Subscribe to our RSS Feed

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်ကို NLD အယုံအကြည်မရှိဟု ဦးဝင်းထိန်ပြော

  အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ဗဟိုကော်မတီဝင် ဦးဝင်းထိန်
ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီအနေဖြင့် အပစ်အခတ် ရပ်စဲရေးစာချုပ် NCA အပေါ် အယုံအကြည်မရှိကြောင်း ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်မှ ပြောကြား သည်။

အောက်တိုဘာလ ၁၀ ရက်နေ့က ဧရာဝတီသတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းချိန်တွင် ယင်းသို့ပြောကြား လိုက်ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် NCA အပေါ် ယခင်ကတည်းက ယုံကြည်မှုမရှိခဲ့တာဖြစ်ပြီး အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုပွဲမှာ အသိသက်သေအဖြစ် ဖိတ်ကြားလာ လျှင်လည်း ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်မဟုတ်ကြောင်း ဦးဝင်းထိန်မှ ဆိုသည်။

“ဒီလက်မှတ်ထိုးပွဲကို ဒေါ်အောင်ဆန်းစုကြည် လုံးဝ မတက်ပါဘူး။ အကြောင်းပြချက်ကရှင်းရှင်းလေးပဲ။ ဒေါ် အောင်ဆန်းစုကြည်အနေနဲ့ NCA ကိုရော၊ ဦးဆောင်နေတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကိုရော အရင်က တည်းကလည်း အယုံအကြည်မရှိခဲ့ဘူးလေ ” ဟု ဦးဝင်းထိန်မှ ပြောသည်။

တရုပ်နယ်စပ်တွင် အခြေပြုထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား ဒေါ်အောင်ဆန်း စုကြည်မှ အယုံအကြည်မရှိကြောင်း အထူးသဖြင့် မူးယစ်ဆေးဝါး နှင့်ပတ်သက် ဆက် နွယ်နေသော တိုင်းရင်းသားများအား ပြတ်ပြတ်သားသားကန့်ကွက်သွားမှာဖြစ်ကြောင်း၊ လက်ရှိတွင် NCA တွင်လက်မှတ်ထိုးမည့် RCSS အဖွဲ့မှဗိုလ်ချူပ်ကြီးရွက်ဆစ်အားမူးယစ်ရာဇာတစ်ဦးအဖြစ်သာ အသိအမှတ်ပြုကြောင်း ဒေါ်အောင်ဆန်းစုကြည် မှ NLD CEC အစည်းအဝေးတွင် ဖွင့်ဟပြောကြားခဲ့ပါသည်။

NLD အစိုးရဖွဲ့နိုင်ပါက ပြည်သူ့ဆန္ဒအတိုင်းဆောင်ရွက်မှာဖြစ်ပြီး ပြည်သူအများလိုလားနေသည့် စစ်တပ်ကိုယ်စားလှယ် ၂၅% လျှော့ချရေး၊ ၅၉(စ)နှင့် ၄၃၆ အပါအ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကို ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရိုဟင်ဂျာလူမျိုးများ၏ လူနည်းစု အခွင့်အရေးများကို အသိအမှတ်ပြုပေးရေးအား အထူးအလေးပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သာသနာတော်သန့် ရှင်းရေးအတွက် နိုင်ငံရေးလုပ်နေသော ဘုန်းကြီးများအား သံဃာမဟာနာယက အဖွဲ့ကြီးများမှ အရေး ယူပေးရေးအား ဆောင်ရွက်သွားမှာဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောကြားခဲ့သည်။

လက်ရှိထွက်ပေါ်နေသည့် ပါတီဝင်အချို့၏ ငွေအလွဲသုံးစားမှုပြဿနာများနှင့်စပ်လျှင်း၍ ဧရာဝတီက မေးမြန်းရာတွင် ဦးဝင်းထိန်က “ဒ်ီကိစ္စစီစစ်ဖြေရှင်းကြဖို့ တိုင်းနဲ့ ပြည်နယ်အလိုက် အောင်နိုင်ရေးအဖွဲ့တွေကို ဗဟိုက တာဝန်ေ ပး ထား ပြီးပါပြီ။ ပါတီဝင်တွေကိုလည်း ငွေကြေးအလွဲသုံးစားမလုပ်ဖို့ မှာထားပြီးပါပြီ အဓိကပြော ချင်တာကတော့ ပါတီဝင် တွေအားလုံးပေါ့။ သွားတာလာတာ နေတာထိုင်တာတွေ ဆင်ခြင်ကြဖို့၊ မလိုလားအပ်တဲ့ လူမှုရေး ဖောက်ပြန်မှုတွေအပါအဝင် ပါတီသိက္ခာကျစေမယ့် လုပ်ရပ်တွေကို ရှောင်ရှားကြဖို့ အထူးပြောချင်တာပါ။”ဟု ဆိုသည်။

ဦးဝင်းထိန်သည် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အားထားရသူများ စာရင်းတွင် တစ်ဦးအပါအ၀င်ဖြစ်ကာ လက်ရှိတွင် NLD ဗဟိုအလုပ်အမှုဆောင်တာဝန်ကို ထမ်းဆောင် လျက်ရှိသည်။

irrawaddy

 https://www.facebook.com/MyanmarExpress

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်