From : ခေတ်လူငယ်
မလေးရှားရောက် မြန်မာလုပ်သားများအနေဖြင့် ဖေဖော်ဝါရီလ ၁၀ ရက်မှ စတင်ကာ မလေးရှားနိုင်ငံရှိ Q-Remit Agency နှင့် မြန်မာနိုင်ငံရှိ ဧရာဝတီဘဏ်နှင့် ဘဏ်ခွဲများမှတစ်ဆင့် မြို့နယ်ပေါင်း ၁၂၀ သို့ တရားဝင် ငွေလွှဲပို့နိုင်ပြီဖြစ်ကြောင်း ဧရာဝတီဘဏ်မှ မန်နေဂျင်းဒါရိုက်တာ ဦးသန်းဇော်က ပြောသည်။ ဧရာဝတီဘဏ်အနေဖြင့် မလေးရှားနိုင်ငံရှိ May Bank ၏ နေ့စဉ်ပေါက်ဈေးအတိုင်း ရင်းဂစ်မှ အမေရိကန်ဒေါ်လာနှုန်းအတိုင်း တွက်ချက်လက်ခံပေးပြီး ယင်းဒေါ်လာနှုန်းအား ရန်ကုန်မြို့ရှိ သိမ်ဖြူငွေကြေးပေါက်ဈေးအတိုင်း မြန်မာငွေလဲလှယ်၍ သက်ဆိုင်ရာ ငွေပေးပို့လိုသူများထံ ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။ ထိုသို့ ဝန်ဆောင်မှုပေးရာတွင် ဧရာဝတီဘဏ်ခွဲများ တည်ရှိရာ မြို့များသို့ မြန်မာနိုင်ငံတွင်း ငွေလွှဲပို့ရာတွင် ငွေလွှဲခရယူခြင်း မရှိဘဲ တခြားဧရာဝတီဘဏ်နှင့် ချိတ်ဆက်ထားသည့် မြို့များသို့ ငွေလွှဲပေးပို့ခြင်း ဖြစ်ပါက ကျပ် ၁၀၀ လျှင် ၁၅ ပြားနှုန်း ကောက်ခံကြောင်း သိရှိရပါသည်။ မလေးရှားနိုင်ငံမှ ငွေလွှဲခနှုန်းထားများအနေဖြင့် မလေးရှားရင်းဂစ် ၁၅၀၀ အထိ ၁၂ ရင်းဂစ်၊ ရင်းဂစ် ၃၀၀၀ အထိဆိုပါက ၁၅ ရင်းဂစ်နှင့် ရင်းဂစ် ၆၀၀၀ အထိ အများဆုံး လွှဲပို့နိုင်ပြီး ငွေလွှဲခ ၂၀ ရင်းဂစ် ကျသင့်ကြောင်း သိရှိရသည်။ မလေးရှားနိုင်ငံမှ ငွေလွှဲပြီးနောက်နေ့တွင် မြန်မာနိုင်ငံ၏ ဧရာဝတီဘဏ်ခွဲများနှင့် ချိတ်ဆက် ဘဏ်ခွဲများတွင် ငွေလွှဲထုတ်ယူနိုင်ကြောင်း ရှင်းလင်းပြောကြားသည်။ ဧရာဝတီဘဏ်အနေဖြင့် မြန်မာလုပ်သားများရှိရာ ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့တွင်လည်း အဆိုပါဝန်ဆောင်မှုကဲ့သို့ ဆောင်ရွက်ပေးရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express

3 comments:
မှန်တာပြော ချမ်းသာ.....
ကျေးဇူးတင်ဗျာ...
ကျွန်နော်တို့တွေ ဒီက မြန်မာပွဲစား(၀ါ)မြန်မာဆိုင်တွေကို ပိုက်ဆံခွဲပေး စရာမလိုတော့ဘူးပေါ့ဗျ... လကုန်လို့ လစာထုပ်ပြီးရင် မြို့ထဲလဲ သွားစရာမလိုတော့ဘူး။ မြို့ထဲသွားရမှာ အရမ်းကြောက်တယ်ဗျ...တစ်ခါတစ်လေ ဓားမြကတိုက်၊ရဲကတောင်းနှင့် ကျန်တဲ့ပိုက်ဆံလေးကျတော့လဲ အပေါင်းသင်းနှင့်တွေ့ရင် ပြောင်ပါလေရောဗျာ...ဓားမြမတိုက်၊ရဲမတွေ့ရင်လဲ မြို့ထဲသွားရင် အိမ်လွဲမည့် ပိုက်ဆံက တ၀က်လောက်ဘဲ လွဲဖြစ်တယ်... အပေါင်းသင်းတွေတွေ့ရင် ပိုဆိုးတယ် နောက်လမှလွဲမယ်ဆိုပြီး... ရွှေဆိုင်တွေ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် အပေါင်းသင်းတွေနှင့် လကုန်တုန်း ဆုံရတာဆိုပြီး စားလိုက် သောက်လိုက်နှင့် ပြောင်ပြောင်သွားတယ် ... ဒီလိုနှင့်(ရ)နှစ်ကျော်သွားပြီ အိမ်ကို (ရ) သိန်းတောင် မရောက်သေးပါဘူး(မှန်တာပြော ချမ်းသာ).... အခု တော့ မြို့ထဲလဲ သွားစရာမလိုတော့ဘူး အိမ်နာမှာရှိတဲ့ maybank ကနေ လွဲလို့ရပြီဆိုတော့ ကျွန်နော် လစဉ် ပိုက်ဆံ ပို့နိုင်တော့မှာပါ.... အဲဒီအတွက် သမ္မတကြီးနှင့် maybank ကို ကျေးဇူးတင်တယ်ဗျာ

Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်