Subscribe to our RSS Feed

KIA (ကချင်) အဖွဲ့က ထောင်ထားသော မိုင်းတစ်လုံးနင်းမိပေါက်ကွဲ အပြစ်မဲ့ပြည်သူတစ်ဦးနှင့် သံဃာတော်တစ်ပါး ဒဏ်ရာရရှိ


From : ခေတ်လူငယ်

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် ပေါမိုင်းရပ်ကွက်နေ ဦးဇော်ထူး ၃၀ နှစ်နှင့် ခန္တီးခရိုင် တောင်တန်းသာသနာပြု ဆရာတော် ဦးသာသန သက်တော် (၄၀)နှစ် ဝါတော် (၂၃)ဝါတို့သည် ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၅ နာရီခန့်က ခန္တီးမြို့နယ်မှ ကချင်ပြည်နယ် ဖားကန့်မြို့နယ်သို့ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရန် ဆိုင်ကယ်ဖြင့် သွားရောက်စဉ် ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာအုပ်စု တာမခံကျေးရွာ အနောက်မြောက်ဘက် (၄)မိုင်ခန့် အကွာတွင် KIA (ကချင်)အဖွဲ့က ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သည်။ ထိုပေါက်ကွဲမှုကြောင့် ဆိုင်ကယ်မောင်းသူ ဦးဇော်ထူးနှင့် ဆရာတော် ဦးသာသနတို့တွင် ဝဲဘက်ပေါင် ဝဲဘက်ခြေသလုံးတို့၌ ပေါက်ပြဲဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် တာဝန်ရှိသူတို့က တာမခံတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ဆေးဝါးကုသလျက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်