ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးအား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အမေရိကန် သံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Michael E. Thurston သည် ဖေဖော်ဝါရီလ (၂၂) ရက်နေ့ ညနေ (၅) နာရီအချိန် တွင် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံး ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံသည်။
ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အမေရိကန်သံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Michael E. Thurston မှ လာရောက်တွေ့ဆုံစဉ်
တွေ့ဆုံရာတွင် ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့် အမေရိကန်နိုင်ငံ သံရုံး ယာယီတာဝန်ခံ Mr. Michael E. Thurston တို့သည် မြန်မာနိုင်ငံ ၏ နိုင်ငံရေး ဖြစ်ပေါ်တိုးတက် ပြောင်းလဲမှုအခြေအနေများ၊ ပါတီ၏ လုပ်ငန်းစဉ်များနှင့် ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်မှု အခြေအနေ များအား ဆွေးနွေးကြ ကြောင်း သိရှိရသည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်