Subscribe to our RSS Feed

တစ်လတာ အတွင်းမှတ်သား ဖမ်းဆီးအရေးယူခဲ့သည့် ယာဉ်မောင်းနှင်မှုများ

From : MRTV-4




ရန်ကုန်မြို့တွင်း နေ့စဉ်မောင်းနှင် သွားလာလျက်ရှိတဲ့ ယာဉ်လိုင်းများမှယာဉ်များ၊ ကိုယ်ပိုင်ယာဉ်များမှ စည်းကမ်းပျက် မောင်းနှင်တဲ့ ကားများကို သက်ဆိုင်ရာ မီးပွိုင့်များမှ ယာဉ်ထိန်းရဲတပ်ဖွဲ့ ၀င်များမှ မှတ်သားဖမ်းဆီးမှုများ ဆောင်ရွက် လျက်ရှိပါတယ်။ ဒီလို မှတ်သားဖမ်းဆီးခြင်း ပြုလုပ်ရာမှာ ၂၀၁၂ခုနှစ် ဇန်န၀ါရီလ ၁ရက်နေ့မှ ဖေဖော် ၀ါရီလ ၂၅ရက်နေ့ထိ ဖမ်းဆီးမှုစီးရေ ၁၂၉၉၅စီး ဖမ်းဆီးအရေးယူခဲ့ပြီး ဖြစ်တယ်လို့ ကြိုးမဲ့ကြေးနန်းနဲ့ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းများအရ သိရပါတယ်။

အဲ့ဒီလို မှတ်သားဖမ်းဆီးမှုပြုရာမှာတော့ ကိုယ်ပိုင်ယာဉ်များထက် ခရီးသည်တင်ယာဉ်များ မှာပိုမိုမှတ်သား ဖမ်းဆီးခြင်းခံရတာပဲ ဖြစ်ပါ တယ်။ ဒီလို မီးပွိုင့်များမှ မှတ်သားဖမ်းဆီးမှုကို ဒဏ်ငွေတပ်ရိုက်ရာမှာတော့ သက်ဆိုင်ရာ ယာဉ်ပိုင်ရှင်များမှ မိမိတို့ ဖောက်ဖျက်တဲ့ ပြစ်မှု အလိုက် သတ်မှတ်ထားတဲ့ ဒဏ်ကြေးငွေကို ပေးဆောင်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီလို မီးပွိုင့်များမှာ မှတ်သားဖမ်းဆီးမှုပြုရာမှာတော့ မည်သည့်ယာဉ် အမျိုးအစားမဆို မီးနီဖြတ်ခြင်း၊ ကျော်တက်၊ ယှဉ်ပြိုင်မောင်းနှင်ခြင်း၊ ဘေးတံခါး ဖွင့်မောင်းနှင်ခြင်း၊ ခရီးသည်တင်ယာဉ် များ လူပိုတင်ခြင်း၊ မှတ်တိုင်မရောက်ခင် ခရီးသည် တင်ချမှုပြုလုပ်ခြင်းနဲ့ နောက်တွယ်စီးခြင်းများကိုပါ သက်ဆိုင်ရာ တာဝန်ရှိသူများက အရေးယူ ဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်