Subscribe to our RSS Feed

NLD ရဲ့ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲ တက်လာသူ အများစုက NLD ပါတီဝင်တွေဖြစ်နေတယ်

From : ..hot news



၂၀၀၈ အခြေခံဖွဲ့စည်းပုံပြင်ဆင်ရေး၊ အသစ်ရေးဆွဲရေးကိုတိုင်းရင်းသားအဖွဲ့ အစည်းများနှင့်အရပ်ဘက်အဖွဲ့အစည်း များက ဆွေးနွေးမှုများပြုလုပ်နေကြချိန် တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ပတ်သက်၍တိုင်းရင်းသား ပါတီများတွေ့ဆုံခဲ့ပြီး၊ ဖွဲ့စည်းပုံကိုပြင်ဆင် ရေး (သို့)အသစ်ရေးဆွဲရေးကိုပြည်သူများ၏ သဘောထားဆန္ဒခံယူမည်ဟုကြေညာခဲ့ ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လူထုဆန္ဒကိုသဘောထားကောက်ခံလျက် ရှိရာ အဆိုပါကောက်ခံမှုနှင့်ပတ်သက်၍ တိုင်းသုတေသနဌာနအဖွဲ့ဝင်၊ တောင်ဒဂုံ မြို့နယ်အလုပ်အမှုဆောင် ကိုညီညီမင်း ကိုHot News  ကတွေ့ဆုံမေးမြန်းခဲ့ ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ဖွဲ့စည်း ပုံကိုပြင်ဆင်ရေး (သို့)အသစ်ရေးဆွဲရေး တို့အတွက်ဆန္ဒခံယူပွဲတွေလုပ်နေတာကို ပြည်သူအများစုကမသိကြတဲ့အပေါ်ဘယ်လို မြင်သလဲခင်ဗျာ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လုပ်ကိုင်ဆောင်ရွက်တာအားနည်းတယ်လို့ ကျွန်တော်မဆိုလိုပါဘူး။ ဖြည့်စွက်ပြော ချင်တာပဲရှိပါတယ်။ ဖွဲ့စည်းပုံပြင်ဆင် မလား၊ အသစ်ရေးဆွဲမလားဆိုတဲ့ကိစ္စနဲ့ ဆန္ဒခံယူပွဲတွေလုပ်တယ်။ တက်လာတဲ့ အထဲမှာပြည်သူသိပ်မပါဘူး။ အဖွဲ့ဝင်တွေ များနေတယ်။ ပြည်သူတွေရောက်ရှိလာ အောင်ဘယ်လိုလုပ်မလဲ။ ၂၀၀၈ ဖွဲ့စည်းပုံဆိုတာလည်းစပြီးတော့အစိုးရ ကိုယ်တိုင်ပြည်သူ့ဆန္ဒခံယူပွဲလုပ်တုန်း ကလည်း ပြည်သူအစစ်နဲ့လုပ်လာတာ မဟုတ်ဘူး။ ဒါကြောင့်ပြည်သူတွေကမသိ ကြဘူး။ ဒီအချက်ပေါ်မှာNLD က ပြည်သူ့သဘောထားကောက်ခံမှုမှာ ပြည်သူတွေဘယ်လိုပါဝင်လာအောင်လုပ် မလည်းဆိုတာကိုစဉ်းစားဖို့လိုပါတယ်။ ကျွန်တော်အနေနဲ့ပြောရရင်ပြည်သူပါဝင် လာအောင်၊ စိတ်ဝင်စားမှုရှိလာအောင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့သမိုင်းကြောင်းကို အရင်ဆုံးပြည်သူကိုချပြသင့်တယ်လို့ထင် တယ်။ ဒီအခြေခံဖွဲ့စည်းပုံကိုရေးဆွဲတုန်း ကလည်းတစ်ဖက်သတ်ရေးဆွဲလာတာ။ ဘယ်သူတွေကအုပ်စုဖွဲ့ကြီးစိုးပြီးတော့ လုပ်ခဲ့တယ်ဆိုတာကိုပြည်သူသိအောင်၊ အရင်ဆုံးလုပ်ရမယ်။ ပြီးတဲ့အခါကျမှ ဒီမိုကရေစီနဲ့မကိုက်ညီတဲ့အချက်တွေကို ပြည်သူတွေနားလည်တဲ့စကားလုံးနဲ့ရှင်း ပြရမယ်။ ပြည်သူ့ဆန္ဒကိုယူမယ်ဆိုရင် ပြည်သူ့ဆန္ဒကိုဘယ်လိုပုံစံမျိုးနဲ့ယူမလဲဆို တာကိုဝင်ရောက်တဲ့နည်းလမ်းတွေကို စဉ်းစားရမယ်။ ဒါမှသာပြည်သူတွေက ဒါကိုပြင်သင့်တယ်၊ အသစ်ရေးဆွဲရေး ဆိုတာကိုသိရှိနိုင်မှာဖြစ်ပါတယ်။ ဒီလို လူထုဆန္ဒကိုကောက်ယူမယ်ဆိုရင်NLD က ကြားနေဖြစ်ရမယ်။ လူထုကပြင်သင့် တယ်၊ ဖျက်ပြီးအသစ်ရေးဆွဲမယ်ဆိုတာ ကိုသေသေချာချာစာရင်းပြုစုပြီးတော့ သက်ဆိုင်ရာအသီးသီးဆီကိုပို့ရမယ်။ လူထုရဲ့ဆန္ဒအစစ်အမှန်ကိုပို့ဖို့လိုအပ် ပါတယ်။

ဒီလူထုဆန္ဒခံယူပွဲမှာပြည်သူအများစုပါဝင် လာအောင်၊ စိတ်ဝင်စားလာအောင်ဘယ်လို လုပ်ဆောင်သွားသင့်တယ်ဆိုတာပြောပြ ပေးပါ။

ပြည်သူလူထုပါဝင်လာဖို့ဆိုရင် အပင်ပန်းခံရမှာပေါ့ဗျာ။ ကျွန်တော်အမြင်  အရလူထုဆန္ဒခံယူပွဲကိုလူအများကြီးနဲ့ လုပ်မယ့်အစားလူအုပ်စုလေးတွေခွဲပြီးတော့ ဒီအစုအဖွဲ့လေးတွေကရပ်ကွက်အတွင်း ဆိုရင်လည်းတစ်အိမ်ဆင်းတစ်အိမ်တက်၊ လက်ကမ်းစာစောင်တွေဝေမယ်၊ လက် ဖက်ရည်ဆိုင်၊ ဆိုက်ကားဂိတ်တို့လိုလူ အများရှိတဲ့နေရာတွေမှာဖွဲ့စည်းပုံအကြောင်း ကိုပြောမယ်။ ဒါကအထိရောက်ဆုံး နည်းလမ်းပဲ။ ဒါကနိုင်ငံတကာမှာလည်း လုပ်တယ်ဆိုရင်door to door စနစ်ကို ကျင့်သုံးကြတာပဲ။ ဒီလိုဘာလို့မလုပ်နိုင် ရမှာလဲ။ နောက်ပြီးပါတီဝင်တစ်ဦးချင်း ဆီမှာဖွဲ့စည်းပုံကပုံမှန်မဟုတ်တာတွေ၊ ဒီမိုကရေစီနည်းမကျတာတွေကိုပြောပြ နိုင်ရမယ်။ အဖွဲ့ဝင်တစ်ဦးချင်းဟာလူထု ကြားထဲမှာတစ်အိမ်ဆင့်တစ်အိမ်တက် လုပ်ပြီး၊ လူထုနားလည်အောင်ရှင်းပြနိုင် ရမှာဖြစ်ပါတယ်။

ဖွဲ့စည်းပုံကိုပြင်ဆင်ရေး (သို့)အသစ်ရေး ဆွဲရေးအတွက်ဘယ်အချက်ကိုပြင်သင့်ပါ သလဲ။ ဖွဲ့စည်းပုံကိစ္စနဲ့ပတ်သက်ပြီး အစိုးရကအချိန်ပေးတာနည်းတယ်ဆိုပြီး သုံးသပ်နေတဲ့အပေါ်အမြင်သဘောထား ပြောပြပေးပါခင်ဗျာ။

ကျွန်တော်အမြင်ရပြောရရင်ပြင်ဆင် ရေး (သို့)အသစ်ရေးဆွဲရေးဆိုတာခေါင်းနဲ့ ပန်းပဲ။ အဲဒီတော့ပြင်ဆင်ရေးဆိုလည်း တစ်အုပ်လုံးကိုပြင်ဆင်ရမှာဖြစ်သလို၊ အသစ်ရေးဆွဲသလိုပုံစံအားဖြင့်ဖြစ်သွား ပါတယ်။ ဖွဲ့စည်းပုံမှာပါတဲ့တစ်ခုချင်းဆီမှာ နိုင်ငံသားနဲ့နိုင်ငံသားအခွင့်အရေး၊ တပ် မတော်အခန်းကဏ္ဍတိုင်းမှာအားနည်း ချက်တွေအများကြီးရှိပါတယ်။ ဒါကို ပြင်ဆင်ဖို့အတွက်လူထုဆန်္ဒခံယူတယ်ဆို တာလည်း အစိုးရကတရားဝင်မလုပ်တဲ့ အတွက် လွှတ်တော်ပြင်ပကနေလွှတ်တော် ထဲကိုတင်သွင်းရမယ်ဆိုတော့အချိန်ကိုဆွဲ နေဖို့မလိုပါဘူး။ အစိုးရကတိုတောင်းတဲ့ အချိန်ပေးလည်းအချိန်ဆွဲစရာမလိုဘူး။ ဖွဲ့စည်းပုံကမမှန်ကန်ဘူးဆိုတာလက်တွေ့၊ မျက်တွေ့ဖြစ်နေပြီပဲ။ အချိန်မစောင့်ဆိုင်း ဘဲနဲ့ အင်တိုက်အားတိုက်လုပ်သင့်ပါ တယ်။

ဖွဲ့စည်းပုံကိုပြည်သူလူထုထောက်ခံမဲပေး ရတဲ့အချိန်ကာလကိုဘယ်လိုသုံးသပ်ပါ သလဲခင်ဗျာ။
ထောက်ခံမဲပေးရတဲ့အချိန်တုန်းက ကျွန်တော်ထောင်ထဲရောက်နေပါတယ်။T.V ထဲမှာကြည့်ရတယ်။ နားထောင်ရ တယ်။ ထောက်ခံပွဲကိုတက်လာတဲ့သူတွေက သူတို့ပုံT.V  ထဲမပါရေးအတွက်ထီးတွေ နဲ့ကွယ်နေကြတာကိုတွေ့ရတယ်။ ထောင် ၀န်ထမ်းတွေဆီကလည်းပြန်ကြားရတာက ၀န်ထမ်းတွေကိုဖိအားပေးပြီးခေါ်တယ်လို့ ကြားရတယ်။ အဲဒီအပေါ်မှာဝန်ထမ်း အများစုဟာ နိုင်ငံတော်ကပေးတဲ့ပြည်သူ့ လစာကိုစားနေတဲ့ပြည်သူ့ဝန်ထမ်းမဟုတ် ဘဲနဲ့ အစိုးရ၀န်ထမ်းလို့ခံယူထားတဲ့လူတွေ တောင် ယုံကြည်မှုမရှိတာကိုသိလိုက်ရ တယ်။ သာမန်ပြည်သူတွေဆိုရင်လုံးဝ စိတ်ဝင်စားမှုပိုအားနည်းမယ်လို့ထင် ပါတယ်။
ကျွန်တော်မေးခဲ့တဲ့NLD  ကလူထုဆန္ဒခံ ယူနေတဲ့အပေါ်ရော ဒီအပြင်အမြင်သဘော ထားကိုထပ်မံဖြည့်စွက်ပြောစရာရှိပါသေး လား ခင်ဗျာ။

ကျွန်တော်တို့မြန်မာနိုင်ငံမှာ NLD  က အကြီးဆုံးသောအတိုက်အခံပါတီ ဖြစ်တယ်။ ကျွန်တော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်က အားကိုးရတဲ့ခေါင်းဆောင်တစ်ဦးဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့တစ်ဆင့်ပြီး တစ်ဆင့်လှုပ်ရှားမှုတွေနောက်မှာတကယ်ပဲ   အားတက်သရောနဲ့၊ အင်အားအလုံး အရင်းနဲ့ပံ့ပိုးပေးမယ်ဆိုရင်အချိုးအကွေ့ တစ်ခုကို ရောက်မယ်လို့ယုံကြည်ပါတယ်။ ဖွဲ့စည်းပုံကိစ္စနဲ့ပတ်သက်ပြီး ပြည်သူလူထု အနေနဲ့နောက်ဆုတ်လို့မရတော့ပါဘူး။ ပြည်သူလူထုအနေနဲ့လည်းပြင်ဆင်ရေး (သို့) အသစ်ရေးဆွဲအပေါ်သွားရမှာဖြစ် ပါတယ်။ လက်ရှိအခြေအနေနဲ့ ဥပဒေ လမ်းကြောင်းကိုခဏဘေးဖယ်ထားပြီးတော့ ဒီဖွဲ့စည်းပုံကိစ္စကို နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်ရမှာဖြစ်တယ်။ ဒီမိုကရေစီနည်း ကျကျလူထုဆန္ဒခံယူမယ်၊ တောင်းဆိုမယ်၊ မရမချင်းတောင်းဆိုမယ်။ ဒီလိုမှမရရင် ဆန္ဒထုတ်ဖော်ပွဲတွေနဲ့လည်း   တောင်းဆို သွားမယ်လို့ပြောချင်ပါတယ်။
ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။

.. www.MyanmarExpress.net
 

8 comments:

တပ် မ တော် တ ခု တည်း ဖြစ် အောင် လုပ်

အုပ် ခူပ် ရေး မူး တွေ ကို ပြည် သူ တင် မြှောက် တဲ့ သူ ဖြစ် အောင် လုပ်

လွှတ် တော် မှ ၂၅% တပ် သား တွေ ကို တိုင်း ပြည် အ ခြေ အ နေ အ ရ ဟဆက် လုပ် ရမည်


သူ ပုန် တွေ ကို ကိုယ် ပိုင် တပ် မ ပေး ရ

ကိုယ် ပိုင် ပြ ဒါန်း ခွင့် မ ပေး ရ

ငါ ပြော တာ နား ထောင် မ ထောင် ရင်

ဆီး ဂိမ်း အ ပြိး သို့ မ ဟုတ် ၂၀၁၅

တိုင်း ပြည် ပျက် ကိန်း ရှိ

မြန် မာ နိုင် ငံ တွင် သူ ပုန် တွေ က ပြည် သူ ပိုင် သယံ ဇာ တ များ စွာ ခိုး ယူ ရောင်း စား နေ ကြ သည်

ပြည် မ တွင် လဲ အာ ဏာ ပိုင် တို့ ချမ်း သာ ဘို့ ပြည် သူ များ အ ပေါ် မ လိမ့် တ ပတ် လုပ် စား ပြိး အုပ် ခူပ် ရေး မူး အျား လုပ် စား နေ ကြ သည်

မဆလ ပါ တီ လက် ထက် ထဲ့ ဆိုး ဝါး လှပါ သည်
မဆလ ပါ တီ ၏ မီူး ဆက် များ သည် အုပ် ခူပ် ရေး မူး များ ဖြစ် ပါ သည်
ငွေ ပေး နိုင် လျင် ဘာ မ ဆို လုပ် လို့ ရပါ သည်

မြို့ နယ် ခ ရိုင် တိုင်း နေ ပြည် တော်
အုပ် ခူပ် ရေး မူး များ သည် စစ် မီူး စစ် နွယ် များ ဖြစ် ပြိး ဘု ရင် လက် ထက် လို အ ပိုင် စား ရ ပြိး တ ဆင့် ပြိး တ ဆင့် ဆက် သ ရပြိး ပြည် သူ များ တ ခု ခု တိုင် လျင် တိုင် လို့ မ ရပါ

ပြည် ပျက် သွား ရင် ကောင်း တယ်

Mr: Steve chebob အ မေ ရိ ကန် အောက် လှတ် တော် က ချာ တူး လန် ကြိး ငါ တို့ မြန် မာ တပ် မ တော် က ဘယ် တိုင်း ရင်း သား မ ဆို လူ အ ခွှတ် ရေး မ ဖိ နိပ် ဘူး
တိုင်း ပြည် အ ခြေ အ နေ ကြောင့် မ ပြို ကွဲ အောင် လုပ် နေ ရ တာ ကွ

သူ ပုန် ရှိ နေ ရင် တိုက် ရ မှာ ဘဲ ပြည် ပျက် အောင် လုပ် နေ တာ က သူ ပုန် တွေ မ ဖြစ် န်ုင် တာ တောင်း ကြ တယ် မင်း တို့ အ မေ ရိ ကန် အဲ ပေး လိုက် ပါ လား တပ် မ တော် က တိုင်း သား တွေ ကို မဖိ နိုပ် ဘူး ကွ တန်း တူ ဘဲ သူ ပုန် တာ မ ရှိ ပါ စေ နဲ့ မ တိုး တက် ရင် ပြော ပါ


ကူ ညီမယ် လို့ အား မ ကိုး ရ ဘူး မ အေ လိုး က တ မှောက်

ပြည်သူတွေက သူတို့စားဝတ်နေရေးအတွက်
အလုပ်လုပ်နေရတယ်။ မင်းတို့ပါတီဝင်တွေလို
လက်ကြောမတင်း၊ အထောက်အပံ့မျှော်နေလို့မရဘူး။
မြန်မာပြည်မှာ နိုင်ငံရေးလုပ်တဲ့လူတွေကိုကြည့်
လက်ကြောမတင်းတဲ့ အချောင်သမားတွေချည့်ဘဲ။

ပုံကြီးကိုဖြုတ်ပစ်လိုက်ပါ ကျက်သရေတုန်းလွန်းလို့

ဟုတ်တယ် နိုင်ငံရေးသမားတွေ အလကားကောင်တွေ ဘာစောက်လုပ်စောက်ကိုင်မှမရှိဘဲ သူများကျွေးတာတောင်းစား နေတဲ့အကောင်တွေ ဘာအလုပ်မှ မလုပ်ဘဲ ကားစီးတိုက်ဆောက်နေကြတာ ဘယ်ကပိုက်ဆံရကြသလဲ စဉ်းစားကြပါပြည်သူတွေ

Politics is a refuge of scoundrils.

မြန်မာ့နိုင်ငံရေးလောကမှာကြည့်ရင်
အခုမှမဟုတ်ဘူး ၁၉၄၈-၆၂ ပါလီမန်ဒီမိုကရေစီခေတ်မှာလည်း
နိုင်ငံရေးလုပ်နေတဲ့ အလွှာအသီးသီးကလူတွေကိုကြည့်
လက်ကြောမတင်း၊ လူ့ပတ်ဝင်းကျင်မှာ အောကြောလန်သူတွေများတယ်
ကျောင်းသားတွေထဲမှာလည်း မထူးချွန်ပေမယ့် လူအထင်ကြီတာကိုခံချင်သူတွေ
လုပ်တာများတယ်။ တချို့ကလည်း မိန်းကလေးတွေနဲ့ အရောဝင်ချင်လို့လုပ်တယ်
အခုမှမဟုတ်ဘူး။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်