Subscribe to our RSS Feed

နှစ် 2600 ပြည့် မြတ်ရွှေတိဂုံ

1955 ကမ္ဘာ့ထိပ်သီး ကွန်မြူနစ်ခေါင်းဆောင် ဆိုဗီယက်ဝန်ကြီးချုပ် “ ခရုရှက် “ မြန်မာနိုင်ငံလာရောက်စဉ် ရွေတိဂုံစေတီတော်ကြီးကို လက်အုပ်ချီကန်တော့ရာ မြန်မာ့နိုင်ငံရေးခေါင်းဆောင် တစ်ဦးက “ ခင်ဗျားဟာ ကွန်မြူနစ်လုပ်နေပြီး ဘုရားရှိခိုးရသလားဗျ “
ဟုမေးလိုက်၏ ။

မစ္စတာ အခုရှက်က - “ ဗုဒ္ဓကို ကျွန်တော်တို့ အလေးပြုရမယ်ဗျ ၊ ဘာပြုလို့လဲဆိုတော့ မိမိ ၀ါဒကို နှစ်ပေါင်း (2500) ကျော် တည်တံ့အောင် ပျိုးထောင်ခဲ့တဲ့ ဗုဒ္ဓရဲ့စွမ်း ပကားဟာ ကျွန်တော်တို့ လူ့သမိုင်းအရ ဘယ်လူသားကမှ လိုက်မမှီသေးဘူး ။ ခုကျွန်တော်တို့ စည်းရုံးနိုင်တယ်ဆိုတာ လူဘယ်နှစ်သန်းလောက်ကို နောက်လိုက်ဖြစ်အောင်လုပ်နိုင်ကြသလဲ ။ ဘယ်လောက်ကြာကြာ တည်တံ့အောင်လုပ်နိုင်မလဲ ဗုဒ္ဓလောက်ကြီး မြတ်တဲ့ စည်းရုံးရေးမှူးမျိုးရှိနိုင်ပါ့ မလား ………………..

ဒါ့ကြောင့် ဗုဒ္ဓရဲ့ စည်းရုံးရေး စွမ်းအင်ကို အလေးပြုတဲ့ အနေနဲ့ ကျွန်တော်က ခင်ဗျားတို့ ဓလေ့အတိုင်း ရှိခိုးတာဗျ ။ ဒါဟာ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်မဟုတ်ဘူးလားဗျာ “

ဟုပြန်ပြောလိုက်သတည်း ……………

(ဆိုဗီယက် ၀န်ကြီးချုပ် ခရုရှက် )

ဖတ်ထားဘူးတာ ကြာပြီ ....

ပိုစ့်လေး ရေးခဲ့တာလဲ ကြာပါပေါ့ ။

အခုထပ်ရေးရခြင်းအကြောင်းက သာသာနာနှစ် 2600 ရှိခဲ့ပြီလေ ။

သာသနာသက္ကရာဇ်နှစ်က (၂၅၅၅)

သုံးလောက ထွဋ်ထား ရှင်းတော်မြတ် ဘုရား သက်တော်ထင်ရှားရှိစဉ် ၀ါတော်(၄၅)၀ါ အားပေါင်း၍

လောက တွင်ရှိကြကုန်သော လူအများ အကျိုးရှိစေခြင်သောငှာ ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ထာပနာထားသော

ဆံတော်မြတ် နှစ်(၂၆၀၀)ပြည့် နှစ်အားရည်စူး၍ ပူဇော်သော

ဗုဒ္ဓပူဇနိယပွဲတော်ကြီး ဖြစ်ပါသည်။

ကျွန်တော်တို့ လူတစ်ယောက်ရဲ့ သက်တမ်း ( 100 ) တမ်းမှာ အခု

ကျွန်တော်တို့ နေထိုင်နေကြရတယ် ......

သို့သော် 100 ထိ လူဘယ်လောက်တောင် နေထိုင်ကြရလို့လဲ

ဒါကြောင့် တိုတောင်းလှတဲ့ ဘူဘ၀ လေးမှာ ကြုံတောင့်ကြုံခဲေ၇ွှတိဂုံစေတီတော်မြတ်ကြီး၏

နှစ်(၂၆၀၀) ပြည့်နှစ် နှင့် တိုက်ဆိုင်စွာ ဖူးမျှော်ခွင့်ရရှိသည့် အခိုက်

ပူဇော်လှူဒါန်း ကြည်ညိုသဒ္ဒါပွားများနိုင်ရန် အတွက်

တိုက်တွန်းနှိုးဆော်အပ်ပါတယ် ခင်ဗျာ....

(၂၅.၂.၂၀၁၂ ) စနေနေ့ တွင် သံဃာတော် ၂၆၀၀ပါး ဖြင့် ရွှေတိဂုံစေတီတော်အား ဗုဒ္ဓါဘိသေကအနေကဇာ တင်ပြီး

သံဃာတော် ၂၆၀၀ပါး ဆွမ်းဆန်တော်များ လောင်းလှုခြင်း။

၂၂.၂.၂၀၁၂ မှ ၇.၃.၂၀၁၂ ထိ ပွဲတော်ကာလ အတွင်း

ဓမ္မဒေသနာတော်များ ရွတ်ဆိုပူဇော်ခြင်း။

ပွဲတော်ကာလအတွင်း နိဗ္ဗာန်ဈေးဖွင့်လှူခြင်း။

ဆွမ်း ၊ ပန်း ၊ ရေချမ်း နှင့် ဆီမီးကပ်လှူခြင်း။

ဓမ္မသဘင်အတွက် လှူဒါန်းခြင်း။

လျှပ်စစ်မီးရောင်စုံ ထွန်းညှိပူဇော်ခြင်း။

ဖူးပွင့်နေသော ပန်းပင်များ လှူဒါန်းခြင်း။

တို့ ဖြစ်ပါတယ်..။

သူငယ်ချင်းများ အနေဖြင့် မိမိတို့တက်စွမ်းသမျှ ဒါန ကုသိုလ် ၊ ဘာဝနာ ကုသိုလ်များကို

ရွှေတိဂုံစေတီတော် နှစ် 2600 ပြည့်မှာ ပြုလုပ်ကြဖို့ နိဗ္ဗာန်အကျိုးမျှော်ပြီး နိုးဆော်လိုက်ရပါတယ် ခင်ဗျာ ..... ။


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်