Subscribe to our RSS Feed

တရုတ်တွင် အွန်လိုင်းမှ ကောလဟာလလွှင့်သူ ငါးဦးကိုဖမ်း၊ အွန်လိုင်းတွင် ကောလဟာလလွှင့်နေသူ မြန်မာများကိုလည်း ဖမ်းဆီးသင့်

From : myanma age

တရုတ်နိုင်ငံ ဟန်န်ပြည်နယ်၊ ဟန်ယမ်းမြို့မှ Ge Qiwei နှင့် အပေါင်းအဖော် လေးဦးကို အင်တာနက်တွင် ကောလဟာလ များ လွှင့်သည့်အတွက် အာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာ ဆင်ဟွာ သတင်းဌာနက ကြေညာခဲ့သည်။

Geသည် အဖွဲ့မှ ဦးဆောင်သူ တစ်ဦးဖြစ်ပြီး အဟုတ်မမှန်သော သတင်းများလွှင့်ခြင်း၊ အဆိုးမြင်ဝါဒဖြင့် အချက်အလက်များဖြင့် blackmail များပို့ခြင်းကို ကိုယ်တိုင်သော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသ အားဖြင့်လည်းကောင်း ပါဝင်ပတ်သတ်နေ၍ ယခုကဲ့သို့ ထိန်းသိမ်းခြင်းဟု လည်းဆိုသည်။ Ge အနေဖြင့်မူ စာနယ်ဇင်းသမား တစ်ယောက်ကဲ့သို့ ဝေဖန်ရေး စာမျက်နှာများ၊ သတင်းများကို အင်တာနက်သို့ တင်ခဲ့သူဖြစ်သည်။

တရုတ်တွင် သြဂုတ်လ ကတည်းက ယင်းသို့သော စွပ်စွဲချက်များဖြင့် အထိန်းသိမ်းခံရသူ အများအပြားရှိကြောင်း တရုတ် မီဒီယာနှင့် အခွင့်အရေး အဖွဲ့များက ဆိုသည်။ ဖမ်းဆီးခံရသူအနက် အချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း၊ အချို့မှာမူ အွန်လိုင်း ရာဇ၀တ်မှုများနှင့် ဆက်လက် တရားရင်ဆိုင်နေရဆဲဖြစ်သည်။

Ge ၂၉နှစ်၏ အမည်ရင်းမှာ Zhou Bo ဖြစ်သည်ဟု ဆင်ဟွာကဆိုသည်။ သူသည် သတင်းအချက်အလက်များကို တာဝန်သိစိတ် မရှိဘဲ ဖြန့်ဝေပြီး လူ့အသိုင်းအ၀န်းကို ဆိုးရွားသည့် အကျိုးသက်ရောက်မှုများ ရိုက်ခတ်စေနိုင်သည်ဟု ၀န်ခံရေးသားခဲ့ဖူးသည်။ Ge ၏အလိုအရ မမှန်သတင်းများလွှင့်သည့် အစိုးရဌာနများအတွက် ယင်းသို့သော ရေးသားချက်သည် ပြည်နယ် ၁၀အထိ ထိရောက်ပျံ့နှံ့ ရိုက်ခတ်ခဲ့သည်။။

www.MyanmarExpress.net
 

4 comments:

ဟေ့ ကောင် ဒီ ချိန် မ လုပ် နဲ့ ဟ

မှန် လဲ ဖမ်း ကုန် လိမ့် မယ် လခွီး တဲ့ အာ ဏာ က အုပ် ခူပ် ရေး မူး လက် ထဲ မှာ


PKU TTTT

MSN.com Latest News:
University of California cop who pepper-sprayed student protesters awarded $38,000

You will be the first one in the list.

အင်္ဂလိပ်လို grammar မှန်အောင်ရေးပြီးမှ ကိုင်ကြပါလား

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်