Subscribe to our RSS Feed

ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဆန္ဒကောက်ခံမှု ရလဒ်မကောင်းသဖြင့် မြန်မာအစိုးရကို ကမ္ဘာက ဖိအားပေးရန် ဒေါ်စု တောင်းဆို





ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဆန္ဒကောက်ခံမှု ရလဒ်မကောင်းသဖြင့် မြန်မာအစိုးရကို ကမ္ဘာက ဖိအားပေးရန် ဒေါ်စု တောင်းဆို လိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပနိုင်ငံ ခရီးစဉ်အတွင်း အောက်တိုဘာ ၂၁ ရက်နေ့က လူဇင်ဘတ်နိုင်ငံကို ရောက်ရှိခဲ့ပြီး သတင်းထောက်တွေ နဲ့ တွေ့ဆုံ ချိန်မှာ  မြန်မာအစိုးရဲ့ ပြုပြင်ပြောင်းလဲရေးမှာ စစ်မှန်တဲ့ ဒီမိုကရေစီဖြစ်ဖို့ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ဥရောပနိုင်ငံတွေက ဖိအားပေးဖို့ တိုက်တွန်း လိုက်တယ်လို့ အေဂျင်စီသတင်းတွေမှာ ဖော်ပြထားပါတယ်။

သူရဲ့ ခရီစဉ်အတွင်းမှာ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ မတွေ့ဆုံခင်မှာ ဒီမိုကရေစီကျင့်စဉ်ရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်ဖို့ အရေးကြီးကြောင်း ကိုလည်း သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။

“မြန်မာနိုင်ငံမှာ အရေးကြီးတဲ့ကိစ္စတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ဒီကိစ္စတွေ အားလုံး ဖြေရှင်းနိုင်ဖို့က ဒီမိုကရေစီရဲ့ ကျင့်စဉ်မှာ အခြေခံအကျဆုံးကိစ္စတခုဖြစ်တဲ့  ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အရင်ဆုံး ပြင်ဆင်ဖို့ လိုပါတယ်။  ဒီဖွဲ့စည်းပုံကို မပြင်ဆင်မချင်း ကျန်တဲ့ ကိစ္စရပ်တွေ ပြုပြင်နိုင်မှာ မဟုတ်ပါဘူးလို့” ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

သူရဲ့ ခရီးစဉ်အတွင်းမှာ ဘယ်လ်ဂျီယံ၊ လူဇင်ဘတ်၊ ပြင်သစ်၊ ဗြိတိန်နဲ့ အီတလီစတဲ့ ဥရောပ ၅ နိုင်ငံကို သွားရောက်နေတာ ဖြစ်ပါတယ်။  ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အမတ် ဖြစ်ပြီး နောက်ပိုင်းမှာ ဒါဟာ ဥရောပကို တတိယအကြိမ်မြောက် သွားရောက်တာလည်း ဖြစ်ပါတယ်။ 

.. www.MyanmarExpress.net
 

10 comments:

တစ်ကယ်တန်းပြောရရင် ဖွဲ့စည်းပုံအခြေ ဥပဒေပြင်ဖို့ ပြည်သူဆန္ဒကောက်ခံရအောင် ပြည်သူက ခင်ဗျားတို့လို နိုင်ငံရေး လုပ်ပြီး စားသောက်နေတယ် ထင်လို့လား။ ရှင်းရှင်းပြောရရင် မဲပေးတာတောင် မကောင်းတတ်လို့။ ခင်ဗျားတို့ရဲ့ နိုင်ငံရေးလုပ်ဆောင်မှုမှာ ကိုယ်အလုပ်လုပ်မှ ကိုယ်စားရတဲ့ ထမင်းကိုစားပြီး အလုပ်ပျက်ခံ မဲပေးရတာ။ ခင်ဗျားတို့တွေ ဘာပဲလုပ်လုပ် မြန်မာနိုင်ငံကရတာ ပြည်သူတွေ အလကား သုံးရတာ ဘာရှိလဲ။ အားလုံးတန်ရာတန်ကြေး ပေးသုံးနေရတာ ချည်းပဲ။ ဘယ်ကောင်ကို ကျေးဇူးတင်ရမှာလဲ ?။ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဖို့ နိုင်ငံရေးနဲ့ ပတ်သက်လို့ နကန်းတစ်လုံးမှ မသိတဲ့သူတွေရဲ့ ထောက်ခံချက်က ဘာအရေးပါမှာလဲ။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူ ပညာရှင်တို့ရဲ့ တွေးခေါ်ယူဆချက်နဲ့တင် မလုံလောက်ဘူးလား။ နကန်းတစ်လုံးမ မသိတဲ့သူက ထောက်ခံတာကို အဟုတ်ကြီး မှတ်ယူတော့မှာလား။ အဲဒါဆိုရင် မြန်မာနိုင်ငံကြီးရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ဦနှောက်မရှိသူတွေ ထောက်ခံထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီး ဖြစ်နေပါဦမယ်ဗျာ။

ချီး များ စား နေ သ လား ။

လက်ရှိအခြေခံဥပဒေရဲ့ အားနည်းချက်တွေကို ပြုပြင်ဖို့ လိုကောင်းလိုလိမ့်မယ်၊ ဒီအမြင်ကို အစိုးရပိုင်း၊ အာဏာရပါတီပိုင်းကလည်း လက်ခံထားသူအချို့ရှိတယ်ဆိုတာ သူရဦးအေးမြင့်တို့ တင်တဲ့အဆိုက သက်သေပြနေတယ်၊

ဒါပေမယ့် ၂၀၁၅ မှာ ကျွန်မသမတ လုပ်ချင်ပါတယ်ဆိုတဲ့ အာဏာငန်းဖမ်းတဲ့အသံ ထွက်လာလိုက်တာကြောင့် ပေါ်ပေါက်သင့်တဲ့ ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို ရပ်တန့်သွားစေခဲ့လိမ့်မယ်၊ အရင်က အခြေခံဥပဒေပြင်ဆင်ရေး လိုလားခဲ့တဲ့သူတွေကတောင် ၂၀၁၅ မတိုင်ခင်တော့ ခပ်ဖြည်းဖြည်းပဲလုပ်ကြတာပေါ့ဆိုတာမျိုးဖြစ်သွားတော့မယ်၊ အဓိကအနေနဲ့ နိုင်ငံခြားသားမိသားစုတွေ တိုင်းပြည်ခေါင်းဆောင်မလုပ်ရဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မူဝါဒကိုတော့ ထိကြတို့ကြတော့မှာ မဟုတ်ဘူး၊

အခုသတင်းလွှာက ဗိုလ်ချုပ်ရဲ့ အံမခန်း ကြီးမားတဲ့ အမြော်အမြင်ကို ထင်ဟပ်နေတယ်၊ နိုင်ငံခြားသားမိသားစုရှိသူတစ်ယောက်က တိုင်းပြည်ခေါင်းဆောင်တောင် မဖြစ်သေးဘူး၊ ကိုယ့်ပြည်တွင်းရေးအကြောင်းကို လွှတ်တော်မှာ တင်သွင်းဖို့ စိတ်မကူးခင်ဥရောပသမဂ္ဂနှင့် အနောက်တိုင်း ကမ္ဘာ့ခေါင်းဆောင်တွေကိုအားကိုးနေတာ အလွန်ကို အရှက်နဲ့ဂုဏ်ကင်းမဲ့တဲ့လုပ်ရပ်ဖြစ်တယ်၊ ဒါကြောင့် အဲဒီလိုလူမျိုးလက်ထဲ တိုင်းပြည်မရောက်အောင် ကာကွယ်ထားတဲ့ပုဒ်မကိုတော့ အခြေခံဥပဒေထဲက ပြုတ်မသွားအောင် မျိုးချစ်စိတ်ရှိသူတွေကတော့ ကာကွယ်ရမှာပဲ၊

နောက်ပြီး အခြေခံဥပဒေ ပြင်ဆင်ရေးကို အရင်ပြီးမြောက်အောင်မလုပ်ဘဲ အာဏာရမက် ငန်းငန်းတက်တဲ့စကားကို ပြောထွက်သူရဲ့ မဟာဗျူဟာ ညံ့ဖျင်းမှုကိုပါ တွေ့ရမှာ ဖြစ်တယ်၊

ဟုတ်ပါတယ်။ အရင်တပ်မတော်အစိုးရ ရပ်တည်ချက်တွေကို တရုတ်က အားပေးထောက်ခံခဲ့ပါတယ်၊ ဒါပေမယ့် ဘယ်အစိုးရခေါင်းဆောင်ကမှ တရုတ်ပြည်ရောက်တဲ့အခါမှာ သူတို့နဲ့ ဆန့်ကျင်ဖက်ဖြစ်နေတဲ့ အောင်ဆန်းစုကြည်ကို ပျော့သွားအောင် ဖိအားပေးဖို့ ဟူကျင်းတောင်တို့ ၀မ်ကျားပေါင်တို့ကို အရှက်မရှိ အကူအညီတောင်းခဲ့တယ်လို့ မကြားဖူးဘူး၊ ကိုယ့်ပြည်တွင်းရေးကိုး၊

Daw Su is inviting foreign interference in our Myanmar Country. She is a traitor. This is dangerous. All right thinking men should be informed about it. .

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်
အောင်အောင်မြင်မြင်ကျင့်သုံးနိုင်ဖို့က
တိုင်းရင်းသားပြည်သူတွေနဲ့ဘဲဆိုင်တယ်။
တိုင်းတပါးနဲ့မဆိုင်ဘူး။
သူတို့ဖိအားပေးမှလုပ်လောက်အောင်
မြန်မာပြည်သူတွေမညံ့ဘူး။
ဘယ်သူ့ကိုမှလည်း အားမကိုးဘူး။
ဒါဗိုလ်ချုပ်ရဲ့ စိတ်ဓာတ်အမွေဘဲ။
ဒီလိုတိုင်းတပါးကို မမှီခိုချင်လို့
ဗိုလ်ချုပ်က ဓနသဟာရထဲတောင်မ၀င်ခဲ့ဘူး။
ကျွန်စိတ်ဝင်နေသူရှိနေရင်
ဗိုလ်ချုပ်မျက်နှာထောက်ထားပြီး
ချက်ခြင်း မောင်းထုတ်လိုက်ကြပါ။

ဒီ မိန်း မ အာ ဏာ ရူး ပါ ကွာ သူ အာဏာ ရလို့ က တော့ သူ စောက် မျိုး တွေ ဝင် လာရင် မြန် မာ မိန်း က လေး တွေ ဗိုလ်ချုပ် ပြော သ လို ဖြစ် ကုန်မှာ သူ လိုလေ

A YU MA GYI.. AR NAR YU GYI. HOW MUCH U UNDERSTAND?

အဲဒါဆိုလဲ GDP တိုးတာပေါ့

မဝင်တာကိုက အမှား

ိး မင်း ပါ အဲ မိန်း က လေး တွေ လို ဖြစ် ချင် လို့ လား နွား ရဲ့ GDP တိုး ချင် ရင် မင်း အမေ လိုက်သွား

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်