Subscribe to our RSS Feed

လူဝင်မှုကြီးကြပ်ရေးနှင့် ပတ်သက်၍ NLD ၏ ပေါ်လစီကို ဒေါ်အောင်ဆန်းစုကြည် တိတိကျကျမဖြေ

NLD ပါတီ၏ မဲဆွယ်စည်းရုံးပွဲတစ်ခုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပတ်သက်၍ NLD ၏ ပေါ်လစီကို မဲဆန္ဒရှင်တစ်ဦးက မေးမြန်းခဲ့ရာ တွင် ဒေါ်အောင်ဆန်းစုကြည်၏ဖြေကြားချက်မှာ ဝေ့လည်ကြောင် ပတ်ဖြစ်ရုံ သာမက မဲဆန္ဒရှင်များကို စော်ကားရာရောက်သည် ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။
" ကျနော်တို့ပြည်သူတွေမှာ အသဲကိုလှံနဲ့ထိုးအောင်လို့ ခံစားရ တဲ့ မေးခွန်းမျိုးတွေကို အမေးခံနေရပါတယ်၊ အဲ့ဒါကတော့ တက္ကသိုလ်မှာရှိတဲ့ တူမလေးတွေကိုယ်တိုင်ကိုက လာပြီးမေးတဲ့ မေးခွန်းဖြစ်ပါတယ် ၊ ဒေါ်စုကိုယ်တိုင်ကိုက ပြည်သူအားလုံးသိအောင် ဒီကိစ္စလေး ကို မြွတ်ကြားပေးပါလို့လည်း အထူးပဲ ပန်ကြားအပ်ပါတယ်၊ အမေစုအာဏာရသွာလို့ရှိရင် တို့မြန်မာပြည်ဟာ ကုလားနိုင်ငံဖြစ်သွားမယ် ဆိုတဲ့ မေးခွန်းကိုဖြေဖို့ပန်ကြားအပ်ပါတယ်”ဟု မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က “ တက္ကသိုလ်မှာ ရောက်နေတဲ့ တူမလေးတွေကတောင် လာမေးတယ် ဆိုတော့ ကျမတို့ပညာရေးအဆင့်ဟာ ဘယ်လောက် နိမ့်နေသလဲဆိုတာ ပြတာပဲ၊ တက္ကသိုလ်မှာတောင်မှ ရောက်နေတဲ့ေ ကျာင်းသူ ကျောင်းသား များ ဟာ ဒီမေးခွန်းရဲ့အတိမ်အနက်ကို ဆင်ခြင်တတ်ရမယ်၊ သွင်းချင်တဲ့သူတွေသွင်း၊
ထုတ်ချင် တဲ့ သူတွေ ထုတ် လုပ်လို့ရတာဟာ အာဏာရှင်အစိုးရများပဲ လုပ်လို့ရပါတယ်၊ ဒီမိုကရေစီ အစိုးရဟာ ဘာပဲလုပ်လုပ် ပွင့်ပွင့်လင်းလင်းနဲ့ ပြည်သူလုထုသိအောင်လုပ်ရတယ်၊ ဒါကြောင့် အများပြည်သူရဲ့ သဘောထားဆန္ဒနဲ့ မကိုက်ညီတဲ့ကိစ္စများ ဘယ်တော့မှ မဖြစ်ပေါ်နိုင်ပါဘူးဆိုတာ ပြည်သူလူထုကို ကျမပြောနိုင်ပါတယ်” ဟု ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ဒီမေးခွန်းရဲ့ အတိမ်အနက်ကို မသိတာလား၊ မသိချင်ယောင် ဆောင်နေတာလားဆိုတာတော့ သူပဲသိမယ်။ မေးခွန်းရှင်က လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံသားဥပဒေနဲ့ ပတ်သက်ပြီး NLD ရဲ့ ပေါ်လစီကို သူမေးတတ်သလို မေးလိုက် တာပဲ။ နိုင်ငံသားဥပဒေနဲ့ပတ်သက်ပြီး ၊ တည့်တည့်ပြောရရင် ဘင်္ဂါလီတွေနဲ့ပတ်သက်ပြီး NLD ထိပ်တန်း ပုဂ္ဂိုလ်တစ်ချို့ က နိုင်ငံသားဥပဒေပြင် ရမယ်၊ လှေစီးဘင်္ဂါလီတွေ ကို နိုင်ငံသားပေးရမယ် လို့ ပြောထား တာတွေ ရှိလို့ စိတ်မအေးနိုင်ဖြစ်ပြီး NLD ရဲ့ မူဝါဒ ကို မေးခွန်းထုတ်တဲ့ဟာ ဒေါ်စုက ဒီလိုမေးတာကိုပဲ အသိဥာဏ်နည်း လို့ မေးသယောင် ပြောတာကတော့ မဲဆန္ဒရှင်တွေကို စော်ကား သလိုဖြစ်နေတယ်။ ပြီးတော့ ပေါ်လစီကို မဖြေပဲ သူ့ထုံးစံ အတိုင်း ဝေ့လည်ကြောင်ပတ်နဲ့ ပြည်သူလူထုကိုပဲ လွှဲချနေတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးနိုင်က ဝေဖန်ခဲ့သည်။
“ဒီခေတ်မှာ ဘယ်နိုင်ငံမှ တိုက်ရိုက် ဒီမိုကရေစီမကျင့်သုံးနိုင် ဘူး။ နိုင်ငံတိုင်းက ပြည်သူ့ကိုယ်စားလှယ် တွေက ဥပဒေပြဌာန်း၊ အုပ်ချုပ်တဲ့ တစ်ဆင့်ခံ ဒီမိုကရေစီကိုပဲ ကျင့်သုံးနေကြတာ။ ပြည်သူလူထု သဘောဆန္ဒဆိုတာကို တစ်ဆင့်ခံအကောင်အထည်ဖော်ပေးရတာ လွှတ်တော်ကိုယ်စားလှယ်ဆိုတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေလေ။ ဥပဒေတိုင်းကို လူထုဆန္ဒခံယူပွဲနဲ့ ပြဌာန်းဖို့မှ မဖြစ်နိုင်တဲ့ဟာ။ ဒါကြောင့်မို့ ပါတီတွေက ဘယ်ကိစ္စမှာတော့ ဘယ်လိုပေါ်လစီတွေ ကျင့်သုံးမယ်ဆိုပြီး ပြည်သူလူထုကို တင်ပြ၊ ပြည်သူလူထုက ဒီပါတီရဲ့ ပေါ်လစီကို ကြိုက်တယ်ဆိုရင် ဒီပါတီကိုရွေး၊ ပွင့်ပွင့် လင်းလင်း ပြောရရင် ဘယ်ဒီမိုကရေစီ နိုင်ငံဖြစ်ဖြစ် လွှတ်တော်တွေ။ အစိုးရတွေဆိုတာ လူထုကို ဦးဆောင်ရတာ။ လူထုက ကိုယ့်ပါတီ ကို ရွေးလိုက်ပြီဆိုရင် လူထုကို ဦးဆောင်ရမှာပဲ။ နေရာတကာလူထုသဘော ဆိုတာကတော့ လက်တွေ့မကျတဲ့ အပေါစားစည်းရုံးရေးလို့ပဲမြင်တယ်” ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ကိုထက်အောင်နိုင်ကလည်း “ကျွန်တော် ဒေါ်စုကို မကြိုက်တဲ့ အထဲမှာ အဲလို စကား ကို ဝေ့လည်ကြောင်ပတ်ပြောတာပါတယ်။ ဘင်္ဂါလီကိစ္စမေးတိုင်း ဒီလို ဝေ့လည် ကြောင်ပတ်ပဲ ပြောတာ။ သမ္မတကြီးဆို ဘယ်လောက်ပြတ်သား သလဲ။ ရိုဟင်ဂျာမရှိ။ ဘင်္ဂါလီသာရှိ။ ၈၂ နိုင်ငံသားဥပဒေနဲ့ညီတဲ့သူနိုင်ငံသားပေးမယ်။ လိုချင်ရင် ခင်ဗျားတို့နိုင်ငံခေါ်သွား။ ဒါမျိုးလိုချင်တာ။ ဒေါ်အောင်ဆန်းစုကြည်က တကယ်ပဲ အမျိုးသားရေးကို အလေးအနက်မထားပဲ လူ့အခွင့်အရေး ကိုပဲ ရှေ့တန်းတင်နေတာလား၊ ဦးကိုနီတို့လို ဘာသာတူချင်းဆိုပြီး ဘင်္ဂါလီတွေအပေါ် ဂရုဏာသက်တဲ့သူ တွေကို မျက်နှာပူလို့ပဲလားတော့ မသိဘူး။ ကျွန်တော်ကတော့ ဒေါ်အောင်ဆန်းစုကြည်နှုတ်က ၈၂ နိုင်ငံသားဥပဒေနဲ့ မျိုးစောင့်ဥပဒေတွေကို မပြင်ပါဘူးလို့ မပြောမချင်း NLD ကို မဲပေးဖို့ လုံးဝမစဉ်းစားဘူး” ဟု ပြောကြားခဲ့သည်။
 https://www.facebook.com/MyanmarExpress

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်