အမြင်မှန်ရလာတဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (အေအယ်လ်ဒီ) ဟာ ဦးသိန်းစိန်အစိုးရ တက်လာပြီးတဲ့နောက် ပါတီကို မှတ်ပုံပြန်တင်လိုက်ပါတယ်။
“မနေ့က ကျနော်တို့အဖွဲ့က ဦးကျော်မြင့်နဲ့ ဦးမျိုးကျော်တို့ နေပြည်တော်ကို သွားပြီးတော့ ဒီနေ့ ၁၁ နာရီမှာ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်လိုက်ပါတယ်။ မှတ်ပုံတင်တာက အသိအမှတ်ပြုဖို့ဆိုတာ တလနည်းပါးလောက်ကြာမယ်။ ပါတီနဲ့ပတ်သက်တဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့၊ ဘဏ္ဍာရေးမှူးတို့၊ ရွေးပြီးတော့ အလံ၊ တံဆိပ်တွေ ဘာတွေ မှတ်ပုံတင်ကျတာနဲ့ တပါတည်းတင်ရမယ်။ ”
ပါတီမှတ်ပုံတင်ဖို့ အတွက် အနည်းဆုံး ပါတီဝင် ၂၃ ဦးရဲ့ ထောက်ခံချက် လက်မှတ်ထိုးမှုနဲ့ တင်ခဲ့တာ ဖြစ်တယ်။ ပါတီတံဆိပ်နဲ့ အလံကို မပြောင်းလဲဘဲ အရင်အတိုင်း ပြန်သုံးမှဖြစ်ပြီး မှတ်ပုံတင်ကျလာပါက ရခိုင်ပြည်နယ်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ဘာသာရေး အခွင့်အရေးတွေအတွက် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ရခိုင်ဒီမိုက ရေစီအဖွဲ့ချုပ်(အေအယ်လ်ဒီ)ကို ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့က စတင်တည်ထောင်ခဲ့ပြီး၊ ၂၀၁၀ ရွေးကောက်ပွဲ မကျင်းပခင်က ၂၀၀၈ အခြေခံဥပဒေကို ကန့်ကွက်ပြီး မှတ်ပုံမတင်ခဲ့တာ ဖြစ်ပါတယ်။ အခုကျပြန်တော့လည်း ၂၀၀၈ အခြေခံဥပဒေ အရ မှတ်ပုံပြန်တင်တာပါပဲ။
နိုင်ငံတော် အစိုးရရဲ့ စေတနာ အမှန်ကို နားလည်ပြီး အတိုက်အခံပါတီများ မှတ်ပုံ တင်လာခဲ့တာဟာ ဦးခွန်ထွန်းဦး၊ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ ပါတီများ သာ မက အခု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က နောက်ဆုံးဖြစ်ပါတယ်။
Myanmar Express
နိုင်ငံတော် အစိုးရရဲ့ စေတနာ အမှန်ကို နားလည်ပြီး အတိုက်အခံပါတီများ မှတ်ပုံ တင်လာခဲ့တာဟာ ဦးခွန်ထွန်းဦး၊ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ ပါတီများ သာ မက အခု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က နောက်ဆုံးဖြစ်ပါတယ်။
Myanmar Express
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်