Subscribe to our RSS Feed

ဝန်ထမ်းလစာ တိုးမြှင့်ရေး မဖြစ်မနေဆောင်ရွက်မည်ဟု သူရဦးရွှေမန်း ပြောဆို

From : VOM

ဝန်ထမ်းလစာ တိုးမြှင့်ရေးမှာ ပြည်ထောင်စုလွှတ်တော်၏ တခဲနက်ထောက်ခံချက်ဖြင့် အတည်ပြုထားသော ကိစ္စဖြစ်၍ ယင်းဆုံးဖြတ်ချက်အတိုင်း မဖြစ်မနေလုပ်ဆောင်သွား မည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့ နံနက်ပိုင်းတွင် ပြောကြားလိုက်ကြောင်း The Voice Weekly သတင်းအရ သိရှိရပါသည် ။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ တွင်ကျင်းပသော ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်၊ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် မီဒီယာများ ကို ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်ပြီး "လစာတိုးရင် ကုန်ဈေးနှုန်းမြင့်မယ်။ ကုန်ဈေးနှုန်းမြင့်မှာစိုးလို့ လစာမတိုးဘဲနေလို့ရမလား။ လစာတိုးပေမယ့် ကုန်ဈေးနှုန်းမမြင့်အောင်ဘာလုပ်မလဲ။ ဒါကို စဉ်းစားဖို့လိုတယ်။ လစာတိုးတိုး မတိုးတိုး မဖြစ်သင့်တဲ့ကုန်ဈေးနှုန်းဖြစ်နေတဲ့ ကိစ္စကို ဖြေရှင်းပေးဖို့လိုတယ်"ဟု သူရဦးရွှေမန်း ကပြောကြားခဲ့ကြောင်း အဆိုပါသတင်းတွင် ဖေါ်းပြထားသည် ။

အဆိုပါတွေ့ဆုံပွဲသို့တက်ရောက်လာသူများက လစာတိုးမြှင့်ပေးရေးကို ထောက်ခံခဲ့ကြပြီး ကုန်ဈေးနှုန်း မြင့်တက်လာခြင်းမရှိစေရန်ကိုလည်း ၄င်းတို့၏ အမြင်များကို ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း လည်း သိရှိရပါသည် ။
ကျင်းပဆဲပြည်သူ့လွှတ်တော်တွင် ဖေဖော်ဝါရီလ ၇ ရက်နေ့က လာမည့်ဘဏ္ဍာရေးနှစ်တွင် နိုင်ငံသားများ၊ ၀န်ထမ်းများ၏ လုပ်ခ၊ လစာစရိတ်နှင့် ချီးမြင့်ငွေများကို မဖြစ်မနေ တိုးမြှင့်ပေးရေးအပါအ၀င် အချက် ( ၆ ) ချက်ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက အဆိုတစ်ရပ် တင်သွင်းပြောကြားခဲ့ပြီး ပြည်ထောင်စု လွှတ်တော်က ကန့်ကွက်သူမရှိ ထောက်ခံအတည်ပြုခဲ့ပြီးဖြစ်သည် ။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ေ ဖဖေါ်ဝါရီ(၁၆)ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော်တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက နိုင်ငံတော် ဘတ်ဂျက်အခြေအနေများအရ ယခုလာမည့်ဘဏ္ဍာနှစ်တွင် နယ်စပ်ဒေသ ၈၅ မြို့နယ်မှ ၀န်ထမ်း ၃၇၈၁၇ ဦးအတွက်သာ လုပ်ခလစာများ တိုးပေးနိုင်မည်ဖြစ်ကြောင်း ပြန်လည် ရှင်းလင်းတင်ပြခဲ့ ပြီးနောက် သူရဦးရွှေမန်းက ၀န်ထမ်းလစာ တိုးမြှင့်ရေး မဖြစ်မနေဆောင်ရွက်မည်ဟု ထပ်မံပြောကြား လိုက်ခြင်းဖြစ်သည် ။

Myanmar Express

3 comments:

ကောင်းလိုက်တာဗျာ။ ခုလိုအခြေအနေမှာ လူတိုင်းအမြင်ရှင်းလင်းသင့်ပါပြီ။ ကြံ့ဖွံ့ဟာ ဘယ်အဖွဲ့အစည်းရဲ့ အထက်မှာမှရှိမနေပါဘူး။ အတိုက်အခံများသဘောပေါက်သင့်ပါပြီ။ ခုဦးရွှေမန်းကိုယ်တိုင် ရုန်းကန်နေရတာ လက်တွေ့ပါပဲ။ ဘာလို့ရုန်းကန်နေရလဲ။ သူအတွက်လား....ဘယ်သူအတွက်လဲ...ဒါကတော့ နိုင်ငံရေးစိတ်ဝင်စားသူတိုင်းအတွက် မေးစရာမလိုတဲ့ မေးခွန်းတစ်ခုပါ။

သူ့အတွက်ပါ။ သူထောက်ခံမဲရအောင် နိုင်ငံရေး ကစားတာပါ။ သမ်မတကို အကြပ်ရိုက်အောင်လုပ်တာပါ။ စီးပွားရေးကိုနာမလည် နိုင်ငံ စီးပွားရေးတိုးတက်အောင် အရင်မလုပ်ပဲ ကုန်ဈေးနှုန်းတွေတက်အောင်လုပ်တဲ့သူပါ။

ဒီမိန်းမကြီးဟာ အလွန်ကို အတ္တကြီးတဲ့ မိန်းမကြီးဖြစ်တယ်ဆိုတာ
သူ့သမိုင်းကြောင်းလုပ်ရပ်တွေက သက်သေပြနေတာ
သူပဲ အဖြူရောက်ကျားကိုယူ
ရောက်ကျားနဲ့သားကိုပစ်
အခုလည်း ၇၀နားကပ်မှ
အပျိုကြီးဒီဇိုင်းဖမ်းနေသူ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်