Subscribe to our RSS Feed

ဒေါ်စုနှင့် အဆင်ပြေသည့် ကင်းတားနားကို မြန်မာပြည်သူတို့ ကန့်ကွက်သဖြင့် လူ့အခွင့်အရေး ကိုယ်စားလှယ်အသစ် ထပ်ခန့်မည်

From : ..the voice

ပဋိပက္ခများ မကြာခဏ ဖြစ်ပွားနေသည့် မြန်မာနိုင်ငံတွင် ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အသစ် ထပ်မံခန့်အပ်မည် ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ လူ့အခွင့် အရေး ကြေညာစာတမ်းနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများကို လေ့လာရန် တာဝန် ထမ်းဆောင်နေသည့် ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ်အိုဟေးကင်တားနားသည် ခြောက်နှစ် သက်တမ်းပြည့်ပြီး တာဝန်မှ အနားယူမည် ဖြစ်ကြောင်း၊ ယင်းနေရာတွင် အစားထိုး ခန့်အပ်ရန် ကိုယ်စားလှယ် အသစ်ကို ၂၀၁၄ ခုနှစ် မတ်လတွင် စတင်တာဝန်ပေးမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သို့သော်လည်း ကိုယ်စားလှယ်အသစ် ထပ်မံခန့်အပ်ရန် အသေးစိတ် အစီအစဉ်နှင့် ကိုယ်စားလှယ်သစ်၏ အမည်နာမတို့ကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် လက်ထက်တွင် လူ့အခွင့်အရေး အခြေအနေများ ပိုမိုတိုးတက် လာသော်လည်း မထင်မှတ်ထားသည့် ပြည်တွင်း ပဋိပက္ခများ၊ တင်းမာမှုများ၊ ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ ယင်းကိစ္စများ အပေါ် ပြည်ပ နိုင်ငံကြီးများ၏ ဖိအားများကြောင့် လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ဆက်လက်ခန့်အပ်ခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံကို စောင့်ကြည့်ရမည့် လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ထပ်မံခန့်အပ်ရန် လုပ်ဆောင်ခြင်းသည် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ တတိယကော်မတီ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ တိုးတက်မှုဆိုင်ရာ မှတ်တမ်းများပေါ်တွင် များစွာ မူတည်နေကြောင်း ၎င်းက ထပ်မံရှင်းပြသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်တစ်ဦး၏ သက်တမ်းမှာ ခြောက်နှစ်ရှိပြီး ယင်းကိုယ်စားလှယ်များသည် အခကြေးငွေ မယူဘဲ Independent Expert များအဖြစ် လုပ်ဆောင်သူများ ဖြစ်၍ သက်တမ်းကုန်ဆုံးပါက ထပ်မံထမ်းဆောင်ခွင့် မပြုကြောင်း၊ ကင်တားနားသည် မြန်မာနိုင်ငံ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် ၂၀၀၈ ခုနှစ်တွင် စတင်တာဝန် ထမ်းဆောင်ခဲ့ပြီး ၂၀၁၄ ခုနှစ် မတ်လတွင် သက်တမ်းကုန်ဆုံးမည် ဖြစ်ကြောင်း ကုလသမဂ္ဂ သတင်းပြန်ကြားရေးဌာနမှ ဆက်သွယ်ရေးအရာရှိ ဦးအေးဝင်းက ပြောကြားသည်။

ကင်တားနားသည် လူ့အခွင့်အရေး အခြေအနေ များကို လေ့လာရန် မြန်မာနိုင်ငံသို့ တရားဝင် ရှစ်ကြိမ် ရောက်ရှိခဲ့ပြီး ၎င်းရေးသားသည့် အစီရင်ခံစာများသည် ဘင်္ဂါလီများအတွက် တစ်ဖက်သတ် အစီရင်ခံသည်ဟုဆိုကာ မြန်မာနိုင်ငံ ခရီးစဉ်များတွင် ဆန္ဒပြမှုများနှင့် ကြုံတွေ့ခဲ့ရသည်။

ကမ္ဘာ့ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်များကို လူ့အခွင့်အရေး အခြေအနေ အထူးစောင့်ကြည့်ရမည့် မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ ဟေတီ၊ မြောက်ကိုရီးယား၊ ပါလက်စတိုင်း၊ ဆိုမာလီယာ၊ ဆူဒန်၊ အီရန်၊ ဘူရွန်ဒီ၊ အီရစ်တီး-ရှိက်လာ စသည့် နိုင်ငံပေါင်း ၁၀ နိုင်ငံတွင် ခန့်အပ်ထားသည်။


 .. www.MyanmarExpress.net
 

2 comments:

ကုလသမဂ္ဂက လူ့အခွင့်အရေးကို စောင့်ကြည့်မှာလား။
မွတ်အခွင့်အရေးကို စောင့်ကြည့်မှာလား။
ကင်တားနားမွတ်တွေရဲ့ အထောက်အပံ့ကို
မြိုးမြိုးမြက်မြက်ရထားတော့ UN ရဲ့ အထောက်အပံ့လောက်တော့
ဘယ်မှုမှာလဲ။ အကယ်တော့ ဒီကောင်တွေရဲ့အစီရင်ခံစာတွေကို
ဂရုစိုက်စရာမလိုပါဘူး။ ကျုပ်တို့ပြည်တွင်းအခြေအနေကို
ကျုပ်တို့ထက်ပိုပြီး ဘယ်သူကမှ စိတ်ဝင်စားစရာမလိုဘူး။
ဒီကောင်တွေကိုလည်း ဘာမှ ယုံကြည်စရာမရှိဘူး။
ခက်တာက အသားထဲကလောက်ထွက်သူတွေ
ပြည်တွင်းမှာရှိနေတာဘဲ။
လူ့အခွင့်အရေးနဲ့ ပြောရရင် ဘယ်နိုင်ငံတွေကရော
ပြီးပြည့်စုံနေလို့လဲ ?
လူတွေသတ်မှတ်တဲ့ စံနှုန်းနဲ့ဘဲတိုင်းတာတာဆိုတော့
ဘယ်တော့မှ သမာသမတ်မရှိနိုင်ဘူး။
ဘာဖြစ်လို့လဲဆိုတော အတ္တကင်းတဲ့လူဆိုတာ မရှိနိုင်လို့ဘဲ။

ဖင်တအားယားတဲ့ ကင်တားနားရေ
နောက်တခါမြန်မာပြည်လာရင် အရှင်ထွက်နဲ့
ပြန်ထွက်လို့ရဖွယ်မရှိဘူး။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်