Subscribe to our RSS Feed

ချစ်သူများနေ့တွင် လင်မယားစကားများရန်ဖြစ်ရာမှ ယောက်ျားသေဆုံး


From : 7 day
မုံရွာ၊ ဖေဖော်ဝါရီ- ၂၂

မုံရွာခရိုင်၊ဘုတလင်မြို့နယ်၊ ကင်းစမ်းကျေးရွာတွင် ယခုနှစ် ဖေဖော်ဝါရီလ (၁၄)ရက်(ချစ်သူများနေ့) ညနေ(၆)နာရီအချိန်ခန့်တွင် လင်မယား စကားများရန်ဖြစ်ရာမှ ဇနီးဖြစ်သူကခင်ပွန်းဖြစ်သူအား ရေပုံးထမ်းထန်းလက် ရေထမ်းပိုးနှင့်ရိုက်နှက်ရာမှ လင်ယောက်ျား ဖြစ်သူသေဆုံးခဲ့သည်။

အဆိုပါအခင်းဖြစ်ပွားမှုတွင် ဘုတလင်မြို့နယ်၊ကင်းစမ်းကျေးရွာနေ ဦးကျော်ဝင်းအသက်(၄၃)နှစ်သည်ဖေဖော်ဝါရီလ(၁၄)ရက်၊ ညနေပိုင်းက မူးယစ်သောက်စား ၍လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ခြင်းမရှိကြောင်း ဇနီးဖြစ်သူတစ်ရွာတည်းနေဒေါ်အိမ်ဌေးကပြောကြားခဲ့သည်။ မူးယစ်သောက်စားလာသော လင်ယောက်ျားဖြစ်သူက ဇနီးဖြစ်သူအား လက်သီးဖြင့်ထိုးနှက်ရာဇနီးဖြစ်သူက အရှည် နှစ်တောင်တစ်ထွာ၊ ဗျက်(၃)လက်မခန့်ရှိ ထန်းလက်ရေထမ်းပိုးတုတ်ဖြင့် ပြန်လည်ခုခံရိုက်နှက်ခဲ့သည်။ လင်မယားအချင်းချင်းစကားများရန်ဖြစ်ပြီးနောက်ပိုင်း ဦးကျော်ဝင်းမှာနေအိမ်အိပ်ခန်းအတွင်း ၀င်ရောက်အိပ်ခဲ့သည်ဆို၏။ နောက်တစ်နေ့နံနက်တွင် ဇနီးဖြစ်သူက လင်ယောက်ျားဖြစ်သူအား အိပ်ရာမှထရန်သွားရောက်နှိုးစဉ် သေဆုံးနေကြောင်းတွေ့ရှိရသည်ဆို၏။ သေဆုံးသူဦးကျော်ဝင်း၏ ဖခင်ဦးငွေမောင်က သက်ဆိုင်ရာတွင် တရားလိုပြုလုပ်၍ တိုင်ကြားခဲ့ကြောင်းသိရှိရသည်။ ယင်းပြစ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူ၏ဇနီးဖြစ်သူအား ဘုတလင်မြို့နယ် ရဲတပ်ဖွဲ့ စခန်း(ပ)-၄၀/၂၀၁၂၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-(၃၀၂)အရ အမှုရေးဖွင့်ကာဘုတလင်မြို့နယ်ရဲတပ်ဖွဲ့စခန်းမှူး ရဲအုပ်စံမြင့်က အမှုအား စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Myanmar Express

ရန်ကုန်မြို့၌ 3D ရုပ်ရှင်ရုံ ပထမဦးဆုံးအကြိမ် ဖွင့်လှစ်မည်

From : MRTV-4




3D ရုပ်ရှင်ဇာတ်ကားတွေကို ပြည်တွင်းရဲ့ ရုပ်ရှင်ရုံတွေမှာ ခံစားကြည့်ရှုနိုင်တော့မယ့် ပထမဦးဆုံး 3D ရုပ်ရှင်ရုံကို ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ တော်ဝင်စင်တာ မြေညီထပ်မှာ မတ်လ ၁ရက်နေ့တွင် ဖွင့်လှစ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ 3D ရုပ်ရှင်ရုံကို လွန်ခဲ့တဲ့ ၁နှစ်လောက်က စတင်တည်ဆောက်ခဲ့တာ ဖြစ်ပြီး တော်ဝင် ဆောက်လုပ်ရေး လုပ်ငန်းက တာဝန်ယူတည်ဆောက်တာ ဖြစ်ပါတယ်။

ရုပ်ရှင်ရုံရဲ့ အကျယ်အ၀န်းဟာ ပေ၂၀နဲ့ ပေ၆၀ ကျယ်ဝန်းပြီး ခုံအရေအတွက် ၁၀၁ခုံ ပါဝင်ပါတယ်။ 3D ရုပ်ရှင်ရုံဟာ 3D မျက်မှန်တပ်ပြီး ကြည့်ရတာဖြစ်တဲ့ အတွက် ရုပ်ရှင်ရုံအတွင်း မျက်မှန်အလက် ၅၀၀ကိုလည်း ထားရှိပေးထားပါတယ်။ အဆိုပါ 3D ရုပ်ရှင်ရုံကို တစ်နေ့မှာ ၄ကြိမ် ပြသသွားမှာဖြစ်ပြီး မနက် ၉နာရီခွဲ၊ နေ့လည် ၁၂နာရီခွဲ၊ နေ့လည် ၃နာရီခွဲနဲ့ ညနေ ၆နာရီခွဲအချိန်တွေမှာ ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 3D ရုပ်ရှင်အတွက် လက်မှတ် ၁စောင်ကို ကျပ်နှစ်ထောင့်ငါးရာမှ ကျပ်သုံးထောင့်ငါးရာ ဈေးနှုန်းနဲ့ ရောင်းချသွားမှာ ဖြစ်ပြီး အဆိုပါ 3D ရုပ်ရှင်ရုံရဲ့ ပရောဂျက်တာကို တရုတ်နိုင်ငံက တိုက်ရိုက်ဝယ်ယူထားပြီး SANYO ပရိုဂျက်တာ အမျိုးအစား ဖြစ်တယ်လို့ သတင်းရရှိပါတယ်။

Myanmar Express

အထွေထွေအတွင်းရေးမှူး ဦးဌေးဦး ဧရာဝတီတိုင်းဒေသ ကြီး မြောင်းမြမြို့ ပညာရေးကောလိပ်နှင့် ပုသိမ်မြို့ အခြေခံ ပညာမူလတန်းကျောင်း (၅) ကျောင်းအတွက် ငွေ ပဒေသာပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဟင်္သာတ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးသည် ၂၀၁၂ ခုနှစ်၊ ဖေဖေါ် ၀ါရီလ (၂၅) ရက်နေ့ နေ့လည်ပိုင်းက ဧရာဝတီ တိုင်းဒေသကြီး၊ မြောင်းမြမြို့၊ ပညာရေးကောလိပ်သို့ အာစရိယပူဇော်ပွဲ နှစ်စဉ် ကျင်းပနိုင်ရေးအတွက် ငွေ ပဒေသာပင် စိုက်ထူ လှူဒါန်းပေးအပ်ရာ ကျောင်းအုပ်ဆရာမ ကြီး ဒေါ်အေးအေးမြင့် မှ လက်ခံရယူခဲ့သည်။

အထွေထွေအတွင်းရေးမှူး ဦးဌေးဦးမှ မြောင်းမြမြို့ ပညာရေးကောလိပ်သို့ ငွေပဒေသာပင် စိုက်ထူရန် အလှူငွေပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့် မှလက်ခံရယူစဉ်

အလားတူ အထွေထွေအတွင်းရေးမှူး ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးသည် ၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ( ၂၆ ) ရက်နေ့တွင်လည်း ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အခြေခံပညာ မူလတန်းကျောင်း (၅) ကျောင်းသို့ ပညာရေး ငွေပဒေသာပင်များ ပေးအပ် လှူဒါန်းခဲ့ပါသည်။


အထွေထွေအတွင်းရေးမှူး ဦးဌေးဦးမှ ပုသိမ်မြို့ အခြေခံပညာမူလတန်းကျောင်း (၅) ကျောင်းအတွက် ပညာရေး ငွေပဒေသာပင် ပေးအပ်လှူဒါန်းစဉ်

. Myanmar Express

တစ်လတာ အတွင်းမှတ်သား ဖမ်းဆီးအရေးယူခဲ့သည့် ယာဉ်မောင်းနှင်မှုများ

From : MRTV-4




ရန်ကုန်မြို့တွင်း နေ့စဉ်မောင်းနှင် သွားလာလျက်ရှိတဲ့ ယာဉ်လိုင်းများမှယာဉ်များ၊ ကိုယ်ပိုင်ယာဉ်များမှ စည်းကမ်းပျက် မောင်းနှင်တဲ့ ကားများကို သက်ဆိုင်ရာ မီးပွိုင့်များမှ ယာဉ်ထိန်းရဲတပ်ဖွဲ့ ၀င်များမှ မှတ်သားဖမ်းဆီးမှုများ ဆောင်ရွက် လျက်ရှိပါတယ်။ ဒီလို မှတ်သားဖမ်းဆီးခြင်း ပြုလုပ်ရာမှာ ၂၀၁၂ခုနှစ် ဇန်န၀ါရီလ ၁ရက်နေ့မှ ဖေဖော် ၀ါရီလ ၂၅ရက်နေ့ထိ ဖမ်းဆီးမှုစီးရေ ၁၂၉၉၅စီး ဖမ်းဆီးအရေးယူခဲ့ပြီး ဖြစ်တယ်လို့ ကြိုးမဲ့ကြေးနန်းနဲ့ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းများအရ သိရပါတယ်။

အဲ့ဒီလို မှတ်သားဖမ်းဆီးမှုပြုရာမှာတော့ ကိုယ်ပိုင်ယာဉ်များထက် ခရီးသည်တင်ယာဉ်များ မှာပိုမိုမှတ်သား ဖမ်းဆီးခြင်းခံရတာပဲ ဖြစ်ပါ တယ်။ ဒီလို မီးပွိုင့်များမှ မှတ်သားဖမ်းဆီးမှုကို ဒဏ်ငွေတပ်ရိုက်ရာမှာတော့ သက်ဆိုင်ရာ ယာဉ်ပိုင်ရှင်များမှ မိမိတို့ ဖောက်ဖျက်တဲ့ ပြစ်မှု အလိုက် သတ်မှတ်ထားတဲ့ ဒဏ်ကြေးငွေကို ပေးဆောင်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီလို မီးပွိုင့်များမှာ မှတ်သားဖမ်းဆီးမှုပြုရာမှာတော့ မည်သည့်ယာဉ် အမျိုးအစားမဆို မီးနီဖြတ်ခြင်း၊ ကျော်တက်၊ ယှဉ်ပြိုင်မောင်းနှင်ခြင်း၊ ဘေးတံခါး ဖွင့်မောင်းနှင်ခြင်း၊ ခရီးသည်တင်ယာဉ် များ လူပိုတင်ခြင်း၊ မှတ်တိုင်မရောက်ခင် ခရီးသည် တင်ချမှုပြုလုပ်ခြင်းနဲ့ နောက်တွယ်စီးခြင်းများကိုပါ သက်ဆိုင်ရာ တာဝန်ရှိသူများက အရေးယူ ဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။

Myanmar Express

မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားများ လာရောက်မှုနှုန်း များပြားလာ

From : MRTV-4




ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနနဲ့ ခရီးသွားလုပ်ငန်း အသိုင်းအ၀ိုင်းက တာဝန်ရှိသူတွေရဲ့ ပြော ကြားချက်အရ အခုလက်ရှိမှာ မြန်မာနိုင်ငံကို ပြည်ပခရီးသွား ၀င်ရောက်မှုနှုန်းဟာ များပြားလာတယ်လို့ သိရပါတယ်။ တာဝန်ရှိ သူတွေရဲ့ ပြောပြချက်အရ အခုလို ခရီးသွားလာမှုတွေ တိုးတက်လာတာဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေ ပြောင်းလဲလာမှုနဲ့အတူ ကမ္ဘာ့နိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ် အမြင်ပြောင်းလဲ လာမှုတွေကြောင့် ဖြစ်တယ်လို့သိရပါတယ်။

အခုလို ပြည်တွင်းရဲ့ ပြောင်းလဲမှု တွေကြောင့် အနောက်ဥရောပ သမဂ္ဂနိုင်ငံ တွေကလည်း မြန်မာနိုင်ငံမှ အရေးကြီး ပုဂ္ဂိုလ်တွေကို အဆိုပါနိုင်ငံ တွေအတွင်း ပိတ်ပင်ထားတဲ့ ခရီးသွားလာမှုတွေကို အခုလ ၁၈ ရက်နေ့က စတင်ကာ ခွင့်ပြုလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို နိုင်ငံတကာ ပြောင်းလဲမှုတွေနဲ့ EU နိုင်ငံတွေရဲ့ ဆက်ဆံရေး ကောင်းမွန်လာ မှုကြောင့် မြန် မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း မှာ အကျိုးကျေးဇူးတွေ ရရှိလာပုံကို တာဝန်ရှိသူ တစ်ဦးက အခုလို ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတကာနဲ့ ဆက်ဆံရေးပိုမို ကောင်းမွန်လာမှုတွေေ ကြာင့် ပြောင်းလဲတိုးတက်မှု တွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံကို ၂၀၁၀ ခုနှစ် ခရီးသွား ရာသီမှာ ပြည်ပခရီးသွား ၀င်ရောက်မှုဟာ ခရီးသွားဦးရေ ခုနှစ်သိန်းကျော် ၀င်ရောက်ခဲ့ပြီး ၂၀၁၁ ခုနှစ် ၊ ခရီးသွားရာသီမှာတော့ ရှစ်သိန်းကျော် ၀င်ရောက်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီလို ၀င်ရောက်ခဲ့တဲ့ ခရီးသွားတွေမှာ အနောက်ဥရောပ နိုင်ငံတွေဘက်မှ ပြင်သစ် ၊ ဂျာမနီနဲ့ အင်္ဂလန် နိုင်ငံတို့ဟာ လာရောက်မှု အများဆုံးဖြစ်ပြီး အာရှနိုင်ငံတွေ ဘက်မှာတော့ ထိုင်း ၊ တရုတ်နဲ့ ကိုရီးယား နိုင်ငံတို့မှ လာရောက် မှုများပြားတယ်လို့သိရပါတယ်။


Myanmar Express

ဘယ်လိုလဲ မီဒီယာသမားတို့.... (ပေးစာ - ၁၁၂)

From : ဂျိုကာရုပ်

မီဒီယာ လွတ်လပ်ခွင့်တွေလိုချင်တယ် ...

မီဒီယာလွတ်လပ်ခွင့်ပေးပါ နှုတ်တွေကတဖွဖွ ကလောင်သွားတွေကတဖွဖွ ပြောနေသံတွေကြား ခဲ့ရတာ ...

ကျွန်တော်စာအုပ်တွေ စဖတ်စအရွယ် လွန်ခဲ့တဲ့ ၁၀နှစ်လောက်ထဲကပေါ့ ။

ပြောရမယ့်ဆိုရင်တော့ မီဒီယာသမားလို့ပြောတဲ့သူ တွေဆီက ကြားနေကြစကားသံတွေ ဖတ်မိနေကြအရေးအသား

တွေ။ ဒီချိန် ဒီအခါမှာတော့ မီဒီယာသမားတို့တောင်းဆိုနေတဲ့ လွတ်လပ် ခွင့်ဆိုတာကြီးက တော်တော်များများလို့

ပြောလို့ရအောင်ကိုရလားပြီးလို့ ကျွန်တော်ထင်ပါတယ်။

(ဒါကျွန်တော်ထင်မြင်ယူဆချက်လဲ ဖြစ် ကောင်းဖြစ်နိုင်ပါတယ်) ။

ဒီလိုရလာချိန်မှာရော မီဒီယာသမားတို့ရဲ့ အများသူငှာပြည်သူပြည်သားတွေအပေါ်မှာ ဖော်ပြမှုကရော ဘာတွေ များ

ထူးခြားသွားပါသလဲ။ သတင်းကို သတင်းနဲ့တူအောင်ရေးကြပါတယ်။ သို့ပေမယ့် ခေါင်းစဉ်ပြောင်း ဓာတ်ပုံပြောင်း

ဒီအကြောင်းအရာ တွေကြီးပဲ ဖြစ်နေတာကတော့ ခက်ရချည်းရဲ့ ။ ဟိုအရင်တုန်းကလည်း ဟိုအရင်အကြိုက်ကို

လိုက်တယ်... ခုလည်း ခုအကြိုက်ကို လိုက်တယ် ဘယ်လိုလဲ ...လို့မေးလိုက်ချင်ပါရဲ့ ။

ကျွန်တော်ပြောတာဟုတ်မဟုတ် ထွက်လာတဲ့ ဂျာနယ်တွေကို စာဖတ်သူတို့ ကြည့်လိုက်ပါ။

ဟိုအရင်က ဟိုအရင်အကြိုက်ကိုလိုက်ရေး ခုကြတော့လည်း ခုအကြိုက်ကိုလိုက်ရေး တစ်ဖက်စောင်းနင်းရေးသား

ချက်တွေနဲ့ ဖော်ပြချက်တွေကများနေပါတယ် ။ လူတစ်ဦးတစ်ယောက်မှာ ကောင်းကွက်ဆိုးကွက်တွေရှိသလို အဖွဲ့အစည်း

တစ်ခုမှာလည်းကောင်း ကွက်ဆိုးကွက်တွေရှိနေမှာ အမှန်ပဲဖြစ်ပါတယ်။

မီဒီယာဆိုတာ ကြားခံဆက်သွယ်မှုတစ်ခု ဖြစ်တဲ့အတွက် မီဒီယာသမားတွေက မိမိတို့ရဲ့အယူတွေကိုအစွဲပြုပြီးရေး

သားလို့ မရပါဘူး။ ဖြစ်နေတဲ့ အကြောင်းအရာအပေါ်တွေမှာ အခြေခံပြီးမှ ရေးသားဖော်ပြရမှာဖြစ်ပါတယ်။

မှားတဲ့အရာကိုမှားတယ် မှန်တဲ့နေရာဆိုရင် မှန်တယ်လို့ရေးရမှာဖြစ်ပါတယ်။

မီဒီယာတွေရဲ့ အားနည်းချက်တွေကို ကျွန်တော်နည်းနည်းလောက်ဝေဖန်ခွင့်ပေးပါ.... (ခုလည်းဝေဖန်နေ ပါတယ်)

ဘာလဲဆိုတော့ အဖွဲ့အစည်းတစ်ခုရဲ့ ၀တ်စုံတွေကိုဝတ်ပြီး ဆိုင်ကယ်တွေ တ၀ူးဝူးး တဗြဲဗြဲ နဲ့သွားလာနေတဲ့ စည်းကမ်း

မဲ့နေတဲ့ သူတွေရဲ့ မြင်ကွင်းတွေကို ခင်ဗျာတို့ဘာလို့မရေးကြတာလဲ...။ အရမ်းကြည့်လို့ကောင်းနေလို့လား။





ဒီလိုစည်းကမ်းမဲ့မှုတွေကြောင့် အများသူငှာကို အနှောက်အယှက်ဖြစ်နိုင်တယ်ဆိုတာနဲ့ ယဉ်အန္တာရာယ်တွေဖြစ်နိုင်

တယ်ဆိုတာ မီဒီယာတွေတို့မမြင်ဘူးလား ။ ခင်ဗျာတို့တစ်ဖက်သတ်ရေးနေကြတဲ့ ဟိုအဖွဲ့အစည်းလက်အောက်ခံတွေ

က ဘယ်နေရာမှာ ဘယ်လိုလုပ်တယ်ဆိုတာမျိုးတွေကိုတော့ ကျွန်တော်တို့ကဖတ်နေရတယ်။

ဒီလိုမျိုး မေဒီယာသမားတို့အပါအ၀င် လူတွေလုပ်နေတာကိုတော့ သတင်းစာမျက်နှာတွေပေါ်မှာ မရောက်လာတာ

ခင်ဗျာတို့ကိုယ်တိုင်ပါဝင်နေလို့လား ။ ဒါမှမဟုတ် ခင်ဗျာတို့ရဲ့ အယူစွဲတွေကြောင့်မရေးတာလား။ တူညီဝတ်စုံတွေနဲ့

ဘီယာဆိုင်တွမှာ ရှိနေတဲ့ မြင်ကွင်းတွေကို မပြောပြချင်တော့ဘူး ။

တကယ်တော့မီဒီယာသမားဆိုတာ အယူစွဲတွေကိုပဲ တစ်ဖက်သတ်ရေးနေလို့မရပါဘူး ။ ခင်ဗျာတို့ဒီလိုအယူစွဲတွေကို

ပဲရေးနေမယ်ဆို ရင်တော့ မီဒီယာလွတ်လပ်ခွင့်တွေ ပြောနေရေးနေတာတွေကအလကားပဲ ။ လေကုန်ပြီး လက်ညောင်း

တယ် ရေးမနေနဲ့ အော်မနေနဲ့ ။ နောက်တစ်ခုကလုပ်ဇာတ်တွေကို သိပ်မရေးကြပါနဲ့ တကယ်အမှန်တရားကိုရေးသား

ဖော်ပြကြပါ..။

ခင်ဗျာတို့တစ်ဖတ်သတ်အယူအဆ တွေနဲ့ လုပ်ဇာတ်တွေက ပြည်သူပြည်သားအများကို သတင်းမှားတွေပေးနေရာ

ရောက်နေပါတယ်။ မီဒီယာသမားဆိုတာ ကိုယ်ယုံကြည်ချက် အမှန်တရားကို ချပြရမှာဖြစ်ပြီး မှားနေတာတွေ့ရင်လည်း

ဖော်ထုတ်ပြရမှာဖြစ်ပါတယ်။ ကိုယ်ကောင်းတာတွေကိုပဲ ဖော်ပြပြီးတော့ သူများတွေကိုတော့ မကောင်းဘူးရေးနေတာ

တော့ မီဒီယာသမားစစ်စစ်တွေ မဟုတ်ပါဘူး ။

နိုင်ငံမှာတာဝန်ထမ်းဆောင်ပြီးအပြစ်ပေးခံလိုက်ရတဲ့ တာဝန်ရှိသူတစ်ယောက်ကို မေးမြန်းတဲ့ မီဒီယာသမား မမ ကို

တော့ခင်ဗျာတို့က ဝေဖန်လိုက်ကြတာ...။ သူကမီဒီယာသမားဆိုတော့ လူအများသိချင်တာကို ဖော်ထုတ်ပြတာပဲ

ဘာတွေခင်ဗျာတို့ ပြောနေစရာဘာလိုလည်း ခင်ဗျာတို့လည်း သူလိုပဲလုပ်နေကြတယ်မဟုတ်လား။

ဒီတော့ခင်ဗျာတို့မီဒီယာသမားတွေလို့ အမည်ခံထားတဲ့ အလိုလိုက်အကြိုက်ဆောင်ပြီး အမှန်တရားတွေကို မျက်ကန်း

ပြီးမမြင်တဲ့ သူတွေအတွက် တစ်ခုအကြံပြုချင်တယ်...။ အက်ကြောင်းထပ် မကတဲ့သတင်းတွေကိုပဲ ဖော်ပြမနေပါနဲ့

လုပ်ဇာတ်တွေလည်းသိပ်မရေးပါနဲ့ မျှတအောင်လုပ်ကြပါ...။

ကိုယ်တိုင်ပြည်မှာ ဘယ်ဟာလုပ်တာကောင်းပြီး ဘယ်နေရာမှားနေတယ် ဘယ်သူကဒီကောင်းကွက်လုပ်တယ်

ဒီမကောင်းတာတွေလုပ် တယ် ဆိုတာမျိုးတွေကိုရေးပါ ပြီးတော့ပြည်သူတွေရဲ့အစစ်အမှန်တွေကိုနားထောင်ပါ။

ခင်ဗျာတို့အယူစွဲ ၀ါဒစွဲကြီးတွေနဲ့ ပြည်သူုတွေကို ချချပြီး မရေးပြစမ်းပါနဲ့ ဗျာ...။ ဒီလိုတွေရေးနေမယ်ဆိုရင်တော့ ခင်ဗျာ

တို့ ဘယ်တော့မှ မီဒီယာသမားကောင်းမဖြစ်ဘူး အလိုလိုက်အကြိုက်ဆောင်နေသူတွေပဲဖြစ်မှာသေချာပါတယ်....။

ပြင်သင့်တာကို ပြင်ပေးကြပါ လုပ်သင့်တာကို လုပ်ကြပါလို့ ဝေဖန် အကြံပြုလိုက်ပါတယ်။

(ယခုရေးသားချက်သည် မည်သူတစ်ဦးတစ်ယောက်ကိုမှ မရည်ရွယ်သလို မည်သည့်အဖွဲ့အစည်းကိုမှလည်း

မရည်ရွယ်ပါဘူး မြင်နေတာ တွေ့နေတာလေးတွေကိုသာ ဝေဖန်ခြင်းဖြစ်ပါတယ်။ အမှားတစ်စုံတစ်ရာရှိပါက

ကျွန်တော်ရဲ့ မှားယွင်းမှုသာလျှင်ဖြစ်ပါတယ်။)

အားလုံးကို လေးစားလျှက်....


Myanmar Express


ကြားဖြတ်ရွေးကောက်ပွဲ မဲစာရင်းများ ကြေညာမည်


From : ခေတ်လူငယ်

ဧပြီ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများအတွက် မဲဆန္ဒနယ်အလိုက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစာရင်း (မဲစာရင်း)များကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်အသီးသီးရှိ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကပ်ထားကြေညာမည်ဖြစ်သည်။ ယင်းမဲဆန္ဒနယ်၌ ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တစ်ဦးသည် မဲစာရင်းတွင် ပါဝင်ခြင်း မရှိသေးပါက နည်းဥပဒေ (၉)အရ မိမိအမည်ကို မဲစာရင်းတွင် ထည့်သွင်းပေးရန် တောင်းဆိုလွှာပုံစံ (၃)ဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲသို့ မဲစာရင်းထုတ်ပြန် ကြေညာပြီးသည့်နေ့မှစ၍ ခုနှစ်ရက်အတွင်း တင်သွင်းတောင်းဆိုနိုင်သည်။ ထို့အပြင် မဲစာရင်းပါ အမည်နှင့် အချက်အလက်များအား ပြင်ဆင်၊ ကန့်ကွက်လိုလျှင်ဖြစ်စေ၊ မဲစာရင်းပါ မဲဆန္ဒရှင်တစ်ဦးဦးကိုလည်းကောင်း၊ ထည့်သွင်းထားသော အချက်အလက်များကိုလည်းကောင်း ပြင်ဆင်၊ ကန့်ကွက်လိုလျှင် ဖြစ်စေ နည်းဥပဒေ (၁၁)အရ ပုံစံ(၄)ဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲသို့ မဲစာရင်း ထုတ်ပြန် ကြေညာပြီးသည့်နေ့မှစ၍ ခုနှစ်ရက်အတွင်း ပြင်ဆင်လွှာ/ ကန့်ကွက်လွှာ တင်သွင်းနိုင်သည်။ အနည်းဆုံး ရက်ပေါင်း (၁၈၀) ထက်မနည်း မဲဆန္ဒနယ်ပြင်ပသို့ ရောက်ရှိနေသော နည်းဥပဒေ (၁၀) ပါ အခြားမဲဆန္ဒရှင်များသည် မိမိတို့လက်ရှိ ရောက်ရှိနေသော မဲဆန္ဒနယ်၏ မူလမဲစာရင်း (၂၀၁၀ မဲစာရင်း)တွင် မပါဝင်ပါက မူလမဲစာရင်းပါရှိရာ မဲဆန္ဒနယ်တွင် ကြားဖြတ်ရွေးကောက်ပွဲရှိမှသာ လက်ရှိရောက်ရှိနေသော မဲဆန္ဒနယ်၏ မဲစာရင်းတွင် ထည့်သွင်းပေးရန် သတ်မှတ်ထားသည့် ရက်အတွင်း ပုံစံ(၃-က) ဖြင့် လျှောက်ထားခွင့်ရှိမည် ဖြစ်သည်။ မဲဆန္ဒရှင်တစ်ဦးသည် ဒေသတစ်ခုမှ အခြားဒေသတစ်ခုသို့ ပြောင်းရွှေ့ရသဖြင့် မဲဆန္ဒနယ်တစ်နယ်၏ မဲစာရင်းမှ အခြားမဲဆန္ဒနယ် တစ်နယ်၏ မဲစာရင်းသို့ အမည်ပြောင်းရွှေ့လိုလျှင် လဝကပုံစံ(၁၀) နှင့်အတူ လက်ရှိမဲဆန္ဒနယ် မဲစာရင်းမှ မိမိအမည်ကို ပယ်ဖျက်၍ အခြားမဲဆန္ဒနယ်သို့ ပြောင်းရွှေ့ပေးရန် တောင်းဆိုလွှာပုံစံ (၄-က)ဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲသို့ တင်ပြတောင်းဆိုပြီး ပြောင်းရွှေ့ရောက်ရှိသည့် မဲဆန္ဒနယ်၏ မဲစာရင်းသို့ ပုံစံ(၄-ခ)၊ ပုံစံ (၃) တို့ဖြင့် မဲစာရင်းထည့်သွင်း ဆောင်ရွက်နိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတင်းထုတ်ပြန်ထားသည်ဟု ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

အမြင်မှန်ရလာတဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ၂၀၀၈ အခြေခံဥပဒေအရ မှတ်ပုံပြန်တင်

အမြင်မှန်ရလာတဲ့ ရခိုင်ဒီမိုက​ရေစီအဖွဲ့​ချုပ် (​အေအယ်လ်ဒီ) ဟာ ဦး​သိန်း​စိန်အစိုး​ရ တက်လာပြီး​တဲ့​နောက် ပါတီကို မှတ်ပုံပြန်တင်လိုက်ပါတယ်။



“မ​နေ့​က ကျ​နော်တို့​အဖွဲ့​က ဦး​ကျော်မြင့်​နဲ့​ ဦး​မျိုး​ကျော်တို့​ ​နေပြည်​တော်ကို သွား​ပြီး​တော့​ ဒီ​နေ့​ ၁၁ နာရီမှာ ​ရွေး​ကောက်ပွဲ​ကော်မရှင်မှာ မှတ်ပုံတင်လိုက်ပါတယ်။ မှတ်ပုံတင်တာက အသိအမှတ်ပြုဖို့​ဆိုတာ တလနည်း​ပါး​လောက်ကြာမယ်။ ပါတီနဲ့​ပတ်သက်တဲ့​ ဥက္ကဋ္ဌ၊​ အတွင်း​ရေး​မှူး​တို့​၊​ ဘဏ္ဍာ​ရေး​မှူး​တို့​၊​ ​ရွေး​ပြီး​တော့​ အလံ၊​ တံဆိပ်​တွေ ဘာ​တွေ မှတ်ပုံတင်ကျတာနဲ့​ တပါတည်း​တင်ရမယ်။ ”

ပါတီမှတ်ပုံတင်ဖို့ ​အတွက် အနည်း​ဆုံး​ ပါတီဝင် ၂၃ ဦး​ရဲ့​ ​ထောက်ခံချက် လက်မှတ်ထိုး​မှုနဲ့​ တင်ခဲ့​တာ ဖြစ်တယ်။ ပါတီတံဆိပ်နဲ့​ အလံကို မ​ပြောင်း​လဲဘဲ အရင်အတိုင်း​ ပြန်သုံး​မှဖြစ်ပြီး​ မှတ်ပုံတင်ကျလာပါက ရခိုင်ပြည်နယ်ရဲ့​ နိုင်ငံ​ရေး​၊​ စီး​ပွား​ရေး​၊​ လူမှု​ရေး​နဲ့​ ဘာသာ​ရေး​ အခွင့်​အ​ရေး​တွေအတွက် ​ဆောင်ရွက်သွား​မယ်လို့​ ဆိုပါတယ်။

ရခိုင်ဒီမိုက​ ရေစီအဖွဲ့​ချုပ်(​အေအယ်လ်ဒီ)ကို ၁၉၈၈ ခုနှစ် ​အောက်တိုဘာလ ၁၂ ရက်​နေ့​က စတင်တည်​ထောင်ခဲ့​ပြီး​၊​ ၂၀၁၀ ရွေးကောက်ပွဲ မကျင်းပခင်က ၂၀၀၈ အခြေခံဥပဒေကို ကန့်ကွက်ပြီး မှတ်ပုံမတင်ခဲ့တာ ဖြစ်ပါတယ်။ အခုကျပြန်တော့လည်း ၂၀၀၈ အခြေခံဥပဒေ အရ မှတ်ပုံပြန်တင်တာပါပဲ။

နိုင်ငံတော် အစိုးရရဲ့ စေတနာ အမှန်ကို နားလည်ပြီး အတိုက်အခံပါတီများ မှတ်ပုံ တင်လာခဲ့တာဟာ ဦးခွန်ထွန်းဦး၊ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ ပါတီများ သာ မက အခု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က နောက်ဆုံးဖြစ်ပါတယ်။

Myanmar Express

အတိုကြိုက်တဲ့မမ 43ကားပေါ်မှာ ပေါင်ကိုကိုက်ခံရသတဲ့ (ပေးစာ - ၁၁၁)



ဒီဘလော့က တခြားဘာသာကိုယိုးစွပ်တာလည်း မဟုတ်ပါဘူး။ ကိုယ်တို့မြန်မာမိန်းခလေးတွေ အနေအထိုင် မတတ်လို့ခံရတာကိုပြောချင်တာပါ။ မိန်းခလေးတယောက်က ဒီအကြောင်းကိုပြန်ပြောပြရတာ ရှက်ဖို့တော့ ကောင်းပေမယ့် မတတ်နိုင်ဘူးလေ။ ဒါကတော့ ပြောပြအသိပေးရမှာပဲ။


ကဲ…. 43ကားပေါ်မှာပေါ့။ ကားကကြပ်ကြပ်နဲ့ဆိုပေမယ့် စပယ်ယာကလည်း ချောင်ပါတယ်အော်ပြီး လူခေါ်။ ကားပေါ်ကလူတွေကလည်း ဟိုနားကပ် ဒီနားတိုးပေါ့။ အဲ့အချိန် ဘောင်းဘီပေါင်သာသာဝတ်ထားတဲ့ မမ ခြေတံကလည်းလှမှလှနဲ့ ကားပေါ်တိုးတက်လာရော။(သူ့အလှသူဖော်တာ…. ဒါဘာမှားလို့လဲနော်) နေစရာ နေရာလိုက်ရှာ၊ မရှိတော့ ထိုင်ခုံတစ်ခုံနားတိုးပြီး ရပ်တယ်။ ထိုင်ခုံမှာထိုင်နေတာက (ကန်တော့နော်) ကုလား။ ဘယ်ယောက်ျားမဆိုတော့ ကိုယ့်ရှေ့မှာ ခြေတံအဖွေးသားနဲ့ လာရပ်နေရင် စိတ်တော့လှုပ်ရှားတာပဲ(နော့..)။ ဒီမှာလည်းဒီလိုပဲ။ တစ်မှတ်တိုင်လောက်လည်း စီးပြီးရော အဲ့ကုလားက မမရဲ့ပေါင်ကို လှမ်းနမ်းတယ်ဆိုပဲ (အဲ ဘယ်လိုသုံးရမှန်းကိုမသိပါဘူး…. စိတ်တွေလည်းညစ်ပါတယ်) မမက အော်တာပေါ့။ ဘေးကလူတွေလည်း ရှူးရှူးရှားရှားနဲ့ ရိုက်မယ် ထုမယ်လုပ်တော့ ပေါင်သားကိုနမ်းထားတာကနေ ကိုက်တယ်ရှင့်။ ပေါင်မှာ အကွင်းလိုက်ဖြစ်သွားတယ်ဆိုပဲ။ ဒါနဲ့ကားကိုရဲစခန်းမောင်းရရောတဲ့ကွယ်။ ဘာဆက်ဖြစ်လဲတော့ မသိပေါင်။ သေချာတာတော့ အဲ့မမ နောက်တခါ အတိုဝတ်ပြီး လိုင်းကားစီးရဲတော့မယ် မထင်ဘူး။ ဒါဖြစ်ရပ်မှန်နော်။ ဟိုတနေ့ကလေးတင်ဖြစ်တာ။


ဒီက သူငယ်ချင်းတွေ မမတွေရော… တိုတိုဝတ်ပြီး လိုင်းကားတိုးမစီးနဲ့နော်။ တောင်းပန်တာပါ။ မိန်းခလေး တစ်ယောက်ဒီလိုဖြစ်ခံရတာ ဘယ်လောက်နားရှက်စရာလဲ။ ၀တ်ရင်လည်း တော်ရုံဝတ်ကြပါလို့။ တော်ရုံ မ၀တ်နိုင်လဲ တက္ကစီတော့စီးကြပါလို့ပြောချင်ပါရဲ့ကွယ်။။။။။။

Myanmar Express

စိတ်ပျက်စရာကောင်းသော မြင်ကွင်းများ

လူအများစုကတော. အမေစု အမေစု လု.ိ ပြောတာဘဲ ဒါပေမယ်. အမေစုက ဒီလိုဘဲလား?
သုံးခွမြို.နယ်NLD ပါတီ အမတ်လောင်းက လက်မြှောက်နေပြီ
စည်းရုံးရေးလုပ်တိုင်း အသုံးချခံနေရတဲ. ဗိုလ်ချုပ်အောင်ဆန်း
စည်းမရှိ ကမ်းမရှိ ဖြစ်ပျက်နေကြတာ ဒါနဲ.များဒီမိုကရေစီ အော်နေကြသေးတယ်
အမတ်လောင်းကြီး လူထုခေါင်းဆောင် ဒေါ်စုကြည် သီဆို ဖျော်ဖြေဟန်
သားသားကလည်း အမတ်လောင်းဝင်ပြိုင်ချင်တာပါတဲ.
ဒီကလေးလေးက ရောNLDပါတီဝင်ဘဲလား?
မဲမပေးပေး အောင် ပြောနေမှတော. အာခြောက်ပြီပေါ.
ဒီလူငယ်လေးတွေက ၈၈ ကိုပြန်ရောက်ချင်နေကြလု.ိလား?
အရူံးသမားတွေ ရဲ. အိမ်ပြန်ခရီးလေးပေါ.
Myanmar Express

ပြည်တွင်းဈေးကွက်တွင် အခေါက်ရွှေ တစ်ကျပ်သားဈေးနှုန်း ကျပ်ခုနှစ်သိန်းငါးသောင်း အထက်သို့ ရောက်ရှိ

From : ခေတ်လူငယ်

ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှစ၍ ပြည်တွင်းဈေးကွက်၌ အခေါက်ရွှေ တစ်ကျပ်သားဈေးနှုန်း ကျပ်ခုနစ်သိန်းငါးသောင်း အထက်သို့ စတင်ရောက်ရှိကာ အရောင်းအ၀ယ်ပြုနေကြောင်း သတင်းရရှိပါသည်။ ယခု ၂၀၁၂ ခုနှစ်အတွင်း ပြည်တွင်းဈေးကွက်၌ အခေါက်ရွှေ ဈေးနှုန်းမှာ ဇန်န၀ါရီလ ဒုတိယပတ်မှစတင်၍ တစ်ကျပ်သားလျှင် ကျပ်ခုနစ်သိန်းအထက်သို့ စတင်ရောက်ရှိခဲ့ခြင်း ဖြစ်ကာ ဇန်န၀ါရီလ ၁၁ ရက်နေ့မှစ၍ ကျပ်ခုနစ်သိန်းနှစ်သောင်း အထက်သို့လည်းကောင်း၊ ဖေဖော်ဝါရီလ ၃ ရက်နေ့မှစ၍ ကျပ်ခုနစ်သိန်းသုံးသောင်း အထက်သို့လည်းကောင်း၊ ဖေဖော်ဝါရီလ ၈ ရက်နေ့မှစတင်၍ ကျပ်ခုနစ်သိန်းလေးသောင်း အထက်သို့လည်းကောင်း  ဈေးနှုန်းအသီးသီး ရောက်ရှိခဲ့ကြကာ အရောင်းအ၀ယ်များ ပြုလုပ်ခဲ့ကြသည်။ သို့ရာတွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ စတင်၍လည်း အခေါက်ရွှေဈေးနှုန်းမှာ တစ်ကျပ်သားလျင် ကျပ်ခုနစ်သိန်းငါးသောင်း အထက်သို့ ထပ်မံ ဈေးနှုန်းတက်ကာ ရောက်ရှိခဲ့ပြီး ယင်းနေ့နံနက်ပိုင်းတွင် အခေါက်ရွှေ တစ်ကျပ်သား ကျပ်ခုနစ်သိန်းငါးသောင်း လေးထောင့်ငါးရာကျပ်ဖြင့် ဈေးကွက်၌ ရွှေဈေးနှုန်း စတင်ဖွင့်ခဲ့ရာမှ ညနေပိုင်းတွင်မူ ကျပ်ခုနစ်သိန်းရှစ်ထောင်ဖြင့် ဈေးပိတ်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင်လည်း ယင်းဈေးနှုန်းဖြင့်ပင် ဆက်လက်အရောင်းအ၀ယ်များ ပြုလုပ်ခဲ့ကြသည်။ အလားတူ နိုင်ငံတကာ ဈေးကွက်တွင်လည်း ဖေဖော်ဝါရီလ ၂၀ ရက်နေ့က နယူးယောက် ပေါက်ဈေးမှာ ရွှေတစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၇၃၄ ဒသမ ၁၀ သာရှိခဲ့ပြီး ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ စတင်ကာ ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၀၀ အထက်သို့ ရောက်ရှိခဲ့ကာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင်မူ ရွှေတစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၇၈၀ ဒသမ ၁၀ ဖြစ်ပေါ်ခဲ့သည်။ ပြည်တွင်း၌ ယခုကဲ့သို့ အခေါက်ရွှေတစ်ကျပ်သား ဈေးနှုန်း ကျပ်ခုနှစ်သိန်း ငါးသောင်းအထက် ရောက်ရှိခဲ့သည့် အပေါ် ရွှေလုပ်ငန်းရှင်များက နိုင်ငံတကာ ရွှေဈေးနှုန်းများ မြင့်တက်ခြင်းကြောင့် သက်ရောက်ခြင်းဖြစ်ကြောင်း သုံးသပ်ပါသည်။ ထို့ကြောင့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့တို့တွင် ပြည်တွင်းဈေးကွက်၌ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်ခုနှစ်သိန်း ငါးသောင်းရှစ်ထောင်နှင့် ၁၅ ပဲရည် ရွှေတစ်ကျပ်သားလျှင် ကျပ်ခုနှစ်သိန်းတစ်သောင်းဖြင့် အရောင်းအ၀ယ် ပြုလုပ်လျက်ရှိကြောင်းသိရှိရသည်
 Myanmar Express

မော်တော်ယာဉ်စီးခကို i-Pay ကဒ်စနစ်ဖြင့် ကောက်ခံမည်

ရုရှားနည်းပညာဖြင့် ပိုက်ဆံထည့်သည့် ကားကဒ်ပုံစံ

မကြာမီ ကာလတစ်ခုအတွင်း ယာဉ်စီးခများကို i-Pay ကတ်စနစ်များဖြင့် အသုံးပြုသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မထသ (ဗဟို)မှ အတွင်းရေးမှူးဦးဘမြင့်က ဖလား ဝါးနယူးစ်ဂျာနယ်သို့ ပြောသည်။

အဆိုပါ i-Pay ကတ်စနစ်ကို အသုံးပြုရန်အတွက် ကစ္ဆပနဒီကုမ္ပဏီမှ စက်များနှင့် ကတ်များကို အခမဲ့ပေးဝေ တပ်ဆင်ပေးသွား မည်ဖြစ်ကြောင်း၊ထိုသို့ ပြုလုပ်ရန်အတွက်လည်း ၎င်း
ကုမ္ပဏီအနေ ဖြင့် အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း သိရသည်။

''i-Pay ကတ်စနစ်က တော်တော်ကို ကောင်းတာပါ။
ကစ္ဆပနဒီဆိုတဲ့ ကုမ္ပဏီက ဒီစက်ကို ကားတစ်စီးစီး ပေါ်မှာ တစ်လုံးအခမဲ့ တပ်ပေးမယ်။ နောက်ခရီးသွားတွေအတွက် လဲငါးရာတန်၊ တစ်ထောင်တန်ကတ်တွေ ကို အခမဲ့စဝေပေး မယ်လို့ပြောတယ်။ အသုံး ပြုရမယ့်ပုံစံက ခြစ်ရတဲ့စနစ်မဟုတ်ဘူး။ ကတ်ကိုစက်နဲ့ကပ်လိုက်ရင် သူရဲ့ခရီးစဉ် ကို အော်တိုဖြတ်ပေးတယ်။ ဘယ်တော့ လောက်ဖြစ်မလဲ ဆိုရင် မကြာတော့ပါဘူး။ သူတို့လဲ လုပ်နေပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး မထသ(ဗဟို)မှ အတွင်းရေးမှူး ဦးဘမြင့်က ပြောသည်။

ထိုသို့ ကတ်စနစ်ကျင့်သုံးနိုင်ရန် အတွက်
ကုမ္ပဏီမှ ယာဉ်လိုင်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း၊ သက်ဆိုင် ရာယာဉ်လိုင်း များတွင် စက်ခွဲများထားရှိ၍ ငွေရေးကြေးရေး ကဏဍများကို ရှင်းလင်း သွားမည်ဖြစ်ကြောင်း သိရသည်။

''ဒီလိုလုပ်မယ်ဆိုလဲ ကောင်းပါတယ်။ ဂျာနယ်တွေမှာလဲ ဖတ်ရတယ်။စင် ကာပူလိုလုပ်မယ်ဆိုရင် ဒါတွေ လမ်းတွေ ကစပြီးတော့ လုပ်သင့်ပါတယ်။ ဘာဖြစ်ဖြစ် ကြိုဆိုပါတယ်။ ခရီးသည်တွေလဲ ဒီလိုစနစ်လုပ်ရင် စည်းကမ်းရှိဖို့လိုပါတယ်'' ဟု သိမ်ဖြူမှ ကိုညီထွေးက ပြောသည်။

''သူတို့လုပ်မယ်ပုံစံက စက်ကို ကားပေါ်မှာ စပယ်ယာက ထိန်းထားရ မယ်။ အဲမှာ ကိုယ်သွားချင်တဲ့နေရာကို ကတ်နဲ့ကပ်ပြီး နှိပ်လိုက်ရင် အော်တို ယာဉ်စီးခကို ဖြတ်လိုက်လိမ့်မယ်။ စက်ခွဲ တွေကို ယာဉ်လိုင်းအသီးသီးမှာ ထားပေး သွားပါမယ်။ အဲဒီ့ကမှ ကျွန်တော်တို့ဆီမှာ လာရှင်းရင် ဖြစ်နိုင်ပါတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး မထသ(ဗဟို)က အတွင်း ရေးမှူး ဦးဘမြင့်မှ ထပ်မံရှင်းပြသည်။

i-Pay ကတ်ဖြင့် ယာဉ်စီးခ ကတ်များကို ၅၀၀ တန်ကတ် ၁၀၀၀ တန် ကတ်များဖြင့် ပြုလုပ်သွားဖွယ်ရှိကြောင်း သိရသည်။

Myanmar Express

ကျပ်တစ်သိန်းရှစ်သောင်းတန် ဂျီအက်စ်အမ်ဖုန်းများကို မတ်လ ၅ ရက်နေ့တွင် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စတင်ချပေးမည်


ငွေကျပ် တစ်သိန်းရှစ်သောင်းတန် ဂျီအက်စ်အမ်ဖုန်းများကို လာမည့်မတ်လ ၅ ရက်နေ့တွင် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စတင် ချပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

''အခုလာမယ့် မတ်လ ၅ ရက်နေ့မှာ နေပြည်တော်နဲ့ ရန်ကုန်မြို့တွေမှာ ဂျီအက်စ်အမ်ဖုန်းတွေ စပြီး ချပေးသွားမယ်။ တန်ဘိုးကတော့ ငွေကျပ်တစ်သိန်းရှစ်သောင်း သတ်မှတ်ထားပါတယ်။ ချပေးမယ့် အလုံးအရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး'' ဟု နေပြည်တော် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးထံမှ စုံစမ်းသိရှိရပါသည်။

လာမည့် မတ်လ ၅ ရက်နေ့တွင် စတင်ချပေးမည့် ဂျီအက်စ်အမ်ဖုန်းများ၏ နံပါတ်ကို ၀၉-၄၂ နံ ပါတ်ဖြင့် ချပေးမည်ဖြစ်ကြောင်း သိရသည်။ ငွေကျပ် ၁၅ သိန်းတန် စီဒီအမ်အေဖုန်းများကို ၂၀၀၉ ခုနှစ်အတွင်း စတင်ချထားပေးခဲ့ပြီး ငွေကျပ် ငါးသိန်းတန် စီဒီအမ်အေဖုန်းများနှင့် ၂၀၁၀ ခုနှစ်တွင်ချထားပေးခဲ့ပြီး ငွေကျပ် ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်းများကိုလည်း ချထားပေးခဲ့ကြောင်း သိရသည်။ ယခုအခါ ၂၀၁၂ ခုနှစ်မတ်လ ၅ရက်နေ့တွင် ငွေကျပ်တစ်သိန်းရှစ်သောင်းတန် ဂျီအက်စ်အမ်ဖုန်းများကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စတင် ချထားပေးမည်ဖြစ်ကြောင်း သိရသည်။

Myanmar Express

HP မှ စွမ်းရည်မြင့် လုပ်ငန်းသုံး တက်ဘလက် ကွန်ပျူတာ ထုတ်လုပ်မည်

From :MRTV4



အီလက်ထရောနစ် နည်းပညာ ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Hewlett-Packark HP ကုမ္ပဏီဟာ Apple ကုမ္ပဏီထုတ် iPad တက်ဘလက် ကွန်ပျူတာတွေထက် သာလွန်ပြီး အပျော်တမ်း အသုံးချရုံထက် လုပ်ငန်းခွင်မှာပါ အသုံးတည့်စေမယ့် တက်ဘလက် ကွန်ပျူတာတွေကို အခုနှစ် အတွင်း ထုတ်လုပ် သွားမယ်လို့ သိရပါတယ်။

အဲ့ဒီ တက်ဘလက် ကွန်ပျူတာဟာ မိုက်ခရိုဆော့ဖ် ၀င်းဒိုး အိတ် ဆော့ဖ်ဝဲလ် အခြေပြု ဖြစ်ပြီး လုပ်ငန်းခွင်တွေမှာ အသုံးပြုနိုင်အောင် အဓိက ရည်ရွယ်ထားကြောင်း စီးပွားရေး လုပ်ငန်းများ အတွက် အထောက်အကူ ဖြစ်စေမယ့် ၀န်ဆောင်မှုတွေ ပံ့ပိုးပေးနိုင်ဖို့ ရည်ရွယ်ထားကြောင်း HP ကုမ္ပဏီ အမှုဆောင် အရာရှိချုပ် Meg Whitman က ပြောကြား ခဲ့ပါတယ်။ အဲ့ဒီလို လုံခြုံရေး ၊ ကုန်ထုတ်နိုင်မှု နှုန်းထားနဲ့ စီးပွားရေး လုပ်ငန်း သုံး ကွန်ယက်တို့ အတွက် သင့်တော်မှုရှိတဲ့ လုပ်ငန်းသုံး တက်ဘလက် ကွန်ပျူတာကို လာမယ့် ဒီဇင်ဘာလ အတွင်းမှာ ထုတ်လုပ် ရောင်းချ သွားမယ်လို့ သိရပါတယ်။
 Myanmar Express

ရန်ကုန်မြို့အတွက် ဂျီအက်စ်အမ်ဖုန်းလိုင်း ၁ သိန်းခွဲချထားပေးမည်

From : Internet Journal, Vol(13) Issue(09)

ရန်ကုန်မြို့အတွက် ဂျီအက်စ်အမ်ဖုန်းလိုင်း ၁ သိန်းခွဲချထားပေးမည်
၂၀၁၁ ခုနှစ် တစ်နှစ်တာကာလပတ်လုံး တန်ဖိုးနည်းဖုန်းလိုင်းချထားပေးမည်ဟုသာ သတင်းထုတ်လွှင့်ခဲ့ပြီး အမှန်တကယ်ချထားပေးခြင်းမရှိခဲ့သည့် ဂျီအက်စ်အမ်မိုဘိုင်းဖုန်းလိုင်းများကို လာမည့် မတ်လအတွင်း၌ အမှန်တကယ်ချထားပေးတော့မည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတို့က အတည်ပြုပြောဆိုခဲ့သည်။ မတ်အတွင်း၌ ချထားပေးမည့် ဂျီအက်စ်အမ်မိုဘိုင်းဖုန်းလိုင်းများသည် တစ်နိုင်ငံလုံးအတိုင်းအတာအတွက် လိုင်းအင်အား ၁ သန်းခွဲရှိပြီး ရန်ကုန်မြို့အတွက် လိုင်းအင်အား ၁ သိန်းခွဲရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံတယ်လီပို့တို့မှ ပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်ခဲ့သည့် Call Center မှသိရသည်။ “အရင်က နှစ်သိန်းနဲ့ချထားပေးမယ်ဆိုပြီး ဆက်သွယ်ရေးကပြောခိုင်းထားလို့ ပြောပေးနေတာပါ။ အခု နှစ်သိန်းဝန်းကျင်လို့ပဲ ပြောခိုင်းထားပါတယ်”ဟု တန်ဖိုးနည်းဖုန်း၏ ဈေးနှုန်းနှင့်ပတ်သက်၍ Call Center မှပြန်လည်ဖြေကြားသည်။ မြန်မာ့ဆက်သွယ်ရေးအနေဖြင့် ဖုန်းလိုင်းများချထားပေးမည့်ရက်ကို မတ်လအတွင်း အတိအကျချထားပေးမည်ဟု Call
Center သို့ အချက်အလတ်ပေးပို့ထားကြောင်း ၎င်းကပြောသည်။ ငွေကျပ်နှစ်သိန်းဖြင့် ချထားပေးမည်ဟု သတင်းထွက်ပေါ်နေသည့် တန်ဖိုးနည်းဖုန်းများကို နီးစပ်ရာမြန်မာ့ဆက်သွယ်ရေးရုံးများ၌ ၀ယ်ယူနိုင်မည်ဖြစ်သည့်အပြင် ပြင်ပရှိမိုဘိုင်းဖုန်းဆိုင်အများအပြား၌လည်း ၀ယ်ယူနိုင်မည်ဟုသိရသည်။ “ဆက်သွယ်ရေးက ရောင်းတဲ့ဈေးအတိုင်း ကျွန်တော်တို့ဆိုင်မှာဝယ်လို့ရမှာပါ။ အမြတ်အစွန်းဆိုတာက ဖုန်းလိုင်းကတ်တွေရောင်းတဲ့အပေါ်မှာ မရရှိပေမယ့်လည်း ကျွန်တော်တို့အနေနဲ့က ဆိုင်မှာဖုန်းနဲ့ပတ်သက်ပြီး အပြည့်အစုံရှိချင်တာကြောင့် ရောင်းတော့ရောင်းရမှာပါပဲ” ဟု လူကြီးမင်းဟန်းဆက်အရောင်းဆိုင်မှ အထွေထွေမန်နေဂျာ ဦးကိုကိုအောင်ကပြောသည်။ အဆိုပါမိုဘိုင်းဖုန်းလိုင်းများနှင့်ပတ်သက်၍ နိုင်ငံခြားခေါ်ဆိုမှုဘီလ်ဈေးနှုန်းများ၊ စာတိုပို့စနစ်အတွက် ဘီလ်ဈေးနှုန်းများနှင့် တခြားဘီလ်ဈေးနှုန်း အသီးသီးတို့ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် တိကျစွာထုတ်ပြန်ကြေညာပေးခြင်းမရှိပေ။ “ကျွန်တော်တို့ အခုအချိန်အထိ နိုင်ငံခြားဘီလ် ဘယ်လောက်ကောက်မှာလဲ၊ Message အတွက် ဘီလ်ဘယ်လောက် ကောက်မှာလဲ၊ နယ်ကျော်သုံးတဲ့ Roming ဘီလ်တွေပေးရမှာလားဆိုတဲ့ အသေးစိတ်အချက်အလက်တွေ အခုချိန်ထိမသိရသေးဘူး။ မတ်လအတွင်းချမယ်ဆိုရင် ရက်ကတော့နီးနေပြီ။ အခုချိန်ထိတော့ အသေးစိတ်မသိရသေးဘူး” ဟုဆက်သွယ်ရေးလုပ်ငန်းနှင့် နီးစပ်သူတစ်ဦးကပြောသည်။ တန်ဖိုးနည်းဖုန်းလိုင်းချထားပေးမည်ဟုသောသတင်းများ အဆက်မပြတ်ထွက်ပေါ်လာသည့်အတွက် ပြင်ပတွင်လက်ရှိရောင်းချနေသည့် မိုဘိုင်းဖုန်းလိုင်းများနှင့် မိုဘိုင်းဟန်းဆက်များ၏ အရောင်းအ၀ယ်ဈေးကွတ်မှာ သိသိသာသာနှေးကွေးကျဆင်းသွားသည်ဟု ရန်ကုန်အခြေစိုက် မိုဘိုင်းဖုန်း အကျိုးဆောင်လုပ်ကိုင်နေသူများကဆိုသည်။ ဈေးနှုန်းတည်ငြိမ်မှုကို မျှော်လင့်မထားနိုင်သည့် အဆိုပါဂျီအက်စ်အမ်မိုဘိုင်းဖုန်းများအတွက် အရစ်ကျစနစ်ရောင်းချပေးရန်မှာ အလွန်ခက်ခဲသော လုပ်ငန်းဖြစ်ကြောင်း သို့ဖြစ်၍ အဆိုပါဈေးနှုန်းနိမ့်ဖုန်းများအတွက် အရစ်ကျစနစ်ကိုလုပ်ကိုင်ရန်မှာ မသေချာသေးကြောင်း မိုဘိုင်းဖုန်းလိုင်းများကို အရစ်ကျစနစ်ဖြင့် လက်ရှိရောင်းချပေးနေသည့် လူကြီးမင်းဟန်းဆက်အရောင်းဆိုင်မှ ဦးကိုကိုကပြောသည်။ “အရစ်ကျစနစ်ကိုရောင်းပေးဖို့ မဖြစ်နိုင်သေးဘူး။ ဈေးနှုန်းက ချက်ချင်းထိုးကျချင်လည်းကျသွားမှာ။ ဘယ်သူမှ မပြောနိုင်ဘူး။ ပထမတုန်းကတော့ ဖုန်းလိုင်းတွေချထားပေးတာနဲ့ အရစ်ကျစနစ်ကိုလည်း ရောင်းပေးမယ်လို့စိတ်ကူးထားတာ။ အခုတော့ မရောင်းသေးဘူးလို့ စိတ်ကူးထားတယ်” ဟု ၎င်းကပြောသည်။

Myanmar Express

ရွှေတိဂုံစေတီတော်နှစ် ၂၆၀၀ပြည့် ဗုဒ္ဓဘိသေက အနေကဇာတင်ပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲ ကျင်းပပြုလုပ်ခဲ့

FromးMRTV4

ရွှေတိဂုံစေတီတော်နှစ် ၂၆၀၀ပြည့် ဗုဒ္ဓဘိသေက အနေကဇာတင်ပွဲနဲ့ ဆွမ်းဆန်တော် လောင်းလှူပွဲ အခမ်းအနားကို ယနေ့ဖေဖေါ်ဝါရီလ ၂၅ရက်နေ့ နံနက်ပိုင်းက ရွှေတိ ဂုံစေတီတော် ရင်ပြင်တော်ပေါ်မှာ ကျင်းပပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။ အဆိုပါ အခမ်းအနားကို နံနက် ၇နာရီက ရွှေတိဂုံ စေတီရင်ပြင်တော်ပေါ်မှာ သံ ဃာတော်များက ဦးဆောင်ပြီး ကျင်းပပြုလုပ်ခဲ့တာ ဖြစ် ပါတယ်။

အဲ့ဒီနောက် နံနက် ၇နာရီ မိနစ် ၃၀ခန့်မှာ ရန်ကုန်တိုင်းဒေသကြီး ခရိုင် ၄ခရိုင်မှ ပင့်ဖိတ်ထားတဲ့ သံဃာတော် အပါး ၂၆၀၀ကို စောင်းတန်း ၄သွယ်မှာ သံဃာတော်အပါး ၆၀၀ကျော်စီခွဲပြီး တိုင်းဒေသကြီး ၀န်ကြီးများ၊ ဂေါပကအဖွဲ့ဝင် လူကြီးများနဲ့ တိုင်းအဆင့်အကြီးအကဲများက ဦးဆောင်ကာ အများပြည်သူတို့နဲ့အတူ ဆွမ်းဆန်တော် လောင်းလှူခဲ့ကြတယ်လို့ သိရပါတယ်။ အဲ့ဒီလို လောင်းလှူကြရာမှာ ဆွမ်းဆန်တော် များ၊ စားသောက်ကုန်များ၊ သံဃာတော်အသုံး အဆောင်ပစ္စည်းများဖြစ်တဲ့ ထီး၊ ဖိနပ်၊ ယပ်အစရှိတဲ့ လှူဖွယ်ပစ္စည်း အစုံအလင်ကို အလှူရှင်များ က ကုသိုလ်ပါဝင် လောင်းလှူခဲ့ကြတယ်လို့ သိရှိရပါတယ်။
 Myanmar Express

Supermarket တစ်ခု သမိုင်းလမ်းဆုံ၌ အသစ်ထပ်မံ ဖွင့်လှစ်

From :MRTV4


မရမ်းကုန်းမြို့နယ်ရှိ သမိုင်းဘူတာရုံလမ်းနှင့် ရန်ကုန်အင်းစိန် လမ်းထောင့် ၂ရပ်ကွက်မှာ  စူပါမားကတ် တစ်ခုကို ဖေဖော်ဝါရီလ ၁၇ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ စူပါမားကတ်ဟာ City Mart Supermarket မှသမိုင်း ဆိုင်ခွဲအဖြစ် ဖွင့်လှစ်တာဖြစ်ပြီး ရန်ကုန်မြို့မှာ ဖွင့်လှစ်တဲ့ ဆိုင်တွေထဲမှာ ၁၃ဆိုင်မြောက် ဖွင့်လှစ်ခဲ့ တာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ စီးတီးမတ်စင်တာမှာ ပုံမှန်ရောင်းချတဲ့ ပစ္စည်းဆိုင်ခန်းတွေအပြင် စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များ၊ ဖိနပ်ဆိုင်များနဲ့ အလှပြင်ဆိုင် များလည်း ပါဝင်ပါတယ်။ မီးဖိုချောင်သုံးပစ္စည်းများ၊ အသီးအရွက်နဲ့ သားငါးများ၊ အလှကုန်ပစ္စည်းများအပြင် လူသုံးကုန်ပစ္စည်း အမျိုးမျိုးတို့ ကို ရောင်းချလျက် ရှိတယ်လို့ သိရပါတယ်။ အဆိုပါ စူပါမားကတ်ကို နေ့စဉ်နံနက် ၉နာရီမှ ည ၁၀နာရီအထိ ဖွင့်လှစ်ရောင်းချသွား မှာ ဖြစ်တယ်လို့ သိရပါတယ်။
  Myanmar Express

ဘာလဲဟဲ့ ဒုက္ခသည် (၂)

From : ဌေးတင့်၊ ဘုန်းကျော်


တတိယနိုင်ငံရောက် ဒုက္ခသည်ဆိုတာ

တတိယနိုင်ငံမှာနေတဲ့ ရဲဘော်ဟောင်းတွေရဲ့ ဘ၀ကလည်းမလွယ်ဘူးဗျ။ မနက် မိုးမလင်းသေးဘူး၊ စက်ရုံကို သွားရပြီ။ ဖင်က သွေးထွက်ထိအောင်အလုပ်လုပ်ရတယ်။ တစ်ပက်မှာ စနေဆိုတာ မရှိဘူး။ တစ်ရက်လောက်ပဲနားရတယ်။ တစ်ရက်မှာတောင် အိမ်က မိသာစုအရေးကိုလုပ်ရသေးတယ်။ ပြီးတော့နိုင်ငံရေးလည်းဝင်ပါသေးတယ်။ ၀ါသနာဖြစ်နေတာကိုးဗျ။

အရင်တုန်းက...အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တွေ သြစီမှာ အိမ်သာဆေးရတယ်။ သန့်ရှင်းရေးလုပ်ရတယ်။ မယုံရင် ကိုသိုက်ကိုမေးကြည့်...သူက အေဘီ တပ်ရင်းကိုးရဲ့ ရင်းမှုးပဲ။ သူလည်း အသားကုန်ချရတယ်။ သြစီမှာရောက်ပြီး၊ အမေရိကန်မှာရောက်ပြီး နယ်စပ်မှာကျန်ခဲ့တဲ့ လူ ၁၀၀ ကိုဆေးလိပ်ဖိုးတော့ပြန်ပေးတယ်။ ဒိထက်တောင်များသေးတယ်။ ကိုမောင်မောင်ဦး(လူ့ဘောင်သစ်)က ဒီလိုပြောတယ်ဗျ...။ ငါတို့ဒီမှာ -ီးပြဲအောင်ရှာရတာ သူတို့မသိဘူးတဲ့။

ကိုယ်ဘ၀နဲ့ကိုယ်ဆိုတော့ သူများတော့အားမကိုးနဲ့ဗျာ..။ ခင်ဗျားငတ်ရင် ဘယ်ကောင်မှလာမကြွေးဘူး။ ကိုယ့်ထမင်းကိုယ်ရှာစားနိုင်ပြီး တော်လှန်နိုင်တဲ့တနေ့ အောင်ပွဲရတယ်။ ခင်ဗျားမယုံရင် ကျုးဘားသမ္မတ နဲ့ ချေ ကိုမေးကြည့်တော့။

ကျနော်ဒီလိုစာရေးတာတောင် ၁-နာရီကို ဒေါ်လာ ၃၀ တန်တယ်။ အခုရေးတာ တပြားမှမရဘူး။ စိတ်ရှိလို့ဒါတွေကိုလုပ်နေတာ။

ဒုက္ခသည်အတု





ကျနော်တို့ Perth မြို့ က တော်လှန်ရေးအင်အားစုအနေနဲ့ ၁၉-၁၀-၂၀၁၀ ရက်နေ့မှာ Western Australia Immigration နဲ့တွေ့မယ်။ ဆွေးနွေးမယ့်ခေါင်းစဉ်က General Issues in Burmese Community, Perth ဖြစ်တယ်။ Immigration က Senior Officers နဲ့ Burmese Community Laison Officer တို့တက်ပြီး ကျနော်တို့ဆွေးနွေးတာကို နားထောင်မယ်။ ကျနော်တို့အင်အားစုဘက်က တက်မဲ့လူတွေကတော့- ကျနော်၊ ကိုရစ်ချက်၊ ကိုသီဟရွှေ တို့ဖြစ်တယ်။

ကိုရစ်ချက်က Perth မှာနေတာ နှစ်ပေါင်း ၃၀-ကျော်ပြီ။ သူ့အဖေနာမည်က ဦးခင်ဖြစ်တယ်။ လွတ်လပ်ရေး ရတဲ့နေ့မှာ ဗမာပြည်ရဲ့ အလံကို တရားဝင်လွှင့်ထူပြီး၊ အင်္ဂလိပ်အလံကို တရားဝင်ဖြုတ်ချခဲ့တဲ့သူပဲ။ ကိုချစ်ချက်ကို KNU ကနေ Hon Captain အဖြစ် လောလောဆယ်အသိအမှတ်ပြုတယ်။ သူက Perth မှာ ဒသနိကဗေဒနဲ့ ဘွဲ့ရခဲ့တယ်။ အခုလောလောဆယ် Children Founddation ကို Perth မှာ ဦးဆောင်ပြီးတည်ထောင်ထားတဲ့သူ။ နယ်စပ်မှာကျောင်းတွေဖွင့်ပြီး အကူအညီပေးသူဖြစ်တယ်။ သူ့မိန်းမ အင်္ဂလိပ်မတစ်ယောက်ဖြစ်တယ်။

ုကိုသီဟရွှေ ဆိုတဲ့လူက ၁၉၈၈-ခုနှစ်မှာ နောက်ဆုံးနှစ် ကျောင်းသားတစ်ယောက်ဖြစ်တယ်။ ၈၈-မှာ တောခိုလာတယ်။ ABSDF ရဲဘော်ဟောင်းတစ်ယောက်ဖြစ်တယ်။ သြစတျေးလျမှာ အခုလောလောဆယ် နိုင်ငံရေးခိုလှုံနေတယ်။ တော်လှန်ရေးကိုအားတက်သရောလုပ်တဲ့သူပဲ။

၁၉-ရက်နေ့ လုပ်မဲ့အစည်းအဝေးမှာ ကျနော်တို့ အဓိကဆွေးနွေးမဲ့ကိစ္စက ဒုက္ခသည်အတုတွေ၊ လုပ်စားဒုက္ခသည်တွေကို သြစတျေးလျနိုင်ငံက လုံးဝလက်မခံဖို့ကို အဓိကဆွေးနွေးမယ်။ လက်ရှိ PERTH မှာရှိနေတဲ့ စစ်အစိုးရနဲ့ပက်သက်တဲ့ ဗမာတွေ၊ စီးပွားရေးသမားတွေကို ဖော်ထုတ်အရေးယူပြီး မြန်မာပြည်ပြန်ပို့အောင်လုပ်မယ်။

နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ နိုင်ငံခြားထွက်ဖို့လုပ်နေတဲ့ ငွေရှင်ကြေးရှင်ဓနရှင်တွေရှိတယ်။ သူတို့က ဒုက္ခသည်အတုတွေဖြစ်တယ်။ သူတို့က စမှုစာလို သုံးဖက်ချွန်အခြေအနေရှိတယ်။ မြန်မာပြည်လည်းပြန်လို့ရတယ်။ တော်လှန်ရေးအင်အားစုနဲ့လည်းပေါင်းတယ်။ သြစတျေးလျလာဖို့အတွက်လည်းကြိုးစားနေကြတယ်။ သူတို့ကြောင့် တကယ့်နိုင်ငံရေးသမားကြီးတွေ၊ တော်လှန်ရေးသမားတွေ နစ်နာရတယ်။ ဒါ့ကြောင့်သူတို့ကို သြစတျေးလျကလက်မခံဖို့ ကျနော်တို့ အချက်အလက်နဲ့ပြောမယ်။

နောက်တမျိုးရှိသေးတယ်။ ဘာတော်လှန်ရေးမှမလုပ်၊ နိုင်ငံရေးမလုပ်၊ ငတ်လို့၊ ဒုက္ခရောက်လို့ ဒုက္ခသည်စခန်းထဲဝင်ပြီး နိုင်ငံခြားထွက်ဖို့လုပ်တဲ့သူတွေရှိသေးတယ်။ မလေးရှား၊ ထိုင်း၊ အိန္ဒိယ၊ နဲ့ အခြား နိုင်ငံတွေမှာရှိတယ်။ သူတို့ကိုလည်းလက်မခံဖို့ပြောမယ်။

ဆိုလိုချက်ကတော့ ဒုက္ခသည်အတုတွေကို လက်မခံဖို့ဖြစ်တယ်။ သူတို့သြစတျေးလျရောက်ရင် ဗမာပြည်ပြန်ပြီး -င်-ိုး-ခံပြန်လုပ်ကြတယ်။ သူ့တို့ကြောင့် ကျနော်တို့ BURMESE COMMUNITY အတွက် အကျိုးမရှိရုံ မကဘူး၊ ညီညွတ်ရေးပါပျက်ပြားစေတယ်။ ဒါ့ကြောင့် ဒုက္ခသည်လုပ်စားတွေ၊ အတုတွေနဲ့ပက်သက်ပြီး IMMIGRATION တင်ပြမယ်။

ကျနော်တို့အင်အားစုက BURMESE COMMUNITY ကို ကိုယ်စားမပြုဘူး။ တာဝန်သိတဲ့လူတွေအနေနဲ့တင်ပြမှာဖြစ်တယ်။ ကျနော်တို့ဘက်က ခင်ဗျားတို့ရဲ့ အိုင်ဒီယာ၊ ဆန္ဒ၊ နဲ့ ပူးပေါင်းဆောင်ရွက်မှုကိုလိုချင်ပါတယ်။ ဆွေးနွေးပွဲလိုက်ချင်တဲ့လူပြောကြပါ။

ဒုက္ခသည်တွေကို သြစတျေးလျအစိုးရက PROCESSING လုပ်တဲ့အခါမှာ ကျနော်တို့ စေတနာ့လုပ်အားပေးအနေနဲ့လုပ်ချင်တယ်လို့ ပြောမယ်။ ကူညီမယ်။ ရည်ရွယ်ချက်ကတော့ တကယ်ခံရတဲ့လူတွေ အကျိုးခံစားခွင့်ရှိရေးပဲ။ အခု PERTH မှာ သုံးဖက်ချွန်စမှုစာတွေတအားများနေလို့ ဒီကိစ္စကို ကျိုးစားနေတာဖြစ်တယ်။

တော်လှန်ရေးဘက်က သူပုန်တွေ၊ ပြည်တွင်းက ထွက်ပြေးလာတဲ့သူပုန်တွေ၊ တကယ့် စစ်ပြေးဒုက္ခသည်တွေက အကျိုးမခံစားရဘူး။ လုပ်စားတွေ၊ လူလိမ်တွေပဲ တတိယနိုင်မှာတပုံကြီးဖြစ်ကုန်ကြပီ။ ခင်ဗျားတို့ ဒီလိုအခြေအနေကို ကြည့်ရက်လား။ ခင်ဗျားတို့လည်း ခင်ဗျားတို့ဒေသကနေ အစိုးရတွေကို တင်ပြကြပါ။

အောက်ကစာက Immigration ကပြန်စာဖြစ်ပါတယ်။ ဒီလိုတွေ့ခွင့်ရအောင် အကြံပေးတဲ့ ဒေါ်ကော်နီ (TRW) ကိုအထူးကျေးဇူးတင်ပါတယ်။ ဒေါ်ကော်နီက Perthမှာနေတာ နှစ်ပေါင်း ၄၀ ကျော်နေပါပြီ။ အခုကိစ္စကို သူကောင်းကောင်းနားလည်ပုံရပါတယ်။

--------------------------------------------------------------

Good afternoon Phone,

Thank you for your interest and email.

Both my supervisor Veronica Bannon and I are more than happy to meet you
and other distinguished persons.

Unfortunately, the 15.10.2010 is not a suitable time or date. Will you be
available for for the 19.10.2010, Tuesday at 10am?

Please let me know, so I can confirm this date and schedule it in our
diaries.

I look forward to your response, and meeting you.

Kind regards,

Jolene Chua
Settlement & Multicultural Affairs
Settlement Grants Manager & Community Liaison Officer
Department of Immigration and Citizenship


ဒုက္ခသည် လိမ်စားသူ


သြစတျေးလျနိုင်ငံကနေ ဒုက္ခသည်တွေကို ထိုင်း၊ မလေး၊ အိန္ဒယနိုင်ငံတို့ကနေ ခေါ်ပါတယ်။ ဒီနိုင်ငံတွေမှာ မြန်မာလူမျိုးဒုက္ခသည်တွေရှိပါတယ်။

အစိုးရက လူသားချင်းစာနာမှုနဲ့ အခမဲ့ခေါ်ယူပေးပါတယ်။ ဒီလိုခေါ်တဲ့နေရာမှာ စပွန်စာပေးသူများဟာ သြစတျေးလျနိုင်ငံမှာ တရားဝင်နေထိုင်ခွင့် Permanent Resident ဖြစ်ရပါ့မယ်။ တစ်ဦးချင်းသော်လည်းကောင်း အဖွဲ့အစည်းသော်လည်းကော်း ဒုက္ခသည်တွေကို စပွန်စာပေးနိုင်ပါတယ်။

ဒုက္ခသည်တစ်ယောက်က အနည်းဆုံး UNHCR က ဒုက္ခသည်တစ်ယောက်အဖြစ်အသိအမှတ်ပြုခြင်းတော့ ခံရပါ့မယ်။ ဒီအခြေအနေဆို သြစတျေးလျနိုင်ငံကနေ ခေါ်ပါတယ်။ ဖြည့်ရမဲ့ဖောင်ကတော့ ၈၄၂ နဲ့ ၆၈၁ ဖောင်ဖြစ်ပါတယ်။

သို့သော် ဒီနေရာမှာ လုပ်စား၊ လူလိမ်တွေ ဒီအခွင့်အရေးခုတုံးလုပ်ပြီး အမြတ်ထုတ်နေတာရှိပါတယ်။

ကျနော်တို့ Perth မြို့ မှာ ဒုက္ခသည်တွေကို ကူညီဖို့ဆိုပြီး အဖွဲ့အစည်းတွေဖွဲ့ ပြီးတော့ နယ်စပ်က ဒုက္ခသည်တွေကို သြစတျေးလျအရောက်ဒေါ်လာ ၅၀၀၀ ပေးရင်ခေါ်မယ်။ လျှောက်လွှာဖြည့်ပေးခအပါအ၀င်ပေါ့။ ဘာညာ..လုပ်စားတာရှိပါတယ်။ နာမည်တော့ ဒီနေရာမှာမပြောချင်ပါဘူး။

တကယ်တမ်းဒီလူတွေလုပ်ရတာက ဖောင်ဖြည့်ပြီး သံရုံးတင်တဲ့ ကိစ္စပဲရှိပါတယ်။ ဒါကို ဒေါ်လာ ၅၀၀၀ ဆိုတော့။ စီးပွားဖြစ်လုပ်စားနေတာ မကောင်းပါဘူး။ နယ်စပ်က Camp တွေထဲမှာလည်း ဒီသတင်းက ထွက်နေပြီ။ ဒုက္ခသည်စခန်းက တချို့ လူတွေက ပိုက်ဆံချမ်းသာပြီး တတိယနိုင်ငံကိုထွက်ဖို့ လာတဲ့လူတွေပါ။ သူတို့က ဒီလိုအခွင့်အရေးကို သုံးပါတယ်။

Perth မှာ ဒီလိုအလုပ်ခံရတဲ့လူတွေရောက်တာ ရှိပါတယ်။

နောက်ပြီး နယ်စပ်က Camp တွေအထဲကို စာရင်းပေါင်က် ဒေါ်လာ ၂၀၀၀ ဆိုတာလည်းရှိပါတယ်။ ဒီအခြေအနေတွေကို သိသလောက်ရေးခဲ့ကြပါ။ ကျနော်တို့ Immigration နဲ့တွေ့ရင် ပြောပြပါ့မယ်။ အရေးယူဆောင်ရွက်မှုတွေလုပ်ပါ့မယ်။

ဒုက္ခသည်တွေကို လူမှောင်ခိုကူးတာ လုံးဝလက်မခံနိုင်ပါဘူး။

ဒါ့ကြောင့်မြန်မာလူမျိုးတွေဟာ လူလိမ်၊သူခိုးတွေကြီးပဲလို့ အနောက်နိုင်ငံသားတွေပြောကြတာဖြစ်လိမ့်မယ်။

ဒုက္ခသည်အတုတွေကိုသတိထား

ဒုက္ခသည်ဆိုတာ အမျိုးအစားသုံးလေးမျိုးအနည်းဆုံးရှိတယ်။ အထူးသဖြင့် နိုင်ငံရေး ဒုက္ခသည်(Political Reufgees)၊ စားဝတ်နေရေးအဆင်မပြေလို့ထွက်ပြေးလာတဲ့ ဒုက္ခသည် (Economic Refugees)၊ သဘာဝဘေးအန္တရယ်ကြောင့်ထွက်ပြေးလာတဲ့ ဒုက္ခသည် (Enviromental Refugees) ဆိုပြီးရှိတယ်။ နောက်ဆုံးဒုက္ခသည်ကတော့ စစ်ပြေးဒုက္ခသည် (Refugees from War) ဆိုတာလည်းရှိတယ်။ အားလုံးကို ခြုံကြည့်ရင် နိုင်ငံရေးကြောင့်အားလုံးဒုက္ခရောက်ကြတယ်လို့ နားလည်နိုင်တယ်။ မြန်မာပြည်က ဒုက္ခသည်အတော်များများ နယ်စပ်မှာရှိတယ်။ မလေးရှား၊ အိန္ဒယနဲ့အခြားနိုင်ငံတွေမှာလည်းရှိတယ်။ တတိယနိုင်ငံသွားဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ယူအန်လျှောက်ပြီး ထွက်ဖို့လုပ်တဲ့ဒုက္ခသည်တွေက အများစုဖြစ်တယ်။ တချို့ ကတော့ ယူအန်အောင်လည်း တတိယနိုင်ငံကို ထွက်ဖို့မလုပ်ကြဘူး။


နိုင်ငံရေးဒုက္ခသည်

ဒီအုပ်စုကတော့ နိုင်ငံရေးလုပ်လို့ မိမိတိုင်းပြည်ကို ပြန်လို့မရတဲ့လူတွေပါ။ ပြန်ရင် အနည်းဆုံးအဖမ်းခံရနိုင်သလို ထောင်လည်းကျနိုင်ပါတယ်။ သူပုန်အဖွဲ့အစည်းတွေနဲ့ အတိုက်အခံအင်အားစုကလူတွေဖြစ်တယ်။ ဥပမာ NLD ABSDF နဲ့ အခြားအဖွဲ့အစည်းတွေဖြစ်တယ်။ ပြည်တွင်းမှာ နေမရတော့လို့ ထွက်ပြေးရောက်ရှိလာတဲ့နိုင်ငံရေးသမားတွေ၊ လှုပ်ရှားသူတွေလည်း ဒီအုပ်စုထဲမှာပါတယ်။ သူတို့ ကြောင့် တတိယနိုင်ငံတွေကို ထွက်လို့ရတယ်လို့နားလည်နိုင်တယ်။ ၈၈-နောက်ပိုင်းမှာ ဒီလူတွေကြောင့် အမေရိကနဲ့အခြားနိုင်ငံကြီးတွေမှာ မြန်မာတွေတပုံကြီးဖြစ်ကုန်တယ်။

စီးပွားအဆင်မပြေလို့ ဒုက္ခသည်အဖြစ်လျှောက်သူများ

ဒီအုပ်စုကတော့ ရှင်းရှင်းပြောရင် မြန်မာပြည်မှာ ငတ်လို့၊ အဆင်မပြေလို့ဒုက္ခသည်လျှောက်သူတွေဖြစ်တယ်။ တတိယနိုင်ငံတခုခုကိုထွက်ရင်အနည်းဆုံး မိသားစုအတွက်အဆင်ပြေနိုင်လို့ဆိုတဲ့ရည်ရွယ်ချက်ကိုကိုင်ပြီး နိုင်ငံခြားထွက်ဖို့အတွက် လုပ်တယ်။ မြန်မာပြည်ကနေ တရားဝင် အမေရိကနဲ့ သြစတျေးလျလိုနိုင်ငံတွေကို သွားဖို့လုံးဝမတက်နိုင်တော့ ဒုက္ခသည်အဖြစ်ခံပြီး၊ ထွက်တာအကောင်းဆုံးဖြစ်တယ်လို့ ယူဆသူတွေဖြစ်တယ်။ ဒီအုပ်စုမှာ ပါတဲ့လူတွေကတော့ မဲ့ဆေက်က အလုပ်သမား၊ ပြည်တွင်းက အလုပ်သမားတွေ၊ နိုင်ငံသမားတွေရဲ့ အမျိုးတွေ၊ မိသားစုတွေပါဝင်နိုင်တယ်။ လူစုံပါပဲ။


ဒုက္ခသည်အတုကိစ္စ

ဒုက္ခသည်စခန်းတွေမှာ ရန်ကုန်သိမ်ကြီးဈေးက ကုန်သည်တွေရှိတယ်။ မဂိုလမ်းက ကုလားသူဌေးတွေရှိတယ်။ မဲ့ဆောက်က ကျောက်ကုန်သည်တွေလည်းပါတယ်။ သူတို့ရှိသလို စစ်အစိုးရဘက်ကအရာရှိသားသမီးတွေ၊ ဆွေမျိုးတွေရှိတယ်။

သူဌေးကြီးတွေနိုင်ငံခြားထွက်ဖို့အတွက် ဒုက္ခသည်ဘ၀ကနေ ထွက်တာအလွယ်ကူဆုံး၊ တရားဝင်ဆုံးဖြစ်တော့ ဒုက္ခသည်ခံကြတာရှိတယ်။ အများဆုံးဒုက္ခသည်စခန်းမှာနေရင် သုံးနှစ်ပေါ့။ ငွေရှိတော့ လဘ်ထိုးလိုက်ရင် တစ်နှစ်နဲ့တောင် ထွက်လို့ရတယ်။ ဥပမာ သြစတျေးလျနိုင်ငံမှာ ရောက်နေတဲ့ လူတစ်ချို့ ဆိုရင် ဒုက္ခသည်စခန်းမှာ နေဘူးတာ သုံးလပါတဲ့။ ထွက်ခါနီးမှ ရန်ကုန်ကနေ ဘန်ကောက်ကိုလေကြောင်းနဲ့လာ၊ မဲ့ဆောက်ကို လေယျာဉ်နဲ့ဘန်ကောက်ကဆင်း၊ ပြီးတော့ စီးလုံးငှားကားနဲ့ ဒုက္ခသည်စခန်းကို ၀င်ပါတယ်လို့ပြောပြပါတယ်။

သူကြတော့ ဒုက္ခသည်ဖြစ်ရတာ တော်တော်မိုက်တယ်။ ဒီလိုလူမျိုးတွေကို ဒုက္ခသည်အတုလို့မပြောရင် ဘယ်လိုပြောရမလဲ။ သူတို့ကြောင့် တကယ်အနစ်အနာခံရတဲ့၊ တိုင်းပြည်ကို တကယ်ပြန်ဖို့မဖြစ်နိုင်တဲ့လူတွေ ဘယ်လောက်နစ်နာရသလဲ။ စဉ်းစားကြည့်ကြပေါ့။ ဒုက္ခသည်စခန်းတွေမှာ ABSDF KNU NLD-LA DPNS စတဲ့အဖွဲ့အစည်းက တကယ်အစစ်အမှန်တွေ ၁၀-နှစ်လောက်ဒုက္ခသည်စခန်းမှာ ပုန်းခိုနေတာတောင် ထွက်လို့မရသေးဘူး။ ဒီအခြေအနေကို မေးကြည့်ပါ။ သွားကြည့်ပါ။
သိနိုင်ပါတယ်။

ချမ်းသာတဲ့လုပ်စားဒုက္ခသည်တွေကြောင့် ဒုက္ခသည်စခန်းမှာ အကျင့်စာရိတ္တတွေဖောက်ပြန်ကုန်ကြပြီ။ နှလုံးထီ၊ ချဲ၊ ဘောလုံးပွဲဒိုင်ခံ၊ ဖဲရိုက်၊ အတိုးချေးစားစတဲ့ မသမာမှုတွေဖြစ်နေတယ်။ ဒါတွေကို ထိုင်းအာဏာပိုင်နဲ့စခန်းကော်မတီတွေကလည်း မသိကျိုးကျွံပြုထားတယ်။ သူတို့အတွက်ကြားပေါက်ရတယ်ဆိုတော့ ငြိမ်းခံနေကြတယ်လို့ယူဆတယ်။

ဒီလိုမသမာမှုတွေက ဒုက္ခသည်တွေရဲ့ ဘ၀ကို ဖျက်စီးနေသလိုဖြစ်နေပြီ။ နှစ်ပေါင်းကြာရှည်စွာ လူမသိသူမသိတောထဲမှာ အထီးကျန်နေရတဲ့ဘ၀တွေကို မစာနာ၊ မိမိကောင်းစားရင်ပြီးရောဆိုတဲ့ ချမ်းသာတဲ့လူတစ်စုက အနိုင်ကျင့်နေတာကို လက်ပိုက်ကြည့်နေလို့မရပါ။

ဒုက္ခသည်အတုတွေကို တခုခုတော့ လုပ်သင့်ပါတယ်။ အာဏာပိုင်တွေက အရေးမယူရင် တာဝန်သိတဲ့ဒုက္ခသည်တွေက ဘယ်သူ၊ဘယ်ဝါဆိုတာကို အင်တာနက်ခေတ်ကြီးမှာ ဖော်ထုတ်လို့ရပါတယ်။ ဒုက္ခသည်စခန်းထဲမှာ တယ်လီဖုန်း၊ အင်တာနက်၊ ဆက်တလိုက်တွေတောင်ရှိနေတဲ့ခေတ်ဆိုတော့ လုပ်ရတာလွယ်ပါတယ်။

၂၀၁၀-ခေတ်နှစ်ဒုက္ခသည်စခန်းကတော်တော်အဆင့်မြင့်လှပါတယ်။

တကယ်လို့ ဒုက္ခသည်အတုတွေကို တာဝန်သိသိနဲ့မဖော်ထုတ်ဘူးဆိုရင် တတိယနိုင်ငံတွေက ခေါ်တဲ့ Quota စနစ်မှာ လူနည်းသွားပါလိမ့်မယ်။ နောက်ဆုံးပြောချင်တာ ဒုက္ခသည်အတုတွေက နိုင်ငံခြားကိုများများရောက်ပြီး၊ ဒုက္ခသည်အစစ်တွေက ဒုက္ခသည်စခန်းမှာ ဆက်လက်ရပ်တည်နေချင်တယ်ဆိုရင် ဒီအတိုင်းပဲနေကြပေါ့ဗျာ။



သြစတျေးလျနိုင်ငံက ဒုက္ခသည်များ





အထက်က အုပ်စုငါးခုနေ ထွက်လာတဲ့ ဒုက္ခသည်တွေ သြစတျေးလျနိုင်ငံမှာ သုံးလေးသောင်းရှိပါတယ်။ သြစတျေးလျသံရုံးနဲ့ယူအန်မှာလျှောက်တော့ သူတို့က ဒီလိုအကြောင်းပြချက်ပေးပါတယ်။ နိုင်ငံရေးလုပ်လို့၊ စစ်အစိုးရက နှိပ်စက်လို့၊ ဘာသာရေးခွဲခြားလို့၊ စီးပွားရေးအရအနိုင်ကျင့်လို့၊ ကျနော်ကျနော်ကျမကို သတ်လို့၊ မုဒိမ်းကျင့်လို့ပါဆိုပြီး မလာခင်မှာလျှောက်ပါတယ်။

သြစတျေးလျနိုင်ငံရောက်လည်းရောက်ရော နိုင်ငံရေးမပက်သက်ချင်တော့ဘူးဆိုပြီး စောက်ရှက်မရှိပြောကြတယ်။ နိုင်ငံရေးလုပ်ရင် ဗမာပြည်ပြန်လို့မရမှာစိုးရိမ်လို့ဆိုပြီး အကြောင်းပြချက်ပေးတယ်။ ဗြောင်လိမ်ကြတယ်။ ဒီလိုလူမျိုးတွေကိုလည်း ကျနော်တို့ ဒုက္ခသည်အတုဆိုတဲ့စာရင်းထဲမှာ ထည့်ရပါလိမ့်မယ်။ နိုင်ငံရေးမလုပ်ချင်၊ မလုပ်ချင်ဘူးလို့ဗြောင်ပြောရင် ဖြေနိုင်ပါတယ်။ အခုတော့ ဗမာပြည်မပြန်ရမှာစိုးလို့၊ နိုင်ငံရေးနဲ့မပက်သက်ချင်လို့ပါလို့ပြောတဲ့စကားကို ဘယ်လိုခံစားပေးရမှာလဲ။ ဒါဆိုရင် ဘာ့ကြောင့် သံရုံးမှာလျှောက်တုံးက ဗမာပြည်ပြန်လို့မရဘူးဆိုပြီး ဆင်ခြေပေးကြတာလဲ။ ဘာလို့လိမ်ပြီး ပြောကြတာလဲ။

အတွေ့ အကြုံ အချို့ ကို တင်ပြလိုပါတယ် ။ ကျွန်တော် ၁၉၉၁ မှာ တာဝန်အရ ဘန်ကောက်ကို စတင်ရောက်ရှိခဲ့ပါတယ် ။ ယူအန်ကို တိုက်ရိုက်ထိုးဖေါက်နိုင်ဖို့  ကျောင်းသားအများစုက စတင်ထိုးဖေါက်နေတဲ့အခက်အခဲ အများဆုံး အချိန်တခုကပေါ့ဗျာ ။ ၁၉၈၈အာဏာသိမ်း အပြီးကနေပြီးဘန်ကောက်မှာ မြန်မာ အချို့  လည်ဝယ်သူတွေ ၁၉၉၀ မှာ အမေရိကန်ကို သွားဖို့ ပြင်ဆင်နေကြပြီ။ သူတို့ ပေးတဲ့ သတင်းတွေမှားခဲ့လို့ ၁၉၉၁-၁၉၉၂ တွေမှာ အစစ်အမှန်ကျောင်းသားခေါင်းဆောင်တွေ
JVA မှာ reject တွေဖြစ်ခဲ့ဘူးတယ် ။

အဲဒီတုံးက အမေရိကန်ကို သွားဖို့ UNHCR အောင်ပြီးရင် JVA မှာ မှတ်ပုံတင်ပြီး လျှောက်ရတယ်ဆိုတာ ၈၈ ကလာတဲ့ အများစုမသိခဲ့ပါဘူး။

JVA ဆိုတာ ဘယ်နေရာလဲဆိုတာ မသိကြပါဘူး။ နီးစပ်ရာ လက်တို့ ပြီး အောင်ကြလက်တွဲခေါ်ကြတာပါ ။
အဲဒီအချိန်က ၈၈ တွေ နိုင်ငံခြားကို ထွက်ဖို့ တဦးခြင်း ဆန္ဒမရှိခဲ့ကြပါဘူး။

အတုလို့ ခေါ်မလား သစ္စာဖေါက်တွေခေါ်မလား သူတို့ ကတော့ ထွက်ဖို့ ကြိုးစားကြတယ် ။

အခုတော့ သူတို့ အများစုကတော့အခြေကြပြီး ချမ်းသာ ကုန်ကြပြီလေ ။

၈၈ အများစုကတော့၂၀၀၀ မနီလွီုင်စခန်းမှာ စာရင်းပိတ်ပြီး၊ နယူးဇီလန် ဥရောပတွေက စတင်ခေါ်ယူခဲ့တာပါ ။ ပြောရင်တော့ ကိုယ့်ပေါင်ကို လှန်ထောင်းမိတော့မယ် ။ ဒုက္ခသည်စခန်းမှာ တင်မကပါဘူး တတိယနိုင်ငံတွေမှာပါဒီပြဿနာကရှိနေဆဲပါ။

မြန်မာပြည်ရဲ့ ရွာက အခြေအနေကိုသာသိတဲ့သူက မြန်မာပြည်က အခြေအနေဆိုပြီးကုလားထိုင်လုပြီး ရှင်းပြနေသူတွေ
နိုင်ငံတိုင်းမှာ ဖြစ်နေတယ်မဟုတ်လား။

ခေါင်မိုး မလုံခဲ့တော့လဲ ဝိုင်းဝန်းဖြေရှင်းရမှာပါ ။

ကျွန်တော်တို့ သမိုင်းတခုကိုသုံးသပ်နေကြတဲ့ အချိန်တခုရောက်နေပြီလေ ။


သြစတျေးလျနိုင်ငံရောက်ရွှေမြန်မာများအကြောင်း

ကျနော်နေတဲ့နေရာက Perth မြို့ ဆိုတော့ ကိုယ့်မြို့ အကြောင်းပဲရေးချင်ပါတယ်။ မြို့ လေးက ကမ်းခြေဘေးမှာတည်ထားတယ်။ ဘယ်နေရာကိုသွားသွား သဲသော်ပြင်ပေါ်မှာ လမ်းလျှောက်ရသလိုပဲ။ တခါမှ မြေကြီးမြေသားမတွေ့ဘူးသေးဘူး။ Perth မြို့ ဆိုတာက သြစတျေးလျနိုင်ငံတခုလုံးမှာ အဓိက သတ္တုတွင်းလုပ်ငန်းတွေရှိတဲ့နေရာ။ ၀င်ငွေကောင်းတယ်။ အလုပ်ပေါတယ်လို့ဆိုနိုင်တယ်။ အရှေ့ တောင်အာရှိနဲ့နီးတော့ လမ်းပမ်းဆက်သွယ်ရေးကောင်းတယ်။ မလေးရှားကိုသွားမလား၊ ဘန်ကောက်ကိုသွားမလား...ခရီးကနီးတော့ လေယျာဉ်ခဈေးမကြီးဘူး။

ဘယ်နေရာသွားသွား ကျုပ်တို့ရဲ့ လူမျိုးတွေကို တွေ့ရလိမ့်မယ်။ ကရင်တွေအများစုထင်တယ်။ ပြီးတော့ မြန်မာကပြားတွေ။ ချင်းတွေလည်းရှိတယ်။ ၉၀% ရာခိုင်နှုံးလောက်က ဒုက္ခသည်အဖြစ်နဲ့ ရောက်လာကြတယ်။ မြန်မာတွေအားလုံးပေါင်းသုံးသောင်းနီးပါးလောက် ခန့်မှန်းခြေရှိမယ်ထင်တယ်။


သူများနိုင်ငံအမှာ ကျွန်ခံကြရပေမယ့် အိမ်တိုင်းမှာ TV၊ ရေခဲသေတ္တာ၊ အ၀တ်လျှော်စက်၊ အင်တာနက်၊ ကွန်ပြူတာ၊ စတဲ့အရာတွေအကုန်လုံးရှိတယ်။ မြန်မာပြည်ကစကားနဲ့ပြောရရင် သူဌေးပေါ့။ ဌေးတယ်လို့လည်း မြန်မာတွေမခံစားရပါဘူး။

အားလုံးကတော့ ကိုယ့်ဘဝ နဲ့ ကိုယ့်နိုင်ငံကို မေ့နေကြပြီ။ ကိုယ့်နိုင်ငံ ဘာဖြစ်နေတယ်၊ ဘာတွေပြောင်းလဲနေပစေ လောလောဆယ် ကိုယ့်မိသားစုနဲ့ အစဉ်ပြေနေတော့ ဘယ်သူမှ မပြန်ချင်ကြတော့ဘူး။ နိုင်ငံ့အရေး၊ ပြည်သူ့အရေးထက် ကိုယ့်အရေး မိသားစုအရေးကိုပဲ ဂရုစိုက်ကြတော့တယ်။ ကိုယ့်မိသားစုရဲ့ရှေ့ရေးအတွက် မပြန်ကြပေမယ့်လို့ အစိုးရကြောင့် မနေချင်ပဲနေရသလလိုလိုနဲ့ လူကြားကောင်းအောင်တော့ ပြောနေကြရတုန်းပေါ့...။


Myanmar Express

အော်စကာ ဆုပေးပွဲ ကျင်းပပြီးစီး


ဟောလီးဝုဒ် ရုပ်ရှင် လောက အတွက် တစ်နှစ်တာ၏ အကောင်းဆုံး အနုပညာရှင် များကို ရွေးထုတ် ပေးသည့် ယခုပွဲကို သရုပ်ဆောင် Octavia Spencer မှ "The Help" ဇတ်ကားဖြင့် အကောင်းဆုံး ဇတ်ပို့ဆုကို ရရှိသွားခဲ့ကာ အီရန်နိုင်ငံမှ "A Separation," ဇတ်ကားမှာ အကောင်းဆုံး နိုင်ငံခြား ဇတ်ကား ဆုတို့ဖြင့် အစောပိုင်း အော်စကာ ဆုများကို ဆွတ်ခူး သွားခဲ့ပြီ ဖြစ်သည်။ ယခင်က နိုင်ငံတကာ မှဆုပေးပွဲများတွင် ဆုတံဆိပ်များစွာ ဆွတ်ခူးပေးခဲ့ ဇတ်ကား နှစ်ခု ဖြစ်သည့် The Artist နှင့် သုံးဖက်မြင် စွန့်စားခန်း ဇတ်ကား "Hugo" တို့မှာ ယခုနှစ် ဆုပေးပွဲတွင် အားပြိုင် လျက်ရှိပြီး Hugo ဇတ်ကားမှာ အကောင်းဆုံး တည်းဖြတ်ဆုနှင့် အကောင်းဆုံး အသံဆုတို့အပြင် သုံးဖက်မြင် ပုံရိပ်ဖော် အမြင် အထူးပြုလုပ်မှု ဆုလည်း ရရှိသွားခဲ့ပြီ ဖြစ်သည်။ ယနေ့ဆုပေးပွဲ အခမ်းအနားတွင် ယခင်နှစ်က အကောင်းဆုံး ဆုများ ရရှိသွားခဲ့ ကြသည့် Natalie Portman နှင့် Colin Firth တို့မှစီစဉ် တင်ဆက်သူများ အဖြစ် ဆောင်ရွက်ခဲ့ ကြသည့်အပြင် ဟောလီးဝုဒ်မှ နာမည်ကျော် သရုပ်ဆောင်များ ဖြစ်သော Tom Cruise, Penelope Cruz, Tom Hanks နှင့် Angelina Jolie အစရှိသည့် သရုပ်ဆောင်များမှလည်း တင်ဆက်သူများ အဖြစ် ပါဝင်ခဲ့ကြပါတယ်။ ယနေ့ ဆုပေးပွဲတွင် Hugo မှာ ပဏာမဆု ၁၁ ခုစာရင်းဝင် ထားပြီး The Artist ဇတ်ကားမှာ ဆန်ခါတင် ၁၀ ဆု ဝင်ထား ခြင်းလည်း ဖြစ်သည်။ ယနေ့ပွဲတွင် ဂျိမ်းဘွန်း ဇတ်ကောင် ပါဝင်သရုပ်ဆောင် ထားသည့် "The Girl With the Dragon Tattoo" ဇတ်ကားမှ Kirk Baxter နှင့် Angus Wall တို့ မှအကောင်းဆုံး တည်းဖြတ်မှု ဆုကိုလည်း ဆွတ်ခူး နိုင်ခဲ့ကြပါတယ်။

Myanmar Express

ကြက်/ငှက်တုပ်ကွေးရောဂါ သံသယဖြစ်ဖွယ်တွေ့ရှိ


၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ မြို့သစ်ရပ်ကွက်၊ နေရှင်နယ်ရပ်နေ ဦးလှဖုန်းဟန်၏ ကြက်အကောင်(၁၀၀၀)မွေးမြူထားသောခြံတွင် ကြက်အကောင်(၆၀)ခန့်နှင့် ၎င်းခြံအနီးရှိ ဦးခင်မောင်မြင့်၏ ကြက်ခြံတွင် ကြက်(၁၀)ကောင်ခန့် သေဆုံးနေကြောင်း သတင်းရရှိ၍ မုံရွာခရိုင် တိ/ကုဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်အေးနှင့် အဖွဲ့သည် ကြက်ခြံမှ သေဆုံးသော ကြက်များအား Rapicl Test Kit အရ စစ်ဆေးရာ ကြက်၊ငှက်တုပ်ကွေးဟု သံသယဖြစ်ဖွယ်တွေ့ရှိရသဖြင့် အထက်မြန်မာပြည် တိရိစ္ဆာန်ရောဂါရှာဖွေဌာနသို့ ဆက်လက်ပို့ဆောင်စစ်ဆေးရာ ရောဂါရှိကြောင်း (Positive) ပြသဖြင့် ရန်ကုန်မြို့ရှိ တိရိစ္ဆာန်ရောဂါရှာဖွေရေးဌာနသို့ ပို့ဆောင်ကာ အတည်ပြုချက်ရယူနေကြောင်း သိရှိရပါသည်။ မုံရွာခရိုင်မှ တာဝန်ရှိသူများမှ ၎င်းကြက်ခြံများအပါအ၀င် အခြားကြက်ခြံများမှ ကြက်ဥ၊ အသားနှင့် ဆက်စပ်ပစ္စည်းများအား မြို့နယ်ပြင်ပသို့ မထွက်ရှိစေရေး ကြပ်မတ်ဆောင်ရွက်နေကြောင်း သိရှိရပါတယ်။

Myanmar Express

NLD ပါတီ၏ အမှားတော်ပုံများ (၇)


From : ရဲထွန်းမှတ်တမ်း

(၄၂)နှစ်မြောက် အာဇာနည်နေ့ကို အကြောင်းပြု၍ ဆူပူအုံကြွမှု ဖြစ်အောင် လှုံ့ဆော်ဖန်တီးခဲ့သော NLD သည် ထိုအာဇာနည်နေ့ကို အကြောင်းပြု၍ပင် ပါတီတွင်း၌ အက်ကွဲကြောင်း ထင်ခဲ့ပြန်သည်။ NLD က ပြည်ထဲရေး ၀န်ကြီး ဌာန၏ ကြေငြာချက်အတိုင်း မှတ်ပုံတင် ကင်းလွတ်ခွင့် မယူဟု ဖီဆန်ခဲ့စဉ်ကပင် NLD ၏ ဗဟိုဦးစီးနှင့် CEC နေရာယူ ထားသော မျိုးချစ်ရဲဘော်ဟောင်းများ အဖွဲ့ချုပ်က မှတ်ပုံတင် ကင်းလွတ်ခွင့် ရယူခဲ့သည်။

ယခု အာဇာနည်နေ့ အခမ်းအနားတွင်လည်း NLD ကအစိုးရ၏ အစီအစဉ်လ က်မခံဟုဆိုကာ အခမ်းအနားကို အပြိုင်လုပ်ရန် တာစူခဲ့စဉ်တွင် မျိုးချစ်ရဲဘော်ဟောင်းများ အဖွဲ့ချုပ်က အစိုးရ အစီအစဉ်အတိုင်း လွမ်းသူ့ ပန်းခွေချရန် စာရင်းပေးသွင်းခဲ့သည်။ NLD အတွင်းရှိ ဗကပအနွယ်များ၏ ပြောစကားများကြောင့် မျိုးချစ်ရဲဘော်ဟောင်းများအား အစာမကျေ ဖြစ်နေခဲ့သော ဒေါ်စုကြည်သည် တစ်ချီ၌ ဒေါသ ပေါက်ကွဲခဲ့ ပြန်သည်။

ဒေါ်စုကြည်သည် နောက်ပါ NLD လူငယ်များခြံရံလျှက် မျိုးချစ်ရဲဘော်ဟောင်းများ အဖွဲ့ချုပ်သို့ သွားရောက်ပြီး လမ်းခွဲစကားကို ဤသို့ပြောကြားခဲ့သည်။

"ကျွန်မကို တတ်သိတွေကပြော နေတာ ကြာပြီ။ အန်ကယ်တို့ မျိုးချစ်ရဲဘော်တွေဟာ နှစ်ဘက်လွှတွေ ၊ န၀တရဲ့ သတင်းပေး (informer) တွေ ၊ မယုံရဘူးလို့ ပြောကြပါတယ်။ ဒါပေမဲ့ ကျွန်မက အန်ကယ်တို့ဟာ ကျွန်မဖေဖေ လက်ထက် ကတည်းက တပ်ထဲမှာ အတူရှိခဲ့သူတွေအနေနဲ့ သဘောထားခဲ့ ပါတယ်။ အန်ကယ်တို့က ကျွန်မတို့ အဖွဲ့ချုပ်မှာလဲ နေရာတွေယူ ၊ အခွင့်အရေးတွေ ယူခဲ့ကြတယ်။ ကျွန်မတို့ရဲ့ အာဏာ ဖီဆန်ရေး လမ်းစဉ်ကိုတော့ လက်မခံကြဘူး။ န၀တ အစီအစဉ်နဲ့ အာဇာနည်နေ့မှာ ပန်းခွေချဖို့ စာရင်းပေးကြတယ်။ ကျွန်မတို့ တိုက်ခိုက် ဆန့်ကျင်နေတဲ့ မှတ်ပုံတင် ကင်းလွတ်ခွင့်ကို အန်ကယ်တို့ သွားယူတယ်။ အခုတော့ အန်ကယ်တို့ဟာ တတ်သိတွေ ပြောသလို တကယ်မှန်နေပြီ။ ဒါ့ကြောင့် အန်ကယ်တို့နဲ့ ကျွန်မတို့ လမ်းခွဲကြမှ ဖြစ်တော့မယ်။"

ဒေါ်စုကြည်၏ ယတိပြတ် ဆုံးဖြတ်ချက်စကားကို မျိုးချစ်ရဲဘော်ဟောင်းကြီးများက ပြန်လည် ဖြေရှင်းပြီး ချော့မော့နှစ်သိမ့် တိုးလျှိုးခဲ့ကြသည်။ ဒေါ်စုကြည်က ဗူးဆိုဖယုံမသီးတော့ပေ။ NLD နှင့် မျိုးချစ်အဖွဲ့ကို ဘွာမကူတမ်း ဖြတ်တောက်ပစ်ခဲ့သည်။ မျိုးချစ်ကြီးများ ကိုယ်တိုင် ၎င်းတို့ NLD မှ ကန်ထုတ်ခံရပြီဟု ပြင်ပတွင် ပြောခဲ့ကြသည်။ ဒေါ်စုကြည်၏ အဆိုပါပြောကြာချက် ကက်ဆက်ခွေများကို နေရာတိုင်း လိုလို၌ ဖွင့်ပြီး နားထောင်ခဲ့ကြသည်။ ဒေါ်စုကြည်က ၁၆.၇.၁၉၈၉ ရက်နေ့တွင် NLD နှင့် မျိုးချစ်ရဲဘော်ဟောင်းများ အဖွဲ့ချုပ်ကို အဆက်ဖြတ်ခိုင်းခဲ့သည်။ ဤသို့သာ အမှန်တကယ် ဖြစ်ခဲ့လျှင် NLD ၏ အခြေအနေသည် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားကောင်း သွားနိုင်ပေသည်။

မျိုးချစ်ရဲဘော်ဟောင်း EC အမှုဆောင်အဖွဲ့ ကလည်း အစည်းအဝေး လုပ်ပြီး NLD နှင့် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ကြပြီး ဖြစ်သည်။ သို့ရာတွင် အတွင်းရေးမှူးဖြစ်သူ ဦးချစ်ခိုင်က " ဗဟိုဦးစီး အဖွဲ့ဝင်တွေ ဖိတ်ခေါ်ပြီး လမ်းခွဲဖို့ ဆုံးဖြတ်တာ ပိုသင့်တော်ပါတယ်။ နှစ်ရက်သုံးရက်လောက် စောင့်ပါဦး" ဟုပြော၍ စောင့်ခဲ့ကြသည်။ ထိုကာလမှာ အာဇာနည်နေ့ ဆူပူအုံကြွရန် ဖန်တီးလှုံ့ဆော်မှု အကျိုးဆက်အဖြစ် ဒေါ်စုကြည်နှင့် ဦးတင်ဦးတို့အား တားဆီး အမိန့်ထုတ်ပြန်ခဲ့သည်။

ဒေါ်စုကြည်အား ၂၀.၉.၁၉၈၉ ရက်နေ့တွင် သက်ဆိုင်ရာက နေအိမ်၌ တားဆီး မိန့်ထုတ်ခဲ့ရသည်။ ယင်းသို့ တားဆီးမိန့်မထုတ်မီ ဇူလိုင်လ ၁၉ရက်ညတွင် NLD ဌာနချုပ်လုပ်ထားသော တက္ကသိုလ် ရိပ်သာလမ်းရှိ ၎င်း၏နေအိမ်ခြံဝင်းကို သက်ဆိုင်ရာက စနစ်တကျ ဖွဲ့စည်းပြီး ၀င်ရောက် ရှာဖွေမှုပြုလုပ်ခဲ့သည်။

၎င်းခြံဝင်းထဲ၌ လွတ်မြောက်နယ်မြေသဖွယ် သဘောထားပြီး အစိုးရ ဆန့်ကျင်မှု မှန်သမျှကို လက်ရဲဇက်ရဲ လုပ်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ ဆန့်ကျင်စာများ၊ လက်နှိပ်စာများ၊ မိတ္တူကူးစက်များ၊ ဖြန့်ဝေခဲ့သည့် အဖွဲ့အစည်းအမည်အမျိုးမျိုး၊ မြို့အမည်အမျိုးမျိုးနှင့် ဆန့်ကျင်စာများကို သိမ်းဆည်းရရှိခဲ့သည်။ ခြံထဲမှ ဥပဒေအရ အရေးယူ အပြစ်ပေးခံရမည့် လူများ အပါအ၀င် NLD လူငယ် ၄၁ ယောက်ကို ဖမ်းမိသည်။ ၎င်းအထဲတွင် သောင်းကျန်းသူ အဖွဲ့ ဖြစ်သည့် ABSDF မှ ထောက်ပံ့ရေး ကော်မတီ တွဲဖက်တာဝန်ခံ စိုးမြတ်သူလည်း ပါဝင်ခဲ့သည်။

ဒေါ်စုကြည်သည် တောတွင်း သောင်းကျန်းသူများနှင့် ဆက်သွယ်ပ တ်သက်ခဲ့ သည့် တိုက်ပိတ် စိုးမြတ်သူ စသည့် တောတွင်း သောင်းကျန်းသူ အဖွဲ့အစည်း များကို ၎င်းခြံဝန်း အတွင်းလက်ခံတွေ့ဆုံ အားပေးခဲ့သည်။ ပြည်ပ အဖွဲ့အစည်းများနှင့် ဆက်သွယ်ပြီး နိုင်ငံတော် အစိုးရအား ၀ိုင်းပယ်ရန် ၊ အရေးယူ ပိတ်ဆို့ရန် စာရေး တိုက်တွန်းခဲ့သည်။ သောင်းကျန်းသူများနှင့် ဆက်သွယ် ဆက်ဆံ အားပေးမှု ပြုခဲ့သည်။ အစိုးရအပေါ် အကြည်ညို ပျက်အောင် ပြုမူပြောဆို လှုံ့ဆော်ခဲ့သည်။ ထိပ်တိုက်ရင်ဆိုင်ရေး ၊ အာဏာဖီဆန်ရေး လုပ်ရပ်များဖြင့် တည်ဆဲဥပဒေပုဒ်မ အများအပြားကို ချိုးဖောက်ခဲ့သည်။ ၎င်းကျူးလွန်ခဲ့သော ဥပဒေပုဒ်မ အားလုံးဖြင့်သာ ရုံးတင် တရားစွဲစစ်ဆေးပါက လွတ်ရက်မရှိ ထောင်ကျ နိုင်ကြောင်းသိရပေသည်။ သို့ရာတွင် နိုင်ငံတော်အစိုးရက စိတ်ရှည် သီးခံမှုများဖြင့် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့၍သာ နေအိမ်၌ တားဆီးမိန့်ဖြင့် နေနိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်တွင် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အများစုမှာ ပြစ်မှုကိုယ်စီ ဖြင့် အရေးယူခံ နေရချိန် ဖြစ်သည်။ ဒေါ်စုကြည်ပါ တားဆီးမိန့် အထုတ်ခံ လိုက်ရသောအခါ NLD လည်း ရုပ်သေး ကြိုးပြတ်သလို ဖြစ်သွားသည်။ ဤအခြေကို အမိအရ ဆုပ်ကိုင်ပြီး လှုပ်ရှားသူများ ကတော့ မျိုးချစ်ရဲဘော်ဟောင်းများ ဖြစ်သည်။ NLD ကို ဦးဆောင်လှုပ်ရှား မည့်သူ မရှိချိန်တွင် မျိုးချစ်ရဲဘော်ဟောင်းများ အဖွဲ့ချုပ်မှ ဦးအောင်ရွှေက NLD ဥက္ကဌ နေရာ ၀င်ယူခဲ့သည်။ NLD အဖွဲ့ခွဲများ၊ အဖွဲ့ဝင်များအား စည်းရုံးရေးလုပ် ၊ ရွေးကောက်ပွဲဝင် ဖြစ်အောင်ဝင်ရမည်ဟု မက်လုံးပေးကာ NLD ကို အသက် ဆက်ပေးခဲ့သည်။ နောက်ကွယ်မှ အကြောင်းရင်း အမှန်မှာ လူထုက မဆလကို မုန်းနေသည့် အရှိန်မကုန်သေးမီ ရွေးကောက်ပွဲ၌ NLD မဲရနိုင်သည့် အခြေအနေကို မျှော်မှန်းပြီး လှေမျောကို လှေနှင့်လိုက်ရန် ကြိုးပမ်း ခဲ့ခြင်းဖြစ်သည်။ ဦးအောင်ရွှေတို့ အုပ်စုတွင် တည်မြဲဖဆပလ (တစ်ချိန်က ဆိုရှယ်လစ်ပါတီ တစ်ခြမ်း)မှ လူများပါဝင်ရာ နိုင်ငံရေး ဖျံများပီပီ NLD ဗဟိုကို အုပ်စီး လာခဲ့ကြပေသည်။

Myanmar Express

ယခင်ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများနှင့် အော်တိုလိုင်းဖုန်းများ ကြိုတင်ငွေဖြည့်စနစ်သို့ မတ်လတွင် စတင်ပြောင်းလဲမည်

From :မြန်မာတိုင်းမ်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၀န်ဆောင်မှုပေးလျက်ရှိသော ဂျီအက်စ် အမ် မိုဘိုင်းဖုန်းများနှင့် အော်တိုတယ်လီ ဖုန်း (လိုင်းဖုန်း) များအား Prepaid စနစ်သို့ မတ်လ ၁ ရက်နေ့တွင် စတင်ပြောင်းလဲ တော့မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းက သတင်းထုတ်ပြန်ခဲ့ သည်။
ဂျီအက်စ်အမ်တွင် ကြိုတင်ငွေဖြည့် စနစ် (Prepaid) ကို သက်ဆိုင်ရာ ဂျီအက်စ်အမ်အိတ်ချိန်းနယ်မြေအလိုက် မတ်လ ၁ ရက်နေ့တွင် 09-20xxxxx ၊ 09-21xxxxx ၊ 09-22xxxxx ၊ 09-23 xxxxx ၊ 09-24xxxxx ၊ 09-55xxxxx စသည့် နံပါတ်များနှင့် အော်တိုတယ်လီ ဖုန်း (လိုင်းဖုန်း)များကို (၀၁-၂၃၀xxxx) နံပါတ်ဖြင့်စသော ဂဏန်းခုနစ်လုံးပါ ဖုန်း များကို ကြိုတင်ငွေဖြည့်ကတ်စနစ်အဖြစ်သို့ ပြောင်းလဲ ပေးသွားမည်ဖြစ်သည်။
"လိုင်းဖုန်းတွေကို ကြိုတင်ငွေဖြည့် ကတ်စနစ်အဖြစ်ကို ပြောင်းလဲလိုတဲ့လူတွေက လိုအပ်တဲ့ပုံစံတွေကို အမှတ် (၁၀၃)၊ လမ်း(၄၀)၊ အော်တိုတယ်လီဖုန်း ရုံးမှာ အခမဲ့ရယူဖြည့်သွင်းနိုင်မှာပါ" ဟု မြန်မာ့ ဆက်သွယ်ရေးမှတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ဂျီအက်စ်အမ်မိုဘိုင်းတယ်လီဖုန်းများကို Postpaid စနစ်မှ ကြိုတင်ငွေဖြည့် ကတ်စနစ်သို့ ပြောင်းလဲအသုံးပြုလိုသူ များသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ ပေးပို့ထားသော SMS မှ YES ကို နှိပ်၍လည်းကောင်း၊ နံပါတ် ၁၈၈၁၂ သို့ YES ဟု တိုက်ရိုက် ပေးပို့၍လည်း ကောင်း၊ ဧပြီလ ၁၅ ရက်နေ့ ညနေ ၄ နာရီကို နောက်ဆုံးထား၍ အကြောင်း ပြန်ကြားပေးရမည် ဖြစ်ကြောင်း၊ အကြောင်းပြန်ကြားခြင်း မရှိသည့် ဂျီအက်စ်အမ်ဖုန်းများကို အွန်လိုင်းတယ် လီဖုန်းဘီလ်ဆောင်စနစ်ကို သုံးမည်ဟု မှတ်ယူမည်ဟု ၎င်းကပြောသည်။
"ဂျီအက်စ်အမ် မိုဘိုင်းတယ်လီဖုန်း တွေအချင်းချင်း ဆက်သွယ်မှုမပြတ်စေဖို့ ကျပ် ၁,၀၀၀ ကို ကြိုတင်ဖြည့်တင်းထား ရမှာဖြစ် ပါတယ်။ ဂျီအက်စ်အမ်ဖုန်းတွေ ရော၊ လိုင်းဖုန်းတွေရောကို ကြိုတင် ငွေဖြည့်စနစ်ပြောင်းပေးတာက ပြည်သူ တွေ ဖုန်းပြောဆိုခ ပေးချေရလွယ်ကူရ အောင်သာဖြစ်ပြီး ရှိရင်းစွဲနံပါတ်တွေက ပြောင်းသွားမှာမဟုတ်ပါဘူး။ တယ်လီ ဖုန်းတစ်လုံးက တစ်ကြိမ်သာ ပြောင်းနိုင် တာပါ" ဟု ၎င်းက ပြောသည်။
တယ်လီဖုန်းသုံးစွဲသူများအနေဖြင့် ကြိုတင်ငွေဖြည့်စနစ်သို့ ပြောင်းလဲသည့် အချိန်တွင် ၎င်းတို့ နောက်ဆုံး Postpaid အဖြစ် သုံးစွဲ ထားသည့် တယ်လီဖုန်းခေါ် ဆိုခများကို ယခင်စနစ်အတိုင်းပေးချေ ရန်လိုအပ်ကြောင်း၊ ကြိုတင်ငွေပေးသွင်း ထားသော ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများ နှင့် လိုင်းဖုန်းများအတွက် ကြိုတင်ငွေ ဖြည့်ကတ်စနစ်အဖြစ် ပြောင်းလဲဝန် ဆောင်မှု စတင်အသုံးပြုသည့်နေ့အထိ ပိုငွေရှိလျှင် ယင်းပိုငွေများကို ကြိုတင်ငွေ ဖြည့်ကတ်စနစ်သို့ ထည့်သွင်းဖြည့်တင်း ပေးမည်ဖြစ်သည်။
"ဂျီအက်စ်အမ် မိုဘိုင်းတွေရဲ့ ငွေဖြည့် ကတ်က ယခုဈေးကွက်ထဲမှာရှိတဲ့ ကျပ် ငါးသိန်းတန် ငွေဖြည့်ကတ်တွေနဲ့ သုံးလို့ ရပါတယ်။ ကျပ် ၁၀,၀၀၀ တန်ကတ်၊ ၃၀,၀၀၀ တန်ကတ်နဲ့ ၅၀,၀၀၀ တန်ကတ် တွေပဲ ဖြစ်ပါတယ်။ လိုင်းဖုန်းများအတွက် မိမိတို့ဖုန်းမှာ ငွေဖြည့်ကတ် (Top-Up- Card) များနဲ့ ဖြည့်သွင်းအသုံးပြုရမှာ ဖြစ်ပါတယ်။ ကြိုးဖုန်းတွေအတွက်ကို ကျပ် ၅,၀၀၀ တန်ကတ်နဲ့ ကျပ် ၁၀,၀၀၀ တန်ကတ်ဆိုပြီး ရှိပါတယ်" ဟု မြန်မာ့ ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကြိုးဖုန်း ကြိုတင်ငွေဖြည့်ကတ်များကို လမ်း(၄၀)၊ အော်တိုတယ်လီဖုန်း ရုံး နှင့် အမှတ် (၄၆၅/၄၆၉)၊ မဟာဗန္ဓုလ လမ်း၊ ပန်းဘဲတန်း မြို့နယ်၊ မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း၊ ငွေစာရင်းရုံးတို့တွင် ဦးစားပေး ရောင်းချသွားမည်ဖြစ်ကြောင်းနှင့် တယ်လီဖုန်း အခွန်ငွေ လက်ခံသည့်စခန်းများတွင် ရောင်းချ သွားမည်ဖြစ်သည်။
ဌာနဆိုင်ရာများနှင့် နိုင်ငံခြားငွေဖြင့် ဆောင်ရသည့် တယ်လီဖုန်းများသည် Postpaid စနစ်ဖြင့် ဆက်လက် အသုံးပြု နိုင်ကြောင်း သိရသည်။

Myanmar Express

တိုင်းပြည်တိုးတက်နေအောင် လုပ်ဆောင်မည်ဟု ဟစ်ကြွေးသော ဒေါ်အောင်ဆန်းစုကြည်၏ အမူအရာများ

နယ်တကာလှည်.၍ စတိုင်အမျိုးမျိုးဖြင်. မိုက်ခဲနေသော ဒေါ်စုကြည်
အနယ်နယ်အရပ်ရပ် ဒေသသု.ိ လှည်.လည်ကာ စည်းရုံးရေးဆင်းနေသော ဒေါ်စုကြည် တစ်ယောက် စည်းရုံးရေး နယ်မြေတစ်ခုရောက်တိုင်း သူမ ပါးစပ်ကနေ တိုင်းပြည်တိုးတက်အောင် ကျွန်မ တို.က ဆောင်ရွက်နေတာ ဘဲ ဖြစ်ပါသည် ဟု မကြာခဏဆိုသလို ကြားနေရသည် ကချင်ပြည်နယ် တွင်လည်း ဒေါ်စုကြည် က အမျိုးသမီးတွေကို မြှောက်စားနေရတာဟာ တိုင်းပြည်တိုးတက်ဖု.ိအတွက်ပါ အမျိုးသမီးတွေမပါဘဲနဲ. ဒီတိုင်းပြည်ကြီးက တိုးတက်မှာ မဟုတ်ဘူး လု.ိ ပြောကြားခဲ.ပါတယ် အားလုံးလက်တွဲကာ တက်တက်ကြွကြွ လုပ်ဆောင်ရင်တော. ကောင်းပါတယ် မြန်မာလူမျိုးတွေ အားလုံးသိကြမှာပါ အင်္ဂလိပ်-မြန်မာ တတိယ စစ်ပွဲ တုန်းက သီပေါမင်း၏ မိဖုရား စုဖုရားလတ် ရဲ. စကားကြောင်. မြန်မာနိုင်ငံတော်ဟာ သူ.ကျွန်ဘ၀သို. ရောက်ရှိခဲ.ပါတယ် ကင်းဝန်မင်းတရားကြီး၏ လျှောက်တင်ချက်ကို သာ လေးလေးနက်နက် ထား စဉ်းစားပေးမယ်ဆိုရင် ဒီလိုအဖြစ်မျိုး ကိုယ်.ရှင်ဘုရင် တိုင်းတစ်ပါး ကို အကျယ်ချုပ် နဲ. ခေါ်ဆောင်ခံရတာမျိုး ကို ကြုံတွေ.ရမှာမဟုတ်ပါဘူး မ ဖျက်လု.ိ ပြည် ပျက်တယ်ဆိုတဲ. စကားကို အားလုံးကြားဖူးကြမှာပါ ဒေါ်အောင်ဆန်းစုကြည်ဆိုတာဟာ မြန်မာနိုင်ငံရဲ. သမိုင်းကြောင်း မြန်မာ. ရာဇ၀င်ကို သေချာမသိရှာသေးပါဘူး
မြန်မာလူမျိုးတိုင်း ဒီလိုအဖြစ်မျိုးကို နောက်ထပ်ကြုံတွေ.ချင်ကြမှာ မဟုတ်ပါဘူး

မြန်မာနိုင်ငံ တိုးတက်ဖု.ိ သမီးယောင်းမ နှစ်ယောက် ဒီလိုနူတ်ဆက်ကြတယ်
ဒီလိုတွေလက်အုပ်ချီပြီး လုပ်ဆောင်တယ်
ဒီလိုမျိုးလည်း လုပ်သေးတယ်
Myanmar Express