Subscribe to our RSS Feed

သတင်းမီဒီယာများသတိပြုရမည့် ဧရာဝတီ သတင်းဌာန ၏ ဖြစ်ရပ်မှန်

ရွေကောက်ပွဲ နီးလာတာနှင့် အမျှ အရွေးကောက်ခံ လူပုဂ္ဂိုလ် ၊ ပါတီများက မိမိတို့အောင်နိုင်ရေး အတွက်
သတင်းမီဒီယာများကို ထိထိရောက်ရောက်အားကိုးအားထား ပြုပြီးစည်းရုံးလှုံဆော်မှုပြုနေသလို၊ ရွေးချယ်ရေးလုပ်
မည့် ပြည်သူများကလည်း မိမိတို့ထောက်ခံအားပေး လို သည့် လူပုဂ္ဂိုလ် ၊ ပါတီတွေရဲ့လှုပ်ရှားမှုတွေကို မီဒီယာများ
မှတဆင့် စောင့်ကြည့်လျှက်ရှိပါတယ်။ အထူးသဖြင့် သတင်းနည်းပညာဖွံဖြိုးပြီး သတင်းစီးဆင်းမှုလျှင်မြန် နေသော
Internet ခောတ် မှာ သတင်းပေးပို့ချက်နှင့် သတင်းဖေါ်ပြမှုများဟာ ထင်မှတ်မထားသည့် အချိန်တိုလေး အတွင်းမှာ
ပင် ကမ္ဘာတစ်ဝန်းလုံးသို့ ပြန့်နှံ့သွားတဲ့အတွက်ကြောင့် သတင်းဌာနများရဲ့ သတင်းဖေါ်ပြချက်များဟာ မှန်ကန်တိ
ကျရန်၊ အချိန်မှီဖြစ်ရန်လိုအပ် ပါတယ်။

ဒီလိုအခြေအနေ၊ ဒီလိုအချိန် အခါမျိုးမှာ သတင်းဌာနတွေအနေနဲ့ မိမိတို့ရဲ့သတင်းများ၏ တိကျခိုင်မာမှု အ
သတင်းဖေါ်ပြရာမှာလည်း မီဒီယာကျင့်ဝတ် နဲ့အညီဖြစ်ဖို့လဲလိုပါတယ်။ ဖေါ်ပြပါ ဧရာဝတီသတင်းဌာန ၏ မြန်မာ ဘာသာ official website တွင် ဒေါ်အောင်ဆန်းစုကြည် ပြည်ပတွင် ဆေးကုသမှုခံယူမည့်သတင်း တစ်ပုဒ်ကို အောက် တိုဘာလ ၁၁ ရက်နေ့နံနက်ပိုင်း သတင်းတွင်ဖေါ်ပြပါရှိလာခဲ့သဖြင် မြန်မာလူထုကြား မှာထိတ်လန့် တုန် လှုပ် ခဲ့ကြပါသည်။ အဲဒီသတင်းပါရှိလာပြီး နာရီပိုင်းအတွင်းမှာ ဧရာဝတီသတင်းဌာနရဲ့ အယ်ဒီတာ အဖွဲ့က ဒေါ် အောင်ဆန်းစုကြည် ရဲ့ကျန်းမာရေးအခြေအနေသတင်းကို ကာယကံရှင်ထံအတည်ပြုချက်မယူပဲ သတင်းဖေါ်ပြမိလို တောင်းပန်ကြောင်း ဖေါ်ပြခဲ့ပါတယ်။
အဲဒီအချက်ကို ကြည့်ခြင်းအားဖြင့် ဧရာဝတီလို သတင်းဌာနကြီးတစ်ခုကရရှိလာတဲ့သတင်းတစ်ပုဒ်ကိုမှားမှား၊ မှန်မှန် မစီစစ်ပဲ ဖေါ်ပြခဲ့ပြီးမှ မှားပါတယ်ဆိုပြီး တောင်းပန်လိုက်ခဲ့ပါတယ်။ လုပ်တဲ့သူကလုပ်ပြီး တောင်းပန်လိုက် ပေမဲ့ ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့များစွာ ဂုဏ်သိက္ခာပိုင်း ဆိုင်ရာ ထိခိုက်ခဲ့ရပါတယ်၊ ဒါကြောင့် လည်း အမေစု ကိုချစ်ခင်မြတ်နိုး တဲ့ စာဖတ်ပရိသတ် များက ဝိုင်းပြီး ကန့်ကွက်ရှုတ်ချကြပါတော့တယ်။
စာဖတ်သူ ပြည်သူများက ဆန့်ကျင်ကန့်ကွက်မှု များလာချိန် ကြမှ ဧရာဝတီသတင်းဌာနက သူ့ရဲ့ထုံးစံ
အတိုင်း Hacker များကို အပြစ်ပုံချပါတော့တယ်။ တစ်ခါလည်းမဟုတ်နှစ်ခါလည်းမဟုတ် ခဏခဏ အတိုက်ခံရတဲ့
ဧရာဝတီသတင်းဌာနရဲ့ တောင်းပန်မှုကို အချို့ဝေဖန်ဆန်းစစ်သူတွေက မယုံကြည်ကြတော့ပဲ မိမိသတင်းဌာန နာမ် မည်ကြီးစေရေးအတွက် အမှန် အမှား ရောထွေးနေသောသတင်းအချက်အလက်များကို ရည်ရွယ်ချက်ရှိရှိဖေါ်ပြပြီး မှ website အတိုက်ခံရတယ် Hacker တွေကလုပ်သွားတယ် ဆိုပြီးအလွယ်တကူဖြေရှင်းချက်ပေးနေတဲ့ သဘောဖြစ် နေပါတယ်။
ဒါကြောင့် ဧရာဝတီသတင်းဌာနအနေနဲ့ ယခုဖြစ်ရပ်မှန်ကတော့ အမှန်တကယ်တိုက်ခိုက်ခံရလျှင်လည်း
မိမိ website ရဲ့လုံခြုံရေးကို တာဝန်ခံရမှာဖြစ်သလို ရည်ရွယ်ချက်ရှိရှိ နဲ့ ပြည်သူလူထု ကိုမသိစေချင်တဲ့ အတွင်း သတင်းတွေကိုဖေါ်ထုတ်ခဲ့တာဆိုရင်လည်း ရဲရဲတင်းတင်း တင်ပြရဲရမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် ဧရာဝတီသတင်း ဌာန အတွင်းကတာဝန်ရှိ သူတစ်ဦးဦးက မှားယွင်းပြီးလုပ်ဆောင်ခဲ့တာ ဆိုရင် လည်း Hacker တွေကိုအပြစ်ပုံမချ ပဲ ရဲရဲတင်းတင်း ဝင်ခံရမှာဖြစ်ပါတယ်။
ဒီနေရာမှာ Hacking လုပ်ခံရတာဟုတ၊် မဟုတ်ဆိုတာ ဧရာဝတီက တိကျခိုင်မာတဲ့ အထောက်အထား နဲ့
သက်သေပြဖို့လိုသလို ဘယ်သူတွေ က ဘာကြောင့်လုပ်တာလဲ ဆိုတာကိုလည်း ဖေါ်ထုတ်သင့်ပါတယ်။ ဧရာဝတီ
လိုသတင်းဌာနကြီး တစ်ခုရဲ့ official website အား security အထပ်ထပ်လုပ်ထားတဲ့ကြားက မကြာခဏ အတိုက်
ခံနေ ရတယ်ဆိုတာ
hacking လုပ်တဲ့အဖွဲ့ဟာ ပြည်တွင်းက ဝါသနာရှင် Hacker များမဖြစ်နိုင်သလို ၊Hacker နယ်
ပယ် မှာရှေတန်း ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် အစိုးရ တက်လာမှာကို မလိုလားတဲ့ ပြည်ပနိုင်ငံက HackerGroup တွေကလုပ်တာလား?
ဒါမှမဟုတ် မိမိ website နာမ်မည်ကြီးစေရန် လူတကာ အာရုံစိုက်နေတဲ့ကိစ္စ တစ်ခုကိုမှားအမှန် ရောထွေးနေတဲ့သတင်းများကိုအသုံးပြုပြီးတဖက်လှည့်နဲ့ဧရာဝတီအတွင်းလူတွေလုပ်တာလား?
ဆိုတာလည်းစဉ်းစားသင့်တဲ့အချက်တစ်ခုဖြစ်ပါတယ်။
ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ရွေးကောက်ပွဲ အကြိုကာလမှာ အလားတူဖြစ်ရပ်မှန်တွေက ရွေးကောက်
ခံလူပုဂ္ဂိုလ် ၊ပါတီတွေကို ထိခိုက်နစ်နာမှုတွေဖြစ်ပေါ် လာနိုင်လို့ သတင်းမီဒီယာများရဲ့သတင်းဖေါ်ပြချက်များ တိကျ မှန်ကန်ရေးအထူး သတိပြူရန်လိုအပ်ပြီး အဆိုပါဖြစ်ရပ်ကတော့ သတင်းမီဒီယာသမားများအနေနဲ့ သတိထားရမဲ့ န မူ နာပြဖြစ်ရပ် လို့ဆိုချင်ပါတယ်။
 https://www.facebook.com/MyanmarExpress

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်