Subscribe to our RSS Feed

ကချင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများမှ ဒေသခံများ နေရပ်ပြန်နိုင်ရန် စတင်စီစဉ်နေ

From :မြန်မာတိုင်းမ်

ကချင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် နယ်မြေလုံခြုံမှုမရှိ သော နေရာများမှ ရွှေ့ပြောင်းလာကြ သည့် ဒေသခံများ မိမိတို့၏ နေရပ်တွင် ပြန်လည်နေထိုင်နိုင်ရန်အတွက် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းမှ စီစဉ်ဆောင်ရွက်လျက် ရှိသည်။
အဆိုပါကိစ္စအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဖေဖော်ဝါရီ ၁၃ ရက် နေ့က မြစ်ကြီးနားမြို့ရှိ ပြည်နယ်အစိုးရ ရုံးတွင် ကျင်းပ ပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဘုန်းဆွေ၊ နယ်စပ်ဒေသနှင့် တိုင်းရင်း သားဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကချင် ပြည်နယ်လူမှု ကူညီရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ UN နှင့် NGO အဖွဲ့မှ အဖွဲ့ဝင်များ တက်ရောက် ခဲ့သည်။

"စခန်းကဒုက္ခသည်တွေ နေရပ်ပြန် တဲ့ကိစ္စကိုဆောင်ရွက်ဖို့ နေပြည်တော် မှာကော်မတီဖွဲ့တယ်လို့ ပြောတယ်။ အစည်းအဝေးမှာတော့ လူမှုရေးအဖွဲ့ အစည်းတစ်ခုစီက ကိုယ်စားလှယ် နှစ်ယောက်စီ တတ်ရတယ်။ ကျွန်တော် တို့ KBC (Kachin Baptist Conv-
ention)
က နှစ်ယောက်သွားတတ်ကြ တယ်။ အခုမှ အစီအစဉ်ဆွဲဖို့ ဒီက အဖွဲ့တွေနဲ့ လာတိုင်ပင်တဲ့ သဘောပဲရှိ ပါသေးတယ်။ အတင်းအကျပ်ပြန်ခိုင်း တာတော့ မဟုတ်ပါဘူး"ဟု KBC (Kachin Baptist Convention) မှ ဦးခွန်ရှောင်က ပြောသည်။

အလားတူ ကရုဏာအဖွဲ့မှ တာဝန်ရှိ သူတစ်ဦးကလည်း အစိုးရကော်မတီမှ စခန်းများ၏ အသေးစိတ်အခြေအနေ များကို စစ်တမ်း ကောက်ယူလျက်ရှိပြီး ပြန်နိုင်မည့် အခြေအနေရှိပါကပြန်စေ လိုကြောင်းနှင့် ပြန်သည့်အချိန်တွင် နှစ် ပတ်စာ ရိက္ခာပံ့ပိုးပေးနိုင် ရန်ဆောင် ရွက်သွားမည်ဖြစ်ကြောင်းပြောသည်။
"စခန်းရဲ့စာရင်းတွေ၊ မီးလောင်သွား တဲ့အိမ်တွေရှိရင်လည်း ဘယ်နှလုံးလဲ။ ဘယ်ရွာတွေက ပြန်လို့ရတဲ့အခြေအနေ ရှိတယ်၊ စတာတွေကို စာရင်းလုပ်ခိုင်း တယ်။ ချက်ချင်းကြီးပြန်ခိုင်းတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ရှစ်လ အချိန်ရှိနေပြီဆိုတော့ ပြန်လို့ရမယ့် အခြေအနေနဲ့ ပြန်လို့ရမယ့်ကျေးရွာ တွေရှိရင် ကိုယ့်ရပ်ရွာကိုပြန်စေချင်တဲ့ သဘောတော့ပြောတယ်။ မေလမတိုင်မီ ပြန်ဖို့စီစဉ်ပေးသွားမယ်လို့လည်း ပြော တယ်" ဟု ၎င်းကပြောသည်။
နေရပ်ပြန်ဖို့ စီစဉ်ရာတွင်စခန်းရှိ ဒေသခံများ၏ သဘောဆန္ဒများကို ခံယူ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကော်မတီအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်