Subscribe to our RSS Feed

ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်ပြီး KNU သတင်းစာရှင်းလင်းပွဲ ပြုလုပ်

From : ..the voice


ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ ကုန်သည်ကြီးများဟိုတယ် အပါအဝင် မြန်မာနိုင်ငံ မြို့ကြီးအချို့၌ ဗုံးပေါက်ကွဲမှု များနှင့် ပတ်သက်ပြီး ကရင်အမျိုးသား အစည်းအရုံး KNU က အောက်တိုဘာလ ၂၀ ရက်နေ့ (ယနေ့) ညနေ ၃နာရီတွင် မြန်မာငြိမ်းချမ်းရေးစင်တာ၌ သတင်းစာရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်မည် ဖြစ်ကြောင်း KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဗုံးပေါက်ကွဲမှုများကို KNU က လုပ်ဆောင်နေခြင်း မဟုတ်ကြောင်းနှင့် ဗုံးပေါက်ကွဲမှု များအတွက် အစိုးရနှင့် ပူးပေါင်းတားဆီး နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ပြောဆို ရှင်းလင်းသွားမည်ဟု ၄င်းကဆိုသည်။

ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်နှင့် စားသောက်ဆိုင်အချို့ကို ဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့သူ စောမြင့်လွင် (ခ) မောထသည် KNU တပ်ဖွဲ့ဝင်ဟောင်းတစ်ဦး ဖြစ်ပြီး KNU စီးပွားရေးလုပ်ငန်းတွင် လုပ်ကိုင်နေသူ စောနေတိုးက ခိုင်းစေ၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က အောက်တိုဘာလ ၁၈ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်ပြီး တရားခံရှစ်ဦးကို ဖမ်းဆီးရမိထားပြီး ဖြစ်သော်လည်း ဖြစ်စဉ်များကို အဓိက ဦးဆောင်နေသည့် တရားခံများအား ဖမ်းဆီးရမိသေးခြင်း မရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲချုပ်ဇော်ဝင်းက ဆိုသည်။

အဆိုပါ ဗုံးဖောက်ခွဲမှုပြုလုပ်သူ စောမြင့်လွင်၊ စောနေတိုးတို့ကို KNU က အောက်တိုဘာလ ၁၇ ရက်နေ့တွင် လာရောက် တွေ့ဆုံထားပြီး နောက်ထပ်စစ်ဆေးမှု ပြုလုပ်ရန် အစိုးရထံ တောင်းဆိုထားကြောင်း KNU နှင့် နီးစပ်သူများက ဆိုသည်။
အဆိုပါ ကုန်သည်ကြီးများဟိုတယ် ဗုံးပေါက်ကွဲမှုသည် KNU အဖွဲ့က လုပ်ဆောင်ခြင်း မဟုတ်ကြောင်း KNU ကာကွယ်ရေးဌာန တာဝန်ခံ ဖဒိုစောရောဂျာခင်က ငြင်းဆန်ထားသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုများသည် ပြည်သူလူထုကို နာကျင် ထိတ်လန့်စေသဖြင့် ယင်းလုပ်ဆောင်ချက် များကို ဆန့်ကျင် ကန့်ကွက်ကြောင်း KNU အနေနှင့် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် ကြိုးပမ်း ဆောင်ရွက်နေသောကြောင့် ယင်းသို့ ဆောင်ရွက်မည်မဟုတ်ကြောင်း အောက်တိုဘာလ ၁၇ ရက်နေ့တွင် ဖာပွန်ခရိုင် အခြေစိုက် KNU တပ်မဟာ (၅) က ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင်း မြို့ကြီးအချို့တွင် အောက်တိုဘာ ၉ ရက်နေ့မှ ၁၅ ရက်နေ့ အထိ ဗုံးပေါက်ကွဲမှု ခြောက်ကြိမ်၊ ဗုံးတွေ့ရှိရမှု လေးကြိမ်၊ ဗုံးလန့်မှု ၁၀ ကြိမ်ဖြစ်ပွားခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့ကာ လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။


 .. www.MyanmarExpress.net
 

4 comments:

The worthless media Voice report is not reliable, because it wrote ဗုံးဖောက်ခွဲမှုပြုလုပ်သူ စောမြင့်လွင်၊ စောနေတိုးတို့ကို KNU က အောက်တိုဘာလ ၁၇ ရက်နေ့တွင် လာရောက် တွေ့ဆုံထားပြီး နောက်ထပ်စစ်ဆေးမှု ပြုလုပ်ရန် အစိုးရထံ တောင်းဆိုထားကြောင်း KNU နှင့် နီးစပ်သူများက ဆိုသည်။
In fact, Saw Myint Lwin and Saw Nato have not been apprehended yet according to Chief of Police

ဒို့ တိုင်း ပြည် မှာ ကွယ် သူ ပုန် တွေ က ပေါ တယ်

ဒီကမ္ဆာ မှာ ကွယ် ဒို့ တိုင်း ပြည် က ထူး ပါ တယ်
ယူ ကို စ လား ဘီး ရား ရယ် ဆို ဗီ ယက် ကို
ကြား ဘူး ပါ သ လား ကွယ်

ကမ္ဘ္ဆာ့ မြေ ပုံ ပေါ် က ကွယ် ပျောက် ကွယ် သွား တာ အ မှန် ကွယ်
ဖြစ် ချင် ပါ သလား ပြည် သူ တွေ ရယ် ပျောက် ခိင် ပါ သ လား ပြည် သူ တွေ ရယ်
အ လို ဗျာ သူ ပုန် တွေ က ပေါ ပေါပေါ ပါ ပေ့ လေး
PKU TT

တပ်မတော်အနေနဲ့တို့တာဝန်အရေးသုံးပါး
ကိုထိခိုက်နိုင်တယ်ထင်ရင်ချက်ချင်းအာဏာ
သိမ်းနိုင်ဖို့အတွက်ပြင်ဆင်ထားကြပါ

တရားခံစောနေတိုးကို လွှဲပေးရန် KNU က တာဝန်ခံမသွားတာဘာကြာင့်လဲ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်