်လျက်ရှိ ပြီး ဆီးဂိမ်းမရောက်ခင်ကြား ကာလ တွင်လည်း ထပ်မံစစ်ဆေးမှုများ ပြုသွား မည်ဖြစ်ကြောင်း သိရသည်။

''ဆီးဂိမ်းအတွက် လုံခြုံရေးက တော့ ပြန်စစ်ရမှာ၊ လိုတာတော့ သိပ် မတွေ့တော့ဘူး။ စီစီတီဗီကတော့ ဘယ် နှလုံးတပ်ရမယ်ဆိုတဲ့ ကန့်သတ်ချက် တော့မရှိဘူး။ ဧည့်ကိုလည်း အနှောင့် အယှက်မဖြစ်အောင်လုပ်ရတယ်လေ''ဟု ဦးတင်ဝင်းက ဆက်ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် လက် ရှိ၌ ဟိုတယ်အလုံးရေ နှစ်ရာ့နှစ်ဆယ် ရှိပြီး ပြီးခဲ့သည့်နှစ်တွင် အလုံးရေ တစ် ရာ့ရှစ်ဆယ်သာရှိခဲ့ပြီး ဟိုတယ် အလုံးရေနှင့် ဟိုတယ်အခန်းပေါင်း ပိုမိုတိုးလာကြောင်း သိရသည်။


 .. www.MyanmarExpress.net
 

1 comments:

If there are more guests, they can stay at Buddhist monasteries also. The authorities should consider and arrange for the foreigner-guests to accommodate at the monasteries in Nay Pyi Daw, Yangon, Mandalay etc: if there are no places for visitors. The guests will be happy with the Buddhism, Buddhist culture and they will donate as they wish for monastery-fund. The Ministry of Sport should have this idea and should do prearrangement for more guests to stay at monasteries during the games period.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်