Subscribe to our RSS Feed

သဘာဝဓာတ်ငွေ့လုပ်ငန်းမှရရှိသော ခွဲတမ်းကို ငွေမယူဘဲ ဓာတ်ငွေ့သာယူ၍ ပြည်တွင်းစက်ရုံများ လည်ပတ်ခွင့်ပြုရေး လုပ်ငန်းရှင်များ တောင်းဆိုမှု သမ္မတသဘောတူ

From :ခေတ်လူငယ်


ပြည်ပနှင့် ဖက်စပ်လုပ်ကိုင်လျက်ရှိသည့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများမှ မြန်မာအတွက် ရရှိသည့် ခွဲတမ်းအား ငွေမယူတော့ဘဲ ဓာတ်ငွေ့သာ ယူပြီး ပြည်တွင်း ဓာတ်မြေသြဇာ စက်ရုံများကို လည်ပတ်ခွင့်ပြုရန် လုပ်ငန်းရှင်များက အဆိုပြုတောင်းခံခြင်းကို နိုင်ငံတော်သမ္မတက သဘောတူ လက်ခံခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတနှင့် လယ်/ဆည် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ စီးပွား/ကူးသန်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး အပါအဝင် ဝန်ကြီးအချို့သည် ကုန်သည်စက်မှု အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်၊ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်းဥက္ကဋ္ဌ ဦးချစ်ခိုင် အပါဝင် ပြည်တွင်းလုပ်ငန်းရှင် ၁၀ ဦးအား ဖေဖော်ဝါရီ ၁၉ ရက်တွင်လက်ခံတွေ့ဆုံစဉ် လုပ်ငန်းရှင်များက အထက်ပါကဲ့သို့ တင်ပြတောင်းခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ “လက်ကျန် စာချုပ်တွေအရတော့ ဖြစ်ချင်မှ ဖြစ်နိုင်ပေမယ့် ၂၀၁၃-၂၀၁၄ လောက်မှာ ဓာတ်ငွေ့ စထွက်မယ့် ဇောတိက စီမံကိန်းစရင်တော့ ခွင့်ပြုမယ်လို့ သမ္မတက သဘောတူညီ လိုက်ပါပြီ” ဟု လုပ်ငန်းရှင် ၁၀ ဦးအဖွဲ့တွင် ပါဝင်သည့် ဝါးခယ်မ ရောင်းဝယ်ရေးကုမ္ပဏီမှ ဒေါက်တာစိုးထွန်းက ပြောသည်။ လက်ရှိအချိန်တွင် ကုန်ထွက်စွမ်းအား ကျဆင်းနေသော ဌာနဆိုင်ရာပိုင် ဓာတ်မြေသြဇာ စက်ရုံများကို ပုဂ္ဂလိက ကဏ္ဍသို့ လွှဲပြောင်းလုပ်ကိုင်ရန် လယ်/ဆည် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းရှင်များကို အဆိုပြုခဲ့ခြင်းဖြစ်ကြောင်း သိရဥည်။ ထို့အပြင် ပြည်ပသို့ ရောင်းချနေသော သဘာဝဓာတ်ငွေ့များအနက်မှ အချို့ကို ပြည်တွင်းလုပ်ငန်းများသို့ ဈေးနှုန်းတူဖြင့် ရောင်းချပေးခြင်းဖြင့် ပြည်တွင်းလုပ်ငန်းများ တိုးတက်ခွင့်ရရှိစေရန် သမ္မတသို့ အဆိုပြုတင်ပြခဲ့ကြောင်းလည်း သိရသည်။ “အစိုးရက ပြည်ပကို ရောင်းတဲ့ဈေးအတိုင်း ပြည်တွင်းကိုလဲ ရောင်းပေးဖို့ ပြောခဲ့ပါတယ်။ အစိုးရက ဒေါ်လာနဲ့လိုချင်ရင်လဲ ပြည်တွင်းလုပ်ငန်း ရှင်တွေက ဒေါ်လာနဲ့ပေးဖို့ အသင့်ပါပဲ” ဟု ယင်းက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။ 





 Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်