Subscribe to our RSS Feed

ရည်းစားဘ၀မှာ အပျိုစင်ဘ၀ကို ထိန်းသိမ်းခြင်းက ဂုဏ်သိက္ခာ တက်စေတယ်ဆိုတဲ့ နန်းမြတ်ဖြိုးသင်း

From :Mizzima  
 


ညီမ ကျောင်းမပြီးခင်က ဆရာဝန်အလုပ်နဲ့ အနုပညာအလုပ်ကို ဘယ်လိုခွဲခြားပြီးလုပ်ခဲ့လဲ။

ဖြေရတာလဲ ခက်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ ဘွဲ့သာရသွားတယ်။ ဆမလည်း မရခဲ့ပါဘူး။ ကျောင်းမပြီး ခင်ကတော့ ညီမစာကိုပဲ အာရုံထားပြီးလုပ်ခဲ့ပါတယ်။အနုပညာအလုပ်ကိုတော့ လုံးဝမေ့ထားခဲ့ပါတယ်။ အဲဒီအချိန်တော့ လစ်ဟာခဲ့တာပေါ့။ နောက်ပြီး အနုပညာနဲ့ပတ်သက်ပြီး အခွင့်အရေးတွေလည်း အများ ကြီးဆုံးရှုံးခဲ့ရပါတယ်။

ညီမအနေနဲ့ အခုချိန်မှာ နေရာတစ်နေရာရရှိပြီး ပရိသတ်တွေ လက်ခံအားပေးနေခြင်းကို အောင်မြင်မှု လို့ထင်လား။ ဒါကိုရော သာယာမိလား။

Living together နှင့် ကာမေသုမိစ္ဆာစာရ (ပေးစာ - ၆၃)

Living together ဆိုတဲ့ စကားကို “လက်မထပ်ဘဲ အတူနေခြင်း”လို့ အဓိပ္ပါယ် နားလည် နိုင်ပါတယ်။ ဒီအလေ့ အကျင့်ဟာ အနောက်တိုင်းမှ ဆင်းသက်လာတဲ့ အလေ့အကျင့် လို့လည်း ပြောနိုင်ပါတယ်။ သူတို့ အဆိုအရ လူတစ်ယောက်နဲ့ တစ်ယောက် အိမ်ထောင်ဘက် အဖြစ် တစ်ဘ၀လုံး အတူ လက်တွဲ သွားရမယ့် အရေးမှာ တစ်ယောက် အကြောင်း တစ်ယောက် မသိဘဲ ဘုမသိ ဘမသိ အိမ်ထောင်ပြုပြီး ထာဝရ နေထိုင်သွားတာထက် စာရင် တရားဝင် လက်မထပ်ခင် နှစ်ဦး သဘောတူ အတူ နေထိုင်ပြီးမှ တရားဝင် လက်ထပ်တာက အိမ်ထောင်ရေးမှာ ပြဿနာ အဖြစ်နည်းပြီး ရေရှည် မှာလည်း သာယာတဲ့ အိမ်ထောင်ရေး ဖြစ်နိုင်တဲ့ အတွက် လက်မထပ်ခင် အတူနေတဲ့ living together ပုံစံကို ကျင့်သုံးခြင်း ဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့်လည်း အနောက်တိုင်းက လူအတော် များများဟာ ဒီစနစ်ကို ကျင့်သုံး နေကြပြီး တစ်ချို့ဆို သားသမီး တစ်ယောက် နှစ်ယောက်ရမှ လက်ထပ်တာတောင် ရှိပါသေးတယ်။
အနောက်တိုင်းသား တွေရဲ့ အဆိုအရ အောင်မြင်တယ်လို့ ထင်ရတဲ့ ဒီစနစ်ဟာ အနောက်တိုင်း ကနေပြီး အရှေ့တိုင်းအထိ ပြန့်နှံ့ လာနေပါတယ်။ ဥရောပတိုက်၊ အမေရိကတိုက် မှသည် အာရှတိုက်၊ အဲဒီကမှ တစ်ဆင့် အခုတော့ အရှေ့တောင် အာရှ နိုင်ငံများကိုပါ ပြန့်နှံ့ လာတော့တာ ဖြစ်ပါတယ်။ သူတို့စနစ် ဘယ်လောက်ပဲ ကောင်းနေပေမယ့် ဒီစနစ်ဟာ အာရှတိုက် ယဉ်ကျေးမှု. နဲ့တော့ ဆန့်ကျင်နေပါတယ်။ အထူးသဖြင့် ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ နိုင်ငံတွေ အနေနဲ့ ကတော့ ဒါဟာ အမတန် ပြောင်းပြန် ဖြစ်နေတဲ့ စနစ်ဖြစ်နေ ပါတယ်။ လက်မထပ်ဘဲ အတူနေတဲ့ စနစ်နဲ့ ဗုဒ္ဓဘာသာမှာ လာတဲ့ ကာမေသု မိစ္ဆာစာရနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် နေပါတော့တယ်။
ဗုဒ္ဓဘာသာဝင်များ နေ့စဉ် ခါးဝတ်ပုဆိုးလို မြဲမြံ နေရမယ့် ငါးပါးသီလ ထဲမှာ ကာမေသု မိစ္ဆာစာရ သိက္ခာပုဒ်လည်း တစ်ခု အပါအ၀င် ဖြစ်ပါတယ်။ ကာမဂုဏ် များမှာ ဖော်လွဲ ဖောက်ပြန် ပြုကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်းလို့ အဓိပ္ပါယ် ရပါတယ်။ ဒီသိက္ခာပုဒ်ဟာ တစ်လင် တစ်မယား စနစ်ကို အကောင်အထည် ဖော်ပေးထားတာ ဖြစ်ပါတယ်။ ကာမဂုဏ် မှီဝဲတာကို ရှောင်နိုင်ရင် ကောင်းပေမယ့် မရှောင် နိုင်ရင်တော့ ကိုယ့်အိမ်သူ သက်ထား၊ ကိုယ့်လင်ယောက်ျား နဲ့ပဲ မှီဝဲ နေထိုင် နိုင်ကြောင်း ခွင့်ပြု ထားခြင်း ဖြစ်ပါတယ်။ အိမ်ထောင်သည် မှန်သမျှ ကာမဂုဏ် ကိစ္စမှာ ကိုယ့်လင်ယောကျာ်း၊ ကိုယ့်ဇနီးမယားက လွဲပြီး ကျန်တဲ့ ဘယ်သူ့ အပေါ်မှာကိုမှ ဘယ်လို အကြောင်း ပြချက်နဲ့ပဲ ဖြစ်ဖြစ် မဖောက်ပြန် ရဘူးလို့ တားမြစ်ထားခြင်း ဖြစ်ပါတယ်။
ဒီကာမေသု မိစ္ဆာစာရ သိက္ခာပုဒ်ဟာ အိမ်ထောင်သည် များကို ရည်ညွန်းပါတယ်။ အထူးသဖြင့် အိမ်ထောင်သည် အမျိုးသား/ ယောက်ျားများ အတွက် ပိုပြီး တားမြစ် ခြင်း ဖြစ်ပါတယ်။ အမျိုးသား/ ယောက်ျားများ အတွက် ကာမေသုနဲ့ ပတ်သက်ပြီး မသွားလာအပ်တဲ့ မိန်းမ (၂၀)ရှိကြောင်း ပါရာဇိကဏ် အဋ္ဌကထာမှာ ဖွင့်ပြထားပါတယ်။ အဲဒီ ၂၀က
(၁) အမိ စောင့်ရှောက်တဲ့ မိန်းမ၊
(၂) အဘ စောင့်ရှောက်တဲ့ မိန်းမ၊
(၃) အမိ အဘ စောင့်ရှောက်တဲ့ မိန်းမ၊
(၄) မောင်ကြီး မောင်ငယ် စောင့်ရှောက်တဲ့ မိန်းမ၊
(၅) အစ်မ ညီမ စောင့်ရှောက်တဲ့ မိန်းမ၊
(၆) ဆွေမျိုး စောင့်ရှောက်တဲ့ မိန်းမ၊
(၇) အနွယ်တူ စောင့် ရှောက်တဲ့ မိန်းမ၊
(၈) တရား ကျင့်သုံးဖက် စောင့်ရှောက်တဲ့ မိန်းမ။
ဒီ မိန်းမ ရှစ်မျိုးက ကာမပိုင်မရှိတဲ့ အပျိုစင် မိန်းမများ ဖြစ်ကြပြီး
(၉) စေ့စပ် ကြောင်းလမ်းပြီး မိန်းမ၊
(၁၀) လက်မထပ်ရန် မင်းအမိန့်အာဏာဖြင့် တားမြစ်ထားတဲ့ မိန်းမ၊
(၁၁) ဥစ္စာဖြင့် ၀ယ်ထားတဲ့ မိန်းမ၊
(၁၂) ယောင်္ကျား တစ်ဦးဦးနဲ့ အလိုတူ၍ အတူနေတဲ့ မိန်းမ၊
(၁၃) စည်းစိမ် ပေးပြီး မယား ပြုလုပ်ထားတဲ့ မိန်းမ၊
(၁၄) အ၀တ် ပုဆိုးပေးပြီး မယားပြု ထားတဲ့ မိန်းမ၊
(၁၅) ရွှေခွက်မှာ လက်စုံချပြီး ယောင်္ကျားနဲ့ ထိမ်းမြား လက်ထပ်ထားတဲ့ မိန်းမ၊
(၁၆) ခေါင်းရွက် လုပ်ကိုင် စားသောက်ရတဲ့ မိန်းမကို ခေါင်းမရွက်စေဘဲ သိမ်းယူထားတဲ့ မိန်းမ၊
(၁၇) ကျွန်လည်းဖြစ် မယားလည်းဖြစ်တဲ့ မိန်းမ၊
(၁၈) အမှုလုပ်လည်းဖြစ် မယားလည်းဖြစ်တဲ့ မိန်းမ၊
(၁၉) စစ်မြေမှ ဆောင်ခဲ့တဲ့ သုံ့ပန်းမိန်းမ၊
(၂၀) တစ်ဦးဦးရဲ့ ခေတ္တမယား ဖြစ်နေတဲ့ မိန်းမ
ဒီမိန်းမ(၁၂)ဦးကတော့ ကာမပိုင် ယောင်္ကျားရှိတဲ့ မိန်းမ များဖြစ်ပါတယ်။
ကာမပိုင် မရှိတဲ့ ပထမ မိန်းမ ရှစ်ယောက် ကတော့ တစ်ခြား ယောင်္ကျားနဲ့ ဆက်ဆံမှု ပြုပေမယ့် သူ့ကာမကို သူသာ ပိုင်တဲ့အတွက် ကာမေသု မိစ္ဆာ မထိုက်ပါဘူး။ ဒါပေမဲ့ ယောင်္ကျားမှာတော့ ( မသွားလာ ထိုက်သော မိန်းမ) အဂမနီယ ဖြစ်တဲ့ မိန်းမကို ကျူးလွန်တဲ့ အတွက် ကာမေသု မိစ္ဆာရ ထိုက်ပါတယ်။
ကာမပိုင်ရှိတဲ့ မိန်းမ(၁၂)ယောက်က ကာမပိုင်မှ တစ်ပါး တစ်ခြား ယောင်္ကျားနဲ့ ကျူးလွန်မိရင် ကာမေသု ထိုက်သလို ကျူးလွန်တဲ့ ယောင်္ကျားမှာလည်း ထိုက်ပါတယ်။ ဒါပေမယ့် ဒီလို သွားလာရာမှာ ကာမေသု မိစ္ဆာစာရ ထိုက်တဲ့အင်္ဂါရပ် တွေနဲ့ပြည့်စုံမှ ထိုက်တယ် ဆိုတာကိုတော့ သတိပြုနိုင်ပါတယ်။
အဲဒီအင်္ဂါရပ်တွေက
(၁) မသွားလာ ထိုက်သော မိန်းမ ( အဂမနီယ) မိန်းမဖြစ်ခြင်း။
(၂) မှီဝဲ ပေါင်းသင်း ဆက်ဆံ လိုသည့် စိတ်ရှိခြင်း။
(၃) မှီဝဲမူ. ကို လုံလ ပြုခြင်း။
(၄) မဂ်အချင်းချင်း ထည့်သွင်းးတာကို သာယာခြင်း (မှီဝဲ ပေါင်းသင်း ဆက်ဆံရာ၌ သာယာခြင်း) တို့ပဲ ဖြစ်ပါတယ်။
ဒီအင်္ဂါလေးချက်နဲ့ ညီရင် ကာမေသု မိစ္ဆာစာရ ထိုက်ပြီး၊ လေးပါး အနက်က တစ်ပါးပါး ချွတ်ယွင်းနေတယ် ဆိုရင်တော့ မထိုက်ပါဘူး။ ဒါက စာပေမှာ လာတဲ့ ကာမေသု မိစ္ဆာစာရနဲ့ ပတ်သက်တဲ့ ဖွင့်ဆိုချက်တွေပဲ ဖြစ်ပါတယ်။
ဒီအဖွင့်တွေအရ ပြည်ပကိုရောက်ပြီး အကြောင်း အမျိုးမျိုးကြောင့် တစ်ယောက်နဲ့ တစ်ယောက် အဆင်ပြေစေဖို့ living together သဘောနဲ့ နေနေကြသူများ အထူး သတိပြုသင့်တဲ့ အချက်တွေ ရှိပါတယ်။ ယောက်ျားလေး တွေရော မိန်ကလေး တွေရော အတူတူ နေကြရာမှာ အထက်ပါ ကာမေသုနဲ့ ပတ်သက်တဲ့ ဖွင့်ဆိုချက်တွေကို သတိပြုကြဖို့ လိုပါတယ်။ တစ်ချို့ အိမ်ထောင်ကျပြီး တရားဝင် ကာမပိုင်ရှိတဲ့ ယောက်ျားများ၊ မိန်းမများဟာ ပြည်ပရောက်ပြီး မသိမသာ အတူတူ နေနေကြ တာတွေ ရှိနိုင်ပါတယ်။ တစ်ခါတစ်လေ ယောက်ျားက တရားဝင် အိမ်ထောင်ပြုပြီး ကာမပိုင် ရှိသလို၊ တစ်ခါတစ်လေ မိန်းကလေးကလည်း တရားဝင် အိမ်ထောင်ကျပြီး ကာမပိုင် ရှိနေတာတွေ ရှိတတ်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် ကိုယ့်ကိုယ်ကို အသိဆုံး ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ living together ဟာ ကာမေသု မိစ္ဆာစာရ လွတ်မလွတ် အထူးဆင်ခြင် သင့်ပါတယ်။
ပြီးတော့ ဒီနေ့ခေတ်မှာ အကြောင်း အမျိုးမျိုးကြောင့် အမိမြန်မာပြည် ကနေ အပြင် ရောက်နေတဲ့သူ အတော်များများဟာ ပြည်ပကို ရောက်သွားတာနဲ့ တစ်ပြိုင်တည်း အကုန်လုံး လွတ်လွတ် လပ်လပ်ကို နေပစ် လိုက်တာတွေ တွေ့မြင်ကြား သိနေရ ပါတယ်။ တစ်ချို့က ပြည်ပမှာ ရပ်တည်ရေး အဆင်မပြေတာ၊ အဆင်ပြေ ပေမယ့်လည်း ကိုယ်ကျင့် သီလပိုင်းကို ဂရုမစိုက် လိုတာ၊ အနောက်တိုင်း စနစ်ကို အတုယူ အားကျနေတာ စတာ တွေကြောင့် ကာမပိုင် ရှိသူတွေရော၊ မရှိသူတွေပါ၊ မိဘ ညီအစ်ကို မောင်နှမ စတဲ့ အုပ်ထိန်းသူ ရှိသူတွေရော မရှိသူတွေပါ living together အဖြစ်နဲ့ နေနေကြတာ ကြားသိရ ပြန်ပါတယ်။ ဒီလို အတူ နေတာတွေဟာ ကာမေသု မိစ္ဆာစာရ အင်္ဂါတွေနဲ့ ငြိမငြိ၊ ကာမေသုကံ မြောက်မမြောက် သတိပြု ဆင်ခြင်ကြဖို့ လိုပါတယ်။
တကယ်တော့ ကာမဂုဏ်ကိစ္စကို အလေးပေးလေ့ မရှိတဲ့ ဗုဒ္ဓဘာသာ သဘောအရ ဘယ်လိုအ ကြောင်းမျိုးနဲ့ပဲ ဖြစ်ဖြစ် လက်မထပ်ဘဲ အတူနေတဲ့ အလေ့ဟာ ကာမေသု မိစ္ဆာစာရကံ ထိုက်စေဖို့ အကြောင်း အတော်များတယ် ဆိုတာ သတိပြုဖို့ လိုပါတယ်။ ဖြစ်ဖို့လည်း လွယ်ကူပါတယ်။ အထူးသဖြင့် အိမ်ထောင်ကျပြီး သူများ အထူးသတိ ပြုသင့်ပါတယ်။ ယောက်ျားသားများ အနေနဲ့ အိမ်ထောင်ကျပြီး ကိုယ့်ဇနီးနဲ့ အတူ ကာမဂုဏ် မှီဝဲမှုဟာ ကာမေသု မိစ္ဆာစာရ ကံမဖြစ်ပေမယ့် တစ်ခြား အမျိုးသမီး တစ်ဦးဦးနဲ့ သွားလာ ပျော်ပါးမယ်ဆိုရင် အိမ်ထောင်ရေး ဖောက်ပြန်မှု ဖြစ်တဲ့အပြင် ကာမေသု မိစ္ဆာစာရကံလည်း ဖြစ်ပါတယ်။ တရားဝင် သဘောအရ ကိုယ်လုပ် ကျွေးနိုင်လို့ ဇနီးအများကြီး ယူထားတယ် ဆိုရင်တော့ ဒါဟာ ကံမမြောက်ပြန်ပါဘူး။ ကျန်တဲ့ သဘောတွေနဲ့ဆို ဘယ်လိုမှ ကာမေသုကံ မလွတ်နိုင်တဲ့ သဘောရှိပါတယ်။ အမျိုးသမီး များလည်း ဒီအတိုင်းပါပဲ။ ကိုယ့် လင်ယောက်ျား ကလွဲပြီး ကျန်တဲ့ ယောက်ျား တစ်ယောက်ယောက်နဲ့ ကာမ ဂုဏ်ဖောက်ပြန်တာ ကာမေသု မိစ္ဆာစာရကံ ဖြစ်စေပါတယ်။ ဒါကြောင့် ယနေ့ ခေတ်စားနေတဲ့ living together စနစ်ဟာ ဗုဒ္ဓဘာသာ ရှုထောင့်အရ ကာမေသု မိစ္ဆာစာရကံ ဖြစ်ဖို့ လွယ်တယ်လို့ ဆိုခြင်း ဖြစ်ပါတယ်။
ဆိုလိုတာက လက်မထပ်ဘဲ အတူနေကြ တာတွေဟာ အနောက် တိုင်းသားများရဲ့ သဘောအရ ရေရှည် အိမ်ထောင်ရေး အဆင်ပြေရေး အတွက် အထောက်အကူ ဖြစ်စေတယ်လို့ ဆိုပေမယ့် ဗုဒ္ဓဘာသာ သဘောအရ ဒါဟာ အကုသိုလ် အပြစ်ဖြစ်တဲ့ ကာမေသု မိစ္ဆာ စာရကံ ဖြစ်စရာ အကြောင်း ဖြစ်နိုင်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ တကယ်တော့ လက်မထပ်ခင် ဘယ်လောက်ပဲ အတူတူနေပြီး အိမ်ထောင်ရေး အဆင်ပြေအောင် ကြိုးစားကြပေမယ့် တကယ်တမ်း လက်ထပ်တဲ့ အခါကျတော့လည်း အိမ်ထောင်ရေး အဆင် မပြေတာတွေက အများကြီးပါပဲ။ အဓိကကတော့ တစ်ဦး တစ်ယောက် ချင်းရဲ့ ကိုယ့်ကျင့်တရား ကောင်းမွန် ထိမ်းသိမ်းရေးက အဓိက ကျပါတယ်။ ခုမှတွေ့ကြပေမယ့်လည်း တော်တဲ့သူက တော်နေမှာဖြစ်ပြီး ကိုယ့်ကျင့်တရား ကောင်းသူက ကောင်းနေမှာ ဖြစ်ပါတယ်။ သူတော်ကောင်းဟာ သူတော်ကောင်း ပါပဲ။
ဒါကြောင့် လွတ်လပ်မှုနဲ့ အတူ အသိပညာ၊ အတွေ့အကြုံ နည်းပါးကာ ဘာသာတရား အဆုံးအမများ အပေါ် အလေးထားလေ့ မရှိကြတဲ့ ပြည်ပရောက် တစ်ချို.သော မြန်မာများ အနေနဲ့ သူများယောင်လို့ ယောင်၊ အမှောင်တောင်မှန်း မြောက်မှန်းမသိ မဖြစ်ရ လေအောင် သူများ living together ဆိုပြီး ကိုယ်ကပါ လိုက်ပြီး living together မလုပ်မိကြဖို့၊ ခဏတာ အပျော်၊ ခဏတာ အဆင်ပြေမှု. တွေနဲ့ ဘ၀သံသရာ ဒုက္ခ ဖြစ်စေမယ့် မကောင်းတဲ့ အလုပ်တွေမှာ လိုက်ပြီး မလုပ်မိကြဖို့ အထူး လိုအပ်တယ် ဆိုတာ သတိပြုကြရင်း living togetherနဲ့ ကာမေသု မိစ္ဆာစာရကို သေချာစဉ်းစား ဆင်ခြင်ကာ အတူနေရာမှ ကာမေသုအဖြစ် မရောက်မိ ကြစေဖို့ စေတနာ စကားနဲ့ အသိပေး ပြောကြား လိုက်ရပါကြောင်း…
.....နေမင်းခ



တစ်ချိန်က ဂျေဂျူဝိုင် ဆိုတဲ့ ဘုန်းကြီးတစ်ပါးနဲ့ ချစ်သူဖြစ်ခဲ့အပြီးမှာ လူတွေ ရှုံ့ချမှုကြောင့် အရှက်ရပြီး ဘလော့ပိတ်ကာ တွေ့သမျှ ယောင်္ကျားများနှင့် Living together နေခဲ့သော RFA မှ မဆုမွန်

မြန်မာအမျိုးသမီးကောင်းလေး အဖြစ် ပီသ စေချင်ပါသည်...

From : နေခြည်


Human Rightဆိုတဲ့ လူ့အခွင့်အရေးတွေထဲမှာ ဥပဒေဆိုတဲ့ကဏ္ဍကိုလည်း လျစ်လျူရှုထားလို့မရပါဘူး၊ ဒီမိုကရေစီလမ်းစဉ်ကို လျှောက်နေကြတဲ့ ခေတ်သစ်ကြီးထဲမှာ လုပ်ချင်ရာတွေလုပ်လို့မရတော့သလို…ဖြစ်ချင်ရာတွေလည်းဖြစ်လို့မရတော့ပါဘူး…။

မြန်မာအမျိုးသမီးတို့ရေ…ယခင်က မီးဖိုချောင်မှာ ထမင်းဟင်းချက်ပြုတ်ရုံကလွဲရင် မိန်းမတို့၏အလုပ်သည် ဤတွင် နိဂုံးချုပ်ခဲ့ပြီ လို့ ပတ်ဝန်းကျင်တစ်ခုရဲ့သတ်မှတ်ချက်တွေကြောင့်…တိမ်မြုပ်နေခဲ့ရပေမယ့်…ယခုအခါမှာတော့ ”ပုခက်လွှဲသောလက်သည် တိုင်းပြည်ကိုအုပ်စိုးနိုင်၏”ဟုပင် ဖြစ်လာခဲ့ရပါသည်..ထိုအကြောင်းအရာသည်လည်း အမှန်တကယ်ပင် အရည်အသွေးများ၊ အရည်အချင်းများပြည့်စုံစွာနှင့်ပင် သက်သေသာဓကများ ပြသနိုင်ခဲ့လို့သာလျှင် ဖြစ်ပေါ်လာခဲ့ရခြင်းပင်ဖြစ်ပါသည်…။

မြန်မာအမျိုးသမီးတို့ရေ..ဥပဒေဆိုတာ…ယခင်ကလို…ငွေများတရားနိုင်ဆိုတာမျိုးမဟုတ်ပါဘူး၊ ဥပဒေဆိုတာ ခံယူသူရယ်၊ ရယူသူ တွေရဲ့ကြားမှာ ဖြစ်တည်လာတဲ့ စည်းကမ်းချက်တစ်ခုလို့ပြောလို့ရနိုင်ပါတယ်၊ ဒါပေမယ့် အဲ့ဒီစည်းကမ်းချက်တွေကိုလည်း မိမိတို့ ကိုယ်တိုင်က လိုက်နာနိုင်မှသာဖြစ်ပါတယ်၊ ဥပဒေဆိုတာကျယ်ပြန့်ပါတယ်၊ အရပ်မှာသိထားကြတဲ့ ဥပဒေနဲ့ စာအုပ်တွေမှာ ပြင်ဆင်ပြဌာန်းထားတဲ့ဥပဒေတွေဟာ တစ်ခါတစ်ရံမှာ လွဲချော်နေတတ်ကြပါတယ်…။

ကျွန်ုပ်တို့ရဲ့ ယနေ့မျက်မှောက်ခေတ်မှာ နည်းပညာတွေတိုးတက်လာသည်နှင့်အမျှ အွန်လိုင်းဆိုသည့် အင်တာနက်ခေတ်ကြီးက လည်း တရွေ့ရွေ့နဲ့ဆိုသလို မြန်မာနိုင်ငံမှာ ကျယ်ပြန့်လာခဲ့ပါပြီ၊ အင်တာနက်ဆိုတာ..သာမာန်သူတွေအတွက် ချက်တင်ထိုင်ရုံ အတွက်သာဖြစ်ကောင်းဖြစ်မယ်ဆိုခဲ့ပေမယ့်…အကျိုးရှိစွာအသုံးချနိုင်သူတွေအတွက်တော့…အင်တာနက်ဆိုတာ..တကယ့်ကို အကျိုးဖြစ်ထွန်းစေပါတယ်…၊ သုံးတတ်သူများအတွက် ဆေးကောင်းတစ်ခွက်ဖြစ်နိုင်သလို…မသုံးတတ်သောသူများအတွက် ဘေး ဖြစ်စေတတ်ပါတယ်…၊ အချို့သောအမျိုးသမီးလေးတွေဟာ..အင်တာနက်ဆိုသည့် အွန်လိုင်းစာမျက်နှာကို ကျွမ်းကျင်စွာ အသုံးမပြုတတ်ကြသေးပါဘူး၊ Gtalkဆိုသည့် Talkingကိုတောင် သေချာစွာအသုံးမပြုတတ်သူများလည်း ယနေ့အထိပင် ရှိနေခဲ့ပါသေးသည်၊ ထိုသို့သောအမျိုးသမီးများသည်လည်း ခေတ်ပညာတတ်များပင်ဖြစ်ကြပါသည်၊ သို့ပေမယ့် ၎င်းတို့၏ လေ့လာမှု၊ သင်ယူမှု၊ ဗဟုသုတများ အားနည်းခြင်းကြောင့်..မဖြစ်သင့်သည်များလည်း ဖြစ်ပေါ်နေခဲ့ကြရသလို…၊ကျွမ်းကျင်စွာ အသုံးပြုတတ်ခဲ့ကြပေမယ့်လည်း.. ချက်တင်ကိုသာ ဦးစားပေးအသုံးပြုတတ်သူဦးရေ…များပြားလာမှုတွေကြောင့်…အချို့မြန်မာ အမျိုးသမီးကလေးများ..မဖြစ်သင့်တာတွေပင် ဖြစ်နေကြရပါသည်..။




ထိုသို့သောအကြောင်းအရာများမဖြစ်ပွားစေရန်အတွက် အချင်းချင်းကူညီဖေးမပေးဖို့လည်း လိုအပ်လှပါတယ်၊ အချို့သောမိန်း ကလေးများဆိုလျှင်ဖြင့်..Talkingကို တစ်ဖက်ကလူဖြင့် ခေါင်းငိုက်စိုက်ကျနေအောင်…မြန်မာလက်ကွက်ကို အပြင်းအထန်ရှာဖွေ၊ ဘာမှန်းမသိတဲ့အရာတွေဖြင့် ပြောဆိုနေကြသည်..သို့ပေမယ့် ၎င်းတို့၏ စာမျက်နှာတွင် အခြားတစ်ဖက်မှတင်ထားသော sesxy imageများကိုပင် မမြင်…အခြားတစ်ဖက်မှ ပြောဆိုသောသူများသည်လည်း မိမိတို့၏မိခင်၊ နှမ၊ မောင်နှမရယ်လို့ စာနာထောက်ထားခြင်းမရှိပဲ…ပြောဆိုနေတတ်ကြသည်…၊ထိုသို့သောအခြေအနေများကို…တစ်ဖက်မှ အမျိုးသမီးကလေးများ သည် မည်သို့ကာကွယ်ရမည်ကိုမသိထားခဲ့လေတော့..လက်ပိုက်ကြည့်နေရုံသာပင်ရှိနေတော့မည်လား….။

ချက်တင်အသုံးပြုရာမှဖြစ်ပေါ်လာသော အချစ်တစ်ချို့တွေကြောင့် မြန်မာအမျိုးသမီးကလေးများ ဒုက္ခများစွာ ရောက်ရှိနေခဲ့ကြရပါ သည်၊ အချိန်မှန်မှန် အင်တာနက်ဆိုင်သို့ လာရောက်ကြပြီး..ငွေကြေးတွေအကုန်အကျခံကာ ဘ၀ကို မရေမရာလျှောက်လှမ်းမိနေ ကြသော မြန်မာအမျိုးသမီးကလေးများအတွက် နောင်အခါဝယ်ရင်လေးစရာများဖြစ်ပေါ်စေနိုင်ခဲ့ပါသည်။ အွန်လိုင်းစာမျက်နှာ သည် အမှန်ဆိုတော့ ထိန်းချုပ်စရာများရှိနေပါသည်၊ တတ်သိနားမလည်သေးသူများအတွက် မည်သည့်အရာကိုလုပ်ရမှန်းပင် မသိခဲ့သော်လည်း တတ်သိနားလည်သူတွေက ဖေးမကူညီပြီး၊ မိမိတို့ကိုယ်တိုင်လည်း မိမိတို့၏စာမျက်နှာများ၏ Securityများ မြှင့်ထားပေးရန် လိုအပ်ပါသည်။ တတ်သိနားမလည်နိုင်သေးသောသူများသည်လည်း အခြားသူတို့ရေးသားထားသော နည်ပညာစာအုပ်များကို ဖတ်ရှုလေ့လာမှတ်သားရင်၊ ကိုယ်တိုင်လေ့ကျင့်ကာ ဆောင်ရွက်သင့်ပါသည်၊ ကျွန်ုပ်တို့ရဲ့ မြန်မာအမျိုး သမီးကလေးများ လူကုန်ကူးခံရမှုအကြောင်းအရာတွေဟာ မြန်မာအမျိုးသမီးလေးများ၏ ဗဟုသုတနည်းပါးခြင်း၊ စာဖတ်အား မကောင်းခြင်း၊ ယုံကြည်မှုလွန်ကဲခြင်းတွေကြောင့်ပဲ ဖြစ်ပါတယ်။ ကျွန်ုပ်ဖတ်ဖူးခဲ့တဲ့ ကျန်းမာသုတစာစောင်တွေမှာ အမျိုးသားနှင့် အမျိုးသမီး၊ အမျိုးသမီးတွေဟာ အမျိုးသားများအပေါ် ယုံကြည်မှုလွန်ကဲခြင်းကြောင့်၊ အချစ်၏စေစားရာဖြစ်တဲ့ လိင်ဆက်ဆံစဉ် မှာ အမျိုးသားတိုက်ကျွေးခဲ့သော ကာမအားတိုးဆေးကိုပင်…သာမာန်အားဆေးဟုထင်မြင်ခဲ့ပြီး သောက်သုံးခြင်းတွေအထိ ဖြစ်ရာကနေ…အမျိုးသမီးများ၏ဘ၀ပျက်စီးခဲ့ရသည်အထိ ဖြစ်လာခဲ့ရပါသည်၊


ယနေ့ Globalizationဆိုတဲ့ခေတ်ကြီးမှာ အားလုံးသိထားဖို့လိုအပ်ပါလိမ့်မယ်၊ ကျွန်ုပ်တို့ ကိုယ်စီတိုင်းမှာ…မတတ်သောပညာလေး တွေရှိနေခဲ့ပေမယ့်..မသိသောအကြောင်းအရာများမရှိရလေအောင် လုပ်ဆောင်ထားသင့်ပါတယ်၊ အဓိကအားဖြင့်တော့ အမျိုးသမီးများအနေဖြင့် စာဖတ်ခြင်းဆိုတဲ့အလုပ်ကို ပိုမိုလုပ်ဆောင်လာနိုင်ဖို့ပဲဖြစ်ပါတယ်၊ စာဖတ်ခြင်းဆိုတာ လူတိုင်းအတွက် အသိအမြင်၊ ဥာဏ်ပညာအမြော်အမြင်နှင့် ဗဟုသုတများစွာကို ပေးစွမ်းနိုင်ပါတယ်၊ စာဖတ်သည့်ဆိုသည့်နေရာတွင်လည်း ဗဟုသုတရှိနိုင်ဖွယ်ရာဖြစ်သော မည်သည့်စာမျိုးကိုမဆို အဆိုးတွေကို ပစ်ပယ်ပြီး..အကောင်းတွေကို လိုအပ်သလို အသုံးပြုနိုင် ပါတယ်။ ဥပမာအားဖြင့် ၀တ္ထုစာအုပ်တစ်အုပ်ကို ဖတ်ခဲ့မိပြီဆိုခဲ့လျှင်လည်း..အချစ်၏နစ်မွန်းသာယာမှုတွေပါသည့် အကြောင်းအရာတွေကို စာအုပ်မှာပင်ထားပစ်ခဲ့ပြီး..ထိုအကြောင်းအရာတွေထဲမှ ကောင်းသည့်အချက်အလက်တွေကိုပဲ စာအုပ်၏ အပြင်ဘက်သို့ ယူဆောင်လာခဲ့သင့်ပါတယ်။

မြန်မာအမျိုးသမီးတို့ရေ…ပထမဦးဆုံးကတော့ မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်တတ်ကြဖို့ပါပဲ…တန်ဖိုးထားကြပါ၊ အရာရာမှာ အသိတရား၊ ဆုံးဖြတ်ချက်၊ ဥာဏ်ပညာ စတဲ့ဆင်ခြင်တုံတရားတွေနဲ့ ဘ၀ကို ရိုးသားစွာလျှောက်လှမ်းကြဖို့ လိုအပ်ပါတယ်၊ ကျွန်ုပ် တို့ရဲ့ဘ၀တွေမှာ အချစ်ဆိုသည့်အရာတွေဖြစ်ပေါ်နေတတ်ပါတယ်၊ အချစ်ဆိုတာ နားလည်ညီမျှတဲ့ချစ်သူဘ၀ဆိုတာဟာ နှစ်ဦးလုံးရဲ့ ကိုယ်ကျင့်တရားတွေပါပဲ၊ အမျိုးသားရော..အမျိုးသမီးတွေပါ ထိန်းသိမ်းစောင့်ရှောက်သင့်တဲ့ စည်းကမ်းချက်တွေနဲ့ အညီ ဥပဒေနဲ့ ဓလေ့ထုံးတမ်းတွေအရ ထိမ်းမြားခြင်းတွေပါ..၊ ယခုမြင်…ယခုတွေ့…ယခုပဲယူဆိုသည့် မည်သည့်အရာမျှ ဆင်ခြင် တုံတရားကင်းမဲ့တဲ့အရာမျိုးတွေမဟုတ်ကြတော့ပါဘူး..သို့ပေမယ့်လည်း မြင်တွေ့၊ ကြားတွေ့နေရသောအရာများသည် ထိုသို့ပင် ဖြစ်နေခဲ့ကြသည်…။





ကျွန်ုပ်တို့ရဲ့ ဥပဒေဘောင်အပြင်ဘက်မှာ ပြောဆိုနေကြသော….လပေါင်း(၆)လကြာရင် တရားဝင်ထိမ်းမြားလက်ထပ်ခြင်းမရှိဘဲ နှစ်ဦးသဘောတူအတူတကွနေထိုင်ပြီးရုံမျှနဲ့ ပေါင်းသင်းနေထိုင်ကြသည်ဟု မှတ်ယူကြသည်တဲ့….လပေါင်း(၃)လကြာသည့်အခါ အမျိုးသားနှင့်အမျိုးသမီး..တစ်အိမ်တည်းတွင် အတူမနေရုံမျှနှင့်ပင် ကွဲကွာသွားကြသည်ဆိုသည်တဲ့…၊ ထိုအကြောင်းအရာကို ဦးတည်ပြီး (၃)လမျှအတူမနေရုံနှင့် ကွဲကွာသွားသည့် အမျိုးသမီးတွင် ရက်ပေါင်း(၂၈၀)အတွင်း ကိုယ်ဝန်ဆောင်လာခဲ့ပါက အတူမနေရုံမျှနှင့် အခြားသူနှင့်အတူနေသည်ဟု ပြောဆို၍မရ၊ မူလအမျိုးသားနှင့်သာသက်ဆိုင်သည်ဟုလည်း သက်သေခံ ဥပဒေကလည်း ပြောဆိုထားသည်ကိုလည်း ထိုသူတို့ နားလည်ထားသင့်ပေသည်။ ၎င်းတို့၏ဥပဒေဘောင်အပြင်ဘက်မှ စကားများသည် လက်ရှိကျင့်သုံးနေသောဥပဒေနှင့် ကွာခြားချက်တွေရှိလှပါသည်၊ ထိုသို့သော အများပြောစကားများကို မြန်မာအမျိုးသမီးလေးများက မျက်လုံးစုံမှိတ်ယုံကြည်ကာ…living togetherတဲ့လေ..။

အမှန်ဆိုတော့..ထိုအကြောင်းအရာတွေဟာ မြန်မာဓလေ့ထုံးတမ်းဥပဒေမှာ သတ်မှတ်ပြဌာန်းထားခဲ့တာမဟုတ်ပါဘူး၊ အမှန်တကယ် ထိုသူတို့ရဲ့ယူဆချက်အတိုင်းဆိုလျှင်ပင်…နောက်ကွယ်မှာ ကာလစည်းကမ်းသတ်ဆိုသည့်ဥပဒေကလည်း ထပ်မံ၍ ကပ်ငြိပါလာနိုင်ပါသေးတယ်၊ တရားဝင်ထိမ်းမြားမှုမရှိခြင်း၊ တရားဝင်ထိမ်းမြားခဲ့သည်ဟု လှည့်ဖြားယုံကြည်စေခြင်း၊ ထိုသို့ ယုံကြည်စေသဖြင့် ကာမစက်ယှက်ခွင့်ပြုခြင်း၊ ကာမစက်ယှက်ခြင်းတွေဟာ… ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၉၃အရ ထောင်ဒဏ် (၁၀)နှစ်အထိ ကျခံစေနိုင်ပါတယ်။ ဥပဒေဆိုတာ ကျွန်ုပ်တို့အတွက် တစ်ခုတည်းမဟုတ်သလို..ယူဆချက်သည်လည်း တစ်ခုတည်းမဟုတ်ပါဘူး၊ ဥပဒေအရ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၊ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ၊ အထူးဥပဒေ၊ တရားမကျင့်ထုံးဥပဒေ စသည့်ဥပဒေပေါင်းမြောက်မြားစွာနှင့်တကွ…စီရင်ထုံးကိုးကားချက်တွေကလည်း ခေတ်နှင့်အညီ ပြောင်းလဲပြင်ဆင်အတည်ပြုခဲ့တဲ့ အကြောင်းအရာတွေပါပဲ၊ ထိုသို့ မြောက်မြားစွာသောဥပဒေတွေကို မြန်မာအမျိုးသမီးတိုင်း နားမလည်နိုင်ပေမယ့်…ဖတ်ရှုနားလည်ဗဟုသုတများစွာ ရယူပြီး မိမိတို့၏ ကာကွယ်ခုခံပိုင်ခွင့်တွေနဲ့အတူ မိမိတို့ဘက်မှလည်း အသိတရား၊ ဆင်ခြင်တုံတရားများဖြင့် ဘ၀ကို ရိုးသားစွာဖြင့် ခရီးဆက်နိုင်ကြပါစေလို့ ရေးသားတင်ပြလိုက်ရပါတယ်…..။


 Myanmar Express 

ဖို နှင့် မ ကိစ္စ။ Sex & Living Together ကိစ္စ။ Singapore ကိစ္စနောက်ဆက်တွဲများ။


From : SMT
အလွန်ပင်ယဉ်ကျေးသိမ့်မွေ့ ပြီး အနေအထိုင်အပြောအဆို၊ အပြုအမူတို့ များတွင်ကျက်သရေနှင့်မင်္ဂလာ ရှိသောကြောင့် မိန်းမတို့ ကုနြေ္ဒရွှေပေးလို့မရဆိုပါသည်။
အရှက်သိက္ခာ နှင့်နာမည်ဂုဏ်သတင်းတို့ တွင်အသက်ထက်တန်ဖိုးထားမြတ်နိုးကြသည်။
ယခု၂၁ ရာသစ်တွင် မိဘများသည် သူတို့၏စီးပွားရေးနှင့် ၀မ်းရေး နှင့် မိသားစု စားဝတ်နေရေးပြေလည်စေရန်အတွက် ဖခင် နှင့်မိခင်တို့သည် နေ့စဉ်လိုလို ကြိုးစားရုန်းကန်ပြီး ၀င်ငွေရှာဖွေနေကြသည်။ထို့သို့ မိဘများသည် သားသမီးများ ပညာရေး နှင့် စားဝတ်နေရေးတို့ အတွက် နေ့စဉ်ရုန်းကန်ရှာဖွေနေရသော်ငြားလည်း သားသမီးများသည် အချိန်တန်လျှင် သူငယ်ချင်းများနှင့်အပြင်ထွက်လည်ပတ်၊အများနည်းသူ Shopping တွေထွက်ကြ၊အသစ်အဆန်းများတွေ့ လျှင် ၀ယ်ကြ၊ချစ်သူများနှင့်တွေ့ လျှင် သုံးဖြုန်းကြ၊အသောက်စားတတ်သူများကလည်း အသောက်စားများနှင့် ကလပ်များတက်ကြ။ ကျုကဲ့သိုပြုလုပ်နေကြသော သားသမီးများကြောင့်မိဘများသည် သားသမီးများအတွက် ပူပန်ရသည်က တမျိုး၊စီးပွားရှာရသည်က တမျိုးနှင့် ပူပန်နေရရှာသည်။သားသမီးများကတော့ သူတို့ မိဘ၏ရင်တွင်းအပူမီးများကို နားလည်လိမ့်မည်မဟုတ်ပေ။ထိုသို့ဖြစ်ရပ်များကြားထဲတွင် အဆိုးဆုံးကိစ္စတရပ်ကတော့ မိန်းကလေးများ Living Together အတူတူနေထိုင်ပေါင်းသင်းနေကြခြင်းပါပဲ။လက်ထပ်ထားခြင်းမဟုတ်သော်ငြားလည်း အိမ်ထောင်သည်များကဲ့သို ပြုမူနေကြခြင်းကို အဓိကဆိုလိုပါသည်။
ယနေ့ခေတ်ကြီးတွင် ယောင်္ကျားလေးနှင့်မိန်းကလေးတူတူနေထိုင်သောအခါတွင် ကိုယ်ဝန်မရရှိစေရန် ဆေးအမျိုးမျိုး နှင့် ထိုးဆေးများလည်း နိုင်ငံတကာမှထုတ်လုပ်ထားတာတွေရှိပါသည်.။သို့သော် ထိုဆေးများသုံးစွဲ၇ခြင်း၏ ဆေးအာနိသင်နှင့်မိမိ ကျန်းမာရေးအတွက်ဘာဖြစ်လာမည်ဆိုသည့် ဆိုးကျိုးများကို နားလည်မှုမရှိပဲ သုံးစွဲမှီဝဲနေကြခြင်းပင်ဖြစ်ပါသည်။မိမိတို့ လူမှူပတ်ဝန်းကျင်းတွင် မိတ်ဆွေများလည်းတွေ့ ဖူးမှာပါ ရည်းစားရှိလျှက် AIDS ဖြစ်ခြင်း၊ကိုယ်ဝန်ရရှိခြင်း၊အရှက်ကြောင့်မိမိကိုယ်ကိုသတ်သေခြင်း။ကိုယ်ဝန်သားဆေးများ စား/ထိုးသည့်ကြားမှ ကိုယ်ဝန်ထွက်လာခြင်း။တကိုယ်လုံးတွင် အနူကဲ့သို့ ဖြစ်ပေါ်လာပြီး အဖုများထွက်လာခြင်း။တကိုယ်လုံးဖောယောင်ခြင်း။ဖိုမ ဆက်ဆံရမှ ကူးစက်လာသော သုတ်ရည်ကြောင့် ဆိုးကျိုးများရရှိခြင်း နှင့် အခြားအခြားသောရောဂါနှင့်ဖြစ်စဉ်ပေါင်းစုံ များသည် Living toghter နေထိုင်ခြင်းကြောင်နှင့် ဆေးများမှီဝဲ၊ဆေးထိုးခြင်းကြောင့်ဖြစ်ပါသည်။
ယနေ့ခေတ်တွင် နိုင်ငံတိုင်း နေရာတိုင်းတွင် လွပ်လပ်စွာပျော်ပါးခွင့်နေရာများ
အမြောက်အများရှိပါသောကြောင့် ချစ်သူအတွဲများသည် လွယ်လင့်တကူပင် အိမ်ထောင်လင်မယားများကဲ့သို တူတူအိပ် နေထိုင်လျှက်ရှိကြပါသည်။ထို့အပြင် မီဒီယာလောကာမှာလည်း Porn ဟုခေါ်သော အပြာရုပ်ရှင်များနှင့် အင်တာနက် sexual websites မှာသည် ထောင်သောင်းများစွာပေါ်ပေါက်နေသောကြောင့် လူငယ်များကျုစိတ်ဓာတ်ကိုနှိုးဆွမှု ဖြစ်စေသဖြင့် လူငယ် ဖိုနှင့်မ များသည် လက်တွေ့ စမ်းသပ်ချင်စိတ်များတဖွားဖွားဖြစ်နေကြသည်မှာ မုချမလွဲပါ။လူပျိုအပျိုများကလည်း စိတ်ဆန္ဒကိုအကောင်ထည်ဖော်လိုကြသလို ၊ အိမ်ထောင်ရှင်များကလည်း မိမိ ဇနီသည်/ခင်ပွန်းနှင့်ဝေးကွာသောအခါတွင် စိတ်၏သွေးသားတောင်းတမှုကြောင့် အိမ်ထောင်မှုဖောက်ပြန်ကြတာလည်း အတော်ပင်များပါသည်။ထိုကဲ့ သို့ကိစ္စများသည် ပြည်တွင်း နှင့် ပြည်ပ တို့တွင် တူညီစွာဖြစ်ပေါ်လျှက်ရှိပါသည်။ နိုင်ငံခြားရုပ်ရှင်များ နှင့်ဇတ်လမ်းတွဲများကလည်း လူငယ်များ၏ စိတ်ဓာတ်များကို နေ့စဉ်ဖျက်ဆီးလျှက်ရှိသော်ငြားလည်း ပိတ်ပင်တားဆီးမှုမရှိ/တားဆီးမှုမပြုလုပ်သောနိုင်ငံများတွင်လည်း လွတ်လပ်စွာ ထိုအခွေများနှင့်ဇတ်လမ်းတွဲများကို လွပ်လပ်စွာဝယ်ယူကြည့်ရှုနေကြပါပြီ။(မြန်မာနိုင်ငံမှာဆိုလျှင်လည် လမ်းဘေးတိုင်း ၀ယ်ယူနိုင်ကြသည်ကိုတွေ့ ရှိရပါမည်။)
ထို့ အပြင် နိုင်ငံခြားတိုင်းပြည်များရောက်နေသော မြန်မာပြည်သူ ပြည်သားများ၏ လိင်မှု ဆိုင်ရာနှင့် Living Together ကိစ္စကို ဆက်လက်တင်ပြပေးပါမည်။
ယခု ၂၀၁၂ အထိပညာရှင်များ၏ပြောကြားချက်အရ ပြည်ပရောက်နေသူများသည် လိင်မှုဆိုင်ရာနှင့် Living Together ကိစ္စတွင် ပိုမို စိတ်အားထက်သက်စွာဖြင့် ရာခိုင်းနှုန်းသည် ယခင်နှစ်တွေများထက်ပိုမိုလွန်ကဲစွာများပြားလာသည်ကို ထောက်ပြဖော်ပြပြောကြားထားကြပါသည်။
ဥပမာ နိုင်ငံခြားတွင်ပညာသင်နေကြသော ကျောင်းသား၊ကျောင်းသူများ နှင့် အလုပ်လုပ်ကိုင်နေထိုင်ကြသူများသည် သူတို့ အားလပ်ချိန်များတွင် ဆန့်ကျင်ဖက်လိင်ကိုသာ ဦးစားပေးစဉ်းစားပြီးအချိန်ကုန်ဆုံးစေလျှက်ရှိကြပါသည်။ ထိုစိတ်များကို နှုတ်ဖြင့် ဟုတ်ပါသလားမေးကြည့်လျှင် လူတိုင်းဝန်ခံမည့် မေးခွန်းမျိုးမဟုတ်ပါ။အမြင်နှင့် အကဲခေတ်လျှင်လုံးဝအသိသာ ဖြစ်နိုင်ပါသည်။
ဥပမာတခုကိုကြည့်ပါ... မိသားစု တစ်စု သို့ မဟုတ် သူငယ်ချင်းတစ်စုတွင် ,, ' အေးလှိုင် နင်ဒီနေ့ ငါတို့ နဲ့  ဘုန်းကြီးကျောင်းလိုက်ခဲ့ပါလား ' ဟုခေါ်လျှင် တုန့် ပြန်မည်စကားသည်.....' ဆော၇ီးပါ .ငါဒီနေ့ ငါ့ချစ်သူနဲ့ချိန်ထားတာရှိလို့ သိုမဟုတ် အခြား Reason ရှင်းလင်းချက်ဖြင့် "ငါဒီနေ့ အရေးတကြီးကိစ္စရှိလို့ " စသည့်ပြောပြီး ငြင်းဆိုလိမ့်မည်ကို တွေ့ ရပါမည်။ကျုအချက်တခုသည် သာဓက တချက်ဖြစ်သည်။
ပြည်ပရောက်မြန်မာ လူမျိုးများ၏ Living Together ကိစ္စွနှင့်အိမ်ထောင်ရေးဖောက်ပြန်မှုများ
စင်ကာပူနိုင်ငံအကြောင်း
စင်ကာပူနိုင်ငံတွင် မြန်မာလူမျိုးအများစုသည် လူမှုကျင့်ဝတ်များကို ဖောက်ဖျက်နေထိုင်လျှင်ရှိကြပါသည်။အလားတူစွာပင် အဝေးေ၇ာက်မြန်မာအချင်းအချင်း ခေါင်းပုံ ဖြတ်အမြတ်ကြီးထုတ်။ ရန်လို။ပြိုင်ဆိုင် ၊မနာလိုမှု၊ ဂုန်းလျှော ဂုန်းတိုက်မှုများ၊ ရာထူးအရှိန်ဝါကြောင့် မြန်မာလူမျိုးအချင်းချင်း မတူမတန်စွာဆက်ဆံနေကြခြင်း၊ပညာအရည်ချင်း မိမိထက် နိမ့်သည်ကို နှိမ့်ချပြီး မိမိထက်မြင့်သည့်သူကို ကပ်ဖား နေခြင်း။ အိမ်ထောင်ရေးဖောက်ပြန်ကြခြင်း၊ ရည်းစား အများပြားထားပြီး ပြသနာများရှုပ်နေကြခြင်းနှင့် Living Together ကိစ္စကြောင့် နောက်ဆက်တွဲပြသနာ၊ လိင်မှုကိစ္စ ကြောင့် မိသားစုသားသမီးများကိုလမ်းခွဲ၇ခြင်းများသည် စင်ကာပူရောက်ရွှေမြန်မာများတွင် အများဆုံး နေ့စဉ်တကွဖြစ်ပေါ်နေသော အရာကိစ္စများဖြစ်ပါသည်။
ထိုကိစ္စများထဲမှာ အိမ်ထောင်ရေးဖောက်ပြန်မှုနှင့် Living Together ကိစ္စများကို အဓိကဖော်ပြပေးပါမည်။
စင်ကာပူသို့ မြန်မာလူမျိုးအများစုသည် နေ့စဉ်ဆိုသလို ရောက်ရှိလာကြပြီး ကျောင်းတက်သူများနှင့် အလုပ်ရှာဖွေသူများ။လက်ရှိအလုပ်ကိုင်နှင့်နေထိုင်သူများ။စင်ကာပူနိုင်ငံသားခံယူထားသူများဆိုပြီးအမြောက်များရှိပါသည်။
ထို့ သို့စင်ကာပူသို့ ရောက်ရှိလာသူများထဲတွင်
ကျောင်းသားကျောင်းသူများ သည် Polytechnic ကျောင်းများ။ Accounting နှင့် Business School များ။ Hotel & Tourism Management ကျောင်းတို့ကို လာရောက်တက်ကြားပညာသင်ယူကြလျှက်ရှိသည်။ထိုသူများသည် စင်ကာပူသို့ရောက်ရှိလာပြီး လပိုင်းအနည်းငယ်အတွင်းမှာ ချစ်သူများကိုယ်စိရှာကြသည်။ချစ်သူများကိုလည်းအပြိုင်အဆိုင်ထားကြသလို့ မိမိချစ်သူဟုတွဲနေသူနှင့် ကလပ်များကို အပတ်စဉ် ကြာသာပတေး နှင့် သောကြာနေ့များတွင် Night Club (student entry free of charge= just present student ID)တက်ရောက်ကြလျှက်ရှိကြပြီး ကလပ်မှမူးပြီးပြန်
လာကြလျှင် Living Together နေထိုင်ကြခြင်း ။အဖွဲ့ လိုက် မိမိတို့ အိပ်ခန်းတွင် Living Together နေထိုင်ကြခြင်းများဖြင့်ပျော်ပါးတတ်ကြပါသည်။ နောက်ဆက်တွဲဇတ်လမ်းများကတော့ ကိုယ်ဝန် နှင့် မြန်မာပြည်သို့ပြန်သွားရခြင်း ၊ အချို့ မှာ ဆေးရုံဆေးခန်းများသို့ သွားရောက်ဖျက်ချရခြင်း နှင့်မိမိကိုယ်ကို သတ်သေကြခြင်းကြောင့် မြန်မာမိန်းကလေးများသတင်းသည် ဆေးရုံဆေးခန်းနယ်ပယ်လောကတွင် အလွန်ပင် နာမည်ကျော်ကြားလျှက်ရှိပါသည်။(မယုံကြည်သူများ သွားရောက်စုံးစမ်းကြည့်ခြင်းဖြင့် သက်သေထူနိုင်ပါလိမ့်မည်။စင်ကာပူနိုင်ငံသည် ငွေပေးတိုင်း စာရင်းဖျောက်မရသောကြောင့်မြန်မာနာမည်နှင့် IC/NIRC/FIN မှတ်ပုံတင်နံပါတ်များ ဆေးရုံဆေးခန်းများစာရင်းနှင့် Computer System Record ထဲတွင်မုချရှိနေပါသည်)။ကျောင်းသားကျောင်းသူများသည်လည်း ချစ်သူအတွဲများဖြင့် Living together တခန်းတည်းတွင် ဌားရမ်းနေထိုင်ကြသည် ကို မြန်မာ မိသားစုများကလည်း ငွေရလျှင် လက်ခံ ပြီး အခန်းဌားရမ်းထားကြပါသည်။
အလုပ်သမားများနှင့်ချစ်သူများ
စင်ကာပူတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာလူမျိုးများသည် ထိုသူတို့အလုပ်ပိတ်ရက်များတွင် ဆန့်ကျင်ဖက်လိင်များဖြင့် တူတူ နေထိုင်လျှက်ရှိကြပါသည်။အိမ်ထောင်ရှိသော သူများကလည်း မိမိအိမ်ထောင်ဖက်ဝေးကွာနေသောကြောင့် အပျော်သဘောနှင့် ဟု အစတွင် တွဲလျှက် တူတူနေထိုင်ခဲ့ကြသောလည်း အချိန်ကာလကြာမြင့်လာသည့်အခါ မြန်မာနိုင်ငံတွင် ကျန်ရစ်နေခဲ့သော မိသားစုနှင့် ကလေးကိုပင် စိတ်ထဲတွင် အေ၇းမပါတော့ပေ။လစဉ်လည်း မိသားစုအတွက်ငွေမလွှဲနိုင် ပစ္စည်းများမပို့နိုင်တော့ပေ။ လူပျို အပျို လူလွတ်များကလည်း မိဘများကို အစဉ်အမြဲထောက်နေကြသော်လည်း ထိုသူတို့အတွက် အတွဲအဖော်များရရှိလာသောအခါ မိဘများကို လစဉ်ငွေလွှဲပို့ခြင်းထောက်ပံ့ခြင်းများမပြုနိုင်တော့ သဖြင့် မိမိ ကို ကျွေးမွေးခဲ့ပြီး သားသမီးနိုင်ငံခြားရောက်ရန် ပေါင်ရန်း ရောင်းချပေးလိုက်ရသည့် ထိုမိဘများဘ၀မှ အလွန်ပင်သနားဖို့ကောင်းလှပါသည်။အမျိုးသားများကလည်းအပျော်သဘော နှင့် ဆိုသလိုအချောင်ရလျှင်ရသလို အပျော် ရမ္မက်အတွက် ဖန်တီးရှာဖွေကြသလို မိန်းကလေးများကလည်း မိမိတို့
စင်ကာပူနိုင်ငံတွင် ငွေလည်ပတ်ချောင်လည်ရေးအတွက်နှင့် PR ( Parmenant Resident) အမြဲတမ်းနေထိုင်ခွင့်ရှိသည့်သူများ မည့်သည် အိမ်ထောင်ရှိသည်ဖြစ်စေ လူလွတ်ဖြစ်စေ မိမိအတွက်အခွင့်အလန်းများရှိလျှင် လက်ခံ တွဲဖက်နေထိုင် တတ်ကြသည်။ထိုကဲ့သို့  နှစ်ဦးနှစ်ဖက် Living Together နေထိုင်ကြသောကြောင့် ထိုသူများနှင့် ပတ်သတ်ဆက်နွယ်နေသော မြန်မာပြည်တွင် ကျန်ရှိခဲ့သော မိသားစုနှင့်ကလေးများ ပညာရေး/စားဝတ်နေရေးနှင့် မိဘနှစ်ပါးများအတွက် လစဉ်ငွေလွှဲ ငွေထောက်ပံ့ပေးခြင်း မပြုလုပ်နိုင်တော့ပဲ စင်ကာပူနိုင်ငံမှာ ဆန့်ကျင်ဖက်လိင် အမျိုးသမီး အမျိုးသားများပျော်မြူးပျော်ရွှင်စွာ

နေထိုင်လျှက်ရှိကြသည်။မိမိ သည်သူတပါးထံမှအချောင်လိုချင်သဖြင့် မိမိဘ၀ကိုရင်းခြင်းမပြုလုပ်ကြပဲ မိမိတကယ်မေတ္တာစစ်ရှိသော ဘ၀ကြင်ယာဖော်တွေ့ ရှိပြီး ဆင်းရဲချမ်းသာ အေးအတူပူအမျှနေထိုင်ခြင်းသည်
မိမိ၏စိတ်အားတကယ့်ပျော်ရွှင်ချမ်းမြေ့သာယာမှုအနှစ်သာယာအစစ်ကိုရရှိပါလိမ့်မည်။မည့်သည်အရာမှ သူတပါးထံမှာ မည်သည့်နည်းနှင့်မျှ သွေးဆောင်ဖြားယောင်း ပေးဆပ် ယူဆောင်ခြင်းမပြုသင့်ဟု ဗုဒ္ဒ၏တရားတော်အဆိုအမိန့်များတွင်ပါရှိသလို အခြားသော ဘာသာတို့၏ ကျမ်းခံ များတွင်လည်းပါရှိပါလိမ့်မည်။
ထို့ အပြင် ယနေ့ခေတ်သည် အွန်လိုင်းသည်လည်းအင်မတန် တိုးတက် နေသောကြောင့် Facebook။Twitter နှင့် Gtalk ၊ VZO ။ Skype နှင့် Pfingo တို့ ကို အသုံးပြုကာ Online Chatting များဖြင့် ဆန့်ကျင်ဘက် ဖိုနှင့်မ များကို အွန်လိုင်းမှ ရှာဖွေပြီး
ချစ်သူများပြုလုပ်ကာ အပြင်မှာချိန်းကြ ပြီး ရက်အနည်းငယ်ကြာသောအခါ Living Together များပြုလုပ်သောလုပ်ရပ်များသည် စင်ကာပူရှိ မြန်မာများ အတွက် ပေါ်ပြူလာ Popular and Famous ဖြစ်လာပြီးနာမည်ကျော်ကြားနေပါသည်။ ရည်းစားလက်ရှိ ရှိနေကြသောသူများကလည်း နောက်ထပ်ချစ်သူများကို အွန်လိုင်း ချက်တင် (Online Chatting ) မှတစ်ဆင့် ထပ်မှာရှာဖွေကြသည်။ နောက်ထပ်တွေ့ သောသူသည် အပြောလည်းကောင်းပြီး ရာထူး နှင့်ငွေပိုရှိ ဂုဏ်ပိုရှိလျှင် ပထမ ချစ်သူကိုခွာပြီးနောက်တစ်ယောက်ထံသို့လိုက်သွားလေ့ရှိသည်မှာလည်း အစဉ်အလာတခုကဲ့သို့ဖြစ်ပါသည်။ လေလှိုင်းတွင် ပြောချင်ရာပြောပြီး ယုံချင်ရာယုံသူများ သာဓက တခုပြောရလျှင် ကျွန်ုပ်နှင့်အွန်လိုင်းတွင်သိရှိသော အမကြီးတယောက်သည် ၈ နှစ်တိတိ ချစ်သူဖြစ်ခဲ့သော်ငြားလည်း မိမိချစ်သူတွင် ကလေး ၂ ယောက်ရှိသည်ကိုပင်မသိရှိခဲ့ပေ။ထိုမျှပိရိစွာလိမ်လည်တက်သောသူ အားနိုင်ငံခြားသွားရန် အတွက်ငွေများလည်းထောက်ပံ့ဖူးသည်ဟု သိရှိခဲ့ရပါသည်။ ထို့ ကြောင့် မိတ်ဆွေများအနေဖြင့် မိမိသည် Internet အသုံးပြုပြီး ချစ်သူရှာဖွေလျှင် ဒုက္ခအကြီးအကျယ်ရောက်မည်ကို သဘောပေါက်လက်မခံသေးပါက မိမိကိုယ်တိုင်စမ်းကြည့်ပါ။ ထို့သို့ စမ်းကြည့်လျှင့် တနေ့အဖြေမှန်ပေါ်ပေါက်ပြီးနောင်တရခဲ့လျှင် ကျွန်ုပ်ဖော်ပြသော ဘလော့ပို့စ် ကို သတိပြန်ရကြည့်ပါ။
ထို့ကြောင့် Online သည် လူလိမ်လူညာများ လျှာရိုးမရှိသကဲ့သို့ မိမိအားဘ၀ဖျက်ဆီးရန် အတွက် လာရောက်ကြသော ဆန့်ကျင့်ဘက်လိင်များ ဖိုနှင့်မ များဟု မိမိစိတ်ထဲတွင်နားလည်သဘောပေါက်ထားသင့်ပါသည်။မိမိသည် မိမိအ၇မ်းအယုံလွယ်ပါက သူငယ်ချင်းများမိတ်မဖွဲ့ပါနှင့်။သို့မဟုတ်ပါက မိကောင်းဖခင်သားသမီးမဟုတ် သူများနှင့် လျှာရိုးမရှိသော သူများနှင့် တဏှာရမ္မက်မုဆိုးများ၏ ပြောဆိုကောင်းမှုအောက်တွင့် မေ့မျောသွားပါလိမ့်မည်။ ထိုသို့မေ့မျောသွားပါက ပြင်ပတွင် တွေ့ ရှိသောအခါမိမိဘ၀သည် ရေတိမ်နစ်မည်ကိုသာ စဉ်းစားကြပေါတော့.။
လူသားအားလုံး မိမိ၏အပြုအမူအနေအထိုင် အကျင့်စရိုက်များသည် မိမိတစ်ဦးထဲတင်သာမက မိမိအားမွေးထုတ်ခဲ့သော မိဘနှစ်ပါးနှင့်ဆွေးမျိုးအသိုင်းအ၀ိုင်းကိုပါ ထိခိုက်နိုင် အထင်သေးခံနိုင်ရပါသောကြောင့် အရာရာတိုင်းတိုင် ကိုယ်၊နှုတ်၊စိတ် ထိုသုံးပါးအား အစဉ်အမြဲ သတိဖြင့် မိမိ
ဦးနှောက်ဖြင့်ထိန်းချုပ်တွေးတော လုပ်ဆောင်ရင်းဖြင့်အနာဂတ်ဘ၀လမ်းခရီးတွင် ပျော်ရွှင်ချောမွေ့ ဖြောင့်ဖြူးစွာဖြင့် ဘ၀၏ကြင်ယာဖက်အစစ်မှန်များလည်းတွေ့ ရှိနိုင်ကြပါစေလို့ဆုတောင်းရင်း ဖြင့်...............
Myanmar Express

အမတ်လောင်းတွေနဲ့ နိုင်ငံရေးပါတီတွေ ဖြေရမယ့် မေးခွန်းများ

၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးတွေကို စက်တင်ဘာလ ၈ ရက်က စတင်ပြီး တရားဝင် ခွင့်ပြုလိုက်ပြီဖြစ်တာကြောင့် မြို့အသီးသီးမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ ပါတီတွေ စတင် မဲဆွယ် စည်းရုံးနေကြ ပြီဖြစ်ပါတယ်။
ပါတီအသီးသီးနဲ့ ကိုယ်စားလှယ်တွေဟာ ပြည်သူအတွက် နိုင်ငံအတွက် ဘယ်လိုဆောင်ရွက်ပေးမယ်ဆိုပြီး ကတိ အမျိုးမျိုးနဲ့ မဲဆွယ် စည်းရုံးနေကြပြီဖြစ်ပါတယ်။ လာမယ့် အထွေထွေရွေးကောက်ပွဲဟာ နိုင်ငံကိုအုပ်ချုပ်မယ့် သမ္မတကို ရွေးချယ်ပေးပြီး နိုင်ငံကို အုပ်ချုပ်ရမယ့် ဥပဒေတွေနဲ့ တရားစီရင်ရမယ့် ဥပဒေတွေကို ပြဌာန်းပေးမယ့် ဥပဒေပြု အမတ်တွေကို ရွေးချယ်ရမယ့် ရွေးကောက်ပွဲဖြစ်ပါတယ်။ ရွေးလိုက်တဲ့အမတ်တွေကို မကြိုက်ရင် ပြန်ဖြုတ်နိုင်မယ့် ဥပဒေလည်း မရှိသေးတဲ့အတွက် အမတ်အဖြစ်အရွေးခံလိုက်ရပြီဆိုတာနဲ့ ဘယ်လောက်ဖျင်းဖျင်း၊ ဘယ်လောက်ပျင်းပျင်း၊ ဘယ်လောက် အကျင့်စာရိတ္တဘယ်လောက်ပျက်စီးနေနေ ငါးနှစ်တာကာလပတ်လုံး လွှတ်တော်ထဲ ဝင်ထိုင်ခွင့်ရှိတော့မှာပါ။ ဒါကြောင့်မို့ မိမိတို့မြို့နယ်၊ မိမိတို့ ပြည်နယ်၊တိုင်း ၊ နိုင်ငံအတွက် ရွေးကောက်ပွဲဟာ အရေးကြီးလှပါတယ်။
ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေ၊ ပါတီကိုယ်စားပြုယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တွေဟာ ကိုယ်ဘယ်လောက်တော်ကြောင်း၊ ဘယ်လောက်တတ်ကြောင်း၊ ပြည်သူ အပေါ်မှာ ဘယ်လောက်စေတနာထားကြောင်း ၊ မိမိတို့ကို ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခဲ့ရင် မဲဆန္ဒရှင်များအတွက် ပညာရေး၊ စီးပွားရေးတွေ တိုးတက်အောင်ဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ မိမိတို့ပါတီဟာ မြန်မာနိုင်ငံအတွက် အပြောင်းအလဲတွေကို ဘယ်လို ဖော်ဆောင်ပေးမှာဖြစ်ကြောင်း မစားရဝခမန်း ကတိတွေပေးပြီး စည်းရုံးနေကြပြီဖြစ်တဲ့ အတွက် မဲဆန္ဒရှင်များအနေနဲ့ အရွေးမမှားစေဖို့အတွက် ကိုယ်စားလှယ်လောင်းကိုယ်စားပြုတဲ့ပါတီရဲ့ သမိုင်းကြောင်း၊ ကိုယ်စားလှယ်လောင်းရဲ့ သမိုင်းကြောင်းကို သေသေချာချာလေ့လာ သုံးသပ်ပြီးမှာသာ မိမိတို့ရဲ့ အသဲကြားက မဲတပြား ကို ပေးသင့်ပါတယ်။
နိုင်ငံရေးပါတီတွေနဲ့ ပတ်သက်လို့ အဲဒီပါတီတွေဟာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲဝင်ခဲ့တဲ့ ပါတီတွေဆိုရင် ပထမဆုံးအနေနဲ့ အဲဒီရွေးကောက်ပွဲတွေ ဝင်စဉ်အချိန်က ပေးခဲ့တဲ့ကတိတွေကို ဘယ်လောက် အကောင်အထည်ဖော်နိုင်ခဲ့သလဲ လေ့လာသုံးသပ်သင့်ပါတယ်။ အရင်ရွေးကောက်ပွဲမှာ ပေးခဲ့တဲ့ကတိတွေထဲက တစ်ခုမှ အကောင်အထည် မဖော်နိုင်ခဲ့တဲ့ ပါတီကတော့ အခုပေးတဲ့ ရွေးကောက်ပွဲကတိတွေကိုလဲ အကောင်အထည် ဖော်နိုင်စရာ အကြောင်းမရှိပါဘူး။
ဒုတိယအနေနဲ့ကတော့ ပြည်ထောင်စုမပြိုကွဲရေးပါ။ NLD ပါတီအနေနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက် ရေးဆောင်ရွက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်မိန့်ခွန်းမှာ ထည့်သွင်းပြောကြား ထားတာတွေ့ရပါတယ်။ အဲဒီ မှာ စစ်မှန်တဲ့ဖက်ဒရယ်ဆိုတာ ဘာလဲလို့ မေးစရာရှိပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုပုံစံကို ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပုံစံမျိုးစုံနဲ့ကျင့်သုံးနေကြပေမယ့် ဘယ်နိုင်ငံကမှတော့ ရှေ့မှာ စစ်မှန်တဲ့ ဆိုတဲ့ နာမဝိသေသနပါတာမတွေ့ရပါဘူး။ ပြည်နယ်အလိုက် ကိုယ်ပိုင် လက်နက် ကိုင် တပ်ဖွဲ့ ထားရှိခွင့်၊ ခွဲထွက် လိုက ခွဲထွက်ခွင့်ပေးထားတဲ့ ဖက်ဒရယ်ကို စစ်မှန်တဲ့ဖက်ဒရယ်လို့ ဆိုလိုတာလား။ ဒါမှမဟုတ် လက်ရှိဖွဲ့စည်းပုံအရ ပြည်နယ်၊ တိုင်းဒေသလိုက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ဥပဒေပြဌာန်းခွင့်၊ တရားစီရင်ခွင့်ပေးထားတာကို လုပ်ပိုင်ခွင့်ပိုမို ချဲ့ထွင်ပေးမှာကို ဆိုလိုတာလား ရှင်းလင်း ဖို့ လိုပါတယ်။
တတိယအချက်ကတော့ အမျိုးသားအကျိုးစီးပွားနဲ့ လူ့အခွင့်အရေး ယှဉ်လာ ရင် ဘာကို ဦးစားပေးမယ့်ပါတီပါလဲ။ အခုအချိန်မှာ ပါတီတိုင်းလိုလိုက ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတွေနဲ့ မဲဆွယ်လာကြတဲ့အတွက် အမျိုးသားအကျိုး စီးပွားနဲ့ လူ့အခွင့်အရေးယှဉ်လာမယ်ဆိုရင် ဘာကို ဦးစားပေးမှာလဲ သေချာအောင် မေးသင့်ပါတယ်။ ဥပမာ လူ့အခွင့် အရေးဖက်က ကြည့်မယ်ဆိုရင် ၁၉၈၂ နိုင်ငံသားဥပဒေ၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေ စတဲ့ ဥပဒေ များဟာ လူ့အခွင့်ရေးချိုးဖောက်ရာ ကျကောင်းကျနိုင်ပေမယ့် အမျိုးသားအကျိုးစီးပွားအတွက် လိုအပ်တဲ့ ဥပဒေ တွေပါ။ အဲဒီလို ဥပဒေမျိုးတွေကို ဖျက်သိမ်းမယ့်ပါတီလား၊ ကာကွယ် ထိန်းသိမ်းမယ့်ပါတီလား တိတိကျကျ ရှင်းရှင်း လင်းလင်း သိဖို့လိုပါတယ်။
လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ပတ်သက်ပြီးတော့ လက်ရှိ ကိုယ်စားလှယ်ဆိုရင် ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်း အတွင်း လွှတ်တော်မှာ မေးခဲ့တဲ့မေးခွန်း တင်သွင်းခဲ့တဲ့အဆို၊ ဘယ်နှစ်ခုရှိခဲ့သလဲ ၊ မဲဆန္ဒနယ် အတွက် ဘာတွေ လုပ်ခဲ့သလဲ မေးရပါမယ်။ မေးခွန်းတွေ၊ အဆိုတွေလဲ ဟုတ်တိပတ်တိ မတင်၊ မဲဆန္ဒနယ်ကိစ္စလဲ ဘာတစ်ခုမှ ဖြစ်မြောက်အောင် ဆောင်ရွက်မပေးခဲ့ပဲ ထီးကိုင် ဖိနပ်ကိုင်အမတ်ပဲ လုပ်နေခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်ကို ပြန်ရွေးလိုက်ရင်တော့ အင်မတန်မိုက်မဲရာကျပါလိမ့်မယ်။
နောက်ပြီးတော့ ဘယ်ဥပဒေကိုတော့ ကန့်ကွက်ခဲ့သလဲ၊ ဘယ်ဥပဒေကိုတော့ ထောက်ခံခဲ့သလဲ ၊ ဘာကြောင့် ထောက်ခံ၊ ဘာကြောင့်ကန့်ကွက်ခဲ့ရ သလဲ ဆိုတာမေးမြန်းပါ။ အမတ်ဟောင်းမဟုတ်ပဲ လူသစ်ဆိုရင်လဲ မျိုးစောင့်ဥပဒေ လို့ လူသိများတဲ့ ဥပဒေ လေးမျိုးနဲ့ ၁၉၈၂ ဥပဒေကို ထောက်ခံလား၊ ကန့်ကွက်လား မေးပါ။ ဒါမှသာ အမျိုးဘာသာ သာသနာကို ကာကွယ် စောင့်ရှောက်မယ့် အမတ်လောင်းလား၊ အမျိုး ဘာသာ သာသနာထက် အနောက်တိုင်းဒီမိုက ရေစီကို ပိုအလေးထားတဲ့အမတ်လောင်းလား သိနိုင်မှာပါ။
အမတ်လောင်းများအနေနဲ့ သူတို့ကိုယ်စားပြုမယ့် မဲဆန္ဒနယ်အတွင်းမှာ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး ဘာတွေသိထားသလဲ၊ ဘယ်လိုမြင်နေသလဲ၊ ဘာလုပ်ပေးနိုင်မလဲ သေချာ မေးမြန်းပါ။ ကိုယ့်မဲဆန္ဒနယ်ရဲ့ လူမှုရေး၊ စီးပွားရေးအခြေအနေမပြောနဲ့ လူဦးရေ ဘယ်လောက်ရှိမှန်းတောင် မသိတဲ့လူမျိုး လွှတ်တော်ထဲ ရောက်သွား ရင်တော့ အဲဒီ မဲဆန္ဒနယ်အနေနဲ့ ငါးနှစ်လုံးလုံးခံပေတော့လို့ပဲ ဆိုချင်ပါတယ်။
ဒါကြောင့်မို့ အခုလို မဲဆွယ်စည်းရုံးရေးကာလမှာ မဲဆန္ဒရှင်ပြည်သူများအနေနဲ့ ပါတီတွေကို ကြည့်မယ်ဆိုရင် -
(၁) အသံ သာရှိပြီး အဆန်မရှိတဲ့ သင်္ကြန်အမြောက်ပါတီလား၊ 
(၂) ပြည်ထောင်စုမပြိုကွဲရေးထက် မိမိအာဏာရရေးကို ပိုအလေး ထားတဲ့ ပါတီလား၊ 
(၃) အမျိုးသားအကျိုးစီးပွားနဲ့ လူ့အခွင့်အရေး ဘာကို ပိုအလေးထားတဲ့ ပါတီလဲ ဆိုတာ ကြည့် ပြီး ရွေးသင့်သလို
လူကို ကြည့်ရာမှာလည်း-
(၁) မဲဆန္ဒနယ်အတွက် အလုပ်လုပ်မယ့်သူလား၊ ပါတီက ခိုင်းသမျှကိုသာ လုပ်မယ့်သူလား၊
(၂) အမျိုး၊ ဘာသာ ၊ သာသနာကို ကာကွယ်စောင့်ရှောက်မယ့်သူလား၊ အလေးမထားပဲ ပစ်ပယ်မယ့်သူလား၊
(၃) အကျင့်စာရိတ္တ ကောင်းတဲ့သူလားဆိုလား
သေချာလေ့လာသုံးသပ်ရွေးချယ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
 https://www.facebook.com/MyanmarExpress

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီသို့ လူထု မေးခွန်း ၅ ချက်

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း လွှတ်တော်မှအီးမေးလ်များ ပေါက်ကြားခဲ့ရာ စိတ်ဝင်စားဖွယ်ရာစာတစ်စောင် လူမှုကွန်ယက်တွင် ပျံ့နှံ့နေခဲ့ပါသည်။ ယင်းစာမှာ ဒေါ်အောင်ဆန်းစုကြည်ထံမှ ဘင်္ဂါလီအရေးလှုပ်ရှားသူ ၀ါကာအူဒင် ဆိုသူထံ ပေးပို့စာဖြစ်သည်။ အဆိုပါစာ၏စစ်မှန်မှုကို သေချာစွာဆန်းစစ်နိုင်ခြင်းမ
ရှိသော်လည်း ဘင်္ဂါလီများအား နိုင်ငံသား ပေးရန် အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ်မှ တစ်ကြိမ်တစ်ခါတွင်ပြောကြားဖူးသဖြင့် ယင်းစာပါအချက်များသည် မှန်ကန်နေ မည်ကို များစွာစိုးရိမ်လျက်ရှိပါသည်။ ထို့ပြင် ရက်အတန်ကြာသည့်တိုင် ယင်းသို့ပေါက်ကြားခဲ့သည့်စာပါ အချက်များသည် မှန်ကန်ခြင်းမရှိဟုငြင်းဆိုမှုမရှိသဖြင့်မိမိတို့၏စိုးရိမ်ပူပန်မှုကို ပိုမိုကြီးထွားလာစေပါသည်။ သို့ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်ယင်းစာတွင်ပါရှိသည့်အချက်များနှင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက ဘင်္ဂါလီကိစ္စအပေါ်မည်သို့ မူဝါဒထား ရှိမည် အများပြည်သူသို့ရှင်းလင်းပြောကြားရန် တောင်းဆိုအပ်ပါသည်။
ဖော်ပြပါစာတွင်ပါရှိသည့် အချက်အလက်များအနက် အောက်ပါ ကွင်းအတွင်းမှဖော်ပြချက်များနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့သည်မှာ မှန်ကန်ပါက ပြောကြားရသည့်အကြောင်းရင်းနှင့် ပြောကြားခြင်းမရှိပါက ယင်းတို့နှင့်ပတ်သက်သည့် ဒေါ်အောင်ဆန်းစုကြည်၏သဘောထားတို့ကို အများပြည်သူသို့ထုတ်ပြန်ပေးပါရန် တောင်းဆို အပ်ပါသည်- 

- လူမျိုးဖြစ်စေ ကိုးကွယ်ရာဘာသာဖြစ်စေ ကွဲပြားမှုကြောင့်တစ်ဦးကိုတစ်ဦးဆိုးရွားစွာ သို့မဟုတ် မမျှတစွာ ဆက်ဆံရန် ဆင်ခြေတစ်ခုမဟုတ်ကြောင်းနှင့် ထိခိုက်ခံရနိုင်ချေအများစုရှိသည့် မိမိတို့၏ “တိုင်းရင်းသား လူနည်းစု ရိုဟင်ဂျာများကို” အကာအကွယ်ပေးရန် တရားဥပဒေစိုးမိုးရေးခိုင်မာစေရန်ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ (ရခိုင်ပြည်နယ်မြောက်ပိုင်းရှိနိုင်ငံသားစိစစ်ခြင်းမခံသူများကိုကိုင်တွယ်မည့်မူဝါဒနှင့် ၄င်းတို့၏လူမျိုး အမည်ကို မည်သို့သုံးစွဲမည်)

- ရွေးကောက်ပွဲ စည်းရုံးစဉ်တလျှောက်လုံး အန်အယ်လ်ဒီက “အားလုံးအတွက်” တန်းတူညီမျှမှု၊ သည်းညည်းခံမှုနှင့် လူအခွင့်အရေးကို မြှင့်တင်မည်ဖြစ်ကြောင်း၊ (အားလုံးဆိုသည်မှာ မည်သူများကို ဆိုလိုသည်။)

- ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီ အပြတ်အသတ်နိုင်ပါက “တိုင်းရင်းသားလူနည်းစုများအပေါ်” ခွဲခြား ဆက်ဆံမှုများကို ကိုင်တွယ်သွားမည်ဖြစ်ပြီး၊ ပါလီမန်သည် “ဗမာနိုင်ငံ၏ ပြည်သူလူထု အထူးသဖြင့် တိုင်းရင်းသားလူနည်းစုများကို” ပိုမိုကိုယ်စားပြုမည်ဖြစ်ကြောင်း၊ (ဗမာနိုင်ငံဟု သုံးစွဲခြင်းမှာ ဗမာလူမျိုးကိုသာ ကိုယ်စားပြုရာရောက်သဖြင့် တိုင်းရင်းသားလူနည်းစုများကို မည်သို့ပိုမိုကိုယ်စားပြုမည်၊ ရွေးကောက်ပွဲတွင် အနိုင်ရပါက နိုင်ငံအမည်ကို မည်သို့သုံးစွဲမည်)

- “ကျယ်ပြန့်သည့်တိုင်းရင်းသားတန်းတူညီမျှရေးမဟာဗျူဟာ”ကို ထူထောင်ကာ “ရိုဟင်ဂျာကဲ့သို့ တိုင်းရင်းသား လူနည်းစုများ၏အခွင့်အရေးအတွက် ရပ်တည်ပေးမည်ဖြစ်ကြောင်း”၊ (ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ နိုင်ငံသားပင်မဟုတ်သေးသူများက ‘ရိုဟင်ဂျာ’ တိုင်းရင်းသားအဖြစ် တောင်းဆိုနေခြင်း အပေါ် မည်သို့သဘောထားမည်၊ ၄င်းတို့အားမည်သည့်ဥပဒေအဆင့်အတန်းပေးမည်။) 

- 

- “ရိုဟင်ဂျာများအပေါ် မုန်းတီးစေရန် လှုံ့ဆော်သူများ ကိုပြင်းထန် စွာပြစ်ဒဏ်ပေးရန်နှင့် လူသိရှင်ကြား တရား စွဲဆိုခြင်းများအပါအ၀င် လူမျိုးရေးဘာသာရေး မုန်တီးစေသည့်ပြစ်မှုများကို ဆန့်ကျင်သည့် ဥပဒေများ ပြဌာန်း မည် ဖြစ်ကြောင်း”၊ (လွှတ်တော်တွင်ပြဌာန်းခဲ့သော မျိုးစောင့်ဥပဒေများကို အန်အယ်လ်ဒီက ကန့်ကွက်ခဲ့သဖြင့် အန်အယ်လ်ဒီ ရွေးကောက်ပွဲတွင်အနိုင်ရရှိပါက ယင်းဥပဒေများကို ဆက်လက်ကျင့်သုံးမည် သို့မဟုတ် ပြင်ဆင်မည် သို့မဟုတ် ဖျက်သိမ်းမည်။)
 https://www.facebook.com/MyanmarExpress

ဖက်နမ်းပြီး နှုတ်ဆက်ခြင်းသည် မြန်မာ့ယဉ်ကျေးမှုမဟုတ်၊ ဧည့်သည်က အိမ်ရှင်ယဉ်ကျေးမှုကို အလေးမထားခြင်းဖြစ်ဟုဆို

ကြံ့ခိုင်ရေးပါတီ ဒုဥက္ကဌနဲ့ ပူးတွဲဥက္ကဌ ဦးဌေးဦးက ဧရာဝတီတိုင်းအတွင်း မဲဆွယ်စည်းရုံးရေးခရီးထွက်စဉ်မှာ အိုဘားမား ၂ ကြိမ် လာတော့ ၂ ခါ အနမ်းခံရတာပေါ့လို့ ပြောကြားခဲ့တယ်ဆိုပြီး အွန်လိုင်းမှာ သတင်းတွေ တွေ့ရပါတယ်။ ဦးဌေးဦးက နာမည်တပ်ပြီး ပြောဆိုခဲ့ခြင်းမရှိပေမယ့် မြန်မာနိုင်ငံကို သမ္မတ အိုဘားမား လာတဲ့ ၂ ကြိမ်လုံး ဖက်နမ်းနှုတ်ဆက်ဖူးတာ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်ပဲ ရှိတာမို့ ဒေါ်စုကို ကိုးကွယ်ကြသူများနဲ့ ကြိုဖားမီဒီညာများကတော့ ထုံးစံအတိုင်း ဒေါ်စုကို ကာကွယ်ကြ၊ ဦးဌေးဦး ကို အပုတ်ချနေကြပါတယ်။ နိုင်ငံရေးလေ့လာသူ ဒေါက်တာ ရန်မျိုးထွန်းနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး အငြိမ်းစား ဦးသိန်းထိုက်ကတော့ အမျိုးသမီးနဲ့ အမျိုးသားဖက်နမ်းပြီးနှုတ်ဆက်တာဟာ အရှေ့တိုင်းယဉ်ကျေးမှုမဟုတ်ကြောင်းနဲ့ နိုင်ငံတကာဆက်ဆံရေးမှာ ဧည့်သည်က အိမ်ရှင်နိုင်ငံရဲ့ယဉ်ကျေးမှုကို လိုက်နာရမယ်ဆိုတဲ့ ပရိုတိုကောကို ဖောက်ဖျက်တာလို့ ဆိုပါတယ်။
နိုင်ငံရေးလေ့လာသူဒေါက်တာရန်မျိုးထွန်းက “နမ်းပြီးနှုတ်ဆက်တယ်ဆိုတာ အရှေ့တိုင်းနိုင်ငံတွေမှာ မရှိဘူးဗျ။ ယောကျာ်း အချင်းချင်းလဲ ဖက်နမ်း နှုတ်ဆက်တဲ့ဓလေ့မရှိသလို မိန်းမအချင်းချင်းလဲ ဖက်နမ်းနှုတ်ဆက်တဲ့ဓလေ့မရှိဘူး။ ယောက်ျားလေးက မိန်းကလေးကို ဖက်နမ်းပြီး နှုတ်ဆက်တယ်ဆိုတာ မြန်မာနိုင်ငံမှ မဟုတ်ဖူး ၊ အရှေ့တိုင်းနိုင်ငံတွေဖြစ်တဲ့ ယိုးဒယား၊ အိန္ဒိယ၊ တရုတ် ၊ အိန္ဒိယ ဘယ်နိုင်ငံမှာမှ မရှိဘူး။ အိန္ဒိယမှာ လက်အုပ်ချီပြီး နာမာ့စတေး၊ ထိုင်းကလဲ လက်အုပ်ချီပြီး ဆဝါဒီခပ်၊ အစ္စလာမ်တွေက ဆလမ် မာလေးကွမ်း၊ တရုတ်တွေ နိဟောင်မား ဆိုပြီး နှုတ်ဆက်ကြတယ်။ နောက်ပိုင်းမှာတော့ အနောက်တိုင်း ယဉ်ကျေးမှုပုံစံ လက်ဆွဲနှုတ်ဆက်ကြပေမယ့် ဖက်နမ်းပြီးနှုတ်ဆက်တဲ့ထုံးစံတော့လုံးဝမရှိဘူးဗျ” ဟုဆိုသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး အငြိမ်းစား ဦးသိန်းထိုက်က “နိုင်ငံတကာဆက်ဆံရေးပရိုတိုကောမှာ ဧည့်သည်က အိမ်ရှင်နိုင်ငံရဲ့ ယဉ်ကျေးမှုအတိုင်း နှုတ်ဆက်ကြတယ်။ အနောက်နိုင်ငံတွေ၊ အာဖရိကနိုင်ငံတွေက တစ်ယောက် နဲ့ တစ်ယောက်ဖက်ပြီး နှုတ်ဆက်တဲ့ ဓလေ့ရှိတော့ အနောက်နိုင်ငံတွေ၊ အာဖရိကနိုင်ငံတွေက ခေါင်းဆောင်တွေအချင်းချင်းတွေ့ရင် ဖက်ပြီးနှုတ်ဆက်တာ၊ အမျိုးသမီးဆိုရင် ပါးကိုနမ်းနှုတ်ဆက်တာမျိုးရှိပေမယ့် အမျိုးသမီးက ပြန်ဖက်နမ်း နှုတ်ဆက်တာ ရှားပါတယ်။ အန်ကယ်ရဲ့နိုင်ငံခြားရေးလုပ်သက် ၃၀ ကျော်အတွင်းမှာ အာရှတိုက်နိုင်ငံတွေကို လာတဲ့ နိုင်ငံခေါင်းဆောင်တွေထဲမှာ ဘယ်သူမှ ဖက်နမ်းပြီး နှုတ်ဆက်တာမတွေ့ဖူးဘူး။ မဝေးသေးတဲ့ ဥပမာ ပြရရင် ထိုင်းက ဒေါ်ရင်လတ်၊ ကိုရီးယားက ပတ်ဂွန်ဟီး၊ ဘင်္ဂလားက ဟာစီနာတို့နဲ့ အိုဘားမားတွေ့တဲ့အချိန်မှာ လက်ဆွဲနှုတ်ဆက် တာပဲရှိတယ်။ မြန်မာနိုင်ငံကိုလာတော့ ပထမတစ်ခေါက် အိုဘားမား က ဒေါ်စုကို ဖက်နမ်းနှုတ်ဆက်၊ ဒုတိယအခေါက်ကျတော့ ဒေါ်စုက ပြန်ဖက်နမ်းရုံမက ခါးဖက်ပြီးသွားကြတော့ တစ်မျိုးကြီးဖြစ်တာပေါ့။ အရှေ့တိုင်းသူ မြန်မာအမျိုးသမီးတစ်ဦးကို ဖက်နမ်းပြီးနှုတ်ဆက်တာဟာ အရှေ့တိုင်း၊ အထူးသဖြင့် မြန်မာ့ယဉ်ကျေးမှုနဲ့ မသင့်တော် ဘူးဆိုတာ အမေရိကန်သမ္မတ အိုဘားမား မသိစရာ အကြောင်း မရှိဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို နမ်းပြီးနှုတ်ဆက်လိုက်တာဟာ သမ္မတ အိုဘားမားက ဒေါ်စု မြန်မာအမျိုးသမီး တစ်ဦးလို့ သဘောမထားဘဲ အင်္ဂလိပ်လူမျိုး မစ္စတာအဲရစ်ရဲ့ဇနီးဟောင်း အနောက်တိုင်း ယဉ်ကျေးမှုအသိုင်း အ၀ိုင်းထဲက အမျိုးသမီးတစ်ယောက် အဖြစ် သဘောထားပြီး နှုတ်ဆက်တယ်လို့ သုံးသပ်ရတယ်။ အလားတူပဲ ဒေါ်စုက အိုဘားမားကို ပြန်ဖက်နမ်းပြီးနှုတ်ဆက်ခြင်းသည် သူ့ကိုယ်သူမြန်မာအမျိုးသမီးလို့ မခံယူပဲ အနောက်တိုင်းမှာ အနေကြာပြီး အနောက်တိုင်းသားရဲ့ ဇနီးမယားတစ်ဦး၊ တစ်နည်းအားဖြင့် အနောက်တိုင်းယဉ်ကျေးမှုအသိုင်းအဝိုင်းထဲက သူတစ်ဦးအဖြစ် ခံယူပြီး နှုတ်ဆက်ခြင်းလို့ သုံးသပ်ပါတယ်” ဟု ပြောကြားခဲ့သည်။
“တစ်ချို့ကတော့ ပြောကြတယ်။ ဒေါ်စုနဲ့ အိုဘားမား ဘယ်လိုနှုတ်ဆက်၊ နှုတ်ဆက် ဘာဖြစ်လဲ။ ဖက်နမ်းရုံမက French Kiss နဲ့ပဲ နှုတ်ဆက် နှုတ်ဆက်၊ သူ့အခွင့်အရေး ဘာမှ ရေးကြီးခွင်ကျယ်လုပ်ပြောစရာ အကြောင်းမရှိဘူးလို့ ပြောကြတယ်။ ဒေါ်စုက အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးမဟုတ်ဖူး၊ ပါတီခေါင်းဆောင်လဲမဟုတ်ဖူး ဆိုရင်တော့ မှန်ပါတယ်။ ဘာမှ အရေးမကြီးပါဘူး။ ဒါပေမယ့် ဒေါ်စုက ဗိုလ်ချုပ်သမီးဖြစ်တဲ့အပြင် ပါတီကြီးတစ်ခုရဲ့ ဥက္ကဌ ဖြစ်နေတယ်။ ဒေါ်စုကိုယ်တိုင်က ဖက်နမ်းနှုတ်ဆက်နေတော့ လူငယ်တွေစိတ်ထဲမှာ ဖက်နမ်းပြီးနှုတ်ဆက်တာ ဘာဆန်းလဲထင်သွားမယ်။ ခင်ဗျားတို့ သမီးတွေ ဘတ်စ်ကားပေါ်မှာ၊ မိဘရှေ့မှာ သူတို့ချစ်သူတွေနဲ့ ဖက်နမ်းနေတာကို လက်ခံဖို့ ခင်ဗျားတို့ အသင့်ဖြစ်နေတယ်ဆိုရင်တော့ ဟုတ်တယ်။ အရေးမကြီးဘူး။ ဒါပေမယ့် ကျွန်တော်တို့လို လက်မခံနိုင်တဲ့သူတွေအတွက်တော့ ဒါက အရေးကြီးပါတယ်” ဟု နိုင်ငံရေးလေ့လာသူဒေါက်တာရန်မျိုးထွန်းက ပြောသည်။
“သမ္မတ အိုဘားမားက အနောက်တိုင်းယဉ်ကျေးမှုနဲ့နှုတ်ဆက်တာကို ဒေါ်စုကလဲအနောက်တိုင်းယဉ်ကျေးမှုနဲ့ နှုတ်ဆက်တာကို နားလည်မှုမရှိပဲ ဝေဖန်နေကြတယ်ဆိုသူတွေကတော့ ဧည့်သည်ကျင့်ဝတ် နားမလည်တဲ့သူတွေလို့ ပြန်ဝေဖန်ပါရစေ။ အိမ်ရှင်ကို ဧည့်သည်မစော်ကားရ ဆိုတဲ့ စကားရှိတယ်။ တိုင်းရင်းသားတစ်ချို့မှာဆိုရင် သူတို့ဓလေ့ကို မသိလို့ အမှားကျူးလွန်မိရင် လျော်ကြေးပေးရတဲ့ ဓလေ့တောင်ရှိတယ်။ ဒေါ်စုကို အိုဘားမားက ဖက်နမ်းတာ၊ ဒေါ်စုက ပြန်ဖက်နမ်းတာကို လက်ခံတယ်ဆိုတဲ့ အမျိုးကောင်းသမီးများကို မေးချင်တာက ခင်ဗျားတို့ကို အမျိုးသားတစ်ယောက်က ဖက်နမ်းနှုတ်ဆက်ရင် လက်ခံပြီး ပြန်ဖက် နမ်းမှာလား၊ အမျိုးသားဆိုရင်လဲ ခင်ဗျား ညီမ၊အမ၊သမီးကို ခင်ဗျားမျက်စိရှေ့မှာ အမျိုးသား တစ်ဦးဖက်နမ်းရင် လက်ခံမှာလားလို့ မေးချင်တယ်” ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
 https://www.facebook.com/MyanmarExpress

သတိထားရမည့် ”၂၀၁၅” နှင့် ချောင်းနေသော ”ခွေးအ” များ

၂၀၁၅ နီးလာတော့လူတော်တော်များများဟာ ရွေးကောက်ပွဲကိုစိတ်ဝင်စားရ
င်းနိုင်ငံရေးအကွဲ
အပြဲ၊လွှတ်တော်နဲ့အစိုးရကြား ပွတ်တိုက်မှုတွေကိုသာ အာရုံထားရင်း ဘင်္ဂလီအရေးကိုအာရုံလျော့လာနေကြတယ်။ဘင်္ဂလီတွေဟာ လွတ်လပ်ရေးမတိုင်ခင်ခေတ်ကနေ ခေတ်အဆက်ဆက် အစဉ်တစိုက်ဆိုသလို မွတ်စလင်သီးသန့်ပြည်နယ်ရရှိရေး၊ အာကစ္စတန်နိုင်ငံထူထောင်ရေး ဆိုတဲ့ရည်ရွယ်တွေနဲ့ မြန်မာနိုင်ငံရဲ့နိုင်ငံရေးရှုပ်ထွေးနေချိန်၊ အစိုးရအပြောင်းအလဲတွေမှာအစဉ်တစိုက်ကြိုးပမ်းခဲ့ကြတာကိုသမိုင်းအထောက်အထားတွေရသိနိုင်ပါတယ်။
အာကစ္စတန်ဆိုတာ အာရကန်(ရခိုင်) နဲ့အရှေ့ပါကစ္စတန်(ယခုဘင်္ဂလားဒေ့ရှ်)ရဲ့ကြားမှာ ဖြစ်တည်လာမှာမို့ အာကစ္စတန်လို့ နာမည်ပေးထားကြတာဖြစ်တယ်။

မြန်မာနိုင်ငံရဲ့ ၃ ပုံ ပုံ ၁ ပုံသာ ရှိတဲ့ နယ်မြေမှာသန်း၁၄၀ခန်ရှိတဲ့လူဦးရေအဆမတန်
ပေါက်ကွဲမှုတွေ ဖြစ်ပြီး အဲ့ဒီခေတ်အဆက်ဆက် က နည်းမျိုးစုံနဲ့ ၀င်ရောက်လာတဲ့ ဘင်္ဂလီတွေဟာ ရခိုင်ပြည်နယ်မှာ အလုပ်အကိုင်ပေါများခြင်း၊ဆန်စပါးပေါကြွယ်ဝခြင်း တွေအပြင် ရခိုင်ကမ်းရိုးတမ်းတွေကိုပါပိုင်ဆိုင်လာဖို့အတွက် အစဉ်တစိုက်ကြိုးပမ်းနေကြတယ်။ဒါတွေဟာ ဦးသိန်းစိန်အစိုးရလက်ထပ်မှစဖြစ်တဲ့ကိစ္စမဟုတ်ပဲလွတ်လပ်ရေးမတိုင်ခင်ခေတ်၊လွတ်လပ်ရေ
ရပြီးနောက်ပိုင်း၊ပါလီမန်ဒီမိုကရေစီခေတ်၊အိမ်စောင့်အစိုးရခေတ်စတဲ့ ခေတ်စနစ်အပြောင်းတွေမှာပါ အမြစ်တွယ်လာတဲ့ ကင်ဆာနာတစ်ခုဖြစ်တယ်။ဒါဟာအစိုးရကို အကြပ်တည်းဖြစ်စေတဲ့ issue တစ်ခုလို့ အတိုက်အခံတွေ ယူဆကောင်းယူဆပေမယ့် တကယ်တမ်းတော့ ဒါဟာ အမျိုးသားရေးကိုခြိမ်းခြောက်နေတဲ့ အန္တရာယ်တစ်ခုလို့ဆိုလည်းမမှားပါဘူး။ကျွန်တော်တို့အားလုံး ဒီမြေမှာနေတယ်၊ဒီရေကိုသောက်တယ်၊ ဒီကရတဲ့ ဆန်စပါးကို စားကြတယ်။အခုဒီနိုင်ငံကို ဖဲ့ယူဖို့ကြိုးစားသူတွေ ရှိနေချိန်မှာ ဒါငါနဲ့မဆိုင်ဘူး ၊ ဒါအစိုးရအလုပ်၊ ဒါရခိုင်ပြည်သားတွေနဲ့ဆိုင်တယ်
ဆိုတဲ့ အတွေးမျိုးမတွေးပဲ အမျိုးသားရေးကို ခြိမ်းခြောက်နေတဲ့ ဒီကင်ဆာနာကို တစ်မျိုးသားလုံးက အမြစ်ပြတ်အောင်ကုသဖို့လိုတယ်။မဟုတ်ရင်တော့ ဒီကင်ဆာနာဟာ ကျွန်တော်တို့မျိုးဆက်တွေကိုပါ ဒုက္ခကောင်းကောင်းပေးမှာဖြစ်ပါတယ်။

လွတ်လပ်ရေးမတိုင်ခင်ခေတ်တုန်းက ဘင်္ဂလီတွေဟာ နယ်မြေလုဖို့အကြမ်းဖက်မှုတွေအကြိမ်ကြိမ်
လုပ်သလို၊ရခိုင်ပြည်နယ်ကိုလဲ ရဖို့အတွက် မြေပေါ်မြေအောက်အဖွဲ့အစည်းတွေ ဖွဲ့စည်းပြီးစနစ်တကျ
အကြိမ်ကြိမ်ကြံစည်ခဲ့ကြတယ်။ထိုစဉ်က မြန်မာနိုင်ငံဟာအင်္ဂလိပ်လက်အောက်ခံဖြစ်နေချိန်မှာ
လည်းအမျိုးမျိုးကြိုးစားသလို ရခိုင်ပြည်နယ်က ရခိုင်လူမျိုးတွေကို အရှေ့ဘက်ကိုမောင်းထုတ်ပြီး အာကစ္စတန်နိုင်ငံသစ်တစ်ခုဖြစ်လာဖို့အတွက် အမျိုးမျိုးကြိုးစားသလို၊အင်္ဂလိပ်အာဏာပိုင်တွေကို
လည်းတင်ပြတောင်းဆိုခဲ့ကြတယ်။ဘင်္ဂလီတွေဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်သည့်အပြင်၊ Jami-a-tul Ulema-e အဖွဲ့လိုမြေပေါ်အဖွဲ့အစည်းတွေ၊ မူဂျာဟစ်လို မြေအောက်အဖွဲ့အစည်းတွေ ဖွဲ့စည်းပြီး နည်းလမ်းစုံနဲ့လှုပ်ရှားခဲ့ပါတယ်။24-2-47 ရက်စွဲနဲ့ မြောက်ပိုင်းရခိုင်ဒေသဖြစ်သော ဗူးသီးတောင် မောင်တော နှင့် ရသေ့တောင်မြို့နယ် မေယုမြစ်အနောက်ဘက်ခြမ်းများမှာ မွတ်စလင်လူမျိုး ၉၀% ဖြစ်ပြီး၊ဧရိယာ စတုရန်းမိုင် ၃၀၀၊လူဦးရေအားဖြင့် ၃ သိန်းခန့်နေထိုင်ကြောင်း၊မိမိတို့မွတ်စ
လင်များသည် အေဒီ ၇၈၈ မှ ပထမဆုံးခြေချခဲ့ရာထိုအချိန်မှ ရခိုင်တွေ ယဉ်ကျေးမှုတိုးတက်လာကြောင်း၊
၁၇၁၀ မှာ တစ်ကြိမ်၊ ၁၈၂၆ မှာတစ်ကြိမ်၊၁၉၄၂ခုနှစ်မှာတစ်ကြိမ် စုစုပေါင်း (၃)ကြိမ် ဆက်ဆံရေးပျက်ပြားခဲ့ရကြောင်း၊တတိယအကြိမ်မှာမွတ်စလင်(၄၀၀၀၀)ကျော်အသတ်ခံခဲ့ရကြောင်း၊ဒုတိယ
ကမ္ဘာစစ်ဖြစ်ပြီးအင်္ဂလိပ်အုပ်ချုပ်မှုရပ်ဆိုင်းသွားစဉ်မှာလည်းမိမိတို့မှာ ကိုယ့်အရည်အချင်းနဲ့
အောင်မြင်စွာအုပ်ချုပ်နိုင်သည်ကိုသိနိုင်ကြောင်း၊စစ်ပြီးလို့မဟာမိတ်တွေပြန်ဝင်လာချိန်မှာလည်း အင်္ဂလိပ်အုပ်ချုပ်ရေးအဖွဲ့က မိမိတို့ကို Automous Muslim State ပေးမည်ဟုကတိပေးခဲ့ကြောင်း စသည်ဖြင့်လိမ်လည်ကာ ဘော်တွန်မလေထံစာရေးတောင်းဆိုခဲ့တယ်။

ဒီတော့ဒီတောင်းဆိုမှုအပေါ်အင်္ဂလိပ်တို့ကမဖြစ်နိုင်ကြောင်း၊State တောင်းဆိုမှုဟာမဖြစ်နိုင်ကြောင်း၊မြန်
မာနိုင်ငံထဲကို ၀င်ရောက်နေထိုင်သူများဖြစ်လို့State တောင်းခံပိုင်ခွင့်မရှိကြောင်းတောင်းလျင်တောင်း
နိုင်ငံသားဖြစ်ခွင့်သာတောင်းသင့်ကြောင်း၊သူများနိုင်ငံထဲဝင်ရောက်နေထိုင်ပြီးဘာသားရေးအခြေခံတဲ့ State အဖြစ်မတောင်းသင့်ကြောင်း၊မွတ်ဆလင်ဒေသအဖြစ်တောင်းဆိုနေမည့်အစား နိုင်ငံသား
အဖြစ်ခံယူပြီး ဥပဒေလွှတ်တော်ထဲဝင်ကာမိမိတို့အနာဂါတ်ကိုပြောင်းလဲနိုင်ကြောင်းစသဖြင့်
အကြောင်းပြန်ခဲ့တယ်။

ဒီအကြောင်းပြန်ချက်ကို ကြည့်မယ်ဆိုရင် အင်္ဂလိပ်တို့ ဘင်္ဂလီတွေရဲ့တောင်းဆိုမှုတွေကို မလိုက်လျော
ပေမယ့်၊ ဒီနည်းလမ်းကသွားလို့ကတော့မင်းတို့ဘယ်တော့မှ မွတ်စလင်ပိုင်နယ်မြေဖြစ်မှာမဟုတ်ဘူး
သည်တော့ ဥပဒေပြုလွှတ်တော်ထဲက နေပြီး တည်ဆဲဥပဒေကိုပြောင်းလဲပစ်မှသာ ရမယ်ဆိုတဲ့ လုပ်ဆောင်သင့်တဲ့ လမ်းကြောင်းတွေချပေးခဲ့တယ်။အဲ့ဒီကနေစလို့ မြန်မာနိုင်ငံမှာခိုးဝင်လာတဲ့
ဘင်္ဂလီတွေဟာသူတို့ရဲ့ ဗျူဟာတွေပြောင်းလဲသွားတယ်။မြေပေါ်မြေအောက်အဖွဲ့အစည်းတွေနဲ့လှုပ်ရှားမှု
တွေအပြင်နိုင်ငံရေးလှုပ်ရှားမှုတွေပါလုပ်ရမယ်ဆိုတဲ့အသိတစ်ခုရသွားပြီးနောက်ပိုင်းမှာ မဟာဗျူဟာ၊အဂ္ဂ
မဟာဗျူဟာတွေချမှတ်လို့ ရခိုင်ပြည်နယ်ကို အပိုင်ရဖို့အတွက်နှစ်ရှည်စီမံကိန်းတွေ ရေးဆွဲကြတယ်။
ဒါတွေကို နောက်ကွယ်က ထိန်းချုပ်သူတွေကတော့ မွတ်စလင်ဘာသာရဲ့မော်လ၀ီဆရာတွေပဲ။
အဲ့ဒီနောက်တော့ နိုင်ငံရေးနည်းအဆင့်ဆင့်နဲ့ မဟာဗျူဟာတွေချမှတ်ပြီး ဖဆပလ အမတ်တွေဖြစ်
လာခဲ့သလို၊ ဆူလတန်မာမွတ်ဟာလည်း ဖဆပလ ရဲ့ ကျန်းမာရေးဝန်ကြီး ဖြစ်လာတယ်။ထို့အတူ ဖဆပလ ဟာ ရခိုင်ထောက်ခံမှု မရတဲ့အချိန်မှာ ဦးနုဟာမွတ်စလင်ဘင်္ဂလီတွေဆီက မဲဆန္ဒရ
အောင် ဆောင်ရွက်လာတာဟာလည်း သမိုင်းမှာဖျက်မရတဲ့အမဲစက်တစ်ခုဖြစ်ခဲ့သလိုနောက်လာ
နောင်သားတွေအတွက်လည်း အာဏာရဖို့တစ်ခုတည်းနဲ့ ဒုက္ခမြစ်ထဲပစ်ချခဲ့တယ်။

၁၉၅၆ ခုနှစ်ပြည်သူလွှတ်တော်ရွေးကောက်ပွဲမှာ ဘူးသီးတောင်မဲဆန္ဒနယ်တစ်ခုတိုးပြီးသတ်မှတ်ပေး
လိုက်ကာ မွတ်ဆလင်တွေကို ဖဆပလထဲသိမ်းသွင်းပြီး အမတ်အဖြစ်ရွေးချယ်ခံစေခဲ့တယ်။
အဘူခိုင်၊အဘူဘော်ရှော တို့တွေဖဆပလအမတ်တွေဖြစ်လာသလို၊ဘူသီးတောင်မြို့နယ်ကနေ စူလတန်မာမွတ်ကလည်း ဖဆပလအမတ်မဖြစ်အရွေးချယ်ခံရတယ်။အဲ့ဒီအချိန်မှာ ပြည်ထဲရေးဝန်ကြီးက ဦးဧမောင်(ခေါ်)အဒူလာဒစ်ဖြစ်တယ်။ပြည်ထဲရေးဝန်ကြီးရဲ့ထောက်ခံချက်နဲ့ ဘင်္ဂလာမူဆလင်တွေကို အမြောက်အများမဲနိုင်ဖို့အတွက် ခိုးသွင်းကြတယ်။တစ်ဖက်က အဘူခိုင်တို့ကလည်း အကျင့်ပျက်လ၀က၀န်ထမ်းတွေနဲ့ပေါင်းပြီး အိမ်ထောင်စုဇယားတွေလုပ်ပေးပြီး မွတ်စလင်တွေကို မြန်မာနိုင်ငံထဲသွင်းလိုက်တာရွာပေါင်း(၄၀)လောက်တမုတ်ချင်းဖြစ်သွားပါရော။ဦးနု
မဲနိုင်တဲ့အခါမှာ အဲ့ဒီမူဆလင်တွေကပဲ အမတ်တွေဖြစ်၊ ၀န်ကြီးနေရာတွေအထိပါ ရလာပြီး၊ရခိုင်ပြည်ကို စစ်တကောင်းနယ်ဘက်က မွတ်စလင်တွေ အလွယ်တကူဝင်လို့ရအောင်
အကာကွယ်ပေးတယ်၊ဆန်စပါးတွေခိုးထုတ်တယ်၊မူဂျာဟစ်လိုမြေအောက်အဖွဲ့အစည်းတွေကိုကာကွယ်ပေး
ခဲ့တယ်။ဘယ်လောက်အထိဆိုးရွားခဲ့လည်းဆိုရင် ပါကစ္စတန်မှာ မြန်မာသံအမတ်အဖြစ်တာဝန်
ထမ်းဆောင်နေတဲ့ ဦးဖေခင်ကိုယ့်မြန်မာပြည်မှဟုတ်ရဲ့လားဆိုတာတောင် သတိထားနေရလို့ ပြောရတဲ့အထိတောင်ဖြစ်ခဲ့တယ်။မြင်အောင်ပြောရရင်တော့ယခုလောက်ကိုင်ချင်းရွှေဟော်ဒေသတွေလို
မြန်မာစကားပြောမရပဲ တရုတ်စကားကိုမြန်မာပြန်နဲပာနေရသလိုပေါ့။(အဲ့အကြောင်းနောက်မှ
ရေးဦးမယ်။)

ဒီအကြောင်းလေးတွေပြန်ပြောပြရတာဟာ ဘင်္ဂလီမွတ်စလင်တွေဟာ ဗျူဟာတွေချမှတ်ပြီး အုပ်ချုပ်ရေး၊ဥပဒေပြုရေး ယန္တရာတွေထဲကို စနစ်တစ်ကျထိုးဖောက်ဝင်ရောက်နေတာကို သိချင်လို့သာဖြစ်ပါတယ်။ဒီလို ဥပဒေပြုရေးအချက်အခြာနေရာတွေကိုရောက်မှသာ တည်ဆဲဥပဒေတွေကိုစိတ်ကြိုက်ပြင်ဆင်နိုင်မှာဖြစ်ပြီး၎င်းတို့ရဲ့အိပ်မက်ဖြစ်တဲ့အာကစ္စတန်နိုင်ငံကိုတည်
ထောင်နိုင်မှာဖြစ်တယ်။ဒါကြောင့် ခေတ်အဆက်ဆက်နိုင်ငံရေးရှုပ်ထွေးမှုတွေကို အသာစောင့်ပြီး နေရာရအောင်ဝင်ယူလာကြတယ်။အဓိကပစ်မှတ်ကတော့နာမည်အတန်အသင့်ရှိပြီး အင်အားကောင်းတဲ့ နိုင်ငံရေးပါတီတွေထဲဝင်ရောက်နိုင်ဖို့ဖြစ်တယ်။ယခင်က ဖဆပလထဲကိုတိုးဝင်ခဲ့
တာလည်းဒီရည်ရွယ်ချက်တွေဖြစ်သလို၊ယခုNLD ထဲကို ဦးကိုနီတို့ စည်သူမောင်တို့ တိုးဝင်နေတာတွေရဲ့ရည်ရွယ်ချက်တွေကလဲ ဒါပဲဖြစ်တယ်။၂၀၁၅ရွေးကောက်ပွဲမှာ NLD နိုင်ရင် ဦးကိုနီကို ရှိနေတာတွေ ၁၉၈၂နိုင်ငံသားဥပဒေပြင်ဆင်ပေးပါဆိုတာတွေဟာ ဦးကိုနီရဲ့ စနက်တွေပဲဆိုတာ မလွဲသေချာပဲ။ထို့အတူအာဏာရပါတီကကုလားအမတ်ဦးရွှေမောင်တို့ဟာလည်း
ရိုဟင်ဂျာတိုင်းရင်းသားအဖြစ်အသိအမှတ်ပြုရေး၊အာကစ္စတန်နိုင်ငံတည်ထောင်ရေးတွေလုပ်ဖို့ဆိုတဲ့အဓိ
ကရည်ရွယ်ချက်တွေနဲ့ရှိနေတာ ဖြစ်တယ်။သူတို့အနေနဲ့တော့အတိုက်အခံပဲနိုင်နိုင်
၊လက်ရှိအာဏာရပါတီပဲ နိုင်နိုင် နှစ်ဖက်လုံးမှာပါနေတဲ့အတွက် ဘယ်သူနိုင်နိုင်ရှုံးရှုံး ၎င်းတို့ရဲ့ ရည်မှန်းချက်တွေ ဗျူဟာတွေ ပြီးမြောက်အောင်ဆောင်ရွက်နိုင်တဲ့အခြေအနေတွေဖြစ်နေ
တာကိုတွေ့ရမယ်။ပြီးခဲ့တဲ့ ရခိုင်အမှုအခင်းတွေမှာလည်း ကြံ့ဖွတ်က ကုလားရွှေမောင်ဟာ ရိုဟင်ဂျာတွေကို နှိပ်စက်တယ်၊ရဲတွေက မီးရှို့တယ်လို့ ရည်ရွယ်ချက်ရှိရှိ အသံထွက်ခဲ့တာတွေဟာ
အားလုံးသတိထားဖို့ဖြစ်တယ်။

မကြာခင်မှာ ၂၀၁၅ရွေးကောက်ပွဲကြီးလာတော့မယ်။သက်ဆိုင်ရာပါတီတွေမှာလည်းဘင်္ဂလီတွေ
တန်သင့်သလောက်စီးဝင်နေပြီးနေပြီ။အင်အားကြီးနှစ်ပါတီဖြစ်တဲ့ NLD၊အာဏာရပါတီတွေမှာ
တိုးဝင်ထားမှုတွေရှိသလို၊ နိုင်ငံသားရပြီးတဲ့ဘင်္ဂလီတွေကလည်းပါတီတွေထောင်ပြီး ၀င်ပြိုင်ကြမှာပဲ၊ဒီ
တော့ ၂၀၁၅ ရွေးကောက်ပွဲကြီးမှာ အတိုက်အခံနဲ့အာဏာရ ကွဲပြဲဆော်ပလော်တီးနေပါစေ ဘင်္ဂလီတွေအတွက်တော့ ဂွင်ကောင်းပဲ။ဘယ်သူနိုင်နိုင်ရှုံးရှုံးသူတို့အတွက်တော့ အမြတ်ကြီးပဲ သူတို့ရည်မှန်းချက်တွေအောင်မြင်အောင် တစ်ဆင့်ချင်းတက်လှမ်းသွားမှာပဲ။ဒီတော့ကျွန်တော်တို့အနေနဲ့
မှားပေးမမှားဖို့အများကြီး သတိထားရမယ်။သက်ဆိုင်ရာပါတီတွေကို လူပုဂ္ဂိုလ်အစွဲနဲ့မပေးပဲ
စောင့်ကြည့်လေ့လာပြီးမှသာ မိမိမဲတပြားကို အကျိုးရှိရှိအသုံးချစေချင်တယ်။ကျွန်တော်တို့ အာရုံစုစည်းမှု မရှိပဲ၊အချင်းချင်းကိုက်နေကြမယ်၊ဆော်ပလော်တီးနေကြမယ်ဆိုရင်တော့ ခွေးအတွေဟာအချိန်မရွေး နေရာ
မရွေးက အခွင့်ကောင်းကို ချောင်းနေတယ်ဆိုတာကို လေး သတိပေးချင်ပါတယ်။
---
ဖိုးသောကြာ

ကိုးကား-မွတ်စလင်များဝင်ရောက်လာခြင်းနှင့် နိုင်ငံရေးလှုပ်ရှားမှုအဆင့်ဆင့်
(ဦးမြင့်သိန်း-သမိုင်းသုတေသနဦးစီးဌာန)

Min Ma Har
 https://www.facebook.com/MyanmarExpress