Subscribe to our RSS Feed

မြန်မာ-ဂျာမနီ နှစ်နိုင်ငံ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန် MoU လက်မှတ်ရေးထိုး

FromးMRTV4

လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ဖို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI နဲ့ ဂျာမနီနိုင်ငံအခြေခံစိုက် HANNS SEIDEL Foundation တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမှုကို ဖေဖော်ဝါရီလ ၂၄ရက်နေ့က မင်းရဲကျော်စွာလမ်းရှိ UMFCCI မှာ ကျင်းပပြု လုပ်ခဲ့ပါတယ်။
ဆိုပါ MoU လက်မှတ်ရေးထိုးမှုမှာတော့ HANNS SEIDEL Foundation နဲ့ UMFCCI တို့ ပူးပေါင်းဆောင်ရွက်ပြီး မြန် မာနိုင်ငံမှာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးသင်တန်းများ၊ စီးပွားရေးသင်တန်းများ၊ စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းများ၊ သင်ကြားပို့ချပေးဖို့အတွက် ဖြစ်ပါတယ်။ ဒါ့အပြင် စီးပွားရေးအလုပ်အကိုင်များ တိုးတက်စေဖို့ လုပ်ဆောင်ပေးမယ့် သင်တန်းများ၊ စီးပွားရေးကုန် စည်ပြပွဲများ၊ ဟောပြောပွဲများ နဲ့ လေ့လာရေး ခရီးစဉ်များလည်း ပါဝင်တယ်လို့ သိရပါတယ်။

အဆိုပါ HANNS SEIDEL ဖောင်ဒေးရှင်းဟာ မြန်မာနိုင်ငံမှာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်မှုကို ၁၉၉၆ ခုနှစ်ကတည်းက လာရောက်လုပ်ဆောင်ခဲ့ပြီး အခုအခါမှာတော့ UMFCCI နဲ့ ပထမဦးဆုံး MoU လက်မှတ်ရေးထိုးတာ ဖြစ်တယ်လို့ သိရပါတယ်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်