From : မြန်မာတိုင်းမ်
"မကြာမီ ကျင်းပတော့မယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီပါတီ ၀င်တွေလည်း သူတို့မဲဆန္ဒနယ်တွေမှာ အောင်မြင် လာတယ်ဆိုရင် လွှတ်တော်ကို ရောက်ရှိလာမှာဖြစ်ပါတယ်။ ရောက်လာခဲ့ရင် ကျွန်တော်တို့က ကြိုဆိုပါတယ်။ ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနဲ့တင် မပြည့်စုံပါဘူး။ အခြားသော လူမှုစီးပွား ဖွံ့ဖြိုးရေးတွေပါ တစ်ပါတည်း ပါလာနိုင်ဖို့ လိုအပ်တဲ့အတွက် အဆွေတော်တို့က ကူညီစေလိုပါတယ်။ အခုလို အားပေးကူညီတဲ့ နေရာမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုကို တကယ်လုပ်မှာလားဆိုရင် မိမိတို့တွေက တကယ်လုပ်မယ်၊ မဖြစ်ဖြစ်အောင် လုပ်မယ်လို့ ပြောကြားလိုပါတယ်"ဟု ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက ပြောကြားခဲ့ခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၁၃ ရက်၊ နံနက် ၉ နာရီခွဲ ၌ နေပြည်တော်ရှိ လွှတ်တော်ဝင်းအတွင်းရှိ ဇမ္ဗူသီရိဧည့်ခန်းဆောင်၌ Mr. Andris Piebalgs ဦးဆောင်သော အဖွဲ့ဝင် ၁၈ ဦး၊ ဂျာမနီနိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Mr. Dirk Niebel ဦးဆောင်သော ၀န်ကြီးများအဖွဲ့ဝင် ၃၃ ဦး၊ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံသံအမတ်ကြီး လေးဦးတို့ ပါဝင်သော အဖွဲ့အား ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လက်ခံတွေ့ဆုံခဲ့စဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို ဂျာမနီနိုင်ငံ အပါအ၀င် ဥရောပနိုင်ငံများက စိတ်ဝင်စားပြီး အသိ အမှတ်ပြုပါကြောင်း၊ ပြုပြင်ပြောင်းလဲမှုများတွင် အကျဉ်းသားများ လွှတ်ပေးခြင်း၊ တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးရယူခြင်း များမှာလည်း အဓိက အခန်းကဏ္ဍဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငြိမ်းချမ်းရေးရရှိစေရန် ဆောင်ရွက်သွားစေ လိုကြောင်း၊ ထိုသို့ပြုပြင်ပြောင်းလဲမှုများကို ဂျာမနီ ပြည်သူများသာမက ဂျာမနီပါလီမန် အမတ်များကပါ စိတ်ဝင်စားကြောင်း၊ မကြာမီတွင် ပါလီမန်အမတ်များပါသော အဖွဲ့လည်း မြန်မာနိုင်ငံသို့ လာရောက် ရန်ရှိကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲ ကိုလည်း မိမိစောင့်ကြည့်နေကြောင်း၊ လွတ်လပ်၍မျှတသော ရွေးကောက်ပွဲ ဖြစ်လာသည်နှင့်အမျှ မြန်မာနိုင်ငံနှင့် ဂျာမနီ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင် ရွက်မှုများကို နှစ်ဆတိုးမြှင့် ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ ထိုသို့ ပူးပေါင်းဆောင်ရွက်သည့်အခါ ပထမ အဆင့်အဖြစ် ပညာရေးနှင့်ကျန်းမာရေးအတွက် ယူရိုငွေ သန်း ၁၅၀ ပေးမည်ဖြစ်ကြောင်း အီးယူကော်မရှင်နာ Mr.Andris Piebalgs နှင့် ဂျာမနီ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Mr. Dirk Niebel တို့က ပြောကြားခဲ့သည်။
Mr Andris Piebalgs က မြန်မာ နိုင်ငံအတွက် နိုင်ငံတကာကပေးအပ်သည့် ဖွံ့ဖြိုးရေးအထောက်အပံ့များမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် ကုထုံး တစ်ခုမဟုတ်ဘဲ အပြောင်းအလဲများ ဖြစ်ပေါ်ရန် အထောက်အကူသာဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ရန်ကုန်မြို့၊ ချက်ထရီယမ်ဟိုတယ်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
မြန်မာနိုင်ငံသို့ ယူရိုသန်း ၁၅၀ (အမေရိကန်ဒေါ်လာ သန်း ၂၀၀ ၀န်းကျင်)ကို လာရောက်ပေးအပ်သည့် Mr Andris Piebalgs က ဖွံ့ဖြိုးရေးအထောက်အပံ့များသည် စီးပွားရေးနှင့် လူမှုရေးလှုပ်ရှားမှုများအတွက် အခြေခံကို ဖန်တီးပေးကြောင်း၊ အရေးအကြီးဆုံးမှာ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများကို အားပေးနိုင်ရန်ဖြစ်ကြောင်း ဆိုသည်။
ဥရောပသမဂ္ဂ မဟာမင်းကြီးသည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့ အထိ လာရောက်ခဲ့သော ၎င်း၏ ခရီးစဉ် အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်များနှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်တွင် သွားရောက်တွေ့ဆုံခဲ့ပြီး ပြည်တွင်း အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့်လည်း ရန်ကုန်မြို့၌ တွေ့ဆုံခဲ့သည်။
၎င်း လာရောက်ပေးအပ်သည့် ငွေကြေးအထောက်အပံ့သည် ၁၉၉၆ ခုနှစ်ကတည်းက ဥရောပသမဂ္ဂက ပေးအပ်နေသည့် အထောက် အပံ့၏ နှစ်ဆရှိကြောင်း၊ ကျန်းမာရေး၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ စီမံချက်များတွင် အသုံးပြုမည်ဖြစ်ကြောင်း Mr Andris Piebalgs က ဆိုသည်။
"ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှုအရှိန်အဟုန်ကို ပံ့ပိုးပေးချင်ပါတယ်။ အဆင့်မြင့်အရာရှိတွေ လာရောက်လည်ပတ်ပြီး တွေ့ဆုံ ဆွေးနွေးမှုကို ရှေ့ဆက်တိုးသွားမှာပါ" ဟု ၎င်းက ဆိုသည်။
"အစိုးရအနေနဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်တဲ့ကိစ္စတွေမှာ သိသာမြင်သာတဲ့ တိုးတက်မှု တွေကို ပြသနိုင်ဖို့ ကျွန်တော် တိုက်တွန်းပါတယ်။ ဒါက တိုင်းပြည်တည်ငြိမ် အေးချမ်းဖို့အတွက် အဓိကအချက်ပါပဲ။ လူ့အခွင့်အရေး၊ ဥပဒေစိုးမိုးရေးနဲ့ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးကိုလည်း ဆွေးနွေးခဲ့ပါသေးတယ်"ဟု Mr Andris Piebalgs က ပြောသည်။
ထို့ပြင် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်၍ လွတ်လပ်ပြီး တရားမျှတမှုကို ရွေးကောက်ပွဲနေ့တွင်သာမက မဲဆွယ်စည်းရုံးသည့် အချိန်တွင်လည်း ပြသနိုင်ရန် အစိုးရအား တိုက်တွန်းကြောင်း ၎င်းက ဆိုသည်။
ဥရောပသမဂ္ဂမှ မစ္စစ် ကက်သရင်းအက်ရှ်တန်သည်လည်း ဧပြီလကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်ရန်ရှိပြီး မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စားလှယ်ရုံးကို အဆိုပါခရီးစဉ်မတိုင်မီတွင် ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း ဥရောပသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာအစိုးရက ဇန်န၀ါရီလဆန်းပိုင်းတွင် နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးပြီးသည့်နောက်တွင် ဥရောပ သမဂ္ဂက မြန်မာ နိုင်ငံအပေါ်ထားရှိသည့် ပိတ်ဆို့မှုများအနက်မှ ခရီးသွားလာခွင့် ပိတ်ဆို့မှုအပါအ၀င် အတော်များများကို ရုတ်သိမ်းပေးခဲ့ပြီး ကျန်ရှိ သည့် ပိတ်ဆို့ မှုများကို ဧပြီတွင်ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲနှင့် ကျန်ရှိသည့် နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးမှု အပေါ်မှုတည်က ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မဟာမင်းကြီးက ပြောသည်။
Myanmar Express
မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီအသွင် ကူးပြောင်းရာတွင် မြန်ဆန်သည်ဟု ဆိုရသော်လည်း ယခင် ဒီမိုကရေစီစနစ် စဉ်ဆက်မပြတ် ပေါ်ပေါက်ခိုင်ခံ့ရေးနှင့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတို့သည် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် တစ်ထပ်တည်းပါလာဖို့ လိုအပ်ကျ ကြောင်းနှင့် အလားတူ လူမှုစီးပွားရေး ဖွံ့ဖြိုးလာရေးလည်း လိုအပ်သောကြောင့် ဂျာမနီနိုင်ငံအနေဖြင့်ရော၊ ဥရောပသမဂ္ဂအနေဖြင့်ပါ ကူညီစေလိုကြောင်း၊ ဒီမိုကရေစီစနစ် ပြုပြင်ပြောင်း လဲမှုများကို တကယ်လုပ်မည်လားဟုဆိုလျှင် မိမိတို့ တကယ်လုပ်မည်၊ မဖြစ်ဖြစ် အောင် လုပ်မည်ဖြစ်ကြောင်း သူရ ဦးရွှေမန်းက ဥရောပသမဂ္ဂ ဖွံ့ဖြိုးရေး လုပ်ငန်းများဆိုင်ရာ မဟာမင်းကြီး Mr Andris Piebalgs အား ပြောကြားခဲ့သည်။
"ကျွန်တော်တို့ လွှတ်တော်ခိုင်မြဲဖို့ လိုပါတယ်။ ဂျာမနီနိုင်ငံအနေနဲ့ လွှတ်တော်ဆိုင်ရာကိစ္စတွေ၊ လိုအပ်တဲ့ အကူအညီတွေ၊ အပြန် အလှန် လည်ပတ်ဖို့အတွက် ဆောင်ရွက်သွားမယ်ဆိုတာ ကြားရတဲ့အတွက် ၀မ်းမြောက်ပါတယ်။ လွှတ်တော်မရှိခဲ့တဲ့အတွက် ကျွန်တော်တို့နိုင်ငံကို စီးပွားရေးအရေးယူ ပိတ်ဆို့မှုတွေရှိတယ်ဆိုတာလည်း မှန်ကန်ကောင်း မှန်ကန်နိုင်တဲ့ကိစ္စတစ်ခု ဖြစ်နိုင် ပါတယ်။ အခုဆိုရင် ဒီမိုကရေစီ ရှင်သန် ဖွံ့ဖြိုးရေးအတွက် မိမိတို့လွှတ်တော်က အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ "မကြာမီ ကျင်းပတော့မယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီပါတီ ၀င်တွေလည်း သူတို့မဲဆန္ဒနယ်တွေမှာ အောင်မြင် လာတယ်ဆိုရင် လွှတ်တော်ကို ရောက်ရှိလာမှာဖြစ်ပါတယ်။ ရောက်လာခဲ့ရင် ကျွန်တော်တို့က ကြိုဆိုပါတယ်။ ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနဲ့တင် မပြည့်စုံပါဘူး။ အခြားသော လူမှုစီးပွား ဖွံ့ဖြိုးရေးတွေပါ တစ်ပါတည်း ပါလာနိုင်ဖို့ လိုအပ်တဲ့အတွက် အဆွေတော်တို့က ကူညီစေလိုပါတယ်။ အခုလို အားပေးကူညီတဲ့ နေရာမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုကို တကယ်လုပ်မှာလားဆိုရင် မိမိတို့တွေက တကယ်လုပ်မယ်၊ မဖြစ်ဖြစ်အောင် လုပ်မယ်လို့ ပြောကြားလိုပါတယ်"ဟု ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက ပြောကြားခဲ့ခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၁၃ ရက်၊ နံနက် ၉ နာရီခွဲ ၌ နေပြည်တော်ရှိ လွှတ်တော်ဝင်းအတွင်းရှိ ဇမ္ဗူသီရိဧည့်ခန်းဆောင်၌ Mr. Andris Piebalgs ဦးဆောင်သော အဖွဲ့ဝင် ၁၈ ဦး၊ ဂျာမနီနိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Mr. Dirk Niebel ဦးဆောင်သော ၀န်ကြီးများအဖွဲ့ဝင် ၃၃ ဦး၊ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံသံအမတ်ကြီး လေးဦးတို့ ပါဝင်သော အဖွဲ့အား ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လက်ခံတွေ့ဆုံခဲ့စဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို ဂျာမနီနိုင်ငံ အပါအ၀င် ဥရောပနိုင်ငံများက စိတ်ဝင်စားပြီး အသိ အမှတ်ပြုပါကြောင်း၊ ပြုပြင်ပြောင်းလဲမှုများတွင် အကျဉ်းသားများ လွှတ်ပေးခြင်း၊ တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးရယူခြင်း များမှာလည်း အဓိက အခန်းကဏ္ဍဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငြိမ်းချမ်းရေးရရှိစေရန် ဆောင်ရွက်သွားစေ လိုကြောင်း၊ ထိုသို့ပြုပြင်ပြောင်းလဲမှုများကို ဂျာမနီ ပြည်သူများသာမက ဂျာမနီပါလီမန် အမတ်များကပါ စိတ်ဝင်စားကြောင်း၊ မကြာမီတွင် ပါလီမန်အမတ်များပါသော အဖွဲ့လည်း မြန်မာနိုင်ငံသို့ လာရောက် ရန်ရှိကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲ ကိုလည်း မိမိစောင့်ကြည့်နေကြောင်း၊ လွတ်လပ်၍မျှတသော ရွေးကောက်ပွဲ ဖြစ်လာသည်နှင့်အမျှ မြန်မာနိုင်ငံနှင့် ဂျာမနီ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင် ရွက်မှုများကို နှစ်ဆတိုးမြှင့် ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ ထိုသို့ ပူးပေါင်းဆောင်ရွက်သည့်အခါ ပထမ အဆင့်အဖြစ် ပညာရေးနှင့်ကျန်းမာရေးအတွက် ယူရိုငွေ သန်း ၁၅၀ ပေးမည်ဖြစ်ကြောင်း အီးယူကော်မရှင်နာ Mr.Andris Piebalgs နှင့် ဂျာမနီ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Mr. Dirk Niebel တို့က ပြောကြားခဲ့သည်။
Mr Andris Piebalgs က မြန်မာ နိုင်ငံအတွက် နိုင်ငံတကာကပေးအပ်သည့် ဖွံ့ဖြိုးရေးအထောက်အပံ့များမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် ကုထုံး တစ်ခုမဟုတ်ဘဲ အပြောင်းအလဲများ ဖြစ်ပေါ်ရန် အထောက်အကူသာဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ရန်ကုန်မြို့၊ ချက်ထရီယမ်ဟိုတယ်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
မြန်မာနိုင်ငံသို့ ယူရိုသန်း ၁၅၀ (အမေရိကန်ဒေါ်လာ သန်း ၂၀၀ ၀န်းကျင်)ကို လာရောက်ပေးအပ်သည့် Mr Andris Piebalgs က ဖွံ့ဖြိုးရေးအထောက်အပံ့များသည် စီးပွားရေးနှင့် လူမှုရေးလှုပ်ရှားမှုများအတွက် အခြေခံကို ဖန်တီးပေးကြောင်း၊ အရေးအကြီးဆုံးမှာ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများကို အားပေးနိုင်ရန်ဖြစ်ကြောင်း ဆိုသည်။
ဥရောပသမဂ္ဂ မဟာမင်းကြီးသည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့ အထိ လာရောက်ခဲ့သော ၎င်း၏ ခရီးစဉ် အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်များနှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်တွင် သွားရောက်တွေ့ဆုံခဲ့ပြီး ပြည်တွင်း အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့်လည်း ရန်ကုန်မြို့၌ တွေ့ဆုံခဲ့သည်။
၎င်း လာရောက်ပေးအပ်သည့် ငွေကြေးအထောက်အပံ့သည် ၁၉၉၆ ခုနှစ်ကတည်းက ဥရောပသမဂ္ဂက ပေးအပ်နေသည့် အထောက် အပံ့၏ နှစ်ဆရှိကြောင်း၊ ကျန်းမာရေး၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ စီမံချက်များတွင် အသုံးပြုမည်ဖြစ်ကြောင်း Mr Andris Piebalgs က ဆိုသည်။
"ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှုအရှိန်အဟုန်ကို ပံ့ပိုးပေးချင်ပါတယ်။ အဆင့်မြင့်အရာရှိတွေ လာရောက်လည်ပတ်ပြီး တွေ့ဆုံ ဆွေးနွေးမှုကို ရှေ့ဆက်တိုးသွားမှာပါ" ဟု ၎င်းက ဆိုသည်။
"အစိုးရအနေနဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်တဲ့ကိစ္စတွေမှာ သိသာမြင်သာတဲ့ တိုးတက်မှု တွေကို ပြသနိုင်ဖို့ ကျွန်တော် တိုက်တွန်းပါတယ်။ ဒါက တိုင်းပြည်တည်ငြိမ် အေးချမ်းဖို့အတွက် အဓိကအချက်ပါပဲ။ လူ့အခွင့်အရေး၊ ဥပဒေစိုးမိုးရေးနဲ့ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးကိုလည်း ဆွေးနွေးခဲ့ပါသေးတယ်"ဟု Mr Andris Piebalgs က ပြောသည်။
ထို့ပြင် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်၍ လွတ်လပ်ပြီး တရားမျှတမှုကို ရွေးကောက်ပွဲနေ့တွင်သာမက မဲဆွယ်စည်းရုံးသည့် အချိန်တွင်လည်း ပြသနိုင်ရန် အစိုးရအား တိုက်တွန်းကြောင်း ၎င်းက ဆိုသည်။
ဥရောပသမဂ္ဂမှ မစ္စစ် ကက်သရင်းအက်ရှ်တန်သည်လည်း ဧပြီလကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်ရန်ရှိပြီး မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စားလှယ်ရုံးကို အဆိုပါခရီးစဉ်မတိုင်မီတွင် ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း ဥရောပသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာအစိုးရက ဇန်န၀ါရီလဆန်းပိုင်းတွင် နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးပြီးသည့်နောက်တွင် ဥရောပ သမဂ္ဂက မြန်မာ နိုင်ငံအပေါ်ထားရှိသည့် ပိတ်ဆို့မှုများအနက်မှ ခရီးသွားလာခွင့် ပိတ်ဆို့မှုအပါအ၀င် အတော်များများကို ရုတ်သိမ်းပေးခဲ့ပြီး ကျန်ရှိ သည့် ပိတ်ဆို့ မှုများကို ဧပြီတွင်ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲနှင့် ကျန်ရှိသည့် နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးမှု အပေါ်မှုတည်က ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မဟာမင်းကြီးက ပြောသည်။
Myanmar Express
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်