Subscribe to our RSS Feed

ကချင်ဒေသ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူ တစ်ဦးမှ ပေးစာ



ယခင်အပစ်အခက်ရပ်စဲထားစဉ်က KIA ခေါင်းဆောင်ပိုင်းများသာ ကိုယ်ကျိုးစီးပွားအတွက် လုပ်ကိုင် စားသောက်ခဲ့ပြီး ကြီးပွားချမ်းသာသွားသော်လည်း အောက်ခြေအဆင့်အရာရှိနှင့် ရဲဘော်များမှာ အကျိုးခံစားခွင့် မရရှိခဲ့ပေ။

ယခုအချိန်တွင်လည်း လူမျိုးအတွက် မျိုးချစ်လူငယ်များမှာ တိုက်ခိုက် အသက်ပေးနေကြရသည်။ ခေါင်းဆောင်များအတွက် အသက်ပေးတိုက်ခိုက်နေသူများ အကျိုးအမြတ် မျိုးမျိုးမြတ်မြတ်မရရှိပါ။

"လက်ရှိအ‌ခြေအနေတွင် ငြိမ်းချမ်းရေးမှာ အနှေးနှင့်အမြန်ရရှိမည်ဖြစ်သည်။ ထို့အတွက် အောက်‌ခြေအဆင့် များသည်လည်း မိမိတို့ရနိုင်သမျှအား တောင်းခံစုဆောင်းနေရပါသည်။ ထိုသို့မဟုတ်ပါက ငြိမ်းချမ်းရေးကာလတွင်လည်း မိမိတို့အသက်ပေးထမ်းဆောင်ပြီး ရခင်ကဲ့သို့ဘ၀ကိုတိုးတက်မှုလည်း ရှိမည်မဟုတ်ပါ စုဆောင်းရန်အချိန်ဖြစ်သည်"

ဟု အမည်မဖော်လိုသူ KIA အရာရှိငယ် တစ်ဦးကရင်ဖွင့်ပြောဆိုခဲ့သည်။

တစ်ဖက်တွင်လည်း
စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်သူများသည် KIA အားအလိုမရှိသူများ တစ်နေ့ထက်တစ်နေ့များပြား လာပြီဖြစ်သည်။ ဆပ်ကြေးများအဆမတန်ကောက်ခံမှု၊ ကျေးလက်သူကျေးလက်သားအား အနိုင်အထက်ပြုမှုများ တစ်နေ့ထက်တစ်နေ့များပြားလာပါသည်။ တိုက်ခိုက်မှုစတင်ချိန်က KIA အားတစ်ခဲနက်ထောက်ခံခဲ့သော ပြည်သူများပင် လက်တွေ့ ကြုံတွေ့ရင်ဆိုင်ပြီးသောအခါ KIA အားအလိုမရှိသူများပြားလာခဲ့ပါသည်။
ယနေ့တပ်မတော်မှာလည်း ယခင်ကကဲ့သို့ ပေါ်တာဆွဲခြင်း၊ စားနပ်ရိက္ခာများစုဆောင်းခြင်းများ ကျေးရွာများတွင် ပြုလုပ်မှုလုံးဝမရှိတော့၍ ယခင်တပ်မတော်အား မုန်းတီးခဲ့သောကျေးရွာသူ၊ ကျေးရွာသားများပင် KIA ၏နိုင်ထက်ပြုမှုမှ လွတ်ကင်းရန်တပ်မတော်မှ ၀င်ရောက်ရန်လိုလားနေကြသည်ဟု ဒေသခံများမှကြားသိရသည်။
ယနေ့အချိန်တွင် ထော်လာဂျီတစ်စီးအား ကျပ်ငွေ ၁သိန်း၊ မြေသယ်ကားများအား ၂၃သိန်း မှ ၂၅သိန်း၊ အခြားယန္တယားများအားလည်း ဈေးနှုန်းများသတ်မှတ်ကာ ဆပ်ကြေးကောက်ခံနေပါသည်။ ဆီကားများ၊ လမ်းခွန်းများလည်း အဆစ်ပါဝင်ပါသည်။ ကုမ္ပဏီများတွင် ပထမအဆင့်အနေဖြင့် စာပို့ခြင်းပြုလုပ်ပြီး၊ အချိန်မှီပေးဆောင်နိုင်ခြင်းမရှိ၍ သော်လည်းကောင်း၊ တောင်းခံတန်ဖိုးထက်လျော့ပေး၍ သော်လည်းကောင်း၊ ဖမ်းဆီးခြင်းဗုံးခွဲမည်၊ ဗုံးပစ်မည်ဟု ခြိမ်းခြောက်ခြင်းများရှိနေပါသည်။

အရေးပါသောပုဂ္ဂိုများအားပြန်ပေးဆွဲ၍ ပြန်လည်ရွေးယူနိုင်သော အပြစ် များလည်း ရှိနေပါသည်။ နောက်ဆုံးအနေဖြင့် ရဲစခန်းများ၊ ဌာနဆိုင်ရာရုံးများ၊ တပ်စခန်းငယ်များပါ ဆပ်ကြေး ပေးနေရသည်ဟု ကြားသိရပါကြောင်းသိရပါကြောင်း ကချင်ပြည်နယ်တွင် စီးပွားရေးလုပ်ကိုင်နေသူတစ်ဦးက ဖွင့်ဟ ပြောဆိုသွားပါသည်။

နိုင်ငံတကာအသိုင်းအ၀န်းမှ စစ်ပြေးဒုက္ခသည်များအား အကြောင်းပြနေသော်လည်း အမှန်မှာ ဒုက္ခသည်များ သည် ၄င်းတို့၏ Human Shield( လူ့တံတိုင်း (သို့) လူ့ခံတပ် )များသာဖြစ်သည်။ ဆပ်ကြေးများကောက်ခံရာမှာလည်း ဒုက္ခသည်များအား အကြောင်းပြကာ ကျပ်သိန်းပေါင်း သောင်းချီကောက်ခံနေသော်လည်း စစ်ပြေးဒုက္ခသည်များ၏ နေထိုင်စားသောက်ရေးမှာ အလွန်နိမ့်ကျဆဲဖြစ်ကြောင်းလည်း ထပ်လောင်း‌ပြောကြားသွားပါသည်။

Myanmar Express

1 comments:

ငြိမ် ချမ်းေ ရးယူ သင့်နေပြီ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်