Subscribe to our RSS Feed

ဗုံးကွဲမှုတွေဟာ ပဋိပက္ခ မပြေငြိမ်းအောင်ရည်ရွယ်တာလို့ KNU ပြောဆို

From : ..rfa


ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ စစ်ကိုင်းနဲ့ နမ့်ခမ်းမြို့တွေမှာ ပေါ်ပေါက်ခဲ့တဲ့ ဗုံးကွဲမှုတွေ ၊ ဗုံးတွေ့မှုတွေဟာ ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ပွားအောင်၊ အစိုးရနဲ့ တိုင်းရင်းသား အင်အားစုတွေ အကြား တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ ပျက်ပြားအောင် စီစဉ်ဆောင်ရွက် ခဲ့တာသာဖြစ်တယ်လို့ KNU ကရင်အမျိုးသား အစည်းရုံးမှ တာဝန်ရှိသူတွေက ဒီကနေ့ပြောကြားပါတယ်။

ရန်ကုန်မြို့၊မြန်မာငြိမ်းချမ်းရေးစင်တာမှာ KNU ကရင်အမျိုးသား အစည်းရုံးကနေ ဒီနေ့နေ့လည်ပိုင်းက ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားလိုက်တာပါ။ KNU ကရင်အမျိုးသားအစည်းအရုံး တာဝန်ရှိသူတွေအနေနဲ့ ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်လို့ အစိုးရက ဖမ်းဆီးထိန်းသိမ်းထားတဲ့ စောမြင့်လွင် (ခ) မောထ နဲ့ ဒီကနေ့ မနက်ပိုင်းက တွေ့ဆုံခဲ့တဲ့အပေါ် အခြေခံပြီး KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ခုလိုပြောပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ဗုံးပေါက်ကွဲမှု ခြောက်ကြိမ်၊ ဗုံးတွေ့ရှိမှု လေးကြိမ် စုစုပေါင်း ၁၀ကြိမ် ဖြစ်ပွားခဲ့ပြီး အပြစ်မဲ့ ပြည်သူ နှစ်ဦးသေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာ ရရှိခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန် ထားပါတယ်။

KNU ကရင်အမျိုးသား အစည်းရုံး တပ်ဖွဲ့ဝင်တဦးဖြစ်တဲ့ စောမြင့်လွင်(ခ မောထ အပါအ၀င် သံသယရှိသူ ၈ ဦးကို အဲဒီ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းထားတယ်လို့လည်း သိရပါတယ်။ ဗုံးပေါက်ကွဲမှု၊ ဗုံးတွေ့ရှိမှုဖြစ်စဉ်တွေရဲ့ အဓိကစေခိုင်းသူလို့ အစိုးရက ကြေညာထားတဲ့ စောနေတိုးကတော့ လွတ်မြောက်နေဆဲဖြစ်ပါတယ်။

စောနေတိုးဟာ KNU တပ်မဟာ ၅ အောက်ခြေမြို့နယ်က စီးပွားရေး တာဝန်ခံ ဖြစ်တယ်လို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ကေအန်ယူ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

KNU သတင်းစာရှင်းလင်းပွဲနဲ့ပတ်သက်ပြီး RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင်က တင်ပြမှာပါ။


.. www.MyanmarExpress.net
 

1 comments:

politics is the last refuge of the scoundrels

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်