Subscribe to our RSS Feed

သျှမ်းမျိုးနွယ်စုများကို အတင်းအဓမ္မလူသစ်မစုရန် KIA ကို SSA အကြောင်းကြားမည်(ပေးစာ-၁၀၈)


ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် KIA မှ အင်အားလျော့နည်းလာခဲ့တဲ့ အတွက် ဒေသခံသျှမ်းလူမျိုးများမှာ KIA ရဲ့ လူသစ်စုဆောင်းခြင်းကိုခံနေရပါတယ်။ KIA ဆိုတာ ကချင်လွတ် မြောက်ရေးတပ်မတော်လို့ အမည်ရပြီးတော့ ကချင်ပြည်နယ်က ကချင်မျိုးနွယ်စုတွေနဲ့ ဖွဲ့ထားတာပါ။ ဒီလိုမျိုး ဆိုင်ရာဆိုင်ရာမျိုးနွယ်စုတွေနဲ့ဖွဲ့ထားတဲ့ တိုင်းရင်းသားအဖွဲ့ အမျိုးမျိုးဟာဒေသအလိုက်ရှိကြပါတယ်။
Your browser may not support display of this image.
သျှမ်းမျိုးနွယ်စုတွေနဲ့သျှမ်းပြည်အတွက်လည်း သျှမ်းပြည်တပ်မတော်ဆိုတာရှိပါတယ်။ ဒီအဖွဲ့ဟာအစိုး ရနဲ့ အပစ်အခတ်ရပ်စဲဖို့အတွက် သဘောတူညီပြီးလို့လက်မှတ်ရေးထိုးပြီးပါပြီ။ သျှမ်းပြည်နယ်အတွင်းမှာလည်း အပစ်အခတ်များမရှိတော့လို့ အေးဆေးစွာနဲ့ ရောင်းဝယ်ဖောက်ကား သွားလာနိုင်နေကြပါပြီ။ သျှမ်းပြည်တပ်မ တော်မှာ ကချင်မျိုးနွယ်စုတွေမရှိပါဘူးလို့ ပြောနိုင်ပေမဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA မှာတော့ အ စိုးရနဲ့အပစ် အခတ်မစတင်မီအချိန်များကပင် ဘိုးဘွား များအဆက်ဆက် နေထိုင်လာခဲ့ကြသော ကချင်ပြည် နယ်မှာနေထိုင်တဲ့ သျှမ်းမျိုးနွယ်စုများအား KIA တပ်ဖွဲ့ တွင်းအမှုထမ်းရန် အတင်းအဓမ္မခြိမ်းခြောက်ဝင်ရောက် ခိုင်းပြီး စစ်သင်တန်းများတက်ခိုင်းနေကြောင်းသိရပါ တယ်။
ငြိမ်းချမ်းရေးဆွေးနွေးချိန်မှာ နယ်မြေတိုးချဲ့ဖို့နဲ့ တပ်အသစ်များဖွင့်နိုင်ဖို့အတွက်ရည်ရွယ်ပြီး KIA မှ စစ် သင်တန်းများဖွင့်ကာ အင်အားဖြည့်တင်းမှုများ ပြုလုပ် နေတယ်လို့သိရပါတယ်။ KIA မုန်လိုင်ချက်သင်တန်း ကျောင်းတွင် စစ်သင်တန်းဖွင့်လှစ်ရန်အတွက် ကျေးရွာ များမှလူလတ်ပိုင်း အမျိုးသားများကို အဓိကထားစု ဆောင်းနေကြောင်းသိရပါတယ်။ မုန်လိုင်ချက်သင် တန်းကို သျှမ်းလူမျိုးများ အများဆုံးနေထိုင်တဲ့ တာ လောကြီး၊ ရွှေညောင်ပင်၊ အောင်မြေ (၁) ရွာများမှ ရွာသား ၈၀ ဦး စုဆောင်းခံခဲ့ရတယ်လို့သိရပါတယ်။ KIA တပ်ရင်း(၃) ဆိုင်းအောင်မှာလည်း သင်တန်းပေးဖို့ အတွက် စီစဉ်ထားပြီး သင်တန်းအတွက်ရွာသား ၈၆ ဦး ဖမ်းဆီးခံ ထားရကြောင်းသိရပါတယ်။ လူသစ်စုဆောင်း ဖမ်းဆီးခံရတဲ့ ရွာသားအများစုဟာ သျှမ်းမျိုးနွယ်စု များဖြစ်ကြပြီး ကြောက်လန့်သည့်အတွက်ကြောင့်သာ စစ်သင်တန်းတက်နေကြရတယ်လို့သိရပါတယ်။
မုန်လိုင်ချက်နှင့် ဆိုင်းအောင်မှာ ဖွင့်ထားတဲ့ KIA စစ်သင်တန်းပြီးဆုံးပါက တရုတ်မြန်မာနယ်စပ်တွင် KIA မှ ကချင်ပြည်နယ်မှ သျှမ်းမျိုးနွယ်စုများဖြင့် တပ်ရင်းတစ်ရင်း တိုးချဲ့ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရပါ တယ်။ KIA မှ တပ်ရင်းအသစ်ဖွင့်လှစ်နိုင်ရန် ဇန်န၀ါရီလလဆန်းပိုင်းမှစတင်ပြီး မြေယာရှင်းလင်းခြင်းလုပ်ငန်း များကို စတင်လုပ်ကိုင်ခဲ့ကြောင်းသိရပါတယ်။
သျှမ်းလူမျိုးများအား KIA မှာ အမှုထမ်းခိုင်းတဲ့ကိစ္စနဲ့ပက်သက်ပြီး “KIA ကို အကြောင်းကြားဆက်သွယ် သွားမှာပါ သူတို့သဘောနဲ့စိတ်ပါလို့ သူတို့ဝင်တာကို ကျွန်တော်တို့ သျှမ်းပြည်တပ်မတော် SSA အနေနဲ့ဘာမှ မပြောလိုပါဘူး ဒီလိုမျိုးစိတ်မပါတဲ့ သျှမ်းလူမျိုးမျိုးနွယ်စုတွေကို အတင်းအဓမ္မ လူသစ်မစုဆောင်းဖို့ မတရား မနှိပ်စက်ဖို့ အခုလိုဖမ်းဆီးပြီး စစ်သင်တန်းပေးထားတဲ့သူတွေကို ပြန်လွှတ်ပေးဖို့ဆက်သွယ်အကြောင်းကြား သွားမှာပါ”ဟု RCSS/SSA မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှုး လောဝ်ဆိုင်မှ ပြောပြသွားပါတယ်။
RCSS/SSA အဖွဲ့နှင့် အစိုးရငြိမ်းချမ်းရေးအဖွဲ့တို့ဟာ ဇန်န၀ါရီလ ၁၆ ရက်နေ့က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးကာ သဘောတူညီမှုရရှိခဲ့လို့ လက်မှတ်ရေးနိုင်ခဲ့ကြပါတယ်။

Myanmar Express

1 comments:

KIA က မ စု ပါ နဲ့ သူ တို့ ဘာ သာ စု နေ တယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်