Subscribe to our RSS Feed

စင်ကာပူနိုင်ငံတွင် ပြည်ပအလုပ်သမား ဦးရေ လျှော.ချမည်



စင်ကာပူနိုင်ငံတွင် ကုမ္ပဏီများ ငွေကြေးလည်ပတ်မှု အခက်အခဲနှင့် နိုင်ငံခြားမှ လာရောက်လုပ်ကိုင်သော အလုပ်သမားဦးရေ တိုတးက်များပြားမှုကြောင့် ပြည်ပမှ လာရောက်လုပ်ကိုင်သော အလုပ်သမားများကို လျှော့ချသွားမည်ဖြစ်ကြောင်း စင်ကာပူအရာရှိများက ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြောကြားသည်။ လာမည့် ဇူလိုင် ၁ ရက်မှစတင်၍ ကုမ္ပဏီများတွင် လာရောက်လုပ်ကိုင်နေသော ပြည်ပအလုပ်သမားများဦးရေးကို ၆၀ ရာခိုင်နှုန်းအထိ လျှော့ချသွားမည်ဖြစ်သည်။ စင်ကာပူနိုင်ငံတွင် လောလောဆယ်၌ ပြည်ပအလုပ်သမားဦးရေ ၆၅ ရာခိုင်နှုန်းခန့် ရှိနေသည်။ ၀န်ဆောင်မှုလုပ်ငန်းများတွင် ၅၀ ရာခိုင်နှုန်းမှ ၄၅ ရာခိုင်နှုန်းသို့လည်းကောင်း၊ ထုတ်လုပ်ရေးလုပ်ငန်းများနှင့် အခြေခံအဆောက်အအုံ လုပ်ငန်းများတွင်လည်း ပြည်ပအလုပ်သမားဦးရေများ သိသိသာသာ လျှော့ချသွားမည်ဟု စင်ကာပူဘဏ္ဍာရေးဝန်ကြီးက ပြောကြားသည်။ 


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်