From : 
..dvb
 
 
.. 
www.MyanmarExpress.net
 
ဒီဇင်ဘာလအတွင်း 
မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် ၂၃ ကြိမ်မြောက် အရှေ့တောင်အာရှ 
အားကစားပွဲတော် (ဆီးဂိမ်း) မှာ အရေးပေါ်လူနာတင်ယာဉ် အစီး ၈၀ ကျော် 
အသုံးပြုဖို့ ကျန်းမာရေး ၀န်ကြီးဌာနက စီစဉ်ဆောင်ရွက်နေပါတယ်။
 
 
ကျန်းမာရေးဝန်ကြီးဌာနက
 ဆီးဂိမ်းအတွက် အရေးပေါ် လူနာတင်ယာဉ် ၈၀ ကျော်ကို ပြင်ဆင်ထားပြီး လာမယ့် 
နိုဝင်ဘာလအတွင်းမှာ စတင် အသုံးပြုသွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ 
တာဝန်ရှိသူတဦးက ပြောပါတယ်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး 
အရိုးနဲ့ ထိခိုက်ဒဏ်ရာကုဌာနက ပါမောက္ခ ဒေါက်တော ဇော်ဝေစိုးက “အားကစားပွဲ 
လုပ်တဲ့နေရာတိုင်းမှာ ကျနော်တို့က အရေးပေါ်လူနာတင်ယာဉ်တွေ ချထားမယ်။ ဥပမာ – 
ဘောလုံးပွဲဆိုရင် ၅ စီးလိုမယ်၊ ဘောလုံးပွဲ ၁ ပွဲ လုပ်ရင်  
အရေးပေါ်လူနာတင်ယာဉ် ၅ စီး ကျနော်တို့ ပေးတယ်။ ကွင်းထဲမှာ ၂ စီး၊ 
ကွင်းအပြင်မှာ ၃ စီး ကျနော်တို့က ထား အဲ့ဒါကြောင့် ကျနော်တို့က ကားတွေ 
အများကြီးလိုတယ်။ ဘောလီဘော ဆိုရင်လည်း လိုတာပဲ။ တိုက်ကွမ်ဒိုတွေလည်း 
လိုတယ်။ အဲ့ဒါကြောင့် တခုတိုင်း၊ တခုတိုင်းမှာ ၂ စီး၊ ၃ စီး 
အနည်းဆုံးထားတယ်” လို့ ပြောပါတယ်။
ဒီအရေးပေါ်ယာဉ်တွေကို  
အားကစားပြိုင်ပွဲ ကျင်းပမယ့်မြို့ကို သွားတဲ့ အဝေးပြေး လမ်းမတွေမှာ မိုင် 
၄၀ ကြား ၁ စီးနှုန်းနဲ့ ထားရှိသွားမှာ ဖြစ်သလို အားကစားကွင်းတွေမှာလည်း 
ထားရှိသွားမှာ ဖြစ်ပါတယ်။
ပါမောက္ခ 
ဒေါက်တောဇော်ဝေစိုးက “အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွင်းမှာ 
ကျနော်တို့က အရေးပေါ်ကုသမှုတွေကို အထူးပြုတဲ့သူတွေနဲ့ ကျနော်တို့က 
ကြီးကြပ်သွားဖို့ လိုအပ်တယ်။ ဘာလို့လဲဆိုတော့ အရေးပေါ် ဒီလုပ်ငန်းတွေက 
ဆီးဂိမ်းအတွင်းမှာ နိုင်ငံတကာကလည်း လာမယ်။ ခုနက ဧည့်သည်တွေ အများကြီးကလည်း
 လာမယ်။ နောက် အိုလံပစ်ကော်မတီတို့ရဲ့ သက်မှတ်ချက်တွေနဲ့ ညီဖို့ 
ကျနော်တို့က ဒါကိုလုပ်တာ” လို့ ဆိုပါတယ်။
အရေးပေါ်လူနာကုသရေးအတွက် 
ဆရာဝန်၊ သူနာပြုနဲ့ စေတနာ့ဝန်ထမ်း စုစုပေါင်း ၁၅၀၀ ကိုလည်း 
လေ့ကျင်ပေးထားပြီး၊ နေပြည်တော်မှာတော့ အရေးပေါ်လူနာတွေအတွက် ကုတင် ၁၀၀၀ ဆံ့ 
ဆေးရုံကြီးကို အသုံးပြုသွားမယ်လို့သိရပါတယ်။
အရေးပေါ် လူနာတင်ယာဉ် အသုံးပြုလိုသူတွေအနေနဲ့ တယ်လီဖုန်းနံပါတ် ၁၉၂ ကို ခေါ်ဆို အသုံးပြုနိုင်ပါတယ်။ 







 
.jpg) 
 
 
 
.jpg) 
.jpg) 
.jpg) 
.jpg) 
.jpg) 
 
 
 
 
 
 
.jpg) 
 
 
 
  
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
1 comments:
မိတ်ဆွေတို့ရေ အခုတင်ထားတဲ့ပုံမှာပါတဲ့ကားကို ဆီးဂိမ်းမှာအသုံးပြုမယ်ဆိုရင်တော့ မဟုတ်သေးဘူးနဲ့တူတယ် ဘာလို့လဲဆိုတော့ ကားရှေ့မှန်ရဲ့အပေါ်ဘက်မှာပါတဲ့ အနီနဲ့အဖြူ အဝိုင်းက မွတ်တံဆိပ် လချမ်းနဲ့တူနေသလားလို့
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်