From : 
.. dvb
.. 
www.MyanmarExpress.net
မြန်မာပြည်ဆီးဂိမ်းပြိုင်ပွဲမှာ
ပဏာမစာရင်း ပေးပို့ထားပြီလို့ အားကစားဝန်ကြီးဌာနက 
ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးနော်တောင်က ပြောပါတယ်။
အောက်တိုဘာ ၂၅ ရက်အထိ 
ရရှိထားတဲ့စာရင်းအရ မြန်မာအပါအ၀င် နိုင်ငံပေါင်း ၁၁ နိုင်ငံက အားကစားသမား 
၅၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး အပြီးသတ်စာရင်းကိုတော့ 
နိုဝင်ဘာလကုန်လောက်မှ ရရှိနိုင်မယ်လို့ ဦးနော်တောင်က ပြောပါတယ်။
“၅၃၀၀
 ခန့် လာရောက် ယှဉ်ပြိုင်မယ့်အနေအထားရှိတယ်။ ကစားသမားစာရင်းကို နိုဝင်ဘာလ 
၂၇ ရက်နေ့က ဒီဇင်ဘာလ ၇ ရက်နေ့အထိ အပြီးသတ်ဖြတ်ရဦးမယ်။ ဒါက ပမာဏ စာရင်းလို့ 
သတ်မှတ်လို့ရပါတယ်။”
မြန်မာဆီးဂိမ်းမှာ 
အားကစားနည်း ၃၃ မျိုးထည့်သွင်းထားပြီး ဘယ်နိုင်ငံတွေက ဘယ် 
အားကစားနည်းတွေမှာ ပါဝင်ယှဉ်ပြိုင်ကြမှာလဲဆိုတာ မသိရသေးပါဘူး။
ပြိုင်ပွဲဝင် 
အားကစားသမားအင်အားအနေနဲ့ အိမ်ရှင်မြန်မာက အားကစားသမား အင်အား အများဆုံးနဲ့ 
ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပြီး မြန်မာနောက်မှာ ထိုင်း၊ မလေးရှား၊ 
အင်ဒိုနီးရှား၊ ဗီယက်နမ်၊ စင်ကာပူ၊ လာအို၊ ကမ္ဘောဒီးယား၊ ဘရူနိုင်းနဲ့ 
အရှေ့တီမောတို့ အစဉ်လိုက် လိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံကတော့ 
မြန်မာဆီးဂိမ်းပြိုင်ပွဲမှာ တင်းနစ်အပါအ၀င် နိုင်ငံတကာ 
အားကစားနည်းတချို့ကို ထည့်သွင်း ကျင်းပခြင်းမရှိတာကို ကန့်ကွက်တဲ့အနေနဲ့ 
အားကစား သမားအနည်းငယ်ပဲ စေလွှတ်မယ်လို့ ပြောကြားထားတာ ဖြစ်ပါတယ်။
ဆီးဂိမ်းအားကစားပြိုင်ပွဲတွေထဲ
 ဖွင့်ပွဲ၊ ပိတ်ပွဲနဲ့ ဘောလုံးအားကစားနည်းကလွဲပြီး ကျန်တဲ့ 
အားကစားပြိုင်ပွဲတွေ အားလုံးကို ငွေကျပ် ၂၀၀၀ တန် ဘားကုတ်စနစ်ပါ 
ကတ်ပြားလုပ်ထားပြီး ကြည့်ခွင့်ပေးမယ်လို့ သိရပါတယ်။
လုံခြုံရေးအရ အဲဒီလို 
လုပ်တာလို့လည်း ဆိုပါတယ်။ ဒီနည်းနဲ့ ပြည်သူတွေ 
ဆီးဂိမ်းအားကစားပြိုင်ပွဲတွေကို အဆင်ပြေပြေ 
ကြည့်ရှုအားပေးနိုင်ပါ့မလားဆိုတာကို အားကစားကလောင်ရှင် ဦးစိုးညီကတော့ ပရိသတ်
 လျော့သွားနိုင်တယ်လို့ ပြောပါတယ်။
“ပရိသတ်ဆိုတာမျိုးက 
ရုံရှေ့က ဖြတ်သွားမယ်။ ရုံနားကို ခရီးသွားရင်းဖြစ်ဖြစ် ရောက်သွားရင်း 
ဒီနားမှာလက်ဝှေ့ပွဲတွေ လုပ်နေပါလားဆိုပြီး ၀င်ကြည့်လိုက်မယ်။ 
တကူးတကစီစဉ်ထားတာမျိုးမဟုတ်ဘူး။ အဲဒီလိုမျိုးဆိုရင် ကြည့်မယ့်ပရိသတ်က 
ပိုများမယ်လို့ထင်တယ်။ အခုကျတော့ ကတ်ပြားကလည်း တကူးတက သွားလုပ်ရမယ်။ 
ပိုက်ဆံလည်း ၂၀၀၀ ပေးရမယ်။ မှတ်ပုံတင်နဲ့ လိုအပ်တဲ့ အချက်အလက်တွေကိုလည်း 
ပေးရဦးမယ်ဆိုတော့ပုံမယ်ထက်တော့ လျော့သွားမယ်လို့ ထင်ပါတယ်။”
အားကစားပြိုင်ပွဲတွေကို 
နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ ငွေဆောင်တို့မှာ ကျင်းပပြုလုပ်သွားမှာ 
ဖြစ်ပြီး ပြိုင်ပွဲကျင်းပဖို့ ၄၆ ရက်ပဲ လိုပါတော့တယ်။
ပြီးခဲ့တဲ့ ၂၀၁၁ 
အင်ဒိုနီးရှားဆီးဂိမ်းတုန်းက အားကစားနည်း ၄၄ မျိုး ထည့်သွင်း ကျင်းပခဲ့ပြီး
 အားကစားသမား ၆၀၀၀ လောက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ 
.jpg) 
.jpg) 
.jpg) 
.jpg) 
.jpg) 
.jpg) 
.jpg) 
1 comments:
Security is more important than the number of spectators. There are a lot of people who are jealous of Myanmar in progress.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်