Subscribe to our RSS Feed

ရဲကို ဖမ်းဆီးကြိုးတုတ်ရိုက်နှပ်ခဲ့သည့် နေပြည်တော်သားများ The Voice ဂျာနယ် သတင်းထောက်ကိုလဲ ဝိုင်းရိုက်

From : .. the voice


တလောက ရဲကို ဖမ်းဆီးကြိုးတုတ်ရိုက်နှပ်ခဲ့သည့် နေပြည်တော်သားများသည် လွှတ်တော် အစည်းအဝေးများကို တက်ရောက်သတင်းရယူနေသူ The Voice သတင်းစာနှင့် အပတ်စဉ် ထုတ် စာစောင်၏ သတင်းထောက် ဦးအောင်ထက်ကို အမျိုးသား နှစ်ဦးက အောက်တိုဘာ ၂၈ ရက် ည ၁၀ နာရီခွဲခန့်တွင် ထိုးကြိတ် ရိုက်နှက် ခံရကြောင်းကာယကံရှင် က ပြောကြားသည်။

ဦးအောင်ထက်သည် အဆိုပါ မြို့နယ် မင်္ဂလာရပ်ကွက်၊ အမှတ်(၂) သံလမ်းဂိတ် အနီးထမင်းဆိုင်တွင် ထမင်းစားပြီးနောက် The Voice ရုံးခန်းသို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် မြို့ဦးရပ်ကွက် ဗိုလ်တောက်ထိန် လမ်းထောင့် အောင်ချမ်းသာဘုရားအနီးတွင် ၎င်းရှေ့၌  စက်ဘီးတစ်စီး ယိုင်နဲ့ကာ စီးနင်းလာသောကြောင့် ၎င်းက ဆိုင်ကယ် အရှိန်လျော့၍ ရှောင်ကွင်းကာမောင်းနှင်ခဲ့ကြောင်း၊ ယင်းနောက် စက်ဘီးမှာလမ်းမလယ်သို့ ရောက်နေသဖြင့် ဆိုင်ကယ်ကို လမ်းဘေးချကာ မြေသားလမ်းတွင် မောင်းနှင်လာစဉ် စက်ဘီးသည် ဆိုင်ကယ်ဘက်သို့ လဲကျခဲ့သောကြောင့် ၄င်းက သွားရောက် တောင်းပန်စဉ် စက်ဘီးစီးလာသူ နှစ်ဦးကထိုးကြိတ်ခဲ့ကြောင်း  ၎င်းက ရှင်းပြသည်။

အဆိုပါ ဆိုင်ကယ်နှင့် စက်ဘီးချိတ်မိရာတွင် သတင်းထောက် စီးနင်းလာသောဆိုင်ကယ်တွင် နောက်ကြည့်မှန်ကို ထိခိုက်ခဲ့ပြီး စက်ဘီးစီးနင်းလာသူ နှစ်ဦးကိုထိခိုက်ဒဏ်ရာမရရှိခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

သတင်းထောက် ဦးအောင်ထက်ကို ကန်ကျောက် ထိုးကြိတ်ပြီးနောက် အဆိုပါ လူနှစ်ဦးက ၎င်းတို့ စီနင်းလာသော မိန်းမစီးစက်ဘီးကို ကိုယ်တိုင်ဖျက်ဆီးခဲ့ကြောင်း၊ အသက် ၂၀ ကျော်အရွယ် အခြားအမျိုးသားတစ်ဦးကလျှော်ကြေးတစ်သိန်းခန့် ပေးရန် ဝင်ပြောသဖြင့် ၎င်းက ပိုက်ဆံပါမလာသဖြင့် ရုံးသို့လိုက်ယူရန် ပြောကြားခဲ့ရာ ထပ်မံကန်ကျောက်ခဲ့ပြီး ဆိုင်ကယ်ပေါ်တင်ကာ လမ်းကြားတစ်ခုထဲသို့ မောင်းနှင်ရာကိုအောင်ထက်ကမလိုက်ရဲကြောင်းပြောဆို၍ ဆိုင်ကယ်ပေါ်မှ ခုန်ချစဉ် ထပ်မံကန်ကျောက်ခဲ့ကြောင်း ၊ စတင်ဖြစ်ပွားချိန်မှစ၍ ၄၅ မိနစ်အကြာတွင် အရပ်ဝတ်ဖြင့် ယာဉ်ထိန်းတစ်ဦးရောက်လာချိန်မှ သက်သာရာရခဲ့ပြီး ထိုးကြိတ်သူများက ထွက်ပြေးခဲ့ကြောင်း ၎င်းက ထပ်မံရှင်းပြသည်။

"တစ်သိန်း၊ တစ်သိန်းခွဲဆိုပြီးတောင်းတယ်။ ပေးမယ်လို့ ပြောတော့ လည်း ထပ်ထိုးတယ်။" ဟု ဦးအောင်ထက်ဆိုသည် အဆိုပါ ရိုက်နှက်သူကို ရဲတပ်ဖွဲ့၏ စုံစမ်းချက်အရ တရုတ်ကြီးသည် The Voice ရုံးခန်းဖွင့်လှစ်ရာ မြို့ဦးရပ်ကွက် ၊တောင်သာအုပ်စု ၊ပျဉ်းမနား မြို့နယ်တွင်နေထိုင်ပြီး ကျန်တစ်ဦးမှာ အမည်စုံစမ်းဆဲသာ ဖြစ်ပြီး အောင်ချမ်းသာရပ်ကွက် ၊ ကင်ပွန်းတန်းအုပ်စု ပျဉ်မနားမြို့နယ် တွင် နေထိုင်ကြောင်းပျဉ်းမနားမြို့နယ် မြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ထိုးကြိတ်ခံရမှုကို( ပ ) ၆၄၉/၂၀၁၃၊ ပြစ်မှုပုဒ်မ - ၃၂၃၊ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာတွင် ညစ်ညမ်းသောသီချင်း၊ ကဗျာ၊ သီဆိုခြင်း၊ စကားပြောဆိုခြင်း ပြစ်မှုပုဒ်မ - ၂၉၄ ဖြင့် အမှုဖွင့် အရေးယူထားပြီး ပြစ်မှုကျူးလွန်သူကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း အဆိုပါ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

  ပြည်သူလွတ်တော် တရားဥပေဒစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှုးဦးဝင်းမြင့် နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် တို့ကလည်း ရဲတပ်ဖွဲ့များကို နေပြည်တော်သားများက ဝိုင်းဝန်ထိုးကြိတ်စဉ် နှင့် ဘောလုံးပွဲတွင် နေပြည်တော်သားများ ခုံများ ဖျက်ဆီးစဉ်က ဘာမှမပြောခဲ့သော်လည်း ယခု The Voice သတင်း သတင်းထောက် ရိုက်ခံရမှ မကျေမနပ်ဖြစ်နေကြောင်း သိရသည်။


.. www.MyanmarExpress.net
 

5 comments:

ည ၁၀ နာရီခွဲအချိန်ကျမှ ထမင်းစားတယ်ဆိုတော့
သူပြောတာတွေရော ဘယ်လောက်စိတ်ချရနိုင်မလဲ။
ဒါ လူကောင်းတွေထမင်းစားတဲ့အချိန်တော့မဟုတ်ဘူး။

နေ ပြည် တော် က ရမ်း ကား သူ တွေ ပေါ လှ ချည် လား မ ထိမ်း နိုင် အ ရေး မ ယူ နိုင် ဘူး လား ဒါ ဆို ရင် ဆီး ဂိမ်း ကို မ လာ တော့ ဘူး တာ့ တာ

နေပြည်တော်သားတွေပေါ့။ ဘာအားကိုးနဲ့ မိုက်ရိုင်းနေကြတာလဲ။
ကြိမ်ဒဏ်ကျောတစ်ရာ ရင်တစ်ရာချက်ရိုက်ပြီးဆုံးမပါ။

သတင်းထောက်ဆိုတဲ့ကောင်တွေကလည်း
ကြွစောင်းစောင်း ဒေါက်မကျိုးဘူး၊
အချိန်ကလည်း လူကောင်းတွေအပြင်ထွက်ချိန်မဟုတ်ဘူး၊
နေပြည်တော်သားတွေကိုဘဲ အပြစ်ပြောလို့မရဘူး။

Yes you can't blame only Nay Pyi Daw people. Media people are all shits. Why did he eat so late at night. what was he doing and where was he going. Is he drunk?

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်