Subscribe to our RSS Feed

ပြည်သူပိုင် သိမ်းထားသည့် ဆိုင်ကယ်နှင့် ကားများ ဈေးပြိုင် စနစ်ဖြင့် ရောင်း မည်

From : .. YMG

ရန်ကုန် ၊ အောက်တိုဘာ ၂၂ ။ ။ တိုင်း ဒေသကြီးနှင့် ပြည်နယ်အတွင်း ရှိတရားရုံးများတွင် ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းထားသော သက်သေ ခံမော်တော် ယာဉ်နှင့် ဆိုင်ကယ်များကိုမပျက်စီးမီ ဈေး ပြိုင်စနစ်ဖြင့် ရောင်း ချ သွားမည် ဖြစ်ကြောင်း အမျိုးသားစီမံကိန်း နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက် တာဒေါ်ခင်စန်းရီက ပြောကြား လိုက်သည်။

ယင်းယာဉ်များကို ပြည် ထောင်စုတရားလွှတ်တော်ချုပ် ရုံးမှဖွဲ့စည်းထား သည့် သက်သေ ခံမော်တော် ယာဉ်၊ ဆိုင်ကယ်နှင့် ယာဉ်အပိုပစ္စည်းများ စီမံခန့်ခွဲ ရေးအဖွဲ့မှ ဈေးပြိုင်စနစ်ဖြင့် အ မြန်ဆုံးမပျက်စီး မီ ရောင်း ချနိုင် ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြုပြင်သုံးစွဲမရတော့သည့် မော် တော်ယာဉ်နှင့် ဆိုင်ကယ်များကို လည်း သံရည်ကျို ဖျက်ဆီးနိုင်ရေး အလျင်အမြန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း အောက်တိုဘာ ၂၂ရက်ကပြုလုပ်သည့် ပြည်သူ့ လွှတ်တော် အဋ္ဌမပုံမှန်အစည်း အဝေးတွင် ပြောကြားခဲ့ခြင်းဖြစ် သည်။

အမျိုးသား စီမံကိန်းနှင့် စီး ပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက ''တိုင်းဒေသကြီး နဲ့ ပြည်နယ် အတွင်းရှိ တရားရုံး အသီးသီးမှာ ပြည်သူ့ ဘဏ္ဍာအ ဖြစ် သိမ်းဆည်းထားတဲ့ သက်သေ ခံမော်တော် ယာဉ်နဲ့ ဆိုင်ကယ် များကိုစီမံခန့်ခွဲဖို့ သက်သေ ခံမော် တော်ယာဉ်၊ ဆိုင်ကယ်နဲ့ ယာဉ် အပိုပစ္စည်းများ စီမံခန့်ခွဲရေးအဖွဲ့ ကို စက်တင်ဘာ၂၃ရက်က ပြည် ထောင်စု တရားလွှတ်တော်ချုပ် ရုံးမှ ဖွဲ့စည်းတာဝန်ပေးအပ်ပြီး ဖြစ်ပါတယ်။ အဆိုပါ အဖွဲ့က သက် သေ ခံမော်တော်ယာဉ်နဲ့ ဆိုင်ကယ် များကို လေလံတင်ထုခွဲရောင်းချ နိုင်တဲ့အခြေအနေဖြစ်ပါက ပြည် ထောင်စု တရားလွှတ်တော်ချုပ် ရုံးမှတစ်ဆင့် အမျိုးသားစီမံကိန်း နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဗဟိုစက် ပစ္စည်း စာ ရင်းအင်းနှင့် စစ်ဆေးရေးဦးစီး ဌာနသို့ ကြမ်းခင်းဈေးတောင်းခံ ပြီး ဈေးပြိုင်စနစ်ဖြင့် လေလံ တင် ရောင်းချသွားရမှာဖြစ်ပါတယ်''ဟု ဖြေကြားခဲ့သည်။
 

 .. www.MyanmarExpress.net
 

2 comments:

1-BETTER SELL THE THINGS QUICKLY AND
HAVE THE MONEY AS GOVERNMENT REVENUE.
2-WE KNEW THERE ARE TWO TYPE OF AUCTIONS;
THEY AS FOLLOWS;
(1)-TRYING TO MAKE MORE AND MORE MONEY
FROM THE AUCTIONS.
(2)-ANOTHER TYPE OF AUCTION IS VERY FAIR
AND ONLY PRACTICING IN RAKKHINE STATE
IN PUBLIC BUSINESS.
THE AUCTIONEER DECLARE HOW MUCH MONEY
NEEDED.
AUCTIONEERS REDUCE THE PRICE IF NO BODY
BID / OFFER THE PRICE.
AUCTIONEERS HAVE THE RIGHT TO WITHHOLD THE SALE IF CANNOT GENERATE THE REQUIRE
PRICE.

ဒီလိုလုပ်လိုက်တော့ တရားဝင်သွားရောလား။ လုပ်ပါဗျာ။ အသိမ်းခံရတဲ့ ပြည်သူတွေ သနားပါတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်